တိုင်းပြည်မျက်နှာ ပြည်သူတွေရဲ့မျက်နှာကိုကြည့်ပါဦး

ပို့စ်တင်ချိန် - 3/02/2014 04:40:00 PM



မြန်မာ့မြေမှာ အစိုးရသစ်ပေါ်ထွန်း  ပြီးနောက် ကျွန်တော်ဟာ ပြည်သူတွေရဲ့ ကြားကို မကြာခဏရောက်ခဲ့ပါတယ်။ အမှန်တော့ ပြည်သူတွေရဲ့စကားသံကို နားထောင်ချင်လို့ရောက်ခဲ့ခြင်းဖြစ်ပါ တယ်။ ပြည်သူ့အသံများကို ဘယ်လိုကြား  ရသလဲဆိုတော့ “စစ်အာရှင်လက်မှလွတ်  ပြီ။ အသစ်တက်လာတဲ့အစိုးရဟာပြည်သူ  တွေရွေးချယ်ထားတဲ့အစိုးရ၊ ပြီးတော့ ဒီမိုကရေစီလမ်းကြောင်းနဲ့ ချီတက်တယ် ဆိုတော့ မြန်မာပြည်ကြီးတိုးတက်တော့ မှာပါ။ ပြည်သူတွေလည်း စိတ်ချမ်းသာ တော့မှာ”ဆိုတဲ့စကားသံတွေဟာ ရင်နဲ့ အမျှကြည်နူးခဲ့ရပါတယ်။ ဒါပေမဲ့ ဒါပေမဲ့   အခုတစ်ခါပြည်သူကြားကိုရောက်တော့  ပြည်သူ့အသံတွေက တစ်မျိုးဖြစ်သွားပြီ။  “မထူးပါဘူးအရင်စစ်အာဏာရှင်အစိုးရ လက်ထက်ကအတိုင်းပါပဲ။ အခုသူတို့ အုပ်ချုပ်ခဲ့တာ (၂) နှစ် ကျော် (၃) နှစ်နီး ပါးရှိလာပြီ။ ပြည်သူတွေ ဘာတိုးတက် ခဲ့သလဲ။ တောင်သူလယ်  သမားတွေဆိုမြေအသိမ်းခံရတာနဲ့ ပတ်သက်ပြီး အတော်ဒုက္ခရောက်နေကြ တယ်။ ခရိုနီနဲ့ စစ်တပ်၊ စစ်တပ်နဲ့ ခရိုနီ များဟာ လက်တွဲမဖြုတ်စတမ်းဖြစ်နေကြ တယ်။ စစ်တပ်မြေဖြစ်လို့ရွာတွေကို ရက်ရက်စက်စက်ဖယ်ပစ်တာ ကတစ်မျိုး၊  ခရိုနီတွေရဲ့ ယာမြေတွေဖြစ်လို့ ရက်ရက် စက်စက်တောင်သူလယ်သမားတွေကို မောင်းထုတ်ကြတာကတစ်မျိုးနဲ့ ကျွန်တော်၊   ကျွန်မတို့ဘ၀ဟာ ဒုက္ခရောက်ရပြန်ပြီ။ ယခင်စစ်အစိုးရလက်ထက်ကပဲ ဒီလိုမတရား  မှုတွေရှိနေမယ်လို့ အောက်မေ့ခဲ့တာ၊ အခု  နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်လက်ထက် မှာလည်းရှိနေတုန်းပါလား။ သမ္မတကြီး ရှိနေတယ်။ လွှတ်တော်ရှိနေတယ်။ ဘာဖြစ်လို့ လယ်သိမ်း၊ ယာသိမ်း၊ မြေ သိမ်းကိစ္စတွေဟာ ပေါ်နေရပါသလဲ။ သမ္မတကြီးမပြတ်သားမှုကြောင့်လို့ အများ  ကပြောနေကြတယ်။ ဘာဖြစ်လို့မပြတ် မသားဖြစ်နေရသလဲ။ စစ်တပ်ကအရောင်  ပြောင်းထားတဲ့လူများကြောင့် (သူတို့ကို   မလွန်ဆန်နိုင်လို့) သမ္မတကြီးမပြတ်မသား  ဖြစ်နေရတယ်လို့ပြောတဲ့လူက ပြောကြ  ပြန်တယ်။ အမှန်တော့ သမ်္မတကြီးဆီမှာ  အာဏာမရှိတော့ဘူး။ အကြံပေးပုဂ်္ဂိုလ် များဆီမှာသာ အာဏာရှိနေတော့ သူတို့ ပြောင်ခိုင်းတဲ့အတိုင်းပြောနေရလုပ်ဆောင် နေရတယ်လို့”ဆိုတဲ့ သူကဆိုကြပြန်တယ်။  ကျွန်တော့်အနေနဲ့တင်ပြရရင်ပြည်သူကြား   ကအသံများဟာမှန်သလိုလိုဖြစ်နေပါ တယ်။
ဘာဖြစ်လို့လဲဆိုတော့ မြစ်ဆုံစီမံကိန်း  ကိစ္စ၊ ဆင်းရဲမွဲတေမှုလျှော့ချရေးကိစ်္စ၊ ဘိုးဘွားပိုင်လယ်ယာမြေကိစ်္စ၊ တရား ဥပဒေစိုးမိုးရေးကိစ်္စ၊ ပြည်တွင်းငြိမ်းချမ်း  ရေးကိစ်္စစတဲ့ကိစ်္စတွေမှာ ပြတ်သားမှုမရှိ ခဲ့လို့ဖြစ်ပါတယ်။ သမ္မတကြီးဟာ ပြည်သူ  များကလေးလေးစားစားတင်ထားတဲ့ သမ္မတကြီးပါ။ အာဏာအပြည့်ရှိတယ်။  လုပ်ပိုင်ခွင့်အပြည့်အ၀ရှိပါတယ်။ တိုင်း ပြည်အတွက်၊ ပြည်သူများအတွက် လုပ်စရာရှိတာကို ရဲရဲဝံ့ဝံ့လုပ်ပေးရပါမယ်။  အခုတော့ ကိစ္စတစ်ခုပေါ်ရင်နောက်ပြန် လှည့်ကြည့်ပြီး ဘေးစကား (အကြံပေး  ပုဂ်္ဂိုလ်များရဲ့စကား) နဲ့ သာခရီးသွားနေ တော့ဘယ်ကလာအောင်နိုင်မလဲ။ ရှေ့လျှောက်နာမည်ကျရုံပဲရှိတော့မယ်။
သမ္မတကြီးမိန့်ခွန်းတွေဟာလည်း ရေဒီယိုမှာအမြဲမပြတ်ကြားနေပါတယ်။ ဒါပေမဲ့ သမ္မတကြီးရဲ့စကားတွေကို လူတွေ  ကသိပ်မယုံကြည်တော့ဘူး။ နားထောင် မှုအားနည်းသွားကြပြီ။ ဘာဖြစ်လို့လဲဆို တော့ လက်တွေ့မကျတဲ့ အပြောစကား  ချည်းဖြစ်နေလို့ပါပဲ။ လက်တွေ့ကမလုပ်  ရသေးဘူး။ အောင်မြင်တယ်ပြောလို့မရ ဘူးလေ။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို   ပန်းမ၀င်သေးဘူးတက်ထောင်ပြတဲ့ လှေ ပြိုင်သမားများလိုဖြစ်နေတယ်။ အပြော နဲ့ အလုပ်ဆိုတာတစ်ထပ်တည်းကျရမှာ  မဟုတ်လား။ အခုတော့ ဘေးစကားတွေ  တစ်မျိုး၊ နောက်ပြန်လှည့်ကြည့်နေရတာ ကတစ်မျိုးနဲ့ သမ္မတသွေးဟာမရဲတော့ဘူး ဖြစ်နေတယ်။
ဒါကြောင့် သမ္မတကြီးကို အကြံပေး   လိုတာက တိုင်းပြည်မျက်နှာ၊ ပြည်သူ့ မျက်နှာကိုကြည့်ပါ။ နောက်ပြန်လှည့်ကြည့်  တဲ့အကြည့်မျိုး၊ ဘေးကအကြံပေးတဲ့ အကြံပေးပုဂ်္ဂိုလ်များရဲ့စကားများကိုရှောင် ပါ။ အချိန်ရှိပါသေးတယ်။ ကိုယ့်သွေး ကိုယ့်ဦးနှောက်နဲ့ ရန်သူဆိုတာဘယ်သူ မြွေပွေးဆိုတာဘယ်ဟာဆိုတာ စဉ်းစား ဆုံးဖြတ်ပြီး ပြတ်ပြတ်သားသားလုပ်ဆောင်  ချိန် ရောက်နေပြီလို့တင်ပြအကြံပြုရင်း။


ဗန်းမော်ညိုသူ
hotnewsweekly