မြန်မာ စစ်ခေါင်းဆောင်များ၏ ကိန်းဂဏန်းများကပြောသော ရပိုင်ခွင့်များ



နိုင်ငံရေး ဆုငွေများအနေဖြင့် တာဝန်ထမ်းဆောင်မှု အလိုက် ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး – ငြိမ်း)မှာ ကျပ် သိန်းပေါင်း ၂၃၀၀၊ ဦးမောင်အေး (ဒုဗိုလ်ချုပ်မှူးကြီး – ငြိမ်း) မှာ ကျပ်သိန်းပေါင်း ၁၈၄၀ . . .

နိုင်ငံ့ဘဏ္ဍာများအား ယခင် စစ်အုပ်ချုပ်ရေး ခေါင်းဆောင်များနှင့် လက်ရှိ ဘောင်းဘီချွတ် အရပ်သား အစိုးရ ခေါင်းဆောင်များက ယခုအချိန်အထိ လက်ဝါးကြီးအုပ် ရယူနေကြဆဲဖြစ်ကြောင်း ၎င်းတို့၏ ရရှိခံစားပိုင်ခွင့်နှင့် ရိက္ခာလစာ ထောက်ပံ့မှု ကိန်းဂဏန်းများက ဖော်ပြလျက် ရှိသည်။

အများပြည်သူ ထောက်ခံမဲ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းဖြင့် အတည်ပြုခဲ့သည် ဟုဆိုသော ၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတကို လစာငွေ ခံစားခွင့်အနေဖြင့် ကျပ်သိန်းပေါင်း ၅၀ ပေးထားသည်။ ဒုတိယ သမ္မတ နှစ်ဦးသည် လစာငွေကျပ် သိန်း ၄၀ ရရှိမည် ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၉ အရ သမ္မတနှင့် ဒုတိယ သမ္မတများသည် ဥပဒေဖြင့် သတ်မှတ်ထားသည့် လစာ၊ စရိတ်နှင့် အဆောင် အယောင်များနှင့် သင့်တင့် လျောက်ပတ်သည့် အိမ်တော် တစ်ဆောင်စီကိုလည်း ရရှိကြမည် ဖြစ်သည်။

ဥပဒေပြုရေးမဏ္ဍိုင် အကြီးအကဲများဖြစ်သည့် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် တရားစီရင်ရေးမဏ္ဍိုင် အကြီးအကဲ နိုင်ငံတော် တရားသူကြီးချုပ်တို့မှာ တစ်လလျှင် ၃၅ သိန်း၊ ၀န်ကြီး၊ လွှတ်တော်ဒုဥက္ကဋ္ဌနှစ်ဦး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌတို့မှာ တစ်လလျှင် ကျပ်သိန်း ၃၀ စီ လစာငွေအဖြစ် ရရှိမည်ဖြစ်သည်။

ဒုဝန်ကြီးနှင့် အဆင့်တူ ရာထူးများအတွက်မူ တစ်လလျှင် လစာငွေအဖြစ် ကျပ်သိန်း ၂၀ သတ်မှတ်ထားသည်။

သို့သော် ယင်းလစာငွေများမှာ ယခင်စစ်တပ် အစိုးရလက်ထက် ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး (ငြိမ်း)တို့ ရရှိသည့် ပင်စင်လစာ ငွေထက် နည်းနေ သေးသည်။

၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှစ၍ ပင်စင်ဦးစီးဌာနမှ စတင်ခံစားခွင့် ပြုခဲ့သည့် ပင်စင်လစာ ငွေများမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) အနေဖြင့် တစ်လလျှင် ကျပ်သိန်း ၁၀၀ နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) အနေဖြင့် ကျပ်သိန်း ၈၀ သတ်မှတ်ထားသည်။

ထို့ပြင် ယခင် စစ်တပ်တွင်း နံပါတ် (၃) ဖြစ်သည့် ယခု ပြည်ထောင်စုလွှတ်တော် နာယက ဗိုလ်ချုပ်ကြီး(ငြိမ်း) သူရဦးရွှေမန်းနှင့် နံပါတ်(၄) ဖြစ်သည့် ယခု နိုင်ငံတော်သမ္မတ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးသိန်းစိန်တို့မှာ ပင်စင်လစာ အဖြစ် ကျပ်သိန်း ၅၀ စီ သတ်မှတ်ထားသေးသည်။ သို့သော် ယင်းတို့နှစ်ဦး၏ ပင်စင်လစာ ခံစားခွင့်ပြုသည့် ရက်ကိုမူ တိကျစွာ ထုတ်ပြန်ထားခြင်း မရှိပေ။

အလားတူ နိုင်ငံရေး ဆုငွေများ အနေဖြင့်လည်း တာဝန် ထမ်းဆောင်မှုအလိုက် ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး – ငြိမ်း) မှာ ကျပ်သိန်းပေါင်း ၂၃၀၀၊ ဦးမောင်အေး (ဒုဗိုလ်ချုပ်မှူးကြီး – ငြိမ်း) မှာ ကျပ်သိန်းပေါင်း ၁၈၄၀၊ သူရဦး ရွှေမန်း (ဗိုလ်ချုပ်ကြီး – ငြိမ်း) မှာ ကျပ်သိန်းပေါင်း ၆၅၀၊ ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီး – ငြိမ်း) မှာ ကျပ်သိန်းပေါင်း ၆၅၀ အထိ ခံစားခွင့်ပြုထားသည်။

ယင်းပမာဏမှာ ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့် နှိုင်းယှဉ်ပါက များသည်ဟု မဆိုနိုင်သော်လည်း လက်ရှိ နိုင်ငံ့အကြီးအကဲ၏ တစ်နှစ်စာ လုပ်ခလစာထက်ပင် ပိုများနေသည် ကို တွေ့ရသည်။

ထို့ပြင် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအပါအ၀င် အငြိမ်းစားပုဂ္ဂိုလ်ကြီး ၆၉ ဦး၏ အိမ်အကူ၊ ထမင်းချက်၊ ဥယျာဉ်ခြံလုပ်သား အပါအ၀င် ၀န်ထမ်းများအတွက် ထောက်ပံ့ကြေးပေးရန် အတွက် လွှတ်တော်မှ ခွင့်ပြု ပေးလိုက်သေးသည်။

အိမ်အကူဝန်ထမ်း စုစုပေါင်း ၄၀၀ ကျော်အတွက် ကျပ်သိန်းပေါင်း ၁၆၉၀ ကျော်ပေးရန် လွှတ်တော်မှ ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ယင်းဘတ်ဂျက် တောင်းခံမှု ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ တင်သွင်းခဲ့ခြင်းလည်း ဖြစ်သည်။

အိုးအိမ်ဌာနမှ ၂၀၁၂-၁၃ ဖြည့်စွက်ရန်ပုံငွေ တောင်းခံသည့် စာရင်း၌ နိုင်ငံ့တာဝန် ထမ်းဆောင်လျက်ရှိသည့် ပုဂ္ဂိုလ်ကြီးများ၊ အငြိမ်းစား ပုဂ္ဂိုလ်ကြီးများ၏ အိမ်အကူ၊ ထမင်းချက်၊ ဥယျာဉ်လုပ်သားများအတွက် အပို ထောက်ပံ့ကြေး အဖြစ် တစ်ဦးလျှင် ကျပ်သုံးသောင်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ခံစားခွင့် ပြုထားပါသဖြင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် ၁၀၄ ဦး၊ နေပြည်တော် ကောင်စီဝင် ၁၁ ဦးနှင့် အငြိမ်းစား ပုဂ္ဂိုလ်ကြီး ၆၉ ဦးတို့၏ အိမ်အကူ၊ ထမင်းချက်၊ ဥယျာဉ်လုပ်သား ၄၁၇ ဦးအတွက် ကျပ်သန်းပေါင်း ၁၆၉ ဒသမ ၅၆ သန်းအား လွှတ်တော်သို့ တောင်းခံခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ တောင်းခံခဲ့သည့်အတွက် နိုင်ငံရေး နယ်ပယ်အတွင်း ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီး အငြိမ်းစား ယူသွားပြီဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနှင့် စစ်တပ်အကြီးအကဲများမှာ ယခုအချိန်အထိ နိုင်ငံရေး နယ်ပယ်၌ သြဇာရှိဆဲဖြစ်ကြောင်း သုံးသပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၀ အရ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများသည် စွပ်စွဲပြစ်တင်ခြင်း ခံရ၍ ရာထူးမှ ရပ်စဲခြင်း ခံရသည်မှအပ တာဝန်ပြီးဆုံးသဖြင့် အနားယူပါက ဥပဒေနှင့်အညီ အငြိမ်းစားလစာနှင့် သင့်တင့်လျောက်ပတ်သော ထောက်ပံ့မှုများ ရရှိစေရမည်ဟုသာ ပြဋ္ဌာန်းထားသည်။

လက်ရှိ သမ္မတအပါအ၀င် လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စု ၀န်ကြီးများမှာ ဥပဒေပါ ခံစားခွင့်များအပြင် ယခင့်ယခင် စစ်အုပ်ချုပ်ရေး ကာလက ရယူထားသည့် လုပ်ငန်းများ၊ ပိုင်ဆိုင်ခွင့်များကလည်း ရှိနေကြသေး သည်။

၂၀၀၈ အခြေခံဥပဒေ အခန်း (၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများ၊ ပုဒ်မ ၆၈ အရ ““နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် တခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်”” ဟု ပြဋ္ဌာန်း ပါရှိထားပြီး ဖြစ်သည်။

သို့သော် အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု ထုတ်ဖော်ကြေညာရေးနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လ အတွင်းက ပြည်သူ့လွှတ်တော်အတွင်း ပုသိမ်မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးဝင်းမြင့်က တင်သွင်းခဲ့ဖူး သော်လည်း ထောက်ခံမဲ ၆၉ မဲ၊ ကြားနေမဲ ၁၅ မဲနှင့် ကန့်ကွက်မဲ ၂၆၉ မဲဖြင့် ရှုံးနိမ့်ခဲ့ရဖူးသည်။ ယင်းအဆိုကို လုပ်ဆောင်ရန် ကိစ္စရပ်များ ကျန်ရှိနေသေးပါသဖြင့် ရွှေ့ဆိုင်းကြောင်းကိုလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြေညာခဲ့သည်။

ဥပဒေအရ ““မိမိတို့ ဦးစီးသည့် တစ်စီးပွားတည်း ဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေး လုပ်ငန်း၊ စုငွေနှင့် တခြားအဖိုးတန်ပစ္စည်းများ”” ဟု ပါရှိခြင်းမှာလည်း ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ဖုံးကွယ်ရန် အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်နေပြီး ၎င်းတို့၏ မိသားစုဝင်များ၊ ဆွေမျိုးများ နာမည်ဖြင့် လုပ်ကိုင် နေကြသည့် လုပ်ငန်းများမှာ ဥပဒေအရ ကင်းလွတ်ခွင့် ရနေပြန်သေးသည်။ ထို့ပြင် နိုင်ငံရပ်ခြား ဘဏ်များ၌ အခြားအမည်များဖြင့် အပ်နှံထားကြသည့် နိုင်ငံခြားငွေ ပြဿနာမှာလည်း ယခုအချိန်အထိ မည်သူမည်ဝါမှန်း မသိနိုင်သေးခြင်းမှာ ပဟေဠိတစ်ခုလို ဖြစ်နေဆဲ ဖြစ်သည်။

ထို့ပြင် ယခင်စစ်အုပ်ချုပ်ရေးမှ အသွင်ပြောင်းကာ လက်ရှိအစိုးရအတွင်း ထိပ်ပိုင်းနေရာ ယူထားကြသူများ အနေဖြင့် ဥပဒေပါ ရပိုင်ခွင့်များဖြစ်သည့် မြင့်မားသည့် လစာ၊ လုပ်ပိုင်ခွင့်များ ရယူထားခြင်းမှာလည်း မမျှတသည့် လုပ်ရပ်တစ်ခု ဖြစ်ကြောင်းလည်း ဝေဖန်မှုများ ရှိသည်။

ထိပ်ပိုင်းအကြီးအကဲများ၏ လုပ်ခလစာ၊ ရပိုင်ခွင့်နှင့် အစိုးရ၀န်ထမ်း လစာများမှာ များစွာ ကွာဟလျက် ရှိသည်။ နိုင်ငံရေးရာထူး မဟုတ်သည့် အစိုးရ ၀န်ထမ်းများထဲတွင် အမြင့်ဆုံးဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်တစ်ဦး၏ လစာမှာ ကျပ်နှစ်သိန်း လေးသောင်းသာရှိပြီး လွှတ်တော်အမတ်တစ်ဦး၏ လစာမှာ ကျပ်သုံးသိန်းသာ ရှိသည်။

ယခင်စစ်အစိုးရ အုပ်ချုပ်ရေးမှ အရပ်ဝတ်အဖြစ် ပြောင်းလဲလာပြီး လက်ရှိအစိုးရ ထိပ်ပိုင်းတာဝန် ယူထားသူများ၏ လစာ၊ ခံစားခွင့်၊ လုပ်ပိုင်ခွင့် များနှင့် နှိုင်းယှဉ်ကြည့်ပါက များစွာ ကွာခြားလျက်ရှိသည်။ ယင်းကဲ့သို့ ကွာခြားလျက်ရှိသည့် အနေအထား၌ သမ္မတ ဦးသိန်းစိန်က ၀န်ကြီးဌာန အားလုံးသို့ ပေးပို့သည့် လာဘ်ပေး လာဘ်ယူမှုနှင့် ပတ်သက်၍ ညွှန်ကြားချက်လည်း ထွက်ပေါ်ခဲ့သည်။ ယင်းညွှန်ကြားချက်၌ ၀န်ကြီးဌာနများအနေဖြင့် လက်ဆောင်ပစ္စည်းများ လက်ခံရယူရာ၌ ကျပ်သုံးသိန်း ကျော်လွန်သည့် ပစ္စည်းများ လက်ခံပါက လာဘ်ပေးလာဘ်ယူမှုအဖြစ် သတ်မှတ်မည်ဟူ၍ ဖြစ်သည်။

ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်းမှာ ကျပ်သုံးသိန်းအောက် ပစ္စည်းများအား လာဘ်လာဘအဖြစ် တရားဝင် လက်ခံ ရယူခွင့်ပေးလိုက်သကဲ့သို့ ဖြစ်နေပြီး ယခင် စစ်အစိုးရ လက်ထက်မှ ဆက်လက် ကျန်ရှိနေသေးသည့် အကျင့်ပျက် ခြစားမှု မလျော့ကျသေးသည်ကို မီးထိုးပေးလိုက်ခြင်းပင် ဖြစ်သည်။

လက်ရှိ ဖွဲ့စည်းထားသည့် အခြေခံဥပဒေ၊ လိုအပ်၍ ပြဋ္ဌာန်းထားသည့် ဥပဒေများအရ ယခင် စစ်အစိုးရ လက်ထက် အကြီးအကဲများနှင့် ယင်းအစိုးရမှ လူဝတ်လဲ အစိုးရ ပြောင်းလာသူများမှာ ယခု အချိန်အထိ နိုင်ငံ့ဘဏ္ဍာငွေအတွင်းမှ ပမာဏများပြားသည့် လစာ၊ ပင်စင်ငွေနှင့် ထောက်ပံ့ကြေးများ ရယူနေဆဲဖြစ်သည် မှာမူ ငြင်းမရသည့် အချက်ပင် ဖြစ်သည်။

သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုဖြစ်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး စသည်ဖြင့် လူဝတ်လဲ အစိုးရက ကြွေးကြော်နေသော် လည်း ပြည်သူ့ အရေးထက် ယခင်စစ်အစိုးရဘက်မှ ကူးပြောင်းလာသူများ အတွက် အခွင့်အလမ်းကောင်းများ၊ ရပိုင်ခွင့်များ ပိုမိုရရှိရေးကိုသာ တစ်နည်းမဟုတ် တစ်နည်းဖြင့် ကြံဆောင် လျက်ရှိသည်ကိုအထက်ပါ အချက်အလက်များက ပြသနေပါကြောင်း တင်ပြရေးသားလိုက်ပါသည်။

အောင်ထွန်းလင်း

Myanmartandawsint Newspaper

မိုးကြိုကာလရဲ့ အသံတိတ်လူသတ်သမား


နေပူအောက်တွင် လုပ်ငန်းခွင်ဝင်နေသော ဆောက်လုပ်ရေးလုပ်သားများ (ဓာတ်ပုံ - နစ်ကီ)


မေလ၂၃ ရက်ဟာ အပူရှိန်လူသတ်သမားရဲ့အန္တရာယ်သတိပြုရေးနေ့ (A Major Killer Heat Awareness Day)ဖြစ်ပါတယ်။ အပူရှိန် (Heat Stress) နဲ့ အပူချိန် (Temperature)တို့ဟာမတူကွဲပြားတဲ့လေထုရဲ့ အန္တရာယ်ဘေးဆိုင်ရာ သဘာဝတရားတွေဖြစ်ပါတယ်။ နှစ်စဉ် မတ်လတစ်ရက်နေ့မှစတင်ပြီး ဧပြီ ၁၅ ရက်အထိ ကာလဟာ ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီကာလဖြစ်ပါတယ်။

ဒီကာလရဲ့ ထူးခြားချက်ကတော့ နေ့အပူချိန်တွေ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာတတ်ခြင်းပဲဖြစ်ပါတယ်။ အဲဒီလို အပူချိန်တွေမြင့် တက်လာတဲ့အခါ လူရဲ့ကိုယ်က ကိုယ်အပူချိန်ကို ပြင်ပအပူချိန်နဲ့လိုက်ပြီး ကိုက်ညှိပေးရပါတယ်။ ဒါကို ကိုယ်ရှိတဲ့ Thermoregulatory System ရဲ့ Therlamus ထိန်းညှိပေးပါတယ်။ ပုံမှန်အနေနဲ့တော့ ကိုယ်အပူချိန်ကို ၃၅ ဒသမ ၈ ဒီဂရီစင်တီဂရိတ်- ၃၇ ဒသမ ၈ ဒီဂရီစင်တီ ဂရိတ် (၉၆ ဒသမ ၅ ဒီဂရီဖာရင်ဟိုက်- ၁၀၀ ဒီဂရီဖာရင်ဟိုက်)ကြားမှာ ထိန်းပေးထားနိုင်ပါတယ်။ ဒါပေမဲ့ ဒီစနစ်ကို အားကိုးပြီး နွေခေါင်ခေါင် မွန်းတည့်ချိန်နေပူကြီးထဲမှာ အကာအကွယ်မဲ့နေလို့ကတော့ စနစ်တိုင်းမှာ ကန့်သတ်ချက်ဆိုတာရှိနေတာကြောင့် ကိုယ်မှာခံစားလာရတဲ့ အပူချိန်ကို Therlamus က လိုက်မညှိပေးနိုင်တော့တဲ့အခါ အန္တရာယ်ရှိလာရတော့တာပါပဲ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ ခံစားရတဲ့အပူချိန် (Feel Tempera-ture) နဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်တွေကတော့

ခံစားရတဲ့အပူချိန် ၂၇ မှ ၃၂ ဒီဂရီစင်တီဂရိတ် (၈၀ မှ ၉၀ ဒီဂရီဖာရင်ဟိုက်) သတိထားရန်၊

ခံစားရတဲ့အပူချိန် ၃၂ မှ ၄၁ ဒီဂရီစင်တီဂရိတ် (၉၀ မှ ၁၀၅ ဒီဂရီဖာရင်ဟိုက်)အလွန်သတိထားရန်၊

ခံစားရတဲ့အပူချိန် ၄၁ မှ  ၅၄ ဒီဂရီစင်တီဂရိတ် (၁၀၅ မှ ၁၃၀ ဒီဂရီဖာရင်ဟိုက်)အန္တရာယ်ရှိအဆင့်၊

ခံစားရတဲ့အပူချိန် ၅၄ ဒီဂရီစင်တီဂရိတ်အထက် (၁၃၀ ဒီဂရီဖာရင်ဟိုက်အထက်) အလွန်အန္တရာယ်ရှိအဆင့်



အန္တရာယ်ရှိအဆင့်တွင် ကျန်းမာရေးဆိုင်ရာ ပြဿနာများအဖြစ် heat cramps, heat exhaustion တို့အပြင် တစ်ခါတစ်ရံ heat stroke လည်းဖြစ်တတ်ပြီး အလွန်အန္တရာယ်ရှိ (Extreme Danger)အဆင့်တွင်တော့ Heat Stroke အများဆုံးခံစားရတတ်ကြောင်း သတိပေးဖော်ပြ ထားပါတယ်။ Heat Stroke ခံစားရတဲ့သူဟာ ခံနိုင်ရည်ကိုလိုက်ပြီး လေဖြတ်ခြင်းနဲ့ ဦးနှောက်သွေးကြောပြတ်ခြင်း (အရပ်အခေါ်) စတာတွေ ဖြစ်ပေါ်စေတတ်တဲ့အတွက် အသက်ဆုံးရှုံးတတ်ကြပါတယ်။

ဒါကြောင့်ပဲ အပူရှိန်ကို အဓိကလူသတ်သမားလို့ခေါ်ကြခြင်းဖြစ်ပါတယ်။ နွေကာလပြီးတဲ့ ဧပြီလအလယ်ကစပြီး မုတ်သုံဝင်တဲ့နေ့အထိ ကာလဟာ မိုးကြိုကာလဖြစ်ပါတယ်။ မိုးကြိုကာလရဲ့ ထူးခြားချက်ကတော့ နွေလက်ကျန်အပူနဲ့ မိုးဦးအကြိုရေငွေ့တို့ အမြောက်အမြားဖြစ်ပေါ်တတ်တဲ့ ကာလဖြစ်တဲ့အတွက် မိုးကြိုကာလအတွင်း လေထုထဲမှာ ရေငွေ့အမြောက်အမြားပါဝင်နေတာကို နေ့စဉ်တွေ့နေရပါတယ်။ ဒီအခါ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကာလမှာ လူ့ကိုယ်က ခံစားရတဲ့ အပူချိန်ဟာ လေအပူချိန် (air temperature)သက်သက်သာဖြစ်ပေမယ့် ရေငွေ့တွေပါနေတဲ့ လေထုအတွင်းမှာတော့ လေအပူချိန်အပြင် ရေငွေ့ အပူချိန်ပါ ထပ်ဆောင်းလိုက်တဲ့အတွက် လူရဲ့ခံစားရတဲ့အပူချိန်ဟာ လူ့ ကိုယ်ရဲ့ခံနိုင်ရည်ထက် ကျော်လွန်သွားလေ့ရှိပါတယ်။ ဒီအခါမှာ မကြာခဏဆိုသလို အလွန်အန္တရာယ်ရှိအဆင့်ကို ရောက်သွားတတ်ပါတယ်။

ခက်တာက လေထုအပူချိန်ကို သာမိုမီတာနဲ့ အလွယ်တကူတိုင်းတာသိရှိနိုင်ပေမယ့် ခံစားရတဲ့ အပူချိန်ကတော့ လေထုအပူချိန်နဲ့ Relative Humidity နှစ်ရပ်ပေါင်းပြီးမှ တွက်ချက်ယူမှရနိုင်တဲ့တန်ဖိုး ဖြစ်တာကြောင့် အလွယ်တကူမသိနိုင်ကြပါဘူး။ ဒါကြောင့် မသိလိုက်ရဘဲ အသက်ဆုံးရှုံးရတတ်တဲ့အတွက် အသံတိတ်လူသတ်သမား (Silent Killer)လို့ ခေါ်ခြင်းဖြစ်ပါတယ်။ အဲဒီအန္တရာယ်ဟာ အခုလိုမိုးကြိုကာလ (အပူချိန်နဲ့ ရေငွေ့ပါဝင်မှုမြင့်မားနေတဲ့ကာလ)မှာ မကြာခဏ ဖြစ်ပေါ်တတ်တဲ့အတွက် အသက်အန္တရာယ်ကို အမြဲခြိမ်းခြောက်နေလေ့ရှိပါတယ်။

၂၀၁၄ ခုနှစ် ဧပြီလအတွင်း ရန်ကုန်(ကမ္ဘာအေး)မှာ ဖြစ်ပေါ်ခဲ့တဲ့ ခံစားရတဲ့ အပူချိန်တွေကို တွက်ကြည့်တဲ့အခါ ဧပြီ ၁ ရက်မှ ၂၁ ရက်အတွင်း အလွန်အန္တရာယ်ရှိအဆင့် တစ်ကြိမ်၊ ၄-၄-၂၀၁၄ ရက်စွဲနဲ့ အန္တရာယ်ရှိအဆင့် သုံးကြိမ် (ဧပြီ ၁၅၊ ၁၆၊ ၂၀ ရက်)ဖြစ်ပေါ်ခဲ့တာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်းကလည်း ရန်ကုန်မြို့မှာ ဧပြီလအတွင်းက အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် စိုထိုင်းဆ ၆၀ ရာခိုင်နှုန်းရှိခဲ့ရာ ခံစားရတဲ့အပူချိန်ဟာ ၅၅ ဒီဂရီစင်တီဂရိတ်ရှိခဲ့ပါတယ်။ Extreme Danger Level ပါ။ မေလ ၇ ရက်မှာတော့ အမြင့်ဆုံးနေ့အပူချိန်က ၃၆ ဒီဂရီစင်တီဂရိတ်ပဲရှိပါတယ်။ ဒါပေမဲ့ စိုထိုင်းဆကတော့ ၉၂ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့လို့ ခံစားရတဲ့အပူချိန်က ၆၂ ဒီဂရီစင် တီဂရိတ်အထိ မြင့်တက်သွားခဲ့ပါတယ်။ အလွန်အန္တရာယ်ရှိအဆင့် အမြင့်ဆုံးလောက်အထိရောက်သွားခဲ့ပါတယ်။ သာမန်လူတွေတောင် မခံနိုင် လောက်တဲ့ အပူချိန်ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မှာ အသက်ဆုံးရှုံးခံရမှုတွေရှိခဲ့ပါတယ်။

ဒီလိုဖြစ်လာရတဲ့အဓိကအကြောင်းကတော့ ရာသီဥတုပြောင်းလဲရာမှ ဖောက်ပြန်မှုတွေဖြစ်လာရလို့ပါပဲ။ ဆိုလိုတာက အရင်မုတ်သုံလေတွေ ပုံမှန်ရှိနေတုန်းက အခုလိုပဲ မိုးကြိုကာလရောက်လာရင် ရေငွေ့ပါတဲ့လေတွေ ဝင်လာမယ်။ အောက်ခံမြေပြင်က အပူပေးလိုက်တော့ လေတွေဟာ အငွေ့တွေဆိုတော့ ပူရာမှ ပွ၊ ပွရာမှပေါ့လာပြီး အထက်ကို တက်ကြမယ်။ Convection ဖြစ်တယ်လို့ခေါ်ပါတယ်။ ကမ္ဘာ့မြေစပ်လေ ထုလွှာ (Troposphere)အတွင်း အထက်ကိုတက်လာတော့ လေအေး တွေဟာ အအေးဓာတ်ရမယ်။ ဒီတော့ အရည်ဖွဲ့ပြီးတိမ်တွေဖြစ်လာမယ်။ နောက် မိုးရွာချတော့တာပါပဲ။ ဒါဟာ မိုးကြိုကာလမှာတွေ့ရတတ်တဲ့ မိုးလေဝသသံစဉ်တစ်ခုပါပဲ။ အခုတော့ ရာသီဥတုဖောက်ပြန်မှုတွေ ကြောင့် ဒီသံစဉ်ဟာ မမှန်တော့ပါဘူး။ လက်ရှိမိုးကြိုကာလအတွင်းမှာ တိမ်ဖြစ်လာပြီး မိုးမရွာတော့တဲ့ ကိစ္စတွေများများလာပါတယ်။ ဒီတော့ လူတွေဟာ မွန်းတည့်ချိန်နေပူကြီးထဲမှာ ရေငွေ့နဲ့ရေချိုးနေရသလို နေအပူ၊ လေအပူတွေအပြင် ရေငွေ့အပူပါ ထပ်ဆောင်းလိုက်တော့ ခံစားရတဲ့အပူချိန်တွေဟာ လူ့ကိုယ်က ခံနိုင်ရည်ကိုကျော်ကုန်တော့တာပါပဲ။ ဒါကို အလွန်အန္တရာယ်ရှိအဆင့် ရောက်တယ်ခေါ်တာပါပဲ။

စောစောကပြောခဲ့သလို ဒီအပူချိန်က လေထဲရောက်လာတဲ့ ရေငွေ့အချိုးအဆအပေါ်မှာ အများကြီးမူတည်နေလေတော့ ရေငွေ့တွေများလေ၊ ခံစားရတဲ့အပူချိန်က မြင့်လေဖြစ်ပါတယ်။ ဒီနှစ်ရန်ကုန်မှာ လေထုအတွင်း ရေငွေ့ပါဝင်မှုက နည်းနေပါသေးတယ်။ လက်ရှိ ၂၀၁၄ ခုနှစ် ဧပြီမှာ ရန်ကုန်(ကမ္ဘာအေး)ရဲ့ ပျမ်းမျှအမြင့်ဆုံးအပူချိန်ဟာ ၃၈ ဒသမ ၇၅ ဒီဂရီစင်တီဂရိတ်လောက်ရှိနေပြီး စိုထိုင်းဆကတော့ ၄၃ ရာခိုင်နှုန်း ရှိနေပါတယ်။ နေ့အပူချိန်က ဒီထက်မတက်ဘူးပဲထားဦး။ စိုထိုင်းဆကတော့ သေချာပေါက် မုတ်သုံဝင်ကာနီးလေ တိုးလာဦးမှာ သေချာပါတယ်။

ဒီတော့ လက်ရှိရှိနေတဲ့ ဧပြီလရဲ့ ပျမ်းမျှနေ့အပူချိန်ကို ထပ်မတိုးဘူးပဲထား။ စိုထိုင်းဆကတော့ မိုးနီးလေ တိုးလေဖြစ်မှာပါပဲ။ ဒီတော့ ရေငွေ့စိုထိုင်းဆကို တစ်စစနဲ့ တိုးလိုက်တဲ့အခါ စိုထိုင်းဆ ၆၀ ရာခိုင်နှုန်း ရောက်တာနဲ့ ခံစားရတဲ့အပူချိန်ဟာ ၅၇ ဒီဂရီစင်တီဂရိတ်ရှိလာမှာဖြစ်ပြီး Extreme Danger Level ကို စတင်ရောက်ရှိလာမှာဖြစ်ပါတယ်။ အဲဒီနောက် နေ့အပူချိန်မတိုးစေကာမူ စိုထိုင်းဆ ရာခိုင်နှုန်းတိုးလေ ခံစားရတဲ့အပူချိန်ဟာ တိုးလေဖြစ်လာမှာပါ။

မိုးကြိုကာလ ကမ္ဘာအေးမှာ ဧပြီလရဲ့ နံနက် ၉ နာရီခွဲမှာ ပျမ်းမျှ စိုထိုင်းဆ ၆၃ ရာခိုင်နှုန်းနဲ့ ပျမ်းမျှနေ့အပူချိန် ၃၇ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ရှိနေလို့ အဲဒီတန်ဖိုးနဲ့တွက်တာတောင် ခံစားရတဲ့အပူချိန်ဟာ ၅၅ ဒီဂရီစင်တီဂရိတ် (၁၃၀ ဒီဂရီဖာရင်ဟိုက်)ရှိတာကြောင့် အလွန်အန္တရာယ်ရှိ အဆင့်ပါပဲ။ ဆိုလိုတာကတော့ ဧပြီလလယ်ကစပြီး မေလကုန်အထိ ကာလဟာ ခံစားရတဲ့အပူချိန်တွေဟာ အလွန်အန္တရာယ်ရှိအဆင့်ကို ရောက်နေတာချည်းပါပဲ။

အဲဒါဖြင့် အရင်ကလူတွေကို Heat Stroke ဖြစ်တာ ဒီလောက် မများလှပါဘူး။ အခုတစ်လောကမှ ဒီလိုဖြစ်ရပ်တွေ သိသိသာသာများလာတာက ဘာကြောင့်လဲ။ ဒါကတော့ ရာသီဥတုဟာ အရင်လို သံစဉ်မမှန်တော့လို့ပါပဲ။ ဘာဖြစ်သွားသလဲဆိုတော့ အရင်တုန်းက တိမ်တွေဖြစ်ပြီးရင် မိုးကမှန်မှန်ရွာတယ်။ အပူချိန်က ဒီလောက်မမြင့်ဘူး။ အခု နောက်ပိုင်း အထူးသဖြင့် ၂၀၀၆ ခုနှစ်နောက်ပိုင်းမှာ နေ့အပူချိန်တွေ တိုးလာပြီး တိမ်တွေရှိပေမယ့် မိုးကမရွာဘူး။ ဒီတော့ နေ့အပူချိန်တွေ တိုးလာတာကလည်း ခံစားရတဲ့အပူချိန်ကို တိုးလာစေတယ်။ တိမ်တွေ အုံ့နေတော့လည်း လေထဲမှာရေငွေ့တွေများနေပြီး ခံစားရတဲ့အပူချိန်ကို တိုးစေတယ်။ မိုးမရွာတော့ အအေးဓာတ်ကမရတော့ပြန်တာကြောင့် တက်နေတဲ့အပူချိန်တွေဟာ ပြန်မဆင်းတော့ဘူး။ ဒီတော့ မိုးကြိုကာလဆိုရင် အခုနောက်ပိုင်း ခံစားရတဲ့အပူချိန်တွေဟာ လွန်ကဲအဆင့်ကို ရောက်နေတာများလာပါတယ်။

အဲဒါကြောင့် အသက်ဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ်ပေးနိုင်တဲ့ အပူဒဏ်ကြောင့် မေလ ၂၃ ရက်ကို အပူရှိန်လူသတ်သမားရဲ့ အန္တရာယ် သတိပြုရေးနေ့လို့ သတ်မှတ်ထားကြောင်းပါဗျာ။

(ကိုယ်ရဲ့အပူထိန်းစနစ်အကြောင်း ရှင်းပြပေးတဲ့ ငယ်သူငယ်ချင်း ဒေါက်တာစိန်လှအောင်ကို ကျေးဇူးတင်ပါတယ်။)

Author: မောင်ထွန်းလွင် (မိုးလေ၀သ)


7Day Daily

မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံသို့ လူကုန်ကူးသည့် ထိုင်းဘုန်းကြီး ၂ ပါးကို မြန်မာနိုင်ငံသား အယောက် ၃၀ ဖြင့် တက်ခ်-မဲဆောက် လမ်းပေါ်တွင် ထိုင်းရဲများ ဖမ်းဆီးရမိ


သတင်းပေးမှုအရ ထိုင်းရဲများက အဆိုပါ နယ်စပ်လမ်းမကြီးပေါ်တွင် စောင့် ဆိုင်းဖမ်းဆီးခဲ့ကြောင်း Bangkok Post သတင်းစာတွင် ဖော်ပြပါရှိသည်။ အဆိုပါ ဘုန်းကြီးများသည် ထိုင်းနိုင်ငံတွင် တန်ခိုးရှင်များဟု နာမည်ထွက်နေ သည့် ဘုန်းကြီးကျောင်းမှ ဖြစ်ကြောင်း သိရသည်။ ၄င်းကျောင်း၏ အလှူခံပုံ နှင့် တရားပွဲများမှာလည်း မကြာခဏဆိုသလို တိုင်ကြားမှုများ ရှိနေသည့် ကျောင်းတစ်ကျောင်းဖြစ်သည်ဟု အဆိုပါ သတင်းစာက ဖော်ပြထားသည်။

ယခု ဖမ်းဆီးရမိသည့် ထိုင်းဘုန်းကြီးနှစ်ပါးမှာ သက်တော် ၅၃ နှစ်နှင့် သက်တော် ၄၈ နှစ်တို့ ရှိပြီးဖြစ်ပြီး ဖမ်းဆီးရမိသည့် ကားများတွင် သာသနာ့အလံများ ကျောင်းတံဆိပ်များကို တပ်ဆင်ထားကြောင်းသိရှိရသည်။

ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသား အမျိုးသား ၁၂ ယောက်နှင့် အမျိုးသမီး ၁၈ ယောက်တို့ ထိုင်းရဲမှာ ထိန်းသိမ်းထားပြီး ၄င်းတို့မှာမူ ထိုင်းတွင် အလုပ်ရှာ၇န်လာခဲ့ကြောင်း စစ်ချက်များအရ သိရသည်ဟု ဆိုသည်။

ထိုင်းရဲမှာ အဆိုပါ ကျောင်းနှင့် ပါဝင်ဆောင်ရွက်ခဲ့သည့် ဘုန်းကြီးများကို လူကုန်ကူးမှု အက်ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း Bangkok Post သတင်းစာတွင် ဖော်ပြပါရှိပါသည်။

Credit to The Ladies News Journal

Congenital Heart Disease မွေးရာပါ နှလုံးရောဂါ


ဆရာရှိပါသလား။့ က သူငယ်ချင်းမလေးက ကလေးမွေးထားတာဆရာရယ်၊ သူ့ကလေးက တလရှိသွားပြီ။ နှလုံးခုန်မြန်လို့ ဆရာဆေးခန်းသွားပြပါတယ် ကလေးက နှလုံးမှာအပေါက်ပါတယ်ပြောတယ်တဲ့။ ဘယ်လိုမျိုးလဲ အဆို့ရှင်လားဆရာ၊ ဆေးပေးလိုက်ပြီးတလပြန်ချိန်းတယ်တဲ့။ မသက်သာရင် ခွဲရမယ်ပြောတယ်တဲ့။ စိုးရိမ်းပြီး တောတော် သောကရောက်နေရှာတယ်။ အဲဒါကြောင့် ဆရာကို မေးပေးမယ်၊ ဘယ်လို စောင့်ရှောက်ပေးရမယ်ဆိုတာကို။
သိပ်လဲဗဟုသုတရှိတဲ့ ကလေးတွေ လဲ မဟုတ်တော့လေ။ ဆရာအခု အချိန်မရရင် ပို့စ်လေးတခု တင်ရးပြီးပေးပါလားဆရာ
2. Sun, Feb 10, 2013 at 2:37 PM
မွေးရာပါ နှစ်လုံးရောအကြောင်း ဆောင်းပါလေး သိဖွယ်လေး ဆေးပညာမှတ်စုလေးများရှိရင် ပို့ပေးစေလိုပါသည်။

မွေးရာပါ နှလုံးရောဂါ အများစုကို ဘာလို့လာဖြစ်သလဲ ဆရာဝန်တွေ မသိကြပါ။ ဒါလိုမျိုးရောဂါတွေကို တွေ့တိုင်း ကံတရားရဲ့သဘောကို နားလည်အောင်၊ ကံကောင်းအောင် လုပ်ဆောင်ဘို့ တွန်းအားတွေ ရလာစေတယ်။ စာဖတ်သူများကိုလည်း အလေးအနက် တိုက်တွန်းပါရစေ။

ဖြစ်နိုင်ခြေအလားအလာရှိတာတွေတော့ သိပါတယ်။
၁။ Genetic or chromosomal abnormalities မျိုးဗီဇ ဒါမှမဟုတ် ခရိုမိုဇုန်း ချို့ယွင်းချက်၊ ဥပမာ Down syndrome ဒေါင်-ဆင်ဒရုပ်း၊
၂။ Taking certain medications or alcohol or drug abuse during pregnancy တချို့ဆေးးတွေကို ကိုယ်ဝန်ဆောင်နေတုံး သုံးစွဲလို့၊
၃။ Maternal viral infection ဗိုင်းရပ်စ် ပိုးဝင်လို့၊ ဥပမာ ကိုယ်ဝန် ပဌမ ၃ လအတွင်းမှာ rubella (German measles) ဂျာမန် ဝက်သက်ဖြစ်လို့။

မွေးရာပါ နှလုံးရောဂါ အမျိုးမျိုးရှိတယ်။ မွေးမွေးချင်း လက္ခဏာခံစားရတာ၊ နဲနဲကြီးလာမှ ခံစားရတာ မတူပါ။ တချို့ဆိုရင် ရောဂါပါလာမှန်း မသိဘူး။ အမေရိကားမှာ ကလေးပေါင်း ၅ သိန်းရှိတယ်။ အမျိုးထဲမှာ ကလေးတယောက်က ဒါမျိုးရှိရင် နောက်ကလေးလဲ ဖြစ်နိုင်ခြေပိုများတာတွေ့ရတယ်။
အဖြစ်များတဲ့ အမျိုးအစားတွေ -
၁။ Heart valve defects နှလုံးအဆို့ရှင်ချို့ယွင်းချက်များ၊ အဆို့ရှင် ကျဉ်းနေတာ၊ လုံးဝပိတ်နေတာ၊ မလုံတာ၊
၂။ Defects in the walls between the atria and ventricles of the heart နှလုံးအခန်းတွေကြားက အကန့်မှာ အပေါက်ဖြစ်နေတာ၊ ဥပမာ Atrial septal defect (ASD) နဲ့ Ventricular septal defect (VSD) များ၊ မေးတဲ့ကလေးမှာ VSD ဖြစ်နေပါတယ်။
၃။ Heart muscle abnormalities နှလုံးကြွက်သား အားနည်းခြင်း။

Congenital Heart Defects in Children မွေးရာပါနှလုံးရောဂါများနှင့်ကလေး
• Patent ductus arteriosus (ဏီဗ) (ပေးတင့် ဒတ်တပ်စ်-အာတီရီယိုးဆပ်စ်)
• Tetralogy of Fallot နှလုံးချို့ယွင်းချက် ၄ မျိုးတွဲရှိခြင်း၊
• Transposition of the great vessels နှလုံးသွေးကြောကြီးများ နေရာလွဲနေခြင်း၊
• Coarctation of the aorta နှလုံးသွေးကြောမကြီး တနေရာမှာကျဉ်းနေခြင်း၊
• Heart valve problems နှလုံးအဆို့ရှင်များ မကောင်းခြင်းများ။

ဆရာဝန်ကနေ နားကြပ်နဲ့ နားထောင်တာနဲ့လဲ တချို့နှလုံးရောဂါကို သိတယ်။ Heart murmur ဆိုတဲ့အသံကိုကြားရတယ်။ သေချာစေအောင် ဒါတွေဆက်စစ်ဆေးနိုင်တယ်။
• Echocardiogram or transesophageal echocardiogram (TEE)
• Cardiac catheterization
• Chest X-ray
• Electrocardiogram (ECG or EKG)
• MRI

ဘာတွေခံစားရမလဲ -
နှလုံးမှာ ရောဂါရှိနေတာကို ကလေး မမွေးခင်ကတည်းက သိအောင်လုပ်နိုင်တယ်။ မွေးပြီးမှလဲ အချိန်မရွေးသိနိုင်တယ်။
၁။ Shortness of breath အသက်ရှူမဝတာ၊
၂။ Limited ability to exercise သွားလာ လှုတ်ရှား၊ အလုပ်လုပ်တာ သူများလို၊ အရင်လို မလုပ်နိုင်တာတွေ တွေ့ရလိမ့်မယ်။

ရောဂါလက္ခဏာများ
• Cyanosis နုတ်ခမ်း၊ လက်သည်း၊ အရေပြား ပြာနှမ်းနေခြင်း၊
• Fast breathing အသက်ရှူမြန်နေခြင်း၊
• Poor feeding အစားအစာ ကောင်းကောင်းမစားခြင်း
• Poor weight gain ကိုယ်အလေးချိန် အတက်နှေးခြင်း၊
• Recurrent lung infections အဆုပ်ခဏခဏရောင်ခြင်း၊
• Inability to exercise ကိုယ်လက်လှုတ်ရှားမှု ကောင်းကောင်းမလုပ်နိုင်ခြင်း၊ မဆော့နိုင်ခြင်း။

ဘယ်လိုကုသမလဲ -
• တချို့ကဆေးကုဘို့ တကူးတက မလိုကြပါ။ တချို့ဆေးပေးမယ်။ တချို့က ခွဲစိတ်ရမယ်။ တသက်တာ နှလုံးအထူးကုဆရာဝန်နဲ့ ပြသ၊ စစ်ဆေး၊ ကုသမှုလိုတတ်တယ်။
• မွေးရာပါ နှလုံးရောဂါရှိနေသူတိုင်းမှာ လာဖြစ်တတ်တဲ့ Endocarditis နှလုံးသားရောင်တာမျိုးက ကြိုတင်ကာကွယ်နိုင်ပါတယ်။ နှလုံးခွဲစိတ်ရသူတွေမှာ ပိုသတိထားရမယ်။

လည်ချောင်းနာရင်၊ ဖျားရင်၊ ကိုယ်လက်တွေကိုက်ခဲရင် ဆရာဝန်ပြပါ။ သွားနုတ်စရာ၊ ခွဲစိတ်စရာရှိရင် Antibiotics ပဋိဇီဝဆေး သောက်ရမယ်။
• Amoxicillin လူကြီး = 2 g နဲ့ ကလေး = 50 mg/kg
• ပါးစပ်ကမသောက်နိုင်သူများအတွက် Ampicillin 2 g IM or IV ကလေး = 50 mg/kg IM or IV သို့မဟုတ် Cefazolin 1 g IM or IV သို့မဟုတ် Ceftriaxone ကလေး = 50 mg/kg IM or IV
• ပနယ်စလင် မတည့်သူများ Cephalexin 2 g 50 mg/kg သို့မဟုတ် Clindamycin 600 mg ကလေး = 20 mg/kg သို့မဟုတ် Azithromycin သို့မဟုတ် Clarithromycin 500 mg ကလေး = 15 mg/kg
• ပါးစပ်ကမသောက်နိုင်သူများအတွက် Ampicillin သို့မဟုတ် Cefazolin သို့မဟုတ် Ceftriaxone 2 g IM or IV1 g IM or IV ကလေး = 50 mg/kg IM or IV50 mg/kg IM or IV
• ပနယ်စလင် မတည့်သူများ၊ ပါးစပ်ကမသောက်နိုင်သူများအတွက် Cefazolin or ceftriaxone or Clindamycin 1 g IM or IV600 mg IM or IV ကလေး = 50 mg/kg IM or IV20 mg/kg IM or IV

ဒေါက်တာတင့်ဆွေ
၁၁-၂-၂ဝ၁၃
၂၅-၄-၂ဝ၁၄

မိုးကုတ်တွင် ရှို့မီး လောင်ကျွမ်းမှု ၂ ကြိမ်ဖြစ်ပွား


မိုးကုတ်မြို့ (ဓာတ်ပုံ - ထာဝရ ပတ္တမြားမြေ မိုးကုတ် MGK)

မန္တလေးတိုင်း ဒေသကြီး  မိုးကုတ်မြို့နယ်မှာ ခုရက်ပိုင်းအတွင်း လူနေအိမ်တွေကို  မီးရှို့မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး တရားခံတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ စုံစမ်းစစ်ဆေးနေဆဲပဲလို့ မိုးကုတ်မြို့နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

မိုးကုတ်မြို့နယ်  အောင်နန်းရပ်ကွက်က လူနေအိမ်တလုံးနဲ့ မြို့မရပ်ကွက်က နေအိမ် ၂ လုံးမှာ ဒီရက်ပိုင်းအတွင်း  အမည်မသိလူတွေရဲ့ မီးရှို့မှု ၂ ကြိမ်ဖြစ်ပွားခဲ့တဲ့အတွက်  ရပ်ကွက်နေပြည်သူနဲ့ မီးသတ်တပ်ဖွဲ့က အချိန်မီငြိမ်းသတ်ခဲ့ရ ပါတယ်။

ဧပြီ ၂၁ ရက်နေ့က  အောင်နန်းရပ် ကွက်မှာ ဆေးခန်းနဲ့ ပူးတွဲဖွင့်ထားတဲ့ နေအိမ်ကို  မီးရှို့ခဲ့တာဖြစ်ပြီး မြို့မရပ်ကွက်က နေအိမ်ထဲမှာတော့ ဧပြီ ၂၄ ရက်နေ့က မီးရှို့မှု ဖြစ်ပွားခဲ့တာပါ။

မိုးကုတ်မြို့နယ် မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးသာဌေးကတော့ ရှို့မီး ၂ အနက် ၁ ခုက  အ၀တ်စုတ်ကို ဓာတ်ဆီလောင်းမီးရှို့တာဖြစ်ပြီး ကျန်တခုကတော့ ဖယောင်းတိုင်နဲ့ ဂျပ်စက္ကူကို မီးရှို့တာဖြစ်ကြောင်းနဲ့ မီးလောင်မှု ထပ်မဖြစ်စေဖို့ ညဘက်မှာ လုံခြုံရေး ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဒါပေမယ့် မီးရှို့သူတွေကို ဖမ်းဆီနိုင်ခြင်းမရှိသေးသလို  ဘာကြောင့် မီးရှို့ရတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

မြို့မရပ်ကွက်မှာ နေထိုင်တဲ့  ဦးပါလေးကတော့ မီးလောင်မူဖြစ်ခဲ့တဲ့နေရာက မြို့ပေါ်ရပ်ကွက်ဖြစ်ပြီး မီးလောင်မှုဟာ ဘာသာရေးပဋိပက္ခကြောင့် မဟုတ်ဘူးလို့ ပြောပါတယ်။

မိုးကုတ်မြို့ မြို့မရပ်ကွက်မှာ  ယခင်ကလည်း လူငယ်ချင်းစကားများရာက မီးရှို့မှုတခု ဖြစ်ပွားခဲ့ဖူးတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အခုမီးရှိုမှုတွေမှာတော့ ပျက်ဆီးဆုံးရှုံးမှုတွေနဲ့ လူတွေ ထိခိုက်ဒဏ်ရာရမှု ကြီးကြီးမားမား မရှိခဲ့ပါဘူး။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်


DVB Burmese 

အကယ်ဒမီလူမင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌတာဝန်မှ အနားယူမည်


၂၀၁၄-၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြန်လည်ရွေးချယ်မယ့် အမှုဆောင်နေရာမှာ ၀င်ရောက် အရွေးချယ်ခံတော့မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ဒီဗွီဘီကို ပြောဆိုပါတယ်။

အခုလို ပြန်လည်အရွေးချယ်မခံချင်တာဟာ တခြားဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေကြောင့် မဟုတ်ဘဲ သရုပ်ဆောင်အလုပ်ကိုပဲ အချိန်ပေးပြီး လုပ်ချင်လို့ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးလူမင်းက ပြောပါတယ်။

ရုပ်ရှင်အစည်းအရုံး အမှုဆောင်နေ ရာ ရွေးချယ်ပွဲကိုတော့ ဘယ်အချိန်မှာ စမယ်ဆိုတာ မသိရသေးပါဘူး။

ဒါရိုက်တာကြည်စိုးထွန်း ကတော့ ရုပ်ရှင်လောက အလွှာအသီးသီး က ကော်မရှင် အဖွဲ့တွေ ခေါ်ထားတဲ့ အဆင့်ပဲရှိသေးပြီး နာယကတွေ နဲ့ ရွေးချယ်တာမျိုးမဟုတ်ဘဲ အများဆန္ဒပဲ သွားမယ်လို့ ပြောပါတယ်။

မဲပေးမယ့် လူစာရင်းတွေ၊ အရွေးချယ်ခံပိုင်ခွင့် ရှိတဲ့လူစာရင်းကိုလည်း အများသဘောတူ ရွေးချယ်ဖို့အတွက် ညှိနှိုင်းမှုတွေ လုပ်ရဦးမှာဖြစ်သလို အဲ့ဒီစာရင်းတွေကိုလည်း အသိးပေးကြေညာသွားမယ်လို့ ဆိုပါတယ်။
ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ နေရာအတွက် အချိန်ပေးနိုင်တဲ့၊ တက်ကြွတဲ့ လူတွေ ဖြစ်နိုင်ရင်တော့ ကောင်းတယ်လို့ ဦးကြည်စိုးထွန်းက ပြောပါတယ်။

အလားတူ ဒါရိုက်တာကြည်ဖြူသျှင်ကလည်း အမှုဆောင်သစ် ဘယ်သူတွေ ဖြစ်လာမလဲဆိုတာ မပြောနိုင်သေးပေမယ့် ရုပ်ရှင်လောကအတွက် အကျိုးရှိတဲ့ အလုပ်တွေ လုပ်နိုင်တဲ့ လူမျိုး ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အမှုဆောင်အဖွဲ့ကို ရုပ်ရှင်လောကသား အများစုရဲ့ ဆန္ဒနဲ့ ၂၀၁၂ ဧပြီလ ၁၀ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဥက္ကဋ္ဌရာထူးကို ဦးလူမင်းမတိုင်ခင် ဦးဇင်ဝိုင်းက တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်


DVB Burmese 

ဆင်ရိုင်းတစ်ကောင်မှ အစွယ်ဖြင့်ထိုးသတ်၍ ရွာသား(၂)ဦးသေဆုံး


နေပြည်တော်၊ ဧပြီ ၂၅

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ ည ၈ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ပလူဇ၀ကျေးရွာ ချောင်းစပ်အနီးတွင် မည်သည့်အရပ်မှဝင်ရောက်လာမှန်းမသိသော ဆင်တစ်ကောင်ရောက်ရှိလာရာ ရွာအတွင်းသို့ဝင်ရောက်မှုမရှိစေရေး ရွာသူ/သားများမှ ၀ါးများအား မီးရှို့ပြီး အော်ဟစ်ခြောက်လှန်မှု့များပြုလုပ်ခဲ့သဖြင့် ၎င်းဆင်မှာ ကလေးဝ-မော်လိုက်ကားလမ်းအတိုင်း ထွက်ခွာသွားခဲ့ကြောင်း၊ ထို့နောက် အဆိုပါဆင်မှာ ၂၄ ရက်နေ့ နံနက် ၄ နာရီအချိန် ကလေးဝ- မော်လိုက်ကားလမ်းဘေး၊ ကလေးဝမြို့နယ်၊ နန်းစလိန်ကျေးရွာအနီးရှိ ဦးအဲညီထွေး(၄၀)နှစ်၏နေအိမ် အတွင်းသို့ဝင်ရောက်၍ ဦးအဲညီထွေးအား အစွယ်ဖြင့်ထိုးသတ်ခဲ့ကာ ကားလမ်းအတိုင်း မော်လိုက်ဘက်သို့ ဆက်လက်ထွက်ခွာသွားပြီး နံနက် ၇ နာရီအချိန် မန်ဖာလေးကျေးရွာအနီး၊ ကားလမ်းဘေးရှိ ဦးဘသောင်း(၈၂)နှစ်၏လယ်တဲအားဖျက်ဆီး၍ ဦးဘသောင်းအား အစွယ်ဖြင့်ထိုးသတ်သွားခဲ့ကြောင်း သတင်းအရ ကလေးဝမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစီးဌာန/မြို့နယ်သစ်တော ဦးစီးဌာနမှဝန်ထမ်းများနှင့် ကလေးဝပြည်သူ့ဆေးရုံမှတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါဆင်အား တောနက်ထဲသို့မောင်းထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည် 

ကမ္ဘာ့ ပထမဆုံး ကိုယ့်ကိုယ်ကို သန့်ရှင်းရေးလုပ်မယ့်ကား (video)

ဂျပန်ကား company တစ်ခုဖြစ်တဲ့ နစ်ဆန်းကတော့ ကမ္ဘာ့ပထမဆုံး ကိုယ့်ဘာသာကို ပြန်လည် သန့်ရှင်းရေးလုပ်နိုင်တဲ့ ကားကို တီထွင်လိုက်ပါပြီ။

ဘယ်လိုနည်းလမ်းနဲ့ဖြစ်မလဲ? ဆေးပညာနဲ့ပါ၊ ဆေးပညာဆိုတာ အောက်လမ်းပညာတို့ ဘာတို့ကိုပြောတာမဟုတ်ဘူးဗျ။ ကားမှာမှုတ်တဲ့ဆေးကို ရွှံမတင်၊ ရေမတင်အောင် တီထွင်လိုက်တာပါ။ နာနို မှုတ်ဆေး နည်းပညာ (nano-paint technology) လို့ ခေါ်ပါတယ်။ ဒီနည်းပညာက ရွှံ့တွေ၊ ဗွက်တွေကို ကပ်တွယ်နိုင်ဖို့ အခွင့်အရေးမရခင်မှာပဲ ကန်ထုတ်လိုက်ပါတယ်။

ဒီနည်းပညာဟာ ကားမောင်းသူတွေအတွက် ကားကို အမြန်လမ်းမှာ ခဏခဏရေဆေးခုံတင်ရတဲ့ ဒုက္ခကို သက်သာစေမှာဖြစ်ပြီးတော့ နောက်ဆိုရင် ကားရေဆေးတဲ့အလုပ်ဟာ ကိုယ်တိုင်အလွယ်တကူ လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။

နစ်ဆန်းနောက်ထွက်မယ့် မော်ဒယ်အမြင့်တွေမှာ ဒီနည်းပညာကို စတင်အသုံးပြုနိုင်မှာဖြစ်ပြီးတော့၊ ဒီနည်းပညာ ထည့်သွင်းမလား မသွင်းဘူးလားဆိုတာကတော့ ကိုယ်တိုင်ရွေးချယ်ရမှာပါ။ ဆိုလိုတာကတော့ ဒီနည်းပညာပါရင် ကားဈေးက နည်းနည်းကြီးမယ်ထင်ပါတယ်။ ဒီနည်းပညာကို ဗြိတိန်မှာ စမ်းသပ်နေဆဲဖြစ်ပြီးတော့ အဲဒီဆေးမှုတ်ထားတဲ့ကားကို ရောင်းချတဲ့အချိန်ကျရင် ဗြိတိန်ငွေ ပေါင် ၁၂၁၀၀ ကနေ ပေါင် ၁၇၁၀၀ အတွင်း ရောင်းချသွားမယ်လို့ သိရပါတယ်။

ဆေးတန်ဖိုးကိုတော့ မသတ်မှတ်ရသေးပေမယ့် ခန့်မှန်းခြေ ပေါင် ၄၅၀ (ဒေါ်လာ ၇၅၀) ဝန်းကျင်လို့ ယူဆပါတယ်။ (မြန်မာငွေနဲ့ဆိုရင်တောင်မှ လူတိုင်းတတ်နိုင်တဲ့ တန်ဖိုးပါ။) ဒါမှမဟုတ် metallic မှုတ်ဆေးနဲ့ ဈေးနှုန်းအတူတူလောက်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အသေးစိတ်ကိုတော့ အောက်က trailler မှာပဲ ကြည့်လိုက်ပါတော့

Credit: Ygn News (www.YgnNews.com)




စာသင်ကျောင်းများတွင် ဓာတုဆိုးဆေးပါ အစားအသောက်ရောင်းချမှု ပိတ်ပင်ရန် ဆွေးနွေးမည်



မင်းမင်း

ရန်ကုန်၊ မဇ္ဈိမ။ ။ ရန်ကုန်တိုင်းအတွင်းရှိ အခြေခံစာသင်ကျောင်းများတွင် အန္တရာယ်ရှိသည့် ဓာတုဆိုးဆေးများပါဝင်သော အစားအသောက်များ
ရောင်းချနေမှုကို လာမည့် ကျောင်းဖွင့်ရာသီတွင် စီမံချက်ချမှတ်၍ ပိတ်ပင်ရန် အမတ်တစ်ဦး၏ အရေးဆိုမှုကြောင့် ဧပြီ ၃၀တွင် ပြုလုပ်မည့် ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးတော့မည်ဖြစ်သည်။

အဆိုပါ ဓာတုဆိုးဆေးပါ အစားအသောက်များ ရောင်းချမှုကို ထိရောက်စွာပိတ်ပင်ရန် အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း ဗဟန်းမြို့နယ်မှ ရန်ကုန်တိုင်းလွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက ဧပြီ ၂၅ ရက်က တိုင်းလွှတ်တော်တွင် အရေးဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့တိုင်းပြည်ရဲ့ အနာဂတ်ကလေးငယ်တွေအနေနဲ့ အန္တရာယ်ရှိတဲ့ အစားသောက်တွေကို နေ့စဉ်စားသုံးနေကြပါတယ်” ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။

စာသင်ကျောင်းများတွင် ကလေးငယ်များစိတ်ဝင်စားသည့် (ဥပမာ-စက်ရုပ်၊ သင်္ဘော)ပုံစံဖြင့် ပြုလုပ်ထားသော ဓာတုဆိုးဆေးပါ အစားအသောက်များ ရောင်းချနေသည်ကို NGO အဖွဲ့အစည်းတစ်ခုထံမှ ဓာတ်ပုံများရရှိထား သော်လည်း လွှတ်တော်တွင် Power Point ဖြင့် ပြသခွင့်မရသဖြင့် အကျယ်တစ်ဝင့် မရှင်းပြတော့ဟု သူမက ဆိုသည်။

ဒီအစားအသောက်တွေက ကြည့်လိုက်လို့ရှိရင် ကလေးလေးတွေရဲ့ မျက်စိထဲမှာ တစ်ကယ့် လိုချင်တပ်မက်စရာ ပစ္စည်းတွေဖြစ်တဲ့အတွက် ကလေးတွေက ဝယ်စားကြပါတယ်”ဟု ဒေါက်တာညိုညိုသင်းက လွှတ်တော်သို့ ရှင်းပြခဲ့သည်။

ယင်းအပြင် အဆိုပါ ဓာတုဆိုးဆေးပါ အစားအသောက်များကို စာသင်ကြားပေးသည့် ဆရာမများကိုယ်တိုင်ပင် ရောင်းချနေသည်ဟုလည်း ပြောဆိုလိုက်သေးသည်။

Mizzima Burmese

အာရှလူဦးရေ ၄ ပုံ ၁ ပုံ ငှက်ဖျားဖြစ်နိုင်ကြောင်း WHO သတိပေး

ဌက်ဖျားရောဂါတိုက်ဖျက်ရေး လှုပ်ရှားမှု။


ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေးနေ့မှာ ကမ္ဘာတ၀ှမ်း
ငှက်ဖျားရောဂါ တိုက်ဖျက်ရေးကို ပိုမို အာရုံစိုက် လုပ်ဆောင်ကြဖို့
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တိုက်တွန်းလိုက်ပါတယ်။ အရှေ့တောင်အာရှ ဒေသမှာ လူ လေးယောက် မှာ ၁ ယောက်နှုန်းနဲ့ ငှက်ဖျား ရောဂါ ကူးစက်ခံရနိုင်တဲ့ အခြေအနေရှိနေတယ် ဆိုတာကို WHO ကထောက်ပြပါတယ်။

မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင် အာရှက ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေမှာ လူသန်းပေါင်း ၁ ထောင့် လေးရာလောက်ဟာ ငှက်ဖျားပိုး ကူးစက်ခံရမယ့် အန္တရာယ်နဲ့ ကြုံနေရတယ်လို့ WHO က ပြောပါတယ်။ ၂၀၀၀ ခုနှစ်ကစလို့ ကမ္ဘာတ၀ှမ်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းခဲ့ပေမဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း နဲ့ ဗီယက်နမ် နိုင်ငံတွေမှာ အာတီမစ်စနင်း (Artemisinin) ငှက်ဖျားဆေးကို မတိုးတော့တဲ့ အခြေအနေတွေ ရှိလာနေတာကြောင့် ဒီအခြေအနေက ကမ္ဘာတ၀ှမ်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အတွက် ခြိမ်းခြောက်မှုတွေ တဖန် ပြန်ဖြစ်လာစေ တယ်လို့လည်း WHO က သတိပေးပါတယ်။

ငှက်ဖျားဆေး မတိုးတဲ့အခြေအနေ ပိုဆိုးမလာအောင် ထိန်းသိမ်း ဆောင်ရွက်နိုင်ဖို့ အတွက် အရေးတကြီး
ဆောင်ရွက်ဖို့ လိုအပ်နေပြီး၊ ငှက်ဖျားရောဂါ ကို ဘယ်လို ကာကွယ်နိုင်မလဲ
ဆိုတာကို လူထုတွေကြား အသိပညာပေးမှုတွေ ပိုပြီးတော့ လိုအပ်နေတယ်လို့လည်း WHO က ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

ကွင်းလုံးပြည့်လျံဖြစ်ခဲ့တဲ့ စိုင်းစိုင်းရဲ့ မွေးနေ့ဖျော်ဖြေပွဲ


ဟစ်ဟော့ပ်တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်ရဲ့မွေးနေ့အမှတ်တရဖျော်ဖြေ ပွဲ တွေကို၂ဝဝ၄ ခုနှစ်ကစလို့ သူငယ်ချင်းတွေနဲ့အောင် မြင်စွာကျင်းပလာ တာဟာ အခု ဆို၁ဝနှစ်တိုင်ခဲ့ပြီဖြစ်ပါ တယ်။ ဒီနှစ်မှာလည်း

ဂန္ဒီပြောသော လူ့ သူတော်ကောင်းတရား ပျက်စီးစေသော အန္တရယ် ၇ခု


ဂန္ဒီ ပြောခဲ့ဖူးတဲ့ လူတို့ရဲ့ စင်ကြယ်သော အကျင့်သီလကို ဖျက်ဆီးတဲ့ အန္တရယ် ၇ခု က အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ အလုပ်မလုပ်ပဲ ချမ်းသာနေကြခြင်း
၂။ အသိစိတ် ထိမ်းချုပ်မှု မပါသော ပျော်ရွှင်မှု
၃။ ကျင့်သုံးလိုက်နာခြင်း မပြုပဲ သင်ယူသိထားသော ပညာ၊ ဗဟုသုတ
၎။ ကျင့်ဝတ်စည်းကမ်း မလိုက်နာပဲ ပြုလုပ်သော စီးပွားရေး
၅။ အတ္တမချွတ်၊ မစွတ်လွတ်သော စိတ်ဖြင့် ပြုလုပ်သော ဘာသာရေး
၆။ စာနာမှု မပါပဲ တီထွင် ဖန်တီးသောသ သိပ္ပံပညာ
၇။ အခြေခံ သဘောတရား စည်းမျက်စည်းကမ်း မရှိတဲ့ နိုင်ငံရေး

အောင်ခမ်း (ရိုးရာလေး)

လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုအား ဆန့်ကျင်သောနေ့ ပြုလုပ်မည်


ရန်ကုန်၊ ဧပြီလ ၂၅ ။

မေလ၊ (၁၇) ရက်နေ့၊ ၂၀၁၄ ခုနှစ် အတွင်း ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုအား
ဆန့်ကျင်သောနေ့ (IDAHO) အထိမ်းအမှတ်အဖြစ်  လိင်တူချစ်သူများ၏ ဓါတ်ပုံပြပွဲနှင့် ဓါတ်ပုံပြပွဲအားကျင်းပပြုလုပ်သွားရန်စီစဉ်လျက်
ရှိကြောင်းသိရသည်။

YG events နှင့် Colors Rainbow တို့ကကြီးမှုးကာ မြန်မာနိုင်ငံရှိ လိင်စိတ်ခံယူမှု ကွဲပြားသူများဖြစ်ကြသော LGBT (Lesbian -
အမျိုးသမီးချင်း ချစ်ခင်စုံမက်သူ၊ Gay – အမျိုးသားချင်း ချစ်ခင်စုံမက်သူ၊ Bisexual – အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ နှစ်မျိုးလုံးကို ချစ်ခင်စုံမက်သူ၊
Transgender – ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်စားဆင်ယင်နေထိုင်သူ) များနှင့် သက်ဆိုင်သည့် ဂုဏ်သိက္ခာရှိရှိ၊ ဝင့်ဝင့်ကြွားကြွား ပုံရိပ်မျိုးတွေကို
ဓာတ်ပုံပညာရှင်တွေ သာမကဘဲ အပျော်တမ်း ဓာတ်ပုံရိုက်ကူးသူတွေလည်း ဓာတ်ပုံတပုံချင်းဖြစ်စေ၊ ဒါမှမဟုတ် မှတ်တမ်းဓာတ်ပုံ (၃) ပုံမှ (၈) ပုံ
အထိ ရိုက်ကူးပုံဖော်ပြသရမည့် ဓာတ်ပုံပြိုင်ပွဲ ဖြစ် ကြောင်း Colors Rainbow မှ တာဝန်ရှိသူ ကိုဖြိုးထက်လူ ကပြောသည်။

“အခုလို ဓါတ်ပုံပြိုင်ပွဲပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က LGBT များအပေါ် ရှေးရိုးစွဲမကောင်းမြင်မှုများကို ပယ်ဖျက်ပြီး လူသားအချင်းချင်း တန်းတူ
ညီမျှသော လေးစားမှုတို့ ထားရှိလာနိုင်စေရန်ဖြစ်ပါတယ်”ဟု ကိုဖြိုးထက်လူက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုအား ဆန့်ကျင်သောနေ့ (IDAHO) အထိမ်းအမှတ်အဖြစ် ပြည်သူဥယျာဉ် တွင်
စကားဝိုင်းများ၊ ပြပွဲများ၊ အငြိမ့်များ၊ ပြဇတ်များ ထည့်သွင်းနိုင်ရန်စီစဉ်လျက်ရှိကြောင်းသိရသည်။

“ခွင့်ပြုချက်ရဖို့အတွက်ကတော့ တင်ပြထားတုန်းပဲ အရင်တုန်းကတော့ အတားအဆီး မရှိခဲ့ပါဘူး အတားအဆီးရှိခဲ့ရင်လဲ ဆက်လုပ်မှာပါ”ဟု
ကိုဖြိုးထက်လူကဆိုသည်။

မြန်မာနိုင်ငံတွင် လိင်တူချစ်သူများ၏ အခွင့်အရေးအား ပြောဆိုရာတွင် ယခုအချိန်အထိ အငြင်းပွားစရာအခြေ အနေမျိုးဖြစ်နေပြီး မတ်လ အတွင်း က
ပြုလုပ်ခဲ့သော လိင်တူချစ်သူနှစ်ဦး၏ သံဖြူရတု မင်္ဂလာပွဲသည် လိင်တူချစ်သူများနှင့် ပတ်သက်၍ အငြင်းပွားစရာအခြေအနေဖြစ်ပေါ်ခဲ့သည်။
ပြိုင်ပွဲဝင်မည့်ပုံများကို မေလ ၃ ရက်နေ့ နောက်ဆုံးထားပြီး [email protected] သို့ ပေးပို့နိုင်ကြောင်းပေးပို့လာသည့် ဓာတ်ပုံများကို ၊
အကဲဖြတ်ဒိုင်တွေမှ အကဲဖြတ်အမှတ်ပေးပြီး အကောင်းဆုံးပုံတွေကို မေလ ၁၇ ရက်နေ့ (အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့
မုန်းတီးမှုအား ဆန့်ကျင်ရေးနေ့) မှာ ကြေညာပြသသွားမည် ဖြစ်ကြောင်းသိရသည်။

 နှင်းနွယ်
The Myanma Age

အင်ဒိုနီးရှားတွင် လေယာဉ်ပြန်ပေးဆွဲခံရကြောင်း သတိပေးမှု ထွက်ပေါ်


ဧပြီ ၂၅။

သြစတြေးလျမှ အင်ဒိုနီးရှားသို့ ပျံသန်းသည့် လေယာဉ်ခရီးစဉ်တွင် ပြန်ပေးဆွဲရန် ခြောက်လှန့်မှု ပြုလုပ်ခဲ့သည့် ခရီးသည်တစ်ဦးအား
ဘာလီလေဆိပ်တွင် ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများမှ ပြောဆိုခဲ့သည်။

အဆိုပါ ခရီးသည်အား ရန်လိုတိုက်ခိုက်ရန် ပြုမူမှုများကြောင့် ဘိုးအင်း ၇၃၇ မှ အမှုထမ်းများက လက်ထိပ်ခတ် ဖမ်းဆီးထားခဲ့ကြောင်း
Virgin Australia လေကြောင်းလိုင်းမှ ပြောဆိုခဲ့သည်။

ဘရစ်စဘိန်းမှ ပျံသန်းခဲ့သည့် လေယာဉ်သည် ပြန်ပေးဆွဲခံရကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး လေယာဉ်ဆိုက်ရောက်သည့် အချိန်တွင်
အင်ဒိုနိးရှားတပ်ဖွဲ့များမှ ဝင်ရောက်ထိန်းသိမ်းခဲ့သည်။

၎င်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းကြောင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ရခြင်းမှာ မှားယွင်းစွာ ဆက်သွယ်မှုကြောင့်ဟု Virgin လေကြောင်းလိုင်းမှ ပြစ်တင်ပြောဆိုခဲ့ပြီး
၎င်းခရီးသည်မှ အရက်မူးနေသူ တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။

လေယာဉ် ပြန်ပေးဆွဲခံရကြောင်း စိုးရိမ်ပူပန်မှုများမှာ ပိုင်းလော့ဖြစ်သူထံမှ လေဆိပ်အာဏာပိုင်များသို့ အချက်ပြစံနစ်ကို ထုတ်လွှင့်ခဲ့ခြင်းကြောင့်
ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

“ လေယာဉ် ပြန်ပေးဆွဲမှု မဟုတ်ပါဘူး။ ဒါ ဆက်သွယ်မှု အမှားအယွင်းကြောင့်ပါ။ ” ဟု Virgin Australia လေကြောင်းလိုင်း အရာရှိဖြစ်သူ
ဟဲရူဆူဂျတ်မီကိုမှ ပြောဆိုခဲ့သည်။ “ အဲ့ဒီ ခရီးသည်က အရက်သောက်ထားလို့ မူးနေပြီး ရန်လိုတဲ့ ပုံစံတွေ ပြုမူခဲ့တာပါ။ သူက လေယာဉ်ခေါင်းခန်း
ထဲကို ဝင်ဖို့ကြိုးစားနေပြီး တံခါးကို ထုနေတာပါ။ ဒါပေမဲ့ လေယာဉ်ခေါင်းခန်းထဲကို သူ မဝင်ခဲ့ပါဘူး။ ” ဟု ပြောကြားသွားသည်။

လေယာဉ်အမှုထမ်းများမှ ၎င်းခရီးသည်အား ဖမ်းဆီးထိန်းသိမ်းခဲ့ကြသည်။ ခရီးသည်ဖြစ်သူအား အာဏာပိုင်များမှ သြစတြေးလျမှ အသက် ၂၈ နှစ်
အရွယ်ရှိ မတ်ခရစ်စတိုဖာအဖြစ် အတည်ပြုနိုင်ခဲ့သည်။

ဘာလီသို့ လေယာဉ်မဆင်းသက်မီ တစ်နာရီအလိုတွင် ပိုင်းလော့ဖြစ်သူမှ  လေယာဉ်ပြန်ပေးဆွဲမှု ဖြစ်ပေါ်နိုင်သည့် အချက်ပြမှုကို ထုတ်လွှင့်ခဲ့ခြင်း
ဖြစ်ကြောင်း အင်ဒိုနီးရှား လေတပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောဆိုခဲ့သည်။

ရဲတပ်ဖွဲ့မှ ၎င်းမငြိမ်သက်မှုများကို ဖြစ်ပွားစေခဲ့သည့် အမျိုးသားအား လေယာဉ်ဆင်းသက်ပြီးနောက်တွင် ဖမ်းဆီးခဲ့ကြသည်။ ၎င်းကိစ္စရပ်များကြောင့်
လေဆိပ်ကို ခေတ္တခဏ ပိတ်ဆို့ထားခဲ့ရပြီးနောက်မှ လေယာဉ် ခရီးစဉ်များကို ပြန်လည် စတင်ခဲ့ရသည်။

Virgin Australia လေကြောင်းလိုင်းမှာ သြစတြေးလျ၏ ဒုတိယ အကြီးဆုံး လေကြောင်းလိုင်း ဖြစ်သည်။

Ref: BBC
The Myanma Age 

ခရီးသည်တင်မှန်လုံယာဉ်တိုက်၍ တစ်ဦးသေဆုံး


သီပေါ၊ ဧပြီ ၂၅။

သီပေါမြို့နယ်၊ နမ့်အွန်ကျေးရွာအနီးတွင် ယနေ့နံနက်(၇)နာရီအချိန်ခန့်က မန္တလေးဘက်မှ လားရှိုးသို့မောင်းနှင်လာသည့် ရွှေလားရှိုးခရီးသည်တင်မှန်လုံက ရှေ့တွင်လဲနေသော
ခြောက်ဘီးယာဉ်အား ဝင်တိုက်ခဲ့၍ ယာဉ်ပြုပြင်မှုပြုလုပ်နေသော ခြောက်ဘီးယာဉ်မောင်းဒဏ်ရာရကာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။

”မနက်လင်းပိုင်းမှာ မိုးတွေကတအားရွာထားတော့ Canter အဖြူရောင် ခြောက်ဘီးယာဉ်က နမ့်အွမ် အဆင်းမှာစလစ်ဖြစ်ပြီးလဲနေတာ၊ ခရီးသည်တင်မှန်လုံကားကလမ်းရဲ့
ဘယ်ဘက်ကိုလဲကျနေတဲ့ ခြောက်ဘီးယာဉ် ကိုအနောက်ကနေ ဝင်တိုက်မိသွားတာဖြစ်ပါတယ်”ဟု  အခင်းဖြစ်ပွားရာနေရာတွင် တာဝန်ထမ်းဆောင်နေသော
ကုန်းသာရဲကင်းမှ ဒုရဲအုပ် ကြည်လင်းထင် ပြောသည်။

ယာဉ်တိုက်မှုကြောင့် မှန်လုံယာဉ်မှာ လေကာမှန်နှင့် ကားဘယ်ဘက်ခြမ်းပျက်စီးသွားသော်လည်း မှန်လုံခရီးသည်တင်ယာဉ်ပေါ်မှ ခရီးသည်များ
ထိခိုက်မှုမရှိကြောင်းသိရှိရသည်။

ယင်းယာဉ်တိုက်မှုကြောင့် ရွှေလားရှိုးမှန်လုံယာဉ်နှင့် ယာဉ်မောင်းတို့အား သီပေါမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။

စိုင်းကံသာ (လားရှိုး)
The Myanma Age 

ထိုးစစ်ဆင်တာကို ရပ်တန့်ဖို့ မြန်မာစစ်တပ်ကို UNFC ပြော


မြန်မာစစ်တပ်အနေနဲ့ ​ကချင် ​KIA ​၊ ​တအောင်း ​ပလောင်TLNA ​နဲ့ ​ရှမ်း ​SSA(N) ​တပ်ဖွဲ့တွေ ​အပေါ် ​သာလွန်တဲ့စစ်အင်အားတွေသုံးပြီး ​ထိုးစစ်ဆင်နေတာကို ​ရပ်တန့်ဖို့ ​UNFC ​ခေါ် ​ညီညွတ်သော ​တိုင်းရင်းသားလူမျိုး ​များဖက်ဒရယ်ကောင်စီက ​ပြောပါတယ်။

UNFC ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီရဲ့ ညီလာခံတစ်ခု (Credit: ABC)
မြန်မာစစ်တပ်ရဲ့ ​တပ်မ ​၁၁၊ ​၃၃၊ ​၅၅၊ ​၆၆၊ ​၇၇၊ ​၈၈ ​နဲ့ ​၉၉ ​တို့ဟာ ​ကချင်နဲ့ ​ရှမ်းပြည်မြောက်ပိုင်းဒေသမှာ ​၀င်ရောက်နေရာယူ ​ထိုးစစ်ဆင်နေတာကြောင့် ​စစ်ပြေးဒုက္ခသည်တွေ၊ ​လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ​လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ ​စစ်ရာဇ၀တ်မှုကျူးလွန်တာတွေ ​ကြားသိနေရတဲ့အတွက် ​စိုးရိမ်မကင်း ​ဖြစ်ရတယ်လို့ ​UNFCရဲ့ ​ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ​ဦးနိုင်ဟံသာက ​ပြောပါတယ်။

ကျနော်တို့ရဲ့ ​နိုင်ငံရေးပြေလည်ဖို့ ​၊ ​အပစ်အခတ်ရပ်စဲရေးရဖို့ ​အဲဒါကြိုးပမ်းနေတဲ့ကာလမှာ ​အခုလိုထိုးစစ်တွေဆင် ​လာတော့ ​ပြည်သူတွေအနေနဲ့ပေါ့လေ ​တော်တော်လေးကို ​တိုးတက်နေပြီ၊ ​တော်တော်လေးကိုအောင်မြင်နေပြီလို့ ​တဖက်က ​မြင်နေကြပေမဲ့ ​တကယ်အခြေအနေမှန်က ​မလွယ်ဘူးဆိုတဲ့ ​အနေအထားမျိုး၊ ​တဖက်ကတော့ ​တမျိုးမျိုးနဲ့ ​နှောက်ယှက်ပေးနေတဲ့ ​ပုံစံမျိုးတွေရှိနေတယ်၊ ​အခက်အခဲတွေရှိနေတယ်ဆိုတဲ့ဟာကို ​အခြေအနေ ​မှန်ကို ​လူထုကို ​တင်ပြပေးလိုက်တာပါ။ 

ဒီလို ​ထိုးစစ်ဆင်မှုတွေ ​ဆက်ဖြစ်လာမယ်ဆိုရင် ​မေလမှာပြုလုပ်မယ့် ​ငြိမ်းချမ်းရေးဆွေးနွေးပွဲ ​နောက်ဆုတ်သွားနိုင်တယ်လို့လည်း ​ဦးနိုင်ဟံသာက ​ဆက်ပြောပါတယ်။

နဲနဲတော့နောက်ဆုတ်သွားနိုင်တဲ့အလားအလာရှိပါတယ်၊ ​မေလ ​ပထမအပတ်မှာ ​ပထမချိန်းထားတယ်၊ ​ချိန်းထားတော့ ​ဒီတိုက်ပွဲတွေအခြေအနေကြောင့်ပေါ့လေ ​အထိုက်အလျောက်တော့ ​နောက်ဆုတ်သွားဖို့ ​ရှိတယ်လို့ ​ကျနော်တို့ ​ခန့်မှန်းမိတယ်။ 

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေနဲ့ ​ပတ်သက်ပြီး ​မကြာခင်ရက်ပိုင်းမှာ ​အစိုးရကိုယ်စားလှယ် ​တွေနဲ့ ​တွေ့ဆုံဖို့ရှိနေပြီး ​အခုဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ ​ပတ်သက်ပြီး ​ဆွေးနွေးကြမယ်လို့ ​ပြောပါတယ်။ ​ညှိနှိုင်းဆွေးနွေးရေးကို ​ဖျက်ဆီးလိုတဲ့အတွက် ​မြန်မာစစ်တပ်ကနေ ​ထိုးစစ်ဆင်နေတာလို့ ​ယူဆရမလိုတောင် ​ဖြစ်နေတယ်လို့ ​KIA ​က ​ပြောလိုက်တဲ့အကြောင်း ​မြတ်မိုးက ​သတင်းပေးပို့ထားပါတယ်။

ABC radio austrilia

မိန်းကလေးအချင်းချင်းလည်း ချစ်လို့ရပါတယ်။ ခုချိန်ထိ မိန်းမတွေ့ရင် ကြိုက်တုန်းပဲဆိုတဲ့ စမိုင်းလ်


စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် အဖြစ် အပြင် ဂီတ လုပ်ငန်း ကိုပါ တွဲဖက် လုပ် ကိုင်ဖြစ်နေသည့် စမိုင်းလ် က New Me VCD တွင် မိန်းကလေး အချင်းချင်း ချစ်ခင်မှု ကို ပုံဖော် ထားသော သီချင်း တစ်ပုဒ်ကို ရိုက် ထားကြောင်း ပြောပြသည်။

အစ်မက New Me VCD အတွက် သင်ဇာဝင့်ကျော် နဲ့ လက်စပီယန် ပုံစံ ရိုက်ထား တာ ရှိတယ်။ အဲဒါက အချစ် ဆိုတာ က ယောက်ျားနဲ့ မိန်းမ မဟုတ်ဘဲ၊ မိန်းကလေး အချင်းချင်း၊ ယောက်ျားလေး အချင်း ချင်း လည်း ချစ်လို့ရ တယ်ဆိုတာ ကို အဲဒါမျိုး ထုတ်ဖော် ထားတာပါ။ အစ်မကလည်း အရင်ကတည်း က ဘော ပြား ပုံစံ (ယောက်ျားလျာ) ပုံစံပေါ့ နော်။ ငယ်ငယ်တုန်းက အဲလိုပဲ၊ ယောက်ျား လေး ဆန်ဆန်နေပြီးတော့ ယော က်ျား နဲ့တွေ့ရင် တော့ မိန်းမဖြစ်သွားတယ်။ ဒါပေမဲ့ အခုချိန် ထိ မိန်းမ တွေ့ရင် ကြိုက်တုန်းပဲ၊ ဒါကလည်း ကိုယ်က အပြင်မှာ တကယ် လည်းဖြစ်နေတာ ဆိုတော့၊ အဲလိုမျိုး အိုင်ဒီယာ ထားရလို့ ထည့် လိုက်တာပါ။ မိန်း ကလေးတွေကို ဟိုလိုမျိုးကြီး ကြိုက်တာ မဟုတ်ဘူး။ ကောင်မလေး လှလှ လေးတွေဆို ကိုယ်က ငေးတယ်။ ဒါကို ယောက်ျားက မသိဘူး။ ယောက်ျားက မကြည့် ဘဲ၊ ကိုယ်ကအသေ ကြည့်နေတာ၊ နဂိုကတည်း က စိတ် ကိုက ဖြစ်နေတာ။ New Me ကိုတော့ တော်တော်များများ စုံနေအောင် ရိုက်ထား တယ်။ ဇာတ်လမ်း ပုံစံလေး တွေပဲ ရိုက်တာပါ။ နှစ်မျိုးစီ ရိုက်ထားတယ်။ အစ်မရဲ့ အခွေလေး ကို ကြည့်ပြီး တစ်ပုဒ် လောက်ပဲ ကြိုက်တယ်၊ ကျေနပ်တယ်ဆိုရင် အစ်မ ကျေနပ်ပါတယ်။ ရုပ်ရှင်ဗီဒီယို ဘက်က ကျတော့ ကိုယ်က စီးပွား ရေးလည်း လုပ်ရ တယ်။ ကလေးတွေနဲ့ ကျတော့ အဆင်မပြေ တော့ဘူး။ ကြားထဲမှာတော့ ဓာတ်ပုံ ရိုက်တာတော့ နည်းနည်း လုပ်ဖြစ် တယ်”” ဟု စမိုင်းလ်က ပြောသည်။ စမိုင်းလ်သည် New Me VCD ကို သြစတြေးလျ၊ အင်္ဂလန်၊ နယူးဇီလန် နှင့် မြန်မာ ဒါရိုက်တာများဖြင့် ရိုက်ကူးမည်ဖြစ်ပြီး၊ ဟောင်ကောင်၊ အင်္ဂလန်၊ အမေရိကားနှင့် မြန်မာနိုင်ငံ တချို့ ဒေသများတွင်လည်း ရိုက် ကူး ထားကြောင်း သိရသည်။
The Messenger

အခေါက်ရွှေ ရောင်းလိုအား မြင့်တက်


ရန်ကုန်၊ ဧပြီ ၂၄

ပြည်တွင်းရွှေဈေးမှာ ရွှေဘုံသာ ရွှေဈေးကွက်အတွင်း ဝယ်လိုအားထက် ရောင်းလိုအား မြင့်နေကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ဦးအေးချိုက The Voice သို့ ပြောကြားသည်။
“သင်္ကြန်မတိုင်ခင်က ရွှေဝယ်စုထားတဲ့သူတွေက သင်္ကြန်ပြီးတော့ ပြန်ထုတ်ရောင်းတဲ့သူ များလို့ ဈေးကွက်ထဲမှာ ရောင်းအား များနေတယ်” ဟု ၎င်းကဆိုသည်။

သင်္ကြန်မတိုင်မီက အရောင်းအဝယ် အေးခဲ့သည့် ပြည်တွင်းရွှေဈေးကွက်တွင် သင်္ကြန်အလွန်တွင် လက်ကား (အပိုင်း) ဈေးနှင့် လက်လီ (အထည်) ဈေးကွက်ပါ အရောင်းအဝယ် ပြန်ကောင်းလာပြီ ဖြစ်ကြောင်း တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ဆိုသည်။
“ရွှေဈေးက အနိမ့်ပိုင်းထဲ ရောက်နေတော့ ခုရက်ပိုင်း ဆိုင်မှာလည်း အရောင်းအဝယ် ပြန်ကောင်းလာတယ်” ဟု ၎င်းကဆိုသည်။

ဧပြီလ ၂၄ ရက်နေ့ အဖွင့်ဈေးမှာ ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၆၁၅၀၀ ကျပ် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၂၈၆ ဒေါ်လာဖြင့် ဈေးဖွင့်ထားပြီး ဆက်လက်ကျဆင်းနိုင်ခြေ ရှိကြောင်း ရွှေဘုံသာအခေါက်ရွှေ လက်ကားဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

The Voice Weekly

မန္တလေးတိုင်းရှိ ၃၁ မြို့နယ်တွင် အပူဒဏ် ကာကွယ်ရေးစခန်းများ တည်ဆောက်မည်


မန္တလေး၊ ဧပြီ ၂၄

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် အပူရှိန် မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အပူဒဏ် အန္တရာယ်ဖြစ်သော Heat Stroke အပါအဝင် အပူရှပ်ရောဂါများ ဖြစ်ပွားလာခြင်း မရှိစေရန်အတွက် ဧပြီလ ၂၁ ရက်မှ ၂၃ ရက်အထိ လူ ခုနစ်ဦး သေဆုံးခဲ့သည်။ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၃၁ မြို့နယ်တွင် အပူဒဏ် ကာကွယ်ရေးစခန်းများ ဖြစ်သည့် Heat Shelter များ တည်ဆောက်ထားရန် မြို့နယ်ကျန်းမာရေး ဦးစီးမှူးများကို ညွှန်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာမျိုးသန့်ခိုင်က ပြောကြားသည်။

အဆိုပါ အပူဒဏ် ကာကွယ်ရေးစခန်းများ ဖြစ်သည့် Heat Shelter များကို မြို့နယ်တိုင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးလက် ဒေသများတွင် အရိပ်ရသော သစ်ပင်ကြီးများနှင့် လေဝင်လေထွက် ကောင်းသည့် ဘုရားကျောင်းကန်များတွင် မြင့်မားလာသည့် အပူရှိန်ဒဏ်ကို ခံစားရနိုင်သည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊  နာမကျန်း ဖြစ်နေသူများကို ထားရှိရန်အတွက် နေရာများ ရှာဖွေပြီး စခန်းအဖြစ် တည်ဆောက်ထားရန် ညွှန်ကြားထားကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အဆိုပါ စခန်းများတွင် ကျန်းမာရေး ဝန်ထမ်းများက အပူဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် ရောဂါများကို ရှေးဦးသူနာပြု နည်းဖြင့် ပြုစုခြင်း၊ ကာကွယ်ခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ပြီး အပူရှိန်ကြောင့် ဖြစ်ပေါ်လာသည့် ရေဓာတ် ဆုံးရှုံးမှုများအတွက် တိုက်ကျွေးရန် ဓာတ်ဆားထုပ် များကိုလည်း ထုတ်ပေးထားသည့်အပြင် အပူရှိန် မြင့်မားလာမှုကြောင့် ဖြစ်ပေါ်လာသော ရောဂါများကို Heat Shelter များရှိ ကျန်းမာရေး ဝန်ထမ်းများက ကုသမှုမလုပ်နိုင်ပါက မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသရေးအတွက် အစီအစဉ် များကိုလည်း မြို့နယ်ကျန်းမာရေး ဦးစီးမှူးများက ရေးဆွဲထားကြောင်း ၎င်းက ထပ်လောင်းဆိုသည်။

ယင်းအပြင် အပူရှိန်ကြောင့် ဆေးရုံသို့ တက်ရောက်မှု အခြေအနေများကို တိုင်းဒေသကြီး ကျန်းမာရေးရုံးသို့ နေ့စဉ် အစီရင်ခံရန် ညွှန်ကြားထားကြောင်း ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာများရှိ ကြက်ခြေနီ တပ်ဖွဲ့ဝင်များထံသို့ အပူရှိန်ကြောင့် ဖြစ်ပွားလာသည့် ရောဂါများကို လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆေးရုံဆေးခန်းများသို့ ပေးပို့ရန် နှိုးဆော်ထားကြောင်း အဆိုပါ တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးဘုန်းကျော်က ပြောကြားသည်။

ရာသီဥတု ပူပြင်းသည့်အတွက် အပူလှိုင်းများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ဆေးရုံ ဆေးခန်းများကို မီးသတ်နှင့် ကြက်ခြေနီ တပ်ဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အပါအဝင် လူမှုကူညီရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လိုအပ်သည့် ပြုစုစောင့်ရှောက် ကုသကာကွယ်မှု ပြုလုပ်ပေးရန် လူမှုအသင်းအဖွဲ့များသို့ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှ အရေးတကြီး နှိုးဆော်ချက်များ ပေးပို့ထားကြောင်း အဆိုပါဆေးရုံ တာဝန်ရှိသူက ဆိုသည်။

မန္တလေးမြို့ပေါ်တွင် အပူရှိန်ကြောင့် ဖြစ်ပေါ်လာသည့် ရောဂါများကို ဆေးရုံဆေးခန်းများသို့ ပေးပို့ရန် ကွန်ရက်များ ချိတ်ဆက်၍ လုပ်ငန်းများ ဆောင်ရွက်နေပြီး ဓာတ်ဆားထုပ်နှင့် ကျန်းမာရေး ဝန်ကြီးဌာနထုတ် အပူဒဏ် ကာကွယ်ရေး နှိုးဆော်ချက်များပါ လက်ကမ်းစာစောင် များကိုလည်း ဝေငှမှုများ ပြုလုပ်နေကြောင်း မန္တလေးမြို့ပေါ် လူမှုရေး အသင်းအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဧပြီလ ၂၁ ရက်နေ့မှ ဧပြီလ ၂၃ ရက်နေ့အထိ အပူရှိန် မြင့်မားမှုဒဏ်ကို ခံစားရသည့် ဝေဒနာရှင်ပေါင်း ၁၈ ဦး ရောက်ရှိလာပြီး ၁၆ ဦးမှာ ဆေးဝါးကုသမှု ခံယူခဲ့ကာ နှစ်ဦးမှာ ရောဂါအခံများကြောင့် သေဆုံးသွားကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း အပူရှိန် မြင့်မားမှုဒဏ်ကို ၂၀၀၉ ခုနှစ်တွင် အပြင်းအထန် ခံစားခဲ့ရကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

ဆက်သွယ်ရေး တာဝါတိုင်၂၄၀၀ ကျော် ယခုနှစ်မကုန်မီ တယ်လီနော အပြီးတည်ဆောက်မည်


ရန်ကုန်၊ ဧပြီ  ၂၄

တယ်လီနောက ယခုနှစ်အတွင်း နိုင်ငံအနှံ့ မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါတိုင် (Base Stations အဆောက်အအုံများ အပါအဝင်) ပေါင်း ၂၄၀၀ ကျော် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

၎င်းတို့က မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး တာဝါတိုင်နှင့် Base Stations များအပါအဝင် ဆက်သွယ်ရေး လုပ်ငန်းနှင့် သက်ဆိုင်သည့် အခြေခံ အဆောက်အအုံများ တည်ဆောက်ရန် အိန္ဒိယ အခြေစိုက်ကုမ္ပဏီ Apollo Towers နှင့် စင်ကာပူ အခြေစိုက် ကုမ္ပဏီ Irrawaddy Green Technology (IGT) တို့ကို ရွေးချယ်ထားပြီး တာဝါတိုင် စတင်တည်ဆောက်နေပြီ ဖြစ်သည်။

အဆိုပါ ဆက်သွယ်ရေး တာဝါတိုင်များနှင့် ချိတ်ဆက် ဆောင်ရွက်မည့် Core Network Data Center နှစ်ခုကိုလည်း ရန်ကုန်နှင့် မန္တလေးတို့တွင် တရုတ်ကုမ္ပဏီ Huawei၊ ဆွီဒင်ကုမ္ပဏီ Ericsson တို့နှင့် ပူးပေါင်း တည်ဆောက်နေပြီး ရန်ကုန်ရှိ Data Center သည် ယခုလဆန်းပိုင်းက စတင်လည်ပတ်နေပြီ ဖြစ်သည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံး ဖုန်းလိုင်းမိစေရန်မှာ မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါတိုင် နှစ်သောင်းခန့် တည်ဆောက်ရန် လိုအပ်ပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တာဝါတိုင် ၂၀၀၀ ခန့် တည်ဆောက်ထားပြီး ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာ ဝန်ကြီးဌာနထံမှ သိရှိရသည်။

တည်ဆောက်ပြီး တာဝါတိုင်များအပြင် တယ်လီနော၊ အော်ရီဒူး၊ ရတနာပုံ တယ်လီပို့နှင့် MPT မှ ထပ်မံဆောက်လုပ်မည့် တာဝါတိုင်များကို အော်ပရေတာများ အားလုံး မျှဝေ သုံးစွဲသွားမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် မိုဘိုင်းလ် ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်မှု ပမာဏ ၉၀ ရာခိုင်နှုန်းနှင့် ဖုန်းသိပ်သည်းဆ ၇၅ မှ ၈၀ ရာခိုင်နှုန်းအထိ ရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြေညာထားသည်။

“တာဝါတိုင်တွေက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေအတိုင်း ဆောက်ရတာဆိုတော့ မြန်မြန်ဆောက်လို့တော့ ရမှာမဟုတ်ဘူး။ တဖြည်းဖြည်းချင်းပဲ သွားရမှာပဲ။ အော်ပရေတာတွေ အားလုံး ဝိုင်းဆောက်ပြီး Share သုံးမှရမယ်။ အခု တိုင်းပြည်မှာက တာဝါတိုင် တော်တော်ကို လိုအပ်နေသေးတယ်” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ဆိုသည်။

အခြားပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်သည့် အော်ရီဒူးမြန်မာ ကုမ္ပဏီ၏ ဆက်သွယ်ရေး ကွန်ရက်အတွက် လိုအပ်သော မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါတိုင်များကို ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ FMI နှင့် နာမည်ကျော် ဂျမေကာ ဆက်သွယ်ရေး ကုမ္ပဏီ Digicel တို့ ပူးပေါင်းတည် ထောင်ထားသည့် Myanmar Towers ကုမ္ပဏီက တည်ဆောက်နေသည်။

The Voice Weekly

ဧပြီ ၂၆ ရက် မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာထွန်းလွင်)


ဒေါက်တာ ထွန်းလွင်

ဧပြီ ၂၅ ရက်နေ့ မနက် ၇း၃၀ နာရီအချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ အရှေ့ပိုင်းနဲ့ တောင် ပိုင်းဒေသတွေမှာ တိမ်အသင့်အ တင့် ဖြစ်ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်အနည်း ငယ်ဖြစ်ထွန်းနေပါတယ်။

ဧပြီ ၂၆ ရက်နေ့

မြန်မာ့ပင်လယ်ပြင် အခြေအနေခန့် မှန်းချက် မြန်မာ့ကမ်းရို တန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာရှိနိုင်ပါတယ်။ ရခိုင်ကမ်းရိုးတန်းတလျှောက်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတလျှောက်မှာ လှိုင်းအမြင့် ၂ ပေကနေ ၃ ပေလောက်ရှိနိုင်ပြီး ကျန်ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ ပေလောက်ရှိနိုင်ပါတယ်။

အပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ အရင်နေ့တွေထက် အနည်းငယ်ကျဆင်းနိုင်ပေမယ့် လွန်ကဲအဆင့်ဖြစ်တဲ့ အညွှန်းကိန်းတန်ဖိုး ၁၁ အောက် မရောက်နိုင်သေးဘူးလို့ ခန့်မှန်းထားပါတယ်။

ခရမ်းလွန်ရောင်ခြည်မြင့်တက်မှုတွေဟာ တောင်ကြီးမြို့မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အမြင့်ဆုံးဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၁၄.၁ အထိမြင့်တက်နိုင်ပါတယ်။ မြစ်ကြီးနားမှာကတော့ ခရမ်းလွန်ရောင်ခြည်အနည်းဆုံးဖြစ်ပြီး ၁၁.၃ အထိရှိနိုင်ပါတယ်။ ကျန်မြို့တွေမှာတော့ အညွှန်းကိန်းတန်ဖိုး ၁၂ ကနေ ၁၃ ကျော် မြင့်တက်နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ လွန်ကဲအဆင့်ကနေ ဆက်လက်ကျဆင်းခြင်း မရှိနိုင်သေးတဲ့အတွက် မနက် ၁၁ နာရီကနေ နေ့လယ် ၂ နာရီအတွင်း နေပူထဲကို တတ်နိုင်သလောက် မသွားလာကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်ကနေ ၃၅ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၆ ဒီဂရီစင်တီဂရိတ်ကနေ ၄၄ ဒီဂရီစင်တီဂရိတ် ခန့်ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုကတော့ မကွေးတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းမြောက်ပိုင်း၊ ရန်ကုန်တိုင်းတို့မှာ ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းလောက် သေချာမှုရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင် ပိုင်း၊ ကယားပြည်နယ်၊ မန္တလေးတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း မြောက်ပိုင်းတို့မှာ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ အများအားဖြင့် သာယာနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်မြောက်ပိုင်းစွန်း၊ မန္တလေးတိုင်းတောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္လာရီတိုင်း ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၁၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြို့တော်ကြီးတွေခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့အနီးတ၀ိုက်မှာ  အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ နေရာကွက်ကြား မိုးရွာနိင်ပါတယ်။

ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါတယ်။

DVB Burmese

ဆိုင်ကယ်စီး လက်နက်ကိုင် နှစ်ဦး၏ လိုက်လံပစ်ခတ်မှုကြောင့် မိုင်းတင်း ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် သေဆုံး


ကျောက်မဲ ဧပြီ ၂၅

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်တောင်နောက်ကျေးရွာ ငြိမ်းချမ်းရေးကုန်း ဘုရား၊ နတ်စင်အနီးတွင် ဧပြီ ၂၅ ရက် နံနက်ပိုင်းက မိုင်းတင်းကျေးရွာမှ ပြည်သူ့စစ်ခေါင်း ဆောင်နှင့်အဖွဲ့ စီးနင်းလာသော

Facebook က မြန်မာကို ဖုန်းပြန်ခေါ်ပြီ


လော့ကျပြီး ဖုန်းနံပါတ်အတောင်း ခံနေရတဲ့
Facebook အကောင့်တွေကို Unlock
လုပ်ရာမှာ ပဲ ဖြစ်ဖြစ် … ကိုယ့်ရဲ့ ကိုယ်ပိုင်
Facebook အကောင့်ကို ကိုယ်ပိုင်
ဖုန်းနံပါတ်လေးနဲ့ Verify လုပ်ထားချင်ရင်ပဲ ဖြစ်ဖြစ်
ဒီနည်းလေးကို သုံးနိုင်ပါတယ် …
အနည်းငယ်တော့ ပညာသားပါတာမို့ စနစ်တကျနဲ့
ဇွဲရှိရှိ လုပ်ပေးပါလို့ ကြိုပြောထားချင်ပါတယ်
ကွန်ပျူတာနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပြီး Chrome Browser ကို အသုံးပြုလုပ်ဆောင်ရမှာလည်း
ဖြစ်ပါတယ် ..
ကဲ .. စ လိုက်ကြစို့


အရင်ဆုံး Chrome Browser ကို ဖွင့်ပြီး Facebook အကောင့်လော့ဖြည်တဲ့ အဆင့်တွေအတိုင်း
ပုံမှန်အတိုင်း လုပ်ဆောင်သွားပါ ..
ဖုန်းနံပါတ် ထည့်ရမယ့် အဆင့်ကိုရောက်တဲ့အခါ ကိုယ်သုံးမယ့် မြန်မာဖုန်းနံပါတ်တစ်ခုကို ထည့်ပါ
ဖုန်းပါတ်ထည့်ပြီးရင် Sending me a text ဆိုတဲ့ စာတမ်းပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ ထဲက
အောက်နားမှာရှိတဲ့ Inspect element ကို ရွေးပါ
Image and video hosting by TinyPic
အောက်ကပုံအတိုင်း ကုဒ်တွေ ပွင့်လာပါမယ်



ကုဒ်တွေထဲက code_smd ဆိုစားပေါ်မှာ ကလစ်နှစ်ချက်နှိပ်ပြီး sms ကို voice လို့ ပြင်ပေးလိုက်ပါ .. code_voice လို့ ဖြစ်သွားအောင် ပြင်လိုက်တာပါ



ပြီးရင် enter နှိပ်လိုက်ရင်လည်း ရပါတယ် .. element window ရဲ့ လွတ်နေတဲ့ နေရာကို ကလစ်တစ်ချက်လောက်နှိပ်ပြီး ညာဖက် အစွန်က ကြက်ခြေခပ်လေးကို နှိပ်ပြီး element window ကို ပိတ်လိုက်ပါ
ပြီးရင် Continue ကို နှိပ်လိုက်ပါ ..
နောက်တစ်ဆင့်မှာ ကုဒ် ထည့်ရမယ့်အဆင့်ကို ရောက်သွားရင် အောင်မြင်ပါပြီ .. နည်းနည်းလောက် စောင့်လိုက်ရင် ဖုန်းဝင်လာပါလိမ့်မယ် ..
Facebook က ပြောတဲ့ စကားသံဟာ တော်တော်မြန်တဲ့အတွက် သေချာနားထောင်ဖို့တော့ လိုပါတယ် ..
ကုဒ်ကို လေးလုံး ပြောလာမှာ ဖြစ်ပါတယ် ..



တကယ်လို ကုဒ်ထည့်ရမယ့် အဆင့်ကို မရောက်ပဲ .. အောက်မှ ပြထားသလို Error Message တစ်ခုခု ကျလာခဲ့ရင် Cancel ကိုနှိပ်ပြီး ဖုန်းနံပါတ်ထည့်တဲ့ အဆင့်ကနေ ပြန်လုပ်ပါ ..



အဲဒီလို လုပ်တာမှ Error Message တက်နေတုန်းပဲ ဆိုရင်တော့ အားလုံးကို ပိတ်ပြီး နာရီဝက်လောက်စောင့်ပြီးမှ အစကနေပြန်ဝင်လုပ်ပါ …
တစ်ခါတစ်ခါ နောက်တစ်ကြိမ် အစကနေ ပြန်လုပ်ရင်း ဖုန်းနံပါတ်ထည့်ရမယ့် အဆင့်မှာ အောက်ကပုံအတိုင်း Giving me a call ဆိုတဲ့ Function တစ်ခု တိုးလာတာကို ကြုံရတတ်ပါတယ် ..
အဲဒါဆိုရင်တော့ အဲဒီ Giving me a call ကို အမှတ်လေးတပ်ပေးပြီး ဖုန်းနံပါတ်ထည့်ပေးလိုက်တာနဲ့ ခဏလောက်အကြာမှာ ဖုန်းဝင်လာပါလိမ့်မယ် …
တစ်ခုကြိုပြောချင်တာက စိတ်ရှည်ဖို့ ပါပဲ …
ကျွန်တော်ဆို .. ဒီပို့စ်ကို တင်ဖို့ ဒီနည်းကို စမ်းတာ ၂ ပါတ်လောက်ကြာပြီး ညတိုင်း မိုးလင်းခဲ့ပါတယ် ..
အခုတော့ .. ၄ ကြိမ်လောက်လုပ်ရင် တစ်ကြိမ်လောက်က ကုဒ်ထည့်တဲ့အဆင့်ကို ရောကပြီး တစ်ကြိမ်လောက်က Giving me a call ဆိုတဲ့ Function ပါလာတာမျိုးကို ကြုံရပါတယ် ..
သတိထားမိတာတစ်ခုက မနက် အစောပိုင်း ( ၄ နာရီနဲ့ ၇ နာရီကြား ) တွေမှာ အခုလို အောင်မြင်တာကို တွေ့ရပါတယ် ..
ကဲ .. အောက်မှာ ဗွီဒီယိုဖိုင်လေးနဲ့ လုပ်ပြထားပါတယ် .. လေ့လာကြည့်ပါဦး

ဗွီဒီယိုဖိုင်ကို ဒေါင်းယူထားချင်တဲ့ သူငယ်ချင်းတွေအတွက်လည်း ဒီနေရာ မှာ တင်ပေးထားပါတယ် ..

ကဲ .. အဆင်ပြေကြပါစေဗျာ ..

Credit-http://sawmicromyaw.blogspot.com

---------------------------------------------------------------------

ဒီနည်းလမ်းလဲ အချိန်အတိုင်းအတာတစ်ခုထိပဲရမယ်ထင်ပါတယ်။ အင်တာနက်ပေါ်မှာ ပြန့်နေတဲ့ နည်းလမ်းကို Facebook ကလည်း မကြာခင်သိမှာပါပဲ။ အဲဒီအခါကျရင် အခုနည်းလမ်းနဲ့ လုပ်လို့မရအောင် ပြန်ပိတ်ပါလိမ့်မယ်။ ဒါကြောင့် အဆင်မပြေသူများ မြန်မြန်သာ လုပ်ထားကြပါလို့ ...

Ygn News

ဖိလစ်ပိုင်မှာ ရေကူးဝတ်စုံဖြင့်ဓာတ်ပုံရိုက်ကူးတဲ့ အလှမယ်ဂျူးစံသာ အလှမယ်မေမြတ်နိုး


International Pageant Training သင်တန်းတက်ရောက်ဖို့ Miss Asia Pacific World Myanmar 2014 မေမြတ်နိုးနဲ့ Miss Globe Myanmar 2014 ဂျူးစံသာတို့ဟာ မတ် လ ၂၉ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံကို သွားရောက်ခဲ့ကြပါ တယ်။ သူတို့နဲ့အတူ National Director ဖြစ်သူ မလှနုထွန်းနဲ့ Official Photographer ကိုဖြိုးပိုင်ဦးတို့ လိုက်ပါသွားခဲ့ ကြပါတယ်။

ဖိလစ်ပိုင်မှာ သင်တန်း တက်နေတဲ့ မေးမြတ်နိုး၊ ဂျူးစံသာ တို့ရဲ့ အကြောင်းများနဲ့ ပတ်သက်ပြီး မလှနုထွန်းကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာတော့ ” ပထမရက်မှာတော့ လေဆိပ်ကို Macoy လာကြိုပါတယ်။ ဖိလစ်ပိုင်စားသောက်ဆိုင်မှာ မနက် စာ စားပြီး တည်းခိုတဲ့နေရာကို သွား ကြပါတယ်။ နေ့လယ် ၁၂နာရီ မှာ လှနုတို့ရဲ့ မိတ်ဆွေဆီအုန်းခြံပိုင်ရှင် Dennie, Larry တို့နဲ့အတူ Manila bay မှာ နေ့လယ်စာစားပြီးတော့ ရွက်လှေစီးပါတယ်။

သင်တန်း ဆရာ Mocoy နဲ့ Venice တို့လည်း ပါပါတယ်။ ညနေမှာ Bini bining Pilip-inas 2014 ပွဲ ကို သွားကြည့်ပါတယ်။ ဒုတိယနေ့မှာမနက်ပိုင်း လမ်းလျှောက်သင်ပြီး ညစာကို Missosology, Miss Asia Pacific World Philip-pines,and the National Director, T- Pageant From Thailand နဲ့ Miss Universe Philippinies 2000 တို့က ဖိတ်ကြားလို့ သွား ရောက်ခဲ့ ပါတယ်။

အဲဒီမှာ Pageant tips တွေကို လေ့လာဝေမျှပေးကြပါတယ်။ တတိယ နေ့မှာ လမ်းလျှောက်သင်ပါတယ်။ လေးရက်မြောက်နေ့မှာ Miss Globe Philippines လာလည်ပါတယ်။ သူ နဲ့ Mega Mall မှာ ဈေးဝယ်တူတူ ထွက်ကြတယ်။ ၅ရက်မြောက် နေ့ ဖြစ်တဲ့ ဧပြီ ၃ရက်နေ့ဟာ ဂျူးစံသာ မွေးနေ့ဖြစ်တဲ့ Venice နဲ့ Maeoy တို့နဲ့ နေ့လယ်စာ ချက်စားပြီး Mario နဲ့အတူ Star City amusement Park သွားကြပါတယ်။

ဧပြီ ၄ ရက် နေ့ မှာ မိတ်ကပ် ပညာရှင် Michael Lancero က မိတ်ကပ်လိမ်းနည်း လာသင်ပေးပါတယ်။ ပြီးတော့ ရေ ကူးအင်္ကျီလေးတွေကို ပဝါလေး အောက် ပိုင်းပတ်ပြီး ဓာတ်ပုံအရိုက် ကျင့်ကြပါ တယ်။ ဧပြီ ၅ရက်နေ့မှာ Mario က ပွဲအတွက် လိုအပ်တဲ့ ပြင်ဆင်မှုများနဲ့ ပတ်သက်ပြီး အစည်းအဝေးလုပ်ပါ တယ်။ လမ်းလျှောက်လေ့ကျင့်ကြ ပါတယ်။ ဧပြီ ၆ ရက် နေ့မှာ ဒီဇိုင်နာ Chico နဲ့ သွားတွေ့ခဲ့ပါတယ်။ သူက Miss Grand International အတွက် Miss Grand Philippiness ကို National Costume နဲ့ Evening Gown ကို စပွန်ဆာပေးတဲ့သူပါ။

ဂျူးစံသာလောက်ခါးသေးပြီးကိုလုံးရောမျက်နှာရောလှတဲ့ သူမတွေ့ ဘူး သေးဘူးလို့ပြောပါတယ်။မေမြတ် နိုးရဲ့အရပ်က အင်တာနေရှင်နယ် ဆန်လွန်းလို့ သူ့ကိုစမ်းပြီးဝတ်ခိုင်းတဲ့ အဝတ်တွေအကုန်ကွက်တိပဲ ဖြစ်နေပါ တယ်။မြတ်နိုးကို Miss World ပြိုင်ဖို့ တောင်ပြောနေပါတယ်။ဧပြီ ၇ရက် နေ့မှာမနက်ပိုင်းလမ်းလျှောက်ကျင့် ပါတယ်။ ပြီးတော့ Wellness HQ Fitness and Nutrition Club ကို ခေါ်သွားပြီးစစ်ဆေးပါတယ်” လို့ ပြောပါတယ်။

မြန်မာအလှမယ်များ ကို ဖိလစ်ပိုင်က သင်ကြားပေးတာကို ထိုင်း နိုင်ငံက သိသွားတာကြောင့် ထိုင်းအလှမယ် ၅ ဦးကို Macoy တို့ရဲ့ Gouldian Look ဆိုတဲ့ Pageant Training Team က အဖွဲ့ကို အလုပ်အပ်ခဲ့ကြောင်း သိ ရပါတယ်။ထိုင်း၊ဖိလစ်ပိုင်နဲ့မြန်မာချစ် ကြည်ရေးကို ပိုပြီး အထောက်အကူပြု မယ်လို့ ယုံကြည်မိပြီးနိုင်ငံသုံးနိုင်ငံ သာမန် လူတန်းစားတွေကဝါသနာနဲ့ လုပ်ဆောင်ကြတာဖြစ်တာကြောင့် စည်း လုံးချင်းကခွန်အားဖြစ်စေ ကြောင်း မလှနုထွန်းက ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-ကိုဖြိုးပိုင်ဦး၊
Mario Bergantinos

Bing က အခမဲ့ပညာရေးဝန်ဆောင်မှုစနစ်တစ်ခုကိုထုတ်ဖော်မိတ်ဆက်


Microsoft ကုမ္ပဏီနှင့်ပူးပေါင်းလုပ်ကိုင်လျက်ရှိသော Search Engine တစ်ခုဖြစ်သည့် Bing ဟာအခမဲ့ပညာရေးဝန်ဆောင်မှုစနစ်တစ်ခု ကိုစတင်အကောင်အထည်ဖော်ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်းပြောကြား လိုက်သည်။

ယင်းစနစ်ဟာစာသင်ကျောင်းတွေအတွက်တစ်ဖက်တစ်လမ်းကနေအထောက်အကူပေးနိုင်မည်ဟုယူဆထားကြောင်းသိရသည်။

အဆိုပါစနစ်တွင်မိဘနှင့်ဆရာများသည်မိမိတို့၏ကလေးများအတွက်သင်ခန်းစာအချိန်ဇယားကိုပြုလုပ်ပေးထားနိုင်ပြီးယင်းနည်းစနစ်ကိုကျောင်းတွေအတွင်းပျံ့နှံ သွားအောင်ပြုလုပ်ပေးနိုင်တဲ့သူတွေကို Bing ကဆုချီးမြှင့်ပေးမည့်အစီ အစဉ်ရှိသည်ဟုဆိုသည်။

လက်ရှိမှာ Bing ဟာ U.S မှာရှိ တဲ့စာသင်ကျောင်းတွေအတွက်အဓိကကျတဲ့ Search Engine တစ်ခုဖြစ်လာပြီးမိမိသိချင်တဲ့အကြောင်းအရာတွေ ကိုကျောင်းရဲ့ Network ကနေတစ်ဆင့်အခမဲ့ရှာဖွေသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ref : Newscenter
Wai Phyo Aung (TSJ Team)
TechSpace Journal

စဥ့်ကိုင်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေး အင်းအား ၂၀၀ ခန့် ဆန္ဒထုတ်ဖော်


အောင်ကိုဦး

စဥ့်ကိုင်၊ မဇ္ဈိမ။ ။ မန္တလေးတိုင်း စဥ့်ကိုင်းမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူ့ဆန္ဒထုတ်ဖော်ပွဲကို အင်အား၂၀၀ ခန့်ဖြင့် ဧပြီ ၂၅ ရက် နံနက် ၉ နာရီတွင် မြို့မရပ်ကွက်ရှိ ဆန်းသီရီ ရုပ်ရှင်ရုံရှေ့မှစတင်၍ မြို့ပတ်ကာ ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။

ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်ရန် စဥ့်ကိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ဦးဆောင်၍ ပြည်သူများဖြင့်ပူးပေါင်း ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး တရားဝင် ခွင့်ပြုမိန့် ရပြီး ဖြစ်သည်။

"၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ စီးတန်းလှည့်လည် ဆန္ဒဖော်ထုတ်ပွဲတွေ မြို့ရွာအနှံ့ လုပ်နေကြတယ်၊ ဘာကြောင့်လုပ်နေရတာလဲ ဆိုတာ အခုချိန်မှာ ပြည်သူတွေ သိနေကြပါပြီ၊ ဒီ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါရှိတဲ့ ပုဒ်မ၊ ပုဒ်မခွဲတွေဟာ နိုင်ငံသားတိုင်း ခံစားခွင့်ရှိတဲ့ အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖေါက်ပြဋ္ဌာန်းထားတဲ့ အချက်တွေပါဝင်နေတယ်၊ ဒါကြောင့် ပြင်ဆင်ဖို့ဆန္ဒဖော်ထုတ် တောင်းဆိုနေကြတာပါ"ဟု ဦးဆောင်သူ စဥ့်ကိုင်မြို့နယ် NLD ဥက္ကဋ္ဌ ဦးကျော်ဝင်းက မဇ္ဈိမ ကိုပြောသည်။

ဆက်လက်၍ ဦးကျော်ဝင်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသော ပုဒ်မ ၅၉(စ) လုံးဝဖျက်သိမ်းပေးရန် လိုကြောင်းနှင့် လေးပွင့်ဆိုင်တွေ့ဆုံရေးသည်လည်း အနာဂတ်နိုင်ငံတော်အတွက် အရေးကြီးကြောင်း၊ ဒီမိုကရေစီလူ့အခွင့်အရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အာမခံသော ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ အလိုရှိကြောင်းပြောသည်။

ဆန္ဒဖော်ထုတ်ကြသူများသည် "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး" "ပုဒ်မ ၄၃၆ ချက်ချင်းပြင်ဆင်ရေး" "ပုဒ်မ ၁၈ ဖျက်သိမ်းရေး" "တရားဥပဒေစိုးမိုးရေး" "ပုဒ်မ ၅၉ (စ)(ဃ) ဖျက်သိမ်းရေး ဒို့အရေး" ဟူသောကြွေးကြော်သံများဖြင့် နံနက် ၁၁နာရီအထိ ဆန္ဒဖေါ်ထုတ်ကြသည်။ ဆန္ဒဖော်ထုတ်ရာသို့ တံတားဦး၊ ကျောက်ဆည်၊ ပလိပ်မြို့တို့မှ ပြည်သူများလည်း လာရောက်ပူးပေါင်းခဲ့ကြသည်။

Mizzima Burmese

အယ်လ်ကေဒါအဖွဲ့၏ ဗုံးပြုလုပ်မှုအဖွဲ့ အကြီးအကဲကို ယီမင်မှာ အမေရိကန်တွေ သတ်နိုင်ခဲ့သလား….?


ဧပြီ ၂၄။

အကြမ်းဖက်သူများကို တိုက်ခိုက်မှုမှာ မကြုံစဖူး ကြီးမားသော တိုက်ခိုက်မှု ဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများမှ အမေရိကန်နှင့် ယီမင် ပူးပေါင်းဆောင်ရွက်သည့် အကြမ်းဖက်မှု စစ်ဆင်ရေးကို ရည်ညွှန်းပြောဆိုခဲ့သည်။

၎င်းတိုက်ခိုက်မှုတွင် အကြမ်းဖက်သမားဟု သံသယရှိသူများ အနည်းဆုံး ၆၅ ဦးခန့်သေဆုံးခဲ့ကြသည်။ တိုက်ခိုက်မှုကို မြေပြင်နှင့် ဝေဟင်နှစ်ခုစလုံးမှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်၏ လျှို့ဝှက် အထူးတပ်သားများ ပူးပေါင်းပါဝင်သည့် ယီမင် ကွန်မင်ဒို တပ်ဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားများနှင့် ဆက်နွယ်နေသည့် အာရေဗျ ကျွန်းဆွယ် အခြေစိုက် အယ်လ်ကေဒါ အဖွဲ့အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

၎င်းစီးနင်းတိုက်ခိုက်မှု၏ အကြီးမားဆုံး အကျိုးကျေးဇူးမှာ အမေရိကန်နှင့် ယီမင်တို့၏ အဓိက ပစ်မှတ်ဖြစ်သူ အကြမ်းဖက်အဖွဲ့၏ ဗုံးပြုလုပ်မှုဆိုင်ရာ အကြီးအကဲ အယ်ဘရာဟင်အယ်အာစရီကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းစစ်ဆင်ရေးသည် အယ်လ်အာစရီအား အဓိကထား တိုက်ခိုက်ခြင်း မဟုတ်ဟု အမေရိကန် အရာရှိများမှ ပြောဆိုခဲ့သော်လည်း ၎င်းတနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် စီးနင်းတိုက်ခိုက်မှုတွင် အယ်လ်အာစရီမှာ သေဆုံးသွားခဲ့ကြောင်း ယီမင်အစိုးရ၏ အဆင့်မြင့် အရာရှိကြီးတစ်ဦးမှ CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

အနည်းဆုံး ကိုယ်ခန္ဓာတစ်ခုကို DNA စမ်းသပ်မှု ပြုလုပ်ရန် ဆော်ဒီအာရေးဗီးယားသို့ အာဏာပိုင်များမှ သယ်ဆောင်ခဲ့ကြောင်း ဆော်ဒီအစိုးရ၏ အရာရှိနှစ်ဦးထံမှ သတင်းအချက်အလက်များအရ သိရှိရသည်။ အာရေဗျကျွန်းဆွယ်ရှိ အယ်လ်ကေဒါ အဖွဲ့ဝင်၊ ဆော်ဒီနိုင်ငံဖွား စစ်သွေးကြွတစ်ဦး ဖြစ်သည်ဟု အာဏာပိုင်များမှ ပြောဆိုခဲ့သော်လည်း အယ်လ်အာစရီဟု ယုံကြည်ရကြောင်း ပြောဆိုရန်အတွက် ငြင်းပယ်ခဲ့သည်။ DNA စစ်ဆေးမှု အချက်အလက်များကို ရက်အနည်းငယ်အတွင်း သိရှိရဦးမည် မဟုတ်သေးပေ။

အယ်လ်အာစရီသည် အယ်လ်ကေဒါအဖွဲ့၏ တီထွင်ဖန်တီးမှုရှိပြီး အနှောက်အယှက်ဖြစ်စေသော ပေါက်ကွဲစေနိုင်သည့် ပစ္စည်းကိရိယာ များကို ပြုလုပ်မှုတွင် အဓိက တာဝန်ရှိသူဖြစ်ကြောင်း စွပ်စွဲထားခံရသူ ဖြစ်သည်။ ၎င်းကို စွပ်စွဲမှုများတွင် ၂၀၀၉ ခုနှစ်က အမေရိကန်၏ ခရီးသည်တင်လေယာဉ်တွင် အသေခံဗုံးခွဲသမား တက်ရောက်မှုနှင့် ၂၀၁၀ ခုနှစ် အမေရိကန် ကုန်တင်လေယာဉ်တွင် ပရင်တာဗုံးများ ထည့်သွင်းစေလွှတ်မှုများ ပါဝင်သည်။ ၎င်းလုပ်ဆောင်မှုများမှာ အောင်မြင်လုနီးပါး ဖြစ်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ဆော်ဒီအာရေဗီးယား၏ အကြမ်းဖက်မှု တန်ပြန်ထိန်းချုပ်ရေးအဖွဲ့၏ အကြီးအကဲ ဖြစ်သူအား လုပ်ကြံရန် မအောင်မြင်ခဲ့သော အားထုတ်မှု၌ အယ်လ်အာစရီသည် သူ၏ ညီဖြစ်သူကိုပင် စတေးခံကာ အသေခံ ဗုံးခွဲစေခဲ့သည်။

အယ်လ်အာစရီသည် အယ်လ်ကေဒါအဖွဲ့မှ အရင်က ထုတ်လုပ်ခဲ့သည့် ဗုံးများနှင့် မတူဘဲ ကွဲပြားသည့် ဗုံးများကို ပြုလုပ်ခဲ့သည်။အသေခံ ဗုံးခွဲမည့် ပုဂ္ဂိုလ်၏ ဒွါရတွင် ထည့်သွင်းနိုင်ပြီး စစ်ဆေးရှာဖွေရန် ခက်ခဲသော ပေါက်ကွဲစေနိုင်သည့် အဖြူရောင်ယမ်းမှုန့် PETN ၁၀၀ ဂရမ်ခန့်ဖြင့် ပြုလုပ်ထားသည့် ဗုံးများကို ပြုလုပ်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဆော်ဒီလုပ်ကြံမှုတွင် ယင်းနည်းလမ်းကို အသုံးချခဲ့သော်လည်း သူ၏ ညီဖြစ်သူသာ သေဆုံးခဲ့သည်။

အကြမ်းဖက်သမားများကို စီးနင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရခြင်းမှာ အယ်လ်ကေဒါ အဖွဲ့ဝင်ဟု သံသယရှိသူ ဦးရေ ၁၀၀ ခန့်၏ ယီမင်ရှိ လေ့ကျင့်ရေး စခန်းတွင် စုဝေးဆွေးနွေးနေကြသော ဗွီဒီယိုဖိုင်ကို ထုတ်လွှင့်ပြသခဲ့ခြင်းကြောင့် ဖြစ်သည်။ ၎င်းဗွီဒီယိုအခွေတွင် အယ်လ်ကေဒါအဖွဲ့၏ အဓိက တာဝန်ရှိသူတစ်ဦးအဖြစ် သက်မှတ်ကြသည့် နဆာအယ်လ်ဝူဟာရှီမှ သူ၏ နောက်လိုက်များကို နှုတ်ဆက်နေမှုလည်း ပါဝင်ခဲ့သည်။ အယ်လ်ဝူဟာရှီသည် အယ်လ်ကေဒါအဖွဲ့၏ ဒုတိယခေါင်းဆောင်ဖြစ်ပြီး ယီမင်အခြေစိုက် အယ်လ်ကေဒါနောက်လိုက်အဖွဲ့ဖြစ်သည့် AQAP ၏ အဓိက ခေါင်းဆောင်ဖြစ်သည်။

အယ်လ်ဝူဟာရီမှ အဖွဲ့အတွင်း မိန့်ခွန်း ပြောကြားမှုတွင် “ ငါတို့ဟာ ကားစင်တွေကို ချေမှုန်းရမယ်။ ဒီကားစင်တွေကို အဓိက သယ်ဆောင်သူကတော့ အမေရိကပဲ ” ဟု ပါဝင်ခဲ့သည်။ အနားယူသွားသည့် အမေရိကန် ဗိုလ်ချုပ် ရစ်ချတ်မိုင်ယာမှ ၎င်းဗွီဒီယို အခွေကြောင့် လေးလေးနက်နက် ပူပန်မှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။ “ ဒါသာ မှန်ကန်ခဲ့ရင် သူတို့အနာက်ကို လိုက်ပြီး ချေမှုန်းသင့်ပါတယ်။ ဒီလိုလုပ်လို့ အယ်လ်ကေဒါအဖွဲ့ကို အဆုံးသတ်နိုင်မယ်လို့တော့ မထင်ပါဘူး။ ဒါပေမဲ့ ဒီလိုကိစ္စမှာတော့ သူတို့ကို လိုက်လံနှိမ်နှင်းဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ” ဟု ဗိုလ်ချုပ်ဟောင်း မိုင်ယာမှ ပြောဆိုသွားခဲ့သည်။

အမည်မဖော်လိုသည့် အမေရိကန် အရာရှိတစ်ဦးမှ ပြောကြားမှုတွင် မြေပြင်တိုက်ခိုက်မှုများတွင် အမေရိကန်များ ပါဝင်မှု မရှိသော်လည်း အမေရိကန်တပ်ဖွဲ့များသည် ညကြည့်မှန်ပြောင်းကိရိယာများကို ဝတ်ဆင်ခဲ့ပြီး ယီမင်တပ်ဖွဲ့များကို ယီမင်တောင်ပိုင်းဒေသရှိ တောင်တန်းများသို့ ပျံသန်းစေခဲ့ကြောင်း ပါဝင်သည်။

အမေရိကန် ပိုင်းလော့မောင်းနှင်သည့် ယီမင်ပိုင် ရဟတ်ယာဉ်များသည် ရုရှားမှ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး စစ်ဆင်ရေးတွင် အမေရိကန်များ ပါဝင်မှုကို အနည်းဆုံး ဖြစ်အောင် လျော့ချရာတွင် အထောက်အကူပြုစေရန် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အယ်လ်ကေဒါအဖွဲ့၏ တိုက်လေယာဉ်များ၊ လက်နက်တိုက်များနှင့် စစ်ရေးလေ့ကျင့်ရာ နေရာများကို CIA ၏ မောင်းသူမဲ့လေယာဉ်များမှ ပစ်မှတ်ထား ရှာဖွေပေးခဲ့သည်။

စစ်ဆင်ရေးတွင် အမေရိကန်တို့၏ ပါဝင်ပတ်သက်မှု အသေးစိတ်ကို ပြောဆိုရန် ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ အဒမ်ဂျွန်ကာဘီမှ ငြင်းပယ်ခဲ့သော်လည်း ယီမင်နှင့် ပူးပေါင်းလုပ်ဆောင်မှုကို အဓိကထား ပြောကြားသွားခဲ့သည်။

“ ယီမင်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက် ဆောင်ရွက်သွားပြီး ယီမင်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး စွမ်းရည်တွေ တိုးတက်လာအောင် နိုင်ငံအတွင်းမှာပဲ အကူအညီပေး လုပ်ဆောင်သွားမှာပါ ” ဟု ကာဘီမှ ပြောဆိုသွားသည်။ နောက်ဆုံးအနေဖြင့် “ ဒီလုပ်ငန်းဟာ ရှေ့ဆက်ပြီးရင် ရှေ့ဆက် လုပ်ဆောင်သွားရမှာပါ ” ဟု ပြောကြားသွားသည်။

Ref: CNN
The Myanma Age 

တိုင်းပြည် မတိုးတက်ရတဲ့အကြောင်းရင်း


တစ်နေ့သ၌ အရက်ဆိုင်အတွင်းသို့ ညစ်စုတ်စုတ်လူတစ်ယောက် မောပန်းနွမ်းနယ်နေပုံဖြင့် ရောက်ရှိလာပြီး
ကောင်တာတွင် အရက်ရောင်းနေသူကို အောက်ပါအတိုင်း ပြောလိုက်သည်။

“ငါတို့တိုင်းပြည် ဘာလို့များတိုးတက်မှု ကြာနေတာလဲ၊ မင်းသိလား………”
စဉ်းစားကြည့်စမ်း။ တိုင်းပြည်ထဲမှာ လူဦးရေ ၅၆ သန်းကျော်ရှိတယ်။
၉ သန်းကျော်က လူအိုတွေ။ သန်း ၃၀ ကျော်က အမျိုးသမီးနဲ့ နို့စို့ကလေးတွေ၊ ၅ သန်းက အစိုးရ၀န်ထမ်းတွေ၊
၉သန်းက Engineer နဲ့ IT ပညာရှင်တွေ…ဒါပေမဲ့….နိုင်ငံထဲမှာ အလုပ်မလုပ်ကြဘူး… ပြည်ပရောက်နေကြတယ်။
၁ သန်းက ကျောင်းသား၊ကျောင်းသူတွေ…. .ပြီးတော့ စစ်သားက ၁ သန်းနီးပါး ရှိတယ်။
ဆိုတော့ကာ စုစုပေါင်း ၅၅ သန်းရှိသွားပြီ။ ဒီထဲမှာမှ နောက်ထပ် အလုပ်လက်မဲ့တွေက ၅ သိန်းကျော် ရှိတယ်။
အကျဉ်းထောင်အသီးသီးမှာ ထောင်ကျခံနေရသူတွေက ၄ သိန်းကျော်တယ်။ ဒီတော့ တစ်သိန်း ကျန်တယ်။ အဲဒီထဲမှာမှ မသန်မစွမ်းတွေက၃ သောင်း၊ ဆေးရုံတက်နေရတာက ခြောက်သောင်း ကိုးထောင်ကိုးရာ့ကိုးဆယ်ရှစ်ယောက်ရှိပြန်တယ်။
ဆိုတော့ မင်းနဲ့ငါနဲ့ နှစ်ယောက်ထဲ ရှိတော့တယ်။ ဒါတောင်မင်းက အရက်ဆိုင်မှာ ပက်ချင်နဲ့ရောင်းနေသူဆိုတော့ အပြင်ထွက်
အလုပ်လုပ်စရာ မလိုဘူး။ အပြင်မှာ တုံးတိုက်တိုက် ကျားကိုက်ကိုက် အလုပ်ကိုအသည်းအသန်လုပ်နေရတာ
ငါတစ်ယောက်ထဲရှိတာလေ။ ဒီတော့ ငါ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘီယာတစ်လုံးလောက် ဖရီးတိုက်စမ်းကွာ…..

ရေးသားသူ – ရဲစတိုင်း
ဓာတ်ပုံ-www.google.com
The Myanma Age

သန်လျင်တွင် ဂုံးငုတ်ရင်း လူငယ် (၂) ဦး ရေနစ်သေဆုံး


ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ပဲခူးစုရပ်ကွက် စက်ကန်(အရှေ့ဘက်)တွင် (၂၅.၄.၂၀၁၄)ခုနှစ် နေ့လည်(၁းဝ)အချိန်ခန့်တွင် ဂုံးဆင်းငုတ်ယင်းနှင့်

သေသွားသည့် သမ္မတဟောင်းက ဘောလုံးကွင်းမှာ သရဲခြောက်ဟုဆို (ရုပ်/သံ)


ဘိုလီးဗီးယား နိုင်ငံမှ ဘောလုံးကွင်း တစ်ကွင်းသည် သရဲခြောက်ကြောင်း နာမည်ကြီးနေသည့် အဖြစ်ကို ပိုမိုလူပြောများစေမည့် အခြေအနေမျိုး ကြုံနေရပြီ ဖြစ်သည်။ ဟာနန်ဒိုဆိုင်းလ်စ် ဘောလုံးကွင်းသည် လာပက်ဇ်မြို့တော်တွင် တည်ရှိသည်။ ယမန်နေ့ညက ကစားသော ဘောလုံးပွဲစဉ် တစ်ခုကို တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ရာ ပွဲကြည့်စင်၌ လူပုံသဏ္ဍန် အရိပ်တစ်ခု ထူးခြားစွာ ပေါ်လာသည်ကို ကင်မရာ မှတ်တမ်းများ၌ တွေ့မြင်ခဲ့ရသည်။ ပြည်တွင်းကလပ်နှစ်ခု ယှဉ်ပြိုင်ကစားရင်း ပွဲပြီးခါနီး အချိန်တွင် ကင်မရာက အဝေးမှ ဆွဲ၍ ရိုက်ပြခဲ့ရာ ပွဲကြည့်စင်တစ်လျှောက် ပြေးလွှားသွားသည့် အဆိုပါ အမျိုးအမည်မသိ ပုံရိပ်ကို ထင်ထင်ရှားရှား တွေ့မြင်ခဲ့ကြရသည်။

ဆက်စပ် - ဘိုလီးဗီးယားမှ သရဲခြောက်သည့် ဘောလုံးကွင်း (သရဲခြောက်သည့် ရုပ်သံပါသည်)

ထိုအရိပ်သည် အတန်ငယ် ကျဲပါးစွာ ထိုင်နေသည့် ပရိသတ်များကြားမှ လျင်မြန်စွာ ဖြတ်သွားသလို အကာအကွယ် နံရံတစ်ချပ်ကိုပါ ကျော်ဖြတ်ပြီး တစ်ဖက်ခြမ်းသို့ ရွေ့လျားသွားသည်ကို TVမှ ကြည့်ရှုနေသည့် ပရိသတ်များ အံ့ဩတကြီး မြင်တွေ့ခဲ့ကြရသည်။ အဆိုပါ ပွဲစဉ်ကို ထုတ်လုပ်ပြသသည့် ဗီဒီယို၏ ဖြတ်ပိုင်းမှ ထူးခြားသော ဖြစ်စဉ်ကို သတိပြုမိသူများက အင်တာနက်တွင် လွှင့်တင်ရာမှ လူပြောများစရာ အခြေအနေမျိုး ဖြစ်လာသည်။ သို့သော်လည်း အရိပ်နှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း အဖြေမသိရသေးချေ။

ယင်းဘောလုံးကွင်းတွင် ယခင်ကလည်း သရဲခြောက်ကြောင်း ပြောဆိုမှုများ ရှိနေသည့်တိုင် ယုံတမ်းသက်သက်သာ ဖြစ်နေခဲ့သည်။ ဘိုလီးဗီယား နိုင်ငံသား အများစုက ထိုကွင်းတွင် ရှိနေသော သရဲမှာ ကွယ်လွန်သွားပြီဖြစ်သည့် သမ္မတဟောင်း ဟူဂိုချားဗက်ဇ်ဟု ယုံကြည်ကြသည်။ ကိုလံဘီယာနှင့် နိုင်ငံတကာ ပွဲစဉ်ကို ယင်းကွင်းကြီးတွင် ကစားခဲ့ရာ ဂိုးတိုင်အပေါ်ဘက်၌ အရိပ်သဏ္ဍန် တစ်ခုက ဘောလုံးကို ပုတ်ထုတ်ဖယ်ရှားခဲ့သည်ကို တွေ့မြင်ရကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။

Planet Myanmar Network



မူလတန်းလေးတွေ သင်ဖို့ ပါရဂူဘွဲ့ရတွေကို အလုပ်ခေါ်သည့်ကိစ္စဝေဖန်မှုများရှိလာ


အငယ်တန်းစာရေးထက်ပင် နိမ့် သော ရာထူးနိမ့်အဆင့်တွင်ရှိထားသည့် နေ့စား၊ လပေးမူလတန်းဆရာ၊ ဆရာမနေရာများတွင် ပါရဂူဘွဲ့ရများကို ထည့် သွင်းခေါ်ယူနေမှု အပေါ် ပညာရေးအသိုင်းအဝိုင်းက မဖြစ်သင့်ဟုဆိုသော ဝေဖန်မှုများရှိလာနေပြီဖြစ်သည်။ ပြီးခဲ့သောလမှစကာ အခြေခံပညာ ကျောင်းများ၌ လစ်လပ်နေသော နေ့ စား၊ လပေး မူလတန်းပြဆရာ၊ ဆရာမ များနေရာတွင် ပါရဂူဘွဲ့၊ မဟာဘွဲ့ရများ ခေါ်ယူနေမှုကို ပြည်နယ်နှင့်တိုင်းဒေသ ကြီး အစိုးရအဖွဲ့တို့က ပြုလုပ်ခဲ့မှုအပေါ် ပညာရေး အသိုင်းအဝိုင်းက ထိုသို့ပြုလုပ်လိုက်ခြင်းဖြစ်သည်။

”ဒီနေရာအတွက် ဒါပဲတန်တယ်လို့ ကြေညာလိုက်သလို ထင်မိတယ်”ဟု အငြိမ်းစားပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ အတည်ခန့်ဆိုလျှင်ပင်မှ အပြစ် ဟူ၍ ပြော စရာမရှိဘဲ နေ့စား၊ လပေး အသုံးအနှုန်းနှင့် ခေါ်ယူမှုအပေါ် တအံ့တသြဖြစ်ရပါကြောင်း ၎င်းက ဆက်ပြောသည်။ ”ပါရဂူဘွဲ့ဆိုတာမျိုးက ဘာသာ ရပ်တစ်ခုအပေါ်မှာ ကျွမ်း ကျင်တတ် မြောက်သူ။ သူက အကုန်လုံးတတ်တာ မဟုတ်ဘူး။ မြေပြင်စီမံခန့်ခွဲမှုကို ပိုင်နိုင် ပါ့မလား။ ဒီမူလတန်းအဆင့်ဆိုတာမျိုးက သင်တန်း ကျကျနနပေးပြီးမှသာ ကိုင်တွယ်ခိုင်းသင့်တဲ့ နည်းအစား ဘာနည်းလမ်းနဲ့မှ မရဘူး”ဟု ၎င်းကပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုး ရအဖွဲ့တို့ကို စီမံခန့်ခွဲခွင့်နှင့် ခန့်ထားပိုင်ခွင့်အား ပြည်ထောင်စုအစိုးရအဖွဲ့ကပေးပြီးနောက် ထိုအစိုးရအဖွဲ့တို့က ခေါ်ယူမှုပြုရာတွင် ပါရဂူ ဘွဲ့၊ မဟာဘွဲ့ နှင့် ရိုးရိုးဘွဲ့၊ ကိုးတန်းအောင် စသည် ဖြင့် အသက်အရွယ် အကန့်အသတ်ဖြင့် ခေါ်ယူမှုကို ပြုခဲ့ကြသည်။တက္ကသိုလ် ဆရာ၊ ဆရာမအသင်း မှ ဆရာ တစ်ဦးက ”မူလတန်းအဆင့်မှာ ပါရဂူမသင်ရဘူးလို့ မပြောလိုပါဘူး။ ဝါသနာပါရာပေါ့ဗျာ”ဟု ပြောသည်။

PN-051
Popular Myanmar News

Grand Royal သင်္ကြန်မဏ္ဍပ်တွင် အတွင်းခံပေါ်အောင်ကခဲ့သူများသည် အခြောက်များမဟုတ်ဘဲ မိန်းမအစစ်များဟုဆို၊ နာမည်ပျက်စာရင်းသွင်းခြင်းအား လက်မခံနိုင်ဟု ဂျွန်လွင်ဆို


Grand Royal သင်္ကြန်ရေကစားမဏ္ဍပ်အား အမည်ပျက်စာရင်းသွင်းမှုကို လက်မခံနိုင်ကြောင်း
ပွဲစီစဉ်သူဖြစ်တဲ့ Stars and Models Agency မှ ကိုဂျွန်လွင်က ပြောပါတယ်။ သင်္ကြန်အကြိုနေ့
က Grand Royal  မဏ္ဍပ်မှာ တင်ဆက်ကပြခဲ့တဲ့ ဖျော်ဖြေ ပွဲမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ဆန့်ကျင်
တဲ့ ၀တ်စား ဆင်ယင်မှုများကြောင့် နာမည်ပျက်စာရင်း (Black Lists) သွင်းသွားမည်ဖြစ်ပြီး
နောက်နှစ်များတွင် ခံဝန်ချက်နဲ့သာ ခွင့်ပြုသွားမယ်လို့ ရန်ကုန်တိုင်းနယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး
ဗိုလ်မှူးကြီးတင်ဝင်းက ဧပြီလ ၁၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

မဏ္ဍပ်တွင် တင်ဆက်ကပြရန် ထိုင်းနိုင်ငံမှ အကပညာရှင်များကို ခေါ်ယူခဲ့တဲ့ Stars and Models
Agency  မှ ကိုဂျွန်လွင်က "ဗိုလ်မှူးကြီး တင်ဝင်း ပြောသွားတယ်ဆိုတာကို ကျွန်တော်တို့သေချာ
မသိပါဘူး။ နာမည်ပျက်စာရင်းသွင်းတာကိုတော့ လက်မခံပါဘူး။ ကျွန်တော်တို့က ဘိန်းဖြူရောင်း
တာတို့၊ ဒုစရိုက်အလုပ်တွေလုပ်တာမဟုတ်ပါဘူး။ အကြိုနေ့မနက်ပိုင်း ကကြတော့ တစ်ယောက်
က ကရင်းနဲ့ဘောင်းဘီ လိပ်တက်သွားတယ်။ အဲ့ဒါတွေ အွန်လိုင်းမှာ ပြန့်နေတာသိသိချင်း ကျွန်
တော်တို့ ဒီဘက်မှာ ၀တ်စုံတွေလဲပစ်လိုက်တယ်။ ကျွန်တော်တို့ တမင်လုပ်တာဆိုရင် လေးရက်
လုံး ဒီလိုပုံနဲ့ပဲကမှာပါ။ နောက်ရက်တွေမှာ ကျွန်တော်တို့ ၀တ်စုံတွေလဲပြီး ကပါတယ်။ ဒါ တမင်
သက်သက်လုပ်တာ မဟုတ်ပါဘူး။ မြန်မာယဉ်ကျေးမှုကိုထိခိုက်သလို ဖြစ်တယ်ဆိုရင်လည်း
ကျွန်တော် တောင်းပန်ပါတယ်"လို့ ဆိုပါတယ်။

ပွဲမန်နေဂျာ မအိစု ကလည်း "အကြိုနေ့ပွဲပြီးတော့ ဒုတိယရဲမှူးကြီး မြင့်အေး (အရှေ့ပိုင်းခရိုင်) က
လာသတိပေးပါတယ်။ နိုင်ငံခြားသူတွေ ဆိုပေမယ့် ထိန်းထိန်းသိမ်းသိမ်းဝတ်ဖို့လာပြောတာပါ။
အဲဒါကြောင့် နောက်နေ့မှာ ကျွန်မတို့ကိုယ်တိုင် သူတို့အတွက် ၀တ်စုံစီစဉ်ပေးလိုက် ပါတယ်"လို့
ပြောပါတယ်။ လူအများပြောဆိုနေကြသလိုမျိုး ကပြဖျော်ဖြေသူများမှာ မိန်းမလျာများမဟုတ်ဘဲ
မိန်းမစစ်စစ်များဖြစ်တယ်လို့လည်း ကိုဂျွန်လွင်က ပြောပြပါတယ်။ "မိန်းမလျာတွေမဟုတ်ဘူး။ အားလုံးမိန်းမစစ်စစ်တွေပါ။ ဘောင်းဘီလိပ်တက်သွားတဲ့တစ်ယောက်ဆို အိမ်ထောင်ရှိပါတယ်။
သူတို့က အင်တိုက်အားတိုက်ကလို့ အဲ့လိုဖြစ်သွားတာပါ။ ပြီးတော့ ၆ပေလောက် မြင့်တဲ့စင်ပေါ်က
လူကို အောက်ကနေပင့်ပြီး ဓာတ်ပုံရိုက်တော့ အတွင်းခံတွေမြင်ရသလို ဖြစ်သွားတာပေါ့။ကျွန်တော်
ပွဲတွေ တောက်လျှောက်လုပ်ခဲ့တာပါ။ ဒါပေမဲ့ တစ်ပွဲမှ အဲလို နာမည်ပျက်မရှိခဲ့ပါဘူး"လို့ လည်း
ပြောပါတယ်။

Grand Royal မဏ္ဍပ်မှာ ကပြဖျော်ဖြေမှုများကြောင့် သင်္ကြန်ကာလအတွင်း နာမည်ကြီးခဲ့ပြီး
လာရောက်ကြည့်ရှုသူ တစ်သိန်းသုံးသောင်း ကျော်ရှိ ကြောင်းလည်း ကိုဂျွန်လွင်က ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကစားမဏ္ဍပ် ၉၀ ကျော်ရှိရာတွင် မဏ္ဍပ် ၃၀ကျော်အား မြန်မာ့
ရိုးရာသင်္ကြန်နဲ့ ဖီလာဆန့်ကျင်မှုများကြောင့် လုံခြုံကင်မရာများမှတစ်ဆင့် ကြည့်ရှုစစ်ဆေးကာ
နာမည်ပျက်စာရင်း သွင်းထားကြောင်း သိရပါတယ်။
Myanmar Times

နတ်မနိုင်သား နွားချေးပုံနဲ့ ညားတဲ့နေ့


ငယ်စဉ် ကလေး ဘ၀တွင် ကြုံရတွေ့ရ သည်များမှာ တစ်ခါတရံ ၀မ်းနည်းဖွယ် လွမ်းဆွတ် ဖွယ်ရာ ကောင်းလှသည်။ တစ်ခါ တရံတွင်လည်း ပျော်ရွှင်ဖွယ်ရာ ၀မ်းမြောက် ဖွယ်ရာများလည်း ကြုံရတတ်ပြီး တစ်ခါတရံတွင် ထင်မှတ် မထားသော အံ့သြဖွယ်ကောင်းသော အဖြစ်အပျက် များနှင့်လည်း ကြုံရတတ်ပါသည်။

ကျောင်းပိတ်ရက်မို့ ကျောင်းနေဘက် သူငယ်ချင်းများ ရွာနှင့် မလှမ်းမကမ်းရှိ တောတန်းသို့သွားကာ မြရာသီးနှင့် သပြေသီး သွားခူးရန် အကြံရမိသည်။ ထိုနှင့် ပုဆိုးကွင်းသိုင်းသူသိုင်း၊ ပလိုင်း လွယ်သူလွယ်၊ ဓားကိုင်သူကိုင်၊ လောက်လေးဂွဆွဲသူ ဆွဲကာ တောတန်းစပ်သို့ ထွက်ခဲ့ကြသည်။

တောတန်းနှင့် ရွာကလေးမှာ တစ်မိုင်သာသာခန့်ဝေးသော်လည်း ကျနော်တို့ မျောက်အုပ်စုမှာ မည်မျှပင်ဝေးသော်ငြားလည်း မရမနေ သွားတတ် လုပ်တတ်ကြသည့် နတ်မနိုင်သားများဖြစ်ရာ ဤခရီးလောက်တော့ မမှု။

သို့သော် ရွာနှင့် တောတန်းကြားတွင် လယ်ကွင်းပြင်ကြီးနှင့် ထန်းတောကို ဖြတ်ကြရမည်ဖြစ်သည်။ လယ်ကွင်းကြီးမှာ မိုးတွင်းဖြစ်၍ ရွှံှ့ဗွက်များထူထပ်ကာ အချို့နေရာတွင် ရေများမှာခါးသာသာလောက် ရှိနေတတ်သည်။ ကန်သင်းရိုးများနှင့် ရေမြောင်းများမှာ ပေါလှပါဘိ။

`ဘုန်း …´

`ဟ … ဘယ်လိုဖြစ်တာတုန်း သူငယ်ချင်း … နေရင်းထိုင်ရင်း ဖားလိုက်ဖမ်းနေတာလား … ဒါမှမဟုတ် ထယ်ထိုးနေတာလား´ဟု ဗွက်များကြောင့် ခြေချော်၍ နောက်ပြန်လန်ကျသွားသော သူငယ်ချင်းတစ်ယောက်ကို လှမ်းနောက်လိုက်သည်။ ခဏခဏ ချော်ကျတတ်သော သူ့ခမျာ နောက်ပြန်လန်ကျ၍ ကျောဖြင့်ကျသောကြောင့် ခါးကိုကော့၍ မနိုင့်တနိုင်ထကာ ကျနော့်အား ဘုကြည့်ကြည့်လေသည်။

`အေဘေး … မင်းငါ့ကိုပြောထား မင်းအလှည့်ကျမှသိမယ်´ဟု ဘုတော တောလေတော့သည်။

ကျနော်က ဆက်ပြီး …`ဟေ့ကောင် … လူရယ်လို့ ဖြစ်လာရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရမယ်ကွ … အခု မင့်ဟာက ခဏခဏ ခြေချော်နေမှဖြင့် ရှေ့ဆက်ပြီး ဘ၀ခရီးကို ဘယ်လိုဆက်မှာလဲကွ …´

ကျနော့်မှာ ဘုန်းကြီးကျောင်းနေဖူး၍ ဘုန်းကြီးကျောင်း စာအုပ်များထဲမှ အလွတ်ကျက်ထားသော စာပုဒ်များဖြင့် ထိုးနှက်လေရာ သူငယ်ချင်းများခမျာမှာ မျက်လုံးကလေးများ ပေကလပ်ပေကလပ်ဖြင့် ကျနော့်အား ကြည့်ကြလေသည်။ ကျနော် ပြောချင်သည့် အဓိပ္ပာယ်ကို ၎င်းတို့ ကောင်းကောင်း နားမလည်။ ကျနော်လည်း လေကုန်ခံ၍ မရှင်းပြ။

`ဘုန်း … ဗြန်း …´

`ဟော … သွားပြန်ပြီနှစ်ကောင် … မင်းတို့လည်း အောက်ခြေမခိုင်သေးပါလားကွ … ဟေ´

အောက်ခြေမခိုင်ဆို၍ သကောင့်သားနှစ်ကောင်မှာ သူတို့ခြေထောက် သူတို့ပြန်ငုံ့ကြည့်ကြသည်။ သူတို့လည်း အဓိပ္ပာယ်ကို နားမလည်သေး။ သို့သော် ကျနော့်အား မမေးဝံ့။ တစ်လမ်းလုံးတွင် ကျနော် ထိုးနှက်နေသော စကားစစ်များ စကားလုံးများကို ၎င်းတို့မှာ နားကြားပြင်းကတ်စွာဖြင့် လိုက်ပါလာလေသည်။

တစ်နေရာ အရောက်တွင် …

`၀ုန်း … ဗြန်း … ဖွတ် …´

ကျနော့်ခြေထောက်မှာ မထင်မှတ်ဘဲ ချောမွေ့နေသော ရွံ့တုံးကြီးတစ်တုံးပေါ် တက်နင်းမိ၍ ပုံပျက်ပန်းပျက်ဖြင့် ဟတ်ထိုးလဲသည့်အပြင် မျက်နှာမှာ မည်သည့်အရာနှင့် အပ်မိသွားသည် မသိလိုက်။ တော်ရုံနှင့် ပြန်မထနိုင်။ ရင်ဘတ်မှာ နာလိုက်သည်ဖြစ်ခြင်း … ကျွတ် … ကျွတ် … ကျွတ် … ။

သကောင့်သားများမှာ ကျနော့်ကို ထူပေးဖို့နေနေသာသာ စစ်နိုင်သော စစ်သူကြီးများနှယ် ခါးများထောက်ကာ ကျနော့်အား …

ပထမလဲကျသည့်ကောင်က … `ဟေ့ကောင် … ဆက်ပြောလေကွာ … အခု မင့်ဖြစ်ပျက်တဲ့ ပုံစံလေးကို … အောက်ခြေ မခိုင်လို့လား … ဒါမှမဟုတ် ဘ၀ခရီး မခိုင်လို့လား … ဘယ်လို အဓိပ္ပာယ်လဲကွ´

နောက်တစ်ယောက်ကတော့ … `ငါက အဲဂလိုတော့ မထင်ဘူး သူငယ်ချင်းတို့ … အခုဟာက သူ ဒူးချောင်နေလို့ အောက်ခြေမခိုင်တဲ့အပြင် အိမ်မှာ ထမင်းစားရတာ မ၀လို့ ငါတို့ရှေ့မှာ ထယ်ထိုးပြီး ထမင်းလာစားပြနေတာကိုးကွ …´

အားလုံးမှာ တပြိုင်နက်ထဲ ကျနော့်အားငုံ့ကြည့်၍ တ၀ါးဝါးနှင့် ပွဲကျနေလေတော့သည်။

ပွဲကျပေမပေါ့ … ခြေချော်၍ ပုံပျက်ပန်းပျက် ဟတ်ထိုး မှောက်လျှက် လဲကျသည့်အပြင် ဘယ် ငနွားမသားက ချန်ရစ်ထားခဲ့သည် မသိသော နွားချေး (နောက်ချေး) ကြီးတစ်ပုံနှင့် ကျနော့်မျက်နှာမှာ အပ်လျှက်သား စန့်စန့်ကြီး ဖြစ်နေသောကြောင့်ပင်တည်း။

အဉ္ဇလီ
Irrawaddy