အရည်သွေး ကောင်းကောင်းနဲ့ ဇာတ်ကား နည်းနည်းသာ ရွေးချယ် သရုပ်ဆောင်တော့မယ့် နေမင်း

ပို့စ်တင်ချိန် - 3/02/2014 03:53:00 PM


မြန်မာ မင်းသားတွေထဲမှာ ခပ်မိုက်မိုက် မျက်နှာပေးနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ မင်းသားတစ်လက် ၊ ရိုက်သမျှ ဇာတ်ကားတိုင်းကလဲ ပရိသတ်တွေ လက်ခံအားပေးကြသလို အချစ်၊ ဖန်စီ၊ အနုအရွတွေထက် ခပ်ကြမ်းကြမ်းဇာတ်ရုပ်တွေနဲ့ပို ပြီးပေါက်တဲ့ နေမင်းနဲ့ တွေ့ဆုံခိုက် အခုရိုက်နေတဲ့ဇာတ်ကားနဲ့ပတ်သတ်ပြီး မေးမြန်းကြည့်လိုက်တော့ ‘အခုရိုက်နေတဲ့ကားလေးက ၀မ်းသာတော့တဲ့။ ဒါရိုက်တာက နေသူရိန်၊ မင်းသမီးက အိချောပိုပါ။ ဒီကားထဲမှာ အစ်ကိုက ၂ ကိုယ်ခွဲကာရိုက်တာလေးပေါ့။ တစ်ကိုယ်က ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်းဆိုးတဲ့ ကာရိုက်တာလေးပေါ့။ နောက်တစ်ကိုက လိမ္မာယဉ်ကျေးတဲ့ ကာရိုက်တာလေးပေါ့။ ကာရိုက်တာ၂ ခုက ဆန့်ကျင်ဖက်၊ အဲဒီအတွက် သေသေချာချာလေး အသေးစိတ်ပြင်ဆင်ထားတယ်။ အကောင်းဆုံး ကြိုးစားထားတယ်။ နှစ်ကိုယ်ခွဲ ကာရိုက်တာဆိုတာသိတဲ့အတိုင်း တော်တော်များများလဲ သရုပ်ဆောင်ဖူးသလို လူကောင်းနဲ့လူဆိုး ၊ ညီအစ်ကို အဲလိုလေးတွေပဲ လုပ်ကြတာများတယ်ဆိုတော့ အကောင်းဆုံးကြိုးစားထားတဲ့အတွက် စောင့်ကြည့်ကြပါလို့။ ပြီးတော့ အခုဆိုရင် အရင်ကလို တိုက်၃ခုနဲ့ မရိုက်တော့ဘူး။ ဘာလို့လဲဆိုတော့ အရည်အသွေးကောင်းကောင်းနဲ့ နည်းနည်းပဲ ရိုက်တော့မယ်ဆိုပြီး ၂တိုက်ပဲ စာချုပ်ချုပ်ထားတယ်။ အဲဒီ၂တိုက်တောင် မလည်ဘူး။ အခုဒီကား မပြီးသေးဘူး။ နောက်တစ်ကားက ပြင်ဆင်ဖို့ ၂ရက်နေ့ဝင်မယ်။ ဒိုင်ယာလော့ခ်က အိမ်ရောက်နေပြီ။ အဲလိုပေါ့။ ကိုယ်ကလဲ ပေးထားပြီးသားဖြစ်တဲ့အတွက် တစ်ကား ပြီးတာနဲ့ နောက်တစ်ကားအတွက် ပြင်ဆင်ရတာဖြစ်တဲ့အတွက် ကို အစ်ကို့မှာ အားလပ်ချိန်ဆိုတာတောင် တော်တော်ရှားပါတယ်။ အဲဒီအတွက် အချစ်ဆိုတာလဲ အစ်ကို့မှာ ရှာဖွေချိန်မရှိသလို ခုချိန်ထိလဲအစ်ကို့ဘေးနားမှာ ရှုတင်နဲ့ပတ်သတ်တဲ့ အလုပ်ကိစ္စတွေအပြင် ပါနေကျ ကင်မရာတစ်လုံးက လွဲလို့ အချစ်ဆိုတာ မရှိသေးပါဘူး’လို့ သူက ပြောပြသွားခဲ့ပါတယ်။

Trend Myanmar