အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပုဂံတွင် ပြုလုပ်မည်

ပို့စ်တင်ချိန် - 12/27/2013 10:07:00 AM


မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ၍ ပထမဆုံး ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး ASEAN Foreign Ministers’ Meeting Retreat, AMM (Retreat) ကို ပုဂံမြို့တွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၅ မှ ၁၈ ရက်အထိ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးသတင်း ရယူမည့် ပြည်တွင်း ပြည်ပ မီဒီယာသမားများ အဆင်ပြေရေး စီစဉ်ထားကြောင်းနှင့် သတင်းထောက်ကတ် ရရှိရေး၊ ဗီဇာလျှောက်ထားရေး အတွက် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းသို့ ဆက်သွယ်နိုင်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ဧရာဝတီ သတင်း