မန္တလေးတွင် အအေးလွန်ကဲသဖြင့် အိမ်ရာမဲ့ အမျိုးသားတစ်ဦး သေဆုံး



19-12-2013

မြန်မာနိုင်ငံ၌ ဒီဇင်ဘာလ ဒုတိယပတ်ခန့်မှ စ၍ မြို့ကြီးအချို့တွင် အအေးပိုလျက် ရှိရာ မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ် ရှမ်းကလေးကျွန်း ကျေးရွာ တောင်ဘက် စစ်ကိုင်း-မန္တလေး ကန်ပတ်လမ်း ဘေးတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းခန့်က အိမ်ရာမဲ့ အမျိုးသားတစ်ဦး အဆုတ်အအေးမိ၍ သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ သေဆုံးသူ အသက် ၄၀ နှစ်ခန့် အမျိုးသားသည် အခြေအနေမဲ့ သွားလာနေထိုင်သူ ဖြစ်ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲ သေဆုံးနေခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်း အမှုစစ် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်း သေဆုံးသူ၏ အလောင်းကို အမရပူရဆေးရုံတွင် ရင်ခွဲစစ်ဆေးချက်အရ လမ်းဘေးတွင် အိပ်နေရာမှ အအေးမိ သေဆုံးခြင်း ဖြစ်သဖြင့် အမရပူရ မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၃၁/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း အဆိုပါရုံး တာဝန်ရှိသူ တစ်ဦးက ထပ်မံပြောကြားသည်။

မန္တလေးမြို့တွင် ယခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က အနိမ့်ဆုံးအပူချိန် ၁၃ ဒီဂရီ စင်တီဂရိတ်ရှိပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အနိမ့်ဆုံးအပူချိန် ၁၄ ဒသမ ၂ ဒီဂရီစင်တီဂရိတ် ရှိကြောင်း၊ နှစ် ၃၀ ကို အခြေခံ တွက်ချက်ထားချက်အရ မန္တလေးမြို့၏ ဒီဇင်ဘာလ ပျမ်းမျှအပူချိန်မှာ ၁၄ ဒသမ ၉ ဒီဂရီစင်တီဂရိတ် ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

"အခုချိန်မှာ ရာသီဥတုက အရမ်း အေးနေတယ်။ ရာသီဥတု အရမ်းအေးလို့ သေနိုင်တဲ့သူတွေ အများစုကတော့ အရက်သမားတွေ၊ လမ်းဘေးမှာ လေလွင့်နေတဲ့သူတွေ များတယ်။ အရက်သမားတွေက အရက်မူးပြီး လမ်းဘေးမှာ အိပ်တယ်၊သူတို့က မူးနေတော့ အေးတယ်ဆိုတာလည်း မသိဘူး။ အဲ့ဒါ မနက်ရောက်တော့ သေရော၊ နောက်တစ်ခု လေလွင့်တဲ့သူတွေက အများစု လမ်းဘေးလို နေရာတွေ၊ ပလက်ဖောင်းတွေမှာ အိပ်ကြတယ်။ အခုရက်ပိုင်း အအေးက တော်တော်ကို အေးနေတာ။ လူကြီးတွေ၊ ကလေးငယ်တွေ မျက်နှာသစ်မယ်ဆို ရေနွေးလေးနဲ့ ရောပြီး သစ်ရမယ်။ အခန့်မသင့်ရင် လေဖြတ်သွားတတ်တယ်" ဟု မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ်ရှိ အထွေထွေ ရောဂါကု ဆရာဝန်တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ လေအေးများ ဝင်ရောက် တိုက်ခတ်နေခြင်း ကြောင့် မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့ မှ ၂၂ ရက်နေ့အတွင်း ပျမ်းမျှ ညအပူချိန်များအောက် ၃ ဒီဂရီစင်တီဂရိတ်မှ ၅ စင်တီဂရိတ်ထိ လျော့နည်းမည် ဖြစ်ပြီး မန္တလေးတွင် ၂၃ ဒီဂရီစင်တီဂရိတ်မှ ၈ ဒီဂရီစင်တီဂရိတ် အထိ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက် များအရ သိရသည်။

The Voice Weekly Myanmar

အမေရိကန် အရေးယူမှု မြန်မာအစိုးရတုန့်ပြန်



မြန်မာနိုင်ငံက စစ်ဘက်ဆိုင်ရာ အရာရှိ တစ်ယောက်နဲ့ စီးပွားရေး လုပ်ငန်း သုံးခုကို အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရး ဝန်ကြီးဌာနက ပိတ်ဆို့ အရေးယူမှု အသစ်တစ်ရပ် အင်္ဂါနေ့က ပြုလုပ်လိုက် ပါတယ်။ မြောက်ကိုရီးယားနဲ့ လက်နက် ကုန်သွယ်မှု ပြုလုပ်ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ အခုလို အရေးယူလိုက်တာပါ။

အရေးယူ ပိတ်ပင်ခံရသူတွေကတော့ ဒုတိယ ဗိုလ်မှူးကြီး
ကျော်ညွန့်ဦး၊ အေးရှ မက်တဲလ် ကုမ္ပဏီ၊ စိုးမင်းထိုက် ကုမ္ပဏီ၊ အိတ်ဇဲလန့်စ် ကုမ္ပဏီတို့ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မြောက်ကိုးရီးယားနဲ့ မြန်မာနိုင်ငံဟာ သံတမန် အဆက်အသွယ် ရှိတဲ့အကြောင်း၊ နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးစွာ ရှိတဲ့ မူဝါဒကြောင့် ဖြစ်ကြောင်း၊

ဒါပေမယ့် အစိုးရသစ် တာဝန်ယူပြီး တဲ့နောက်မှာ မြောက်ကိုးရီးယားနဲ့ ပတ်သက်ရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်တယ်လို့ နိုင်ငံတော် သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဂျပန် အာဆီယံ နှစ် ၄၀ ဆက်ဆံရေး အခမ်းအနား မှာလည်း မြောက်ကိုးရီးယားကို အနုမြူ ကင်းမဲ့ဇုံအဖြစ် ဆောင်ရွက်ရေး ကိုလည်း သမ္မတ ဦးသိန်းစိန်က ထောက်ခံခဲ့ကြောင်း ဦးရဲထွဋ် က ပြောပါတယ်။

အရေးယူ ဒဏ်ခတ်စာရင်းဝင် ဒုတိယ ဗိုလ်မှူးကြီး ကျော်ညွန့်ဦး ဆိုသူ တပ်ထဲမှာ ရှိမရှိ ဆိုတာလည်း မပြောနိုင်၊ တသီးပုဂ္ဂလနဲ့ ကုမ္ပဏီတွေကို အရေးယူတာ ဖြစ်တဲ့ အတွက် လောလောဆယ် မှတ်ချက်မပေးနိုင်သေးကြောင်းလည်း ဦးရဲထွဋ် က ပြောပါတယ်။

ဒီကိစ္စကြောင့်လည်း မြန်မာ အမေရိကန် ဆက်ဆံရေးကို ထိခိုက်မှု မရှိနိုင်သလို အစိုးရရဲ့ ရပ်တည်ချက်ကို အမေရိကန်က သဘောပေါက်ပြီး ဖြစ်ကြောင်း၊ အမေရိကန်ရဲ့ စိုးရိမ်မှုကိုလည်း မြန်မာ ဘက်က နားလည်ကြောင်းလည်း နိုင်ငံတော် သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

BBC Burmese


အားပေးမှုနှင့် တွန်းအားပေးမှုကို ခွဲခြားမြင်နိုင်ရဲ့လား


.................................................................

များသောအားဖြင့် လူအများကတော့ သူတို့တွန်းအားပေးနေတာကို အားပေးနေတယ်လို့ပဲ မြင်ကြပါတယ်။ဥပမာ - ကလေးတစ်ယောက် စာမလိုက်နိုင်လို့ စာလိုက်နိုင်အောင်ဆိုပြီးတော့ ရိုက်နှက်ပြီး သင်ကြားပေးတာဟာ အားပေးတာလား။

တွန်းအားပေးမှုနှင့် အားပေးမှုဟာ ပါးပါးလေးပဲကွာပါတယ်။ကလေးတစ်ယောက်ကို တောင်အောင်၊ကျောင်းစာတွေကျက်ခိုင်းမယ်၊ကျူရှင်တွေသင်၊ဂိုက်တွေခေါ်တာ အားပေးတာလို့ ဆိုနိုင်ပေမယ့် အဆင့် ၁ ရအောင်လုပ် မရရင် ဘာလုပ်မယ်၊ဘာမပေးဘူး ဆိုတာမျိုးက တွန်းအားပေးရာရောက်ပါတယ်။တွန်းအားပေးတာခံရလေလေ ပေါက်ကွဲမှုပြင်းထန်လေလေပါပဲ။
ကလေးသူငယ်အခွင့်အရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။" ကလေးကို မိဘက တွန်းအားပေး၊ဖိအားပေးတာများလာရင် စိတ်မြန်လက်မြန် ဒေါသထွက်တဲ့ ကလေးဆို ပေါက်ကွဲမှုတွေဖြစ်မယ်။မိဘစကားနားထောင်ပြီး တွန်းအားပေးတာတွေကို လိုက်လံလုပ်နေရတဲ့ ကလေးတစ်ယောက်ဆိုရင်တော့ ပေါက်ကွဲအား အရမ်းပြင်းမယ်။အဲလိုလူတွေဟာ မပေါက်ကွဲသေးရင်တော့ အေးဆေးပဲ ပေါက်ကွဲသွားရင်တော့ အရမ်းကြောက်စရာကောင်းတတ်သွားကြတယ်။"

လူတစ်ယောက်ကို အားပေးချင်ရင် သူ့ကိုလက်ခုပ်တီးပေးပါဆိုတဲ့ အတိုင်းပဲ လူငယ်တွေကို အားပေးအားမြှောက်ပြုလုပ်ရပါမယ်။လူငယ်တွေကို သူနဲ့ သက်ဆိုင်တဲ့၊သူလုပ်နိုင်လောက်တဲ့ အရာတွေကို ယုံယုံကြည်ကြည်နဲ့ ပြုလုပ်ခိုင်းပြီးတော့ အားပေးမြေတောင်မြှောက်ပေးရပါမယ်။အဲဒါကို အားပေးတယ်လို့ခေါ်ပါတယ်။

ဒါပေမယ့် အဲဒီကိစ္စကို အခုမှ စလုပ်ဖူးတဲ့ အတွက်ကြောင့် အမှားတစ်စုံတစ်ရာပါလာခဲ့လို့ ရှိရင် အော်ဟစ်ကြိမ်းမောင်းတာ၊ဆူပူတာ၊ဒေါသူပုန်ထတာတွေဟာ တွန်းအားတွေ ဖြစ်သွားပါတယ်။အဲဒီလူငယ်ဟာ မှားမှာလဲကြောက်ရ ဘယ်လိုလုပ်ရမှန်းလဲ သိပ်မသိတော့ စိတ်ဖိစီးမှုတွေနဲ့ သိမ်ငယ်မှုတွေ ခံစားသွားရနိုင်ပါတယ်။

ဥပမာလေးတစ်ခုပြောပါတယ်။ကျွန်တော့် သူငယ်ချင်း ရဲ့အကြောင်းပါ။ကချင်နွယ်ဝင်ဖြစ်ပါတယ်။ထိုင်းနိင်ငံကပါ။သူပြောတာကတော့ သူဟာ ထိုင်းဘက်ကအဖွဲ့တစ်ခု မှာအလုပ်ဝင်ပါတယ်။NGO သဘောမျိုးပါ။သူတို့ဆီမှာ လူငယ်နဲ့ လူကြီး နှစ်ဖွဲ့ရှိပါတယ်။လူငယ်အဖွဲ့မှာလဲ လူငယ် MD ရှိပြီးတော့ လူကြီးမှာလဲ လူကြီး MD နဲ့ပါ။လူကြီးတွေက သူတို့လုပ်စရာတွေကို လူငယ်တွေကို လွှဲထားပါတယ်။ဥပမာ လူကြီး မန်နေဂျာတစ်ယောက်က လူငယ်မန်နေဂျာကို ဘယ်လိုလုပ်ရမယ်၊ကိုင်ရမယ်ဆိုတာကို သင်ပေးပြီးတော့ အလုပ်တွေခိုင်းပါတယ်။

ကျွန်တော့်သူငယ်ချင်းကတော့ ရန်ပုံငွေရှာဖွေရေးဘက်မှာ တာဝန်ကျပါတယ်။တစ်ခါတော့ သူရန်ပုံငွေမှာ အမှားဖြစ်ပါတယ်။ကိန်းဂဏန်း တော်တော် ကြီးပါတယ်။သူက လုံးဝစိတ်ဓါတ်ကျပြီးတော့ " ငါတော့ သေပြီ" ဆိုတဲ့ စိတ်တွေဖြစ်နေပါတယ်။မကြာခင်မှာ သူ့ကို မန်နေးဂျင်းက ရုံးခန်းထဲခေါ်ပါတယ်။သူလန့်လန့်နဲ့ လိုက်သွားတာပေါ့။

မန်နေးဂျင်းက ဘာပြောလဲဆိုရင် "လူဆိုတာမှားမှာပဲ။ငါတို့တောင်မှာ အမှားပေါင်း သောင်းခြောက်ထောင်လောက်ကို ဖြတ်သန်းပြီးတော့မှ ဒီနေရာရောက်ခဲ့တာ။မင်းက အခုမှ ဒီအမှားပဲမှား ဖူးသေးတာ၊တစ်ခုပဲရှိတယ်။နောက်ဒီလိုအမှားမျိုး မဖြစ်အောင် ဘယ်လိုလုပ်မယ် ဆိုတာကို အစီရင်ခံစာရေးပါ" အဲလိုပြောလိုက်တော့ သူအားတက်သွားတယ်။ကြားရမယ်လို့ကို ထင်မထားတဲ့စကားကိုကြားရတာပါ။ပြီးတော့ သူ့ရဲ့အမှားကို လူကြီးအဖွဲ့က သိလို့ နောက်ကပြန်လိုက်ထားတာရှိပါတယ်။လူကြီးအဖွဲ့က လူတွေက ပြန်အဖြေရှာပြီးတော့ ဖြေရှင်းလိုက်ပါတယ်။လူငယ်တွေ တစ်ချိန်မှားမှာ ကိုသိလို့ လူကြီးဝန်ထမ်းတစ်ယောက်က အနောက်ကနေ ပံ့ပိုးလုပ်ဆောင်ထားတာရှိပါတယ်။

အမှန်ဆိုရင် အခုလို လူငယ်တွေကို တတ်နိုင်သလောက်အားပေးလုပ်ကိုင်သင့်ပါတယ်။လူကြီးတွေက အတွေ့အကြုံတွေအရ လူငယ်တွေကို မှားတာတွေ၊ပြန်ပြင်စရာရှိတာတွေကို သင်ပေးပါတယ်။အခုနောက်ပိုင်း ကုမ္မဏီကြီးတွေဆိုရင် အခုလို လူငယ်၊လူကြီး လက်တွဲဆောင်ရွက်တာတွေ ရှိနေပါပြီ။ဆမ်ဆောင်းနဲ့ မတ်ဆူရှီတာ တို့တောင်မှ လူငယ်အဖွဲ့ကို ဖွဲ့စည်းလုပ်ကိုင်နေပါတယ်။

ကျွန်တော်တို့နိုင်ငံမှာက လူကြီးတွေက လူငယ်တွေကို လက်တွဲမခေါ်ဘဲ သုံးစားမရဘူးဆိုပြီးတော့ ဖယ်ထားကြပါတယ်။တစ်ချို့ကလဲ လက်တွဲခေါ်ပါတယ်။ဒါပေမယ့် တွန်းအားပေးသလိုဖြစ်နေပါတယ်။အဲဒီတော့ လူငယ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေဟာ တစ်နေ့ထက်တစ်နေ့ နိမ့်ကျလာပါတယ်။လူဆိုတာ တစ်ချိန်မှာ သေမှာပါ။နောက်တက်လာတဲ့ လူကို နေရာမဖယ်ပေးချင်ဘူးဆိုတာ သေမှာကို မသိသေးတဲ့သူတွေပါ။အခြားနိုင်ငံတွေက လူငယ်တွေကို တစ်ဆင့်တစ်ဆင့် ဆွဲခေါ်နေတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံမှာတော့ လူငယ် ခါးဆက်ပြတ်နေပါတယ်။ဒီအတိုင်းသာ ဆက်သွားမည် ဆိုပါလျင်

မောင်စိုင်း

ပညာပေးသော ကမ္ဘာကျော် စကားလုံးများ ·

လိင်အင်္ဂါ(၂)မျိုးပါသူကလေးငယ်မွေးဖွား



ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ၀က်ထီးကန်တိုက် နယ်အတွင်း ထူးဆန်းစွာ လိင်အဂါင်္(၂)မျိုးပါဝင်သူကလေးငယ်လေးတစ်
ဦးကို (၁၄.၁၂.၂၀၁၃)ရက်နေ့ မနက် (၄း၃၀)မိနစ်အချိန်ခန့်တွင်

ကံကြီးကုန်း/အုပ်စု ကျေးရွာတွင် နေထိုင်သူ ကိုအေးမင်း ၏ဇနီး မစန်းစန်း
မော်(ခ)ပူစူးမ မှအဆိုပါ (ယောက်င်္ကျားလေး လိင်အဂါင်္ နှင့် မိန်းကလေး လိင်အင်္ဂါ) လိင်အင်္ဂါ နှစ်မျိုးပါရှိသူကလေးငယ်လေးကိုမွေးဖွားခဲ့သည်။

အဆိုပါ ထူးဆန်းစွာမွေးဖွားမှုနှင့်ပတ်သတ်ပြီး ပြည်သတင်း မှ ကျွန်တော်
ပြည်သတင်းလူငယ် မိဘများအားသွားရောက်တွေ့ဆုံမေးမြန်းခဲ့
ရာ မိခင်ဖြစ်သူ မစန်းစန်းမော်(ခ)မပူစူးမ မှ ပြည်သတင်းသို့ယခု
လိုပြန်လည်ဖြေကြားခဲ့ပါသည်။

ကလေးကို ၁၄.ရက်နေ့ မနက် ၄နာရီ ၃၀.မှာမွေးခဲ့တာပါ မမွေးခင်ကဘာမှ ထူးခြားမှု့မရှိခဲ့ပါဘူး၊ လိုချင်တာကတော့ မိန်းကလေးပဲလိုချင်ပါ တယ်။
ဒါပေမဲ့ကံစီမံရာပါပဲ၊ ဒီကလေးကို မမွေးခင်ကတော့ ဆုတွေတောင်တိုင်း
မိန်းကလေးပဲဖြစ်ပါစေဆိုတဲ့ဆုတွေကိုတော့ အရမ်းတောင်း
မိပါတယ်။

ကလေးက (၇.ပေါင်နဲ့ ၈.အောင်စ)ရှိပါတယ် ကလေးရောလူကြီးပါ ကျန်းမာရေးကောင်းပါတယ် ....ဟုကလေး၏မိခင်မှ ပြည်သတင်းသို့
့ ပြောကြားသွားသည်။

အဆိုပါကလေးကို မွေးဖွားခဲ့ရာမှာ ကျေးလက်သားဖွားအရံဆရာမ (၂)ဦးနဲ့ မွေးဖွားခဲ့တာဖြစ်ပြီး ကလေး၏မိခင်နဲ့ဖခင်တို့မှာ လက်ရှိလယ်/
ယာလုပ်ငန်း နှင့် အခြားကြံပင်စိုက်ခြင်းလုပ်ငန်းများကို လုပ်ကိုင်နေရကြောင်း အဆိုပါ ကံကြီးကုန်းကျေးရွာ။ကိုင်းချောင်းကျေးရွာ။

ဝိုင်းချောင်း ကျေးရွာ။ဇီးဖြူကွင်းကျေးရွာ စုစုပေါင်း (၄)ရွာ
တစ်အုပ်စုဖြစ်ပြီး အဆိုပါကလေးမွေးဖွားရာမှာ ကံကြီးကုန်းအုပ်စု ကံကြီးကုန်းကျေးရွာမှ လာ ရောက်ကြည့်ရူသူ အဘွားအိုတစ်ဦးဖြစ်
သူ ဒေါ်မသိန်း မှ ယခုလိုပြည်သတင်းသို့ပြောကြားသွားခဲ့သည်...

ဒီလိုမွေးတာအခုအချိန်အထိ မကြုံဘူးသေးဘူး အဘွားကလေးတစ်
ကျိတ်လောက်မွေးလာတာ ဒါမျိုးတွေကြားတောင်မကြားမိဘူး ထူးဆန်း
တယ် ဒီလိုဟာမျိုး နှစ်ခုပါလာတာ ဒါပထမဦးဆုံးပါပဲ........ဟု ၄င်းမှပြည်သတင်းသို့ပြောကြားသွားခဲ့သည်။

အဆိုပါထူဆန်းစွာ လိင်အင်္ဂါ(၂) ခုပါရှိသည့်ကလေးငယ်မွေး
ဖွားမှုနှင့်ပတ်သတ်ကြီး ၀က်ထီးကန်တိုက်နယ်ဆေးရုံ အုပ်ကြီး
ဒေါက်တာ နေ၀င်းလှိုင် အားပြည်သတင်းမှ မေး
မြန်းခဲ့ရာယခုလိုပြန်လည်ဖြေကြားခဲ့ပါသည်။

အဲဒိကလေးမွေးတာက လွန်ခဲ့တဲ့(၄)ရက်လောက်ကပါ ဆေးရုံကြီးကိုလာဖို့ ဖိတ်ခေါ်ထားပါတယ် ယနေ့အချိန်အထိတော့လာရောက်ခြင်း
မရှိသေးပါဘူး ကလေးမွေးဖွားမှု့ကို ဆေးပညာအရပြောရရင် ကိုယ်ဝန်ဆောင်မိခင်က ကိုယ်ဝန်စဆောင်ချိန်ကစပြီး ဗိုက်အပ်ရပါတယ်။

နားလည်တတ်ကျွမ်းတဲ့ကျေးလက်ကျန်းမာရေးကဆရာ/မတွေကို အဲဒိလိုဗိုက်အပ်မှ ကိုယ်ဝန်ဆောင်မိခင်အတွက်လိုအပ်တာတွေကို စီစဉ်
ပေးနိုင်မှုကပိုမိုထိရောက်မှာပါ ကိုယ်ဝန်စဆောင်ချိန် (၃)လမပြည့်ခင်မှာ ကိုယ်ဝန်ဆောင်မိခင်က မြန်မာဆေးတို့ အင်္ဂလိပ်ဆေးတို့ မှားယွ
င်းစွာသုံးစွဲမိတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။
တချို့သောဆေးတွေဆိုရင် နူတ်ခမ်းကွဲ။အာခေါင်ကွဲ။ကိုယ်လက်အင်္ဂါမစုံတာတွေလည်း ဖြစ်တတ်ပါတယ်၊ မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်ပါတယ်။

ခုချိန်ထိတော့ဘာမှမပြောချင်သေးပါဘူး၊ .........ဟုပြောကြားသွားပါ
သည်။ အဆိုပါ ထူးဆန်းစွာမွေးဖွားမှု့နှင့်ပက်သတ်ပြီး ဆက်သွယ်မေးမြန်း လှုဒါန်းချင်တယ်ဆိုရင်တော့ ကံကြီးကုန်းအုပ်စုကျေးရွာအုပ်ချုပ်ရေးမှုး
ဦးသိန်း ငွေ(၀၉၂၅၀၁၁၃၈၆၆)ကိုဆက်သွယ်မေးမြန်း
လှုဒါန်းနိုင်ပါကြောင်း ပြည်သတင်းမှ သတင်းရယူခဲ့ပါသည်။

ပြည်သတင်း

နယူးယောက်မြို့မှာ အိန္ဒိယ အမျိုးသမီး သံတမန်တစ်ဦး တကိုယ်လုံးချွတ် အရှာခံခဲ့ရ



အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အဖမ်းခံရပြီး တကိုယ်လုံးချွတ် အရှာခံခဲ့ရတဲ့ အိန္ဒိယ အမျိုးသမီး သံတမန်တစ်ဦးကို ပြန်ခေါ်နိုင်ဖို့ ရတဲ့ နည်းနဲ့ ကြိုးစားမယ်လို့ အိန္ဒိယအစိုးရက တုံပြန်လိုက်ပါတယ်။

သံတမန်တစ်ဦးအပေါ် အမေရိကန်တို့ရဲ့ အခုလို ပြုမူ ဆက်ဆံပုံနဲ့ ပတ်သက်ပြီး အိန္ဒိယက စိတ်ဆိုး ဒေါသထွက်နေတာ ဖြစ်ပါတယ်။

အဲဒီ သံတမန်အမျိုးသမီးကို ပြန်ခေါ်ပြီး သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ရေးဟာ သူတို့ရဲ့ တာဝန် ဖြစ်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးက ပါလီမန်မှာ ပြောကြားခဲ့ပါတယ်။

အိန္ဒိယ သံတမန် အမျိုးသမီးကို လိမ်လည်ပြီး ဗီဇာရယူမှု၊ အိမ်အကူကို ပေးသင့်တဲ့လစာ မပေးမှု စတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးပြီး အချုပ်ခန်းထဲမှာ ချုပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနကတော့ ဒီကိစ္စကို အကျယ်အကျယ် မဖြစ်အောင် ကြိုးစားနေပြီး ဒီကိစ္စကြောင့် အမေရိကန် အိန္ဒိယ ဆက်ဆံရေးကို မထိခိုက်စေသင့်ဘူးလို့ ပြောခဲ့ပါတယ်။

အိန္ဒိယကတော့ လက်တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန် ကောင်စစ်အရာရှိတွေ အိန္ဒိယနိုင်ငံတွင်း မြန်မြန်ဆန်ဆန် ခရီးသွားနိုင်အောင် ထုတ်ပေးထား
တဲ့ လေယဉ်ကွင်းဝင်ခွင့် ကတ်တွနဲ့ အိုင်ဒီကတ်တွကို
ပြန်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။

BBC Burmese

မလေးထိန်းသိမ်းရေး စခန်းများမှ မြန်မာ ၁၄၆ ဦး ပြည်တော်ပြန်ဝင်




မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများ၌ ရောက်ရှိနေကြသော မြန်မာလူမျိုးများကို ပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း စင်းလုံးငှားခရီး စဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးလျက်ရှိရာ ရှစ်ကြိမ်မြောက် အခမဲ့ခရီးစဉ်ဖြစ်သော ဒီဇင်ဘာ ၁၈ ရက် ခရီးစဉ်တွင် မြန်မာနိုင်ငံသား ၁၄၆ ဦး ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

" အမျိုးသားက ၁၃၅ ဦး၊အမျိုးသမီးက ၁၁ ဦး၊စုစုပေါင်း ၁၄၆ ဦး။ စနေနေ့ (ဒီဇင်ဘာ ၂၁ ရက်)မှာ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းနဲ့ ဂျိုရှူးထိန်းသိမ်းရေးစခန်းက ၁၅ ဦး ထပ်လာဖို့ ရှိတယ်။ အခုပါလာတဲ့သူတွေက ထိန်းသိမ်းရေးစခန်းတွေမှာ လပိုင်းလောက်နေခဲ့ ရတဲ့သူအများစုပဲ " ဟု သီတဂူ အထောက် အကူပြုအဖွဲ့မှ ဒေါက်တာမြတ်သူက ပြောသည်။

ပြည်တော်ပြန် ၀င်လာသည့်မြန်မာ ၁၄၆ ဦးမှာ ထိန်းသိမ်းရေးစခန်း ခုနစ်ခုမှ ခေါ်ဆောင်လာခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ပြန်လာသည့် မြန်မာများအတွက် သီတဂူအထောက်အကူပြုအဖွဲ့မှ တစ်ဦးလျှင် ကျပ်နှစ်သောင်းနှုန်းလှူဒါန်းခဲ့ကြောင်း သိရသည်။

" အစ်မက ထားဝယ်ဘက်ကနေ မလေးရှားကို ကူးသွားတာ။ အောက်တိုဘာ ၁၇ ရက်မှာ အဖမ်းခံရတယ်။ နိုဝင်ဘာ ၂၇ ရက်မှာထိန်းသိမ်းရေးစခန်းကို ရောက်တယ်။ ဟိုမှာ မြန်မာအမျိုးသမီးတွေ အများကြီးကျန်သေးတယ်။ အရမ်းငိုခဲ့ရတယ် " ဟု ရခိုင်ပြည်နယ် မာန်အောင်မြို့သို့ ပြန်မည့် မမေသန်းက ပြောသည်။

သီတဂူဆရာတော်ဦးဆောင်သော သီတဂူအထောက်အကူပြုအဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ်လီ မိတက်၏ ပူးပေါင်းလှူဒါန်းမှု အစီအစဉ်ဖြင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိ
သောမြန်မာနိုင်ငံသားများကို အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်း (အခမဲ့ စင်းလုံးငှား ခရီးစဉ်) ဖြင့် ပြန်လည်ပို့ဆောင်ပေးလျက်ရှိရာ ရှစ်ကြိမ်မြောက်ခဲ့ပြီဖြစ်ပြီး မြန်မာလူမျိုး ၁၂၀၀ ကျော်ခန့်ကို ပို့ ဆောင် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အခမဲ့စင်းလုံးငှားခရီးစဉ်များ အဖြစ် ၂၀၁၃ ခုနှစ်အတွင်း ဇွန် ၂၉ ရက်၊ ဇူလိုင် ၅ ရက်နှင့် ၁၆ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ အောက်တိုဘာ ၈ ရက် နှင့်၂၄ ရက်၊ နိုဝင်ဘာ ၂၁ ရက်နှင့် ဒီဇင်ဘာ ၁၈ ရက်တို့တွင် မလေးရောက်မြန်မာများကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေး ခဲ့သည်။

နန္ဒ၊
စံတော်ချိန် သတင်းစာ

ရန်ကုန်၊ မန္တလေး သာသနာ့တက္ကသိုလ် များမှ ၁၉ နှစ်အတွင်း ပါရဂူဘွဲ့ သံဃာငါးပါးထွက်ပေါ်



မန္တလေး၊ ဒီဇင်ဘာ ၁၈

ရန်ကုန်နှင့် မန္တလေးမြို့တော်များရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် များမှ ၁၉ နှစ်တာ ကာလအတွင်း Ph.D ပါရဂူဘွဲ့ရှင် ငါးပါး ထွက်ပေါ်လာကြောင်း နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ် (မန္တလေး) မော်ကွန်းထိန်းရုံး တာဝန်ရှိသူ ထံမှ သိရသည်။

နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် ကို ၁၉၈၆ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး အရှင် ဝိစိတ္တသာရာဘိဝံသက ရန်ကုန်နှင့် မန္တလေးမြို့တော်တို့တွင် တစ်ပြိုင်နက် တည်ထောင်ခဲ့ပြီး နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့က ကြီးကြပ်လျက်ရှိကာ တက္ကသိုလ်များ စတင် တည်ထောင်ခဲ့သည့် နေ့မှ ယနေ့အထိ ပါဂူဘွဲ့ရငါးပါး၊ M.A တက္ကသီလ မဟာဓမ္မာစရိယ ၃၃၁ ပါး၊ B.A တက္ကသီလဓမ္မာစရိယ ၁၆၈၉ ပါး အပါအဝင် စုစုပေါင်း ၂၀၂၅ ပါးကို ဘွဲ့ပေးနိုင်ခဲ့ကြောင်း အဆိုပါတက္ကသိုလ် များ၏ စာရင်းဇယား များအရ သိရသည်။

မန္တလေး သာသနာ့တက္ကသိုလ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က (၁၉) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခဲ့ပြီး B.A. Buddhism နှင့် M.A. Buddhism စုစုပေါင်း ၇၂ ပါး ဘွဲ့ရရှိကြောင်း နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး) မော်ကွန်းထိန်းရုံး တာဝန်ရှိ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

အဆိုပါ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် များသို့ တက်ရောက်လိုသော သက်တော် ၃၀ အတွင်းရှိ ရဟန်းတော်များ အနေနှင့် ပထမကြီးတန်း အောင်မြင်ရမည် ဖြစ်ကာ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်ဝင်ခွင့် နှုတ်ဖြေ၊ ရေးဖြေ အောင်မြင်ပါက တက်ရောက်နိုင်ကြောင်း ဆရာတော် က ထပ်လောင်း မိန့်ကြားသည်။

သာသနတက္ကသီလ ဓမ္မာစရိယ B.A. Buddhism ဘွဲ့ရရှိရန်အတွက် ပညာသင်နှစ် လေးနှစ်အတွင်း ဝိနည်းဘာသာ၊ သုတ္တန္တဘာသာ၊ အဘိဓမ္မာဘာသာ၊ ပိဋကတ် ဆိုင်ရာ မြန်မာဘာသာ၊ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်ဘာသာ၊ ဗုဒ္ဓဒေသနာ ပြန့်ပွားရေး ပညာဘာသာစသော ဘာသာရပ် ခုနစ်မျိုးကို ပါဠိ၊ အင်္ဂလိပ်၊ မြန်မာဘာသာတို့ဖြင့် သင်ကြား ပို့ချကြောင်း၊ အတန်းတင် စာမေးပွဲအဆင့်ဆင့် အောင်မြင် ပြီးဆုံးပါက သာသနတက္ကသီလ ဓမ္မာစရိယ B.A. Buddhism ဘွဲ့အပ်နှင်း ကြောင်းနှင့် ယင်းနောက် နယ်စပ်ဒေသများသို့ သာသနာပြုတာဝန် ၂ နှစ် ထမ်းဆောင်ရပြီး B.A. Buddhism အတွက် သင်တန်း ၂ နှစ်၊ ကျမ်းပြုသုံးနှစ်၊ နယ်စပ်သာသနာပြု တာဝန် ၂ နှစ် ထမ်းဆောင်ရကြောင်း၊ သာသနတက္ကသီလ ဓမ္မပါရဂူ (Ph.D.) ဘွဲ့အတွက် သင်တန်း ၂ နှစ် (One Year for Intensive English Course & One Year for Preliminary Course) နှင့် ကျမ်းပြုကာလ လေးနှစ် သတ်မှတ်ထားကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်။

The Voice Weekly Myanmar

မိဘပြည်သူများ ဘာမှမပူပါနဲ့ခဗျာ... ဆိုတာ သူလေ



အောင်မလေးဗျာာာာ... လို့တောင် အော်လိုက်သေး။
လူကပ်ထား လူကပ်ထားလို့ အားတက်မာန်တက်အော်ခဲ့တာ။
သူ့ကြောင့် ရယ်ရသလို အားလည်းတက်ခဲ့ကြတယ်။

သူရဲ့အပြောတွေကTVဖန်သားပြင်မှာကြည့်သူတွေအတွက်ခွန်အားဖြစ်စေပါတယ်

(မိဘပြည်သူများခမျာ ဘာမှစိတ်မပူပါနဲ့ နောက်ထပ် ၁၅ မိနစ်ကျန်ပါသေးတယ်!!! အဲလိုပြောသွားတာကို မှတ်မိနေတုံးပဲ)

မြန်မာ နဲ့ ထိုင်းအမျိုးသမီးဘောလုံးပွဲကို တီဗီကနေ၊
ပရိသတ်ကြီးကိုရှင်းပြလိုက်၊ အစီရင်ခံလိုက်၊ဆရာလုပ်လိုက်၊ ကုန်းအော်လိုက်၊လုပ်ခဲ့တာ ဒင်းပါပဲ။သူလည်း စရာကြီးပါပဲ။


Love BUDS

ဆီးဂိမ်း ၊ နော်အုန်းလှ ၊ စိုင်းနော်ခမ်း နဲ.တရုတ်ကျေးဇူး



ထူးကြီး - ၂၇ ကြိမ်မြောက် အရှေ.တောင်အာရှအားကစားပြိုင်ပွဲဖွင်.ပွဲအခမ်းအနားကို ကြည်.လိုက်ရလားဟ ။ တကယ်ခမ်းနားတာနော် ။ထင်တောင်မထင်ရဘူး ။

မူးကြီး- ဟုတ်ပါတယ် ။ဒီအခမ်းအနားကို စင်္ကပူနိုင်ငံကနေ ကြည်.နေတဲ.မြန်မာပရိသတ်ဟာ ၀မ်းသာလွမ်းလို.မျက်ရည်တောင်လည်တယ်ဆိုပဲ ။ ကမ္ဘာမှာအမြဲတမ်း ဘိတ်ချေးဘ၀နဲ. မျက်နှာငယ်ခဲ.ရတဲ.မြန်မာဟာ ဒီတစ်ကြိမ်တော. မြန်မာ. ယဉ်ကျေးမှုဟာ ဘာ လဲဆိုတာ ရယ် ။ ကမ္ဘာ. အဆင်. တင်ဆက်ပြသမှု ကို ဒို.တတွေလုပ်နိုင်တယ်ဆိုတာရယ် ကမ္ဘာကို ပြခွင်.ရတဲ.ပွဲပါပဲ ။

ထူးကြီး- ဒါကတရုတ် လက်ရာတွေဆို

မူးကြီး- အေးကွ ။ တရုတ်ကနည်းပညာအကူအညီပေးခဲ.တာတော.အမှန်ပဲ ။ ဥပမာ စတိတ်ခုံအပြင်အဆင် ၊ မီးပေးတဲ.စနစ် ၊ မီးရှူးမီးပန်းတွေရောပေါ. ။ ဒါပေမယ်. ငါတို.မြန်မာ အနုပညာရှင်တွေရဲ. ကိုယ်ပိုင်အရည်အချင်း မရှိပဲ မဟာပုဂံ တို.လို ၊ စောင်းတော်သိင်္ဂါတို.လို ၊ ပွဲဦးအလင်္ကာ တို.လိုပြကွက်တွေဟာ နဂိုရှိမှ နဂိုင်းထွက်တာပါငါ.လူ ။ တရုတ်ကဘယ်လောက်ပဲ နည်းပညာပံ.ပိုးပံ.ပိုး မြန်မာဘက်ကပြစရာမရှိပဲ ချိုမိုင်မိုင် ကမတက်ရင် ဒီလောက်ခမ်းနားစရာမရှိဘူးဟ ထူးကြီးရ ။ ကိုယ်ပိုင်အရည်အချင်း ၊ကိုယ်ပိုင်ယဉ်ကျေးမှုကအဓိကပဲ ။

ထူး- ဒါဆိုခင်ဗျားက တရုတ်ကျေးဇူး မရှိဘူးလို. ကျေးဇူးကန်းတာပေါ.ဟုတ်လား ။

မူး- S.E.A Games မှာ ကူညီတာတော.ကျေးဇူးတင်ပါတယ် ။ ဒါပေမယ်. ဒို.တွေ သူတို.ကိုကျေးဇူးဆပ်ခဲ.တာလဲများနေ့ပီလေ ။ ကျေးဇူးပြုတာကနဲနဲ ဆပ်လို.မကုန်အောင် သစ်တောတွေ ၊ တွင်းထွက်ကျောက်သံ ပတ္တမြားတွေ ၊ သဘာဝဓါတ်ငွေ.တွေ ၊ မြေယာတွေ ၊ ပိုက်လိုင်းတွေ ၊ရေနံလုပ်ကွက်တွေ ထိုးကျွေးပေးပြီးပြီလေ ။ ဒီကြားထဲ မြန်မာ မိန်းကလေးအချို.တောင် လူမှောင်ခိုဘ၀နဲ. အဆစ်ပါသွားသေးတယ် ။ ဒီထက်ပိုပြီး ကျေးဇူးဆပ်ရရင်တော. မြန်မာတစ်ပြည်လုံးတရုတ်ကို Export လုပ်လိုက်ဖို.ပဲရှိတော.တယ် ။

ထူး- ခင်ဗျားပြောတဲ.စကားတွေ ဟာ ကျုပ်တို.နိုင်ငံတော် အကြီးအကဲတွေ နဲ.တော.ဆန်.ကျင်ဘက်ပဲ ။ သူတို.ကတရုတ်ကျေးဇူးဟာ တစ်သက်လုံးဆပ်လို.မကုန် တော.သလိုလို ပြောနေကြတာပဲ ။ ဟိုတလောကတောင် တရုတ်အလံကိုမီးရှို. ဆန္ဒပြရာမှာ အားပေး ကူညီမှုနဲ. ဒေါ်နော်အုန်းလှကို ၆.၁၂.၂၀၁၃ ည က ရဲတွေလာဖမ်းသွားပါပကော ။

မူး- ငါကြားပါတယ် ။ နိုဝင်ဘာ (၂၉) ရက်နေ.က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုကန်.ကွက်တဲ.အနေနဲ. ကိုတင်ထွဋ်ပိုင် ခေါင်းဆောင်တဲ.တက်ကြွလှုပ်ရှားသူတွေက တရုတ်နိုင်ငံအလံကို မီးရှို.ဖျက်ဆီးခဲ.တာလေ ။ အဲသဟာကြောင်. တရုတ်အစိုးရ (အဲလေ) မြန်မာအစိုးရမင်းများကဆတ်ဆတ်ခါ နာပြီး ကိုတင်ထွဋ်ပိုင်ကို ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုထိခိုက်စေမှုနဲ. အာမခံမပေးပဲ ဖမ်းပြီး အင်းစိန်ထောင် ကိုပို.လိုက်သဟ ။ ဒေါ်နော်အုန်းလှကိုတော.တရုတ်အလံ မီးရှို.ချိန်မှာ အနားမှာရှိနေတာကြောင်. အားပေးကူညီမှုနဲ. လာဖမ်းသွားတယ်ကွ ။

ထူး- တရုတ်အတွက်ဆို (အဲလေ ) ပြည်သူ.အတွက်ဆို အတော်ကိုတာဝန်ကြေတဲ.ရဲတွေပါ ပဲဗျာ ။ တကယ်ချီးကျူးဖို.ကောင်းပါတယ် ။ ဒါနဲ. မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ.မှာ ဘင်္ဂလီတွေက မြန်မာအလံကိုမီးရှို. ဆန္ဒပြတော. မြန်မာ ပြည်က မျိုးချစ်အစိုးရဟာအခုလိုပြင်းပြင်းထန်ထန်ကန်.ကွက်မှာပဲနော် ။

မူး- မကန်.ကွက်ဘူးကွ ။အဲဒိတုန်းက နိုင်ငံခြားရေးဝန်ကြီးဌာနအပါအ၀င် အစိုးရတစ်ဖွဲ.လုံး အဓိဌာန်ဝင်နေကြတယ်ကွ ။မအားကြဘူး

ထူး- ငါမသိလိုက်ပါလား ။ဘာအဓိဌာန်ပါလိမ်.

မူး- သူတို.ကအဲဒိတုန်းက ပါရမီဆယ်ပါးကျင်.စဉ်ထဲက “ ခန္တီ ပါရမီ “ ကို ဖြည်.ဆီးဖို. အစိုးရတစ်ဖွဲ.လုံးရော ၊မြန်မာသံရုံးပါ အဓိဌာန်ကြီးဝင်နေတယ်ကွ ။ ဒါ.ကြောင်. ဘုရားလောင်း ဘူရိဒတ်နဂါးမင်း ကိုအတုယူပြီး ဘာပဲ လုပ်လုပ် လက်တုန်.မပြန်ပဲ ပါရမီဖြည်.နေတာ ။ သာဓုခေါ်စရာအင်မတန်ကောင်းတယ်မောင် ။

ထူး- အော်ဒီလိုလား ။ ဒါဆိုအခု နော်အုန်းလှနဲ. ၊ တင်ထွဋ်ပိုင် တို.ကိုဖမ်းတာကျတော. ခန္တီပါရမီ က ဘယ်ရောက်သွားပြီလဲ

မူး- မင်း ဗုဒ္စဘာသာမြန်မာလူမျိုးမဟုတ်ဘူးလား ။ အဓိဌာန်ဆိုတာ သူ.အချိန်ကာလနဲ.သူရှိတယ်ကွ ။ ဥပမာ ခုနစ်ရက်အဓိဌာန် ၊တစ်လ အဓိဌာန် ဒီလိုရှိတယ် ။အခုနော်အုန်းလှတို.ကိစ္စကျ အဓိဌာန်ကပြည်.သွားပြီ ။ ဒီနေရာမှာကျ ပြည်.ရှင်မင်းတို.သည် မီးကဲ.သို.ကျင်.ကြံရာ၏ ဆိုတဲ. ရှေး မဟာသမ္မတမင်းတို.ရဲ. လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရတယ် ကွ ။

ထူး- အင်း ဒါဆို မင်းအဓိဌာန် က ကွက်ကျားမိုးအဓိဌာန်ကြီးပါလားဟ ။ ထူးဆန်းပါပေ.ဆရာတွတ်ရေ လို. တွတ်ပီ တပည်. ဗိုက်ကလေးညီးသလိုသာ ညီးလိုက်ချင်ပါရဲ.ကွာ ။ ဒါနဲ.ငါမသိလို.မေးဦးမယ် ။ အလံတော်ကိုမီးရှို.ဖျက်ဆီးတာ ဥပဒေအရအရေးယူလို.ရလား ။ ဟိုတလောက ပါတီကြီးတစ်ခုရဲ. ညီလာခံမှာ နိုင်ငံတော်အလံကိုဇောက်ထိုး ပြောင်းပြန် ချိတ်ထားတယ်ဆို ။ ပြီးတော. ပြည်သူ.လွှတ်တော်မှာလဲ လွှတ်တော်ဥက္ကဌ က နိုင်ငံခြား ဧည်.သည်နဲ.တွေ.တဲ.ပွဲမှာ အလံဇောက်ထိုးဖြစ်နေဆိုပဲဟ ။ အဲဒါတွေကော အရေးယူတယ်မကြားလိုက်ပါဘူး ။

မူး- ထူးကြီး မင်းဟာ အ၇ိပ်အကဲ ခုထိနားမလည်ပါလား ။ တစ်ထွာပြရင်တစ်တောင်မြင်လိုက်စမ်းပါ ။ ငါပြောပြီးပါပကော အဲဒိတုန်းက အစိုးရဟာ ဘာသာရေးဘက်မှာ အရမ်း ကိုင်းရှိုင်းပြီး အဓိဌာန်ဝင်နေပါတယ်လို. ။အဓိဌာန်ကာလဆိုတော. သည်းခံတယ်မောင် ။အခုတော.အဓိဌာန်ပြည်.သွားပြီ ။

ထူး- ငါက ဥပဒေတွေဘာတွေနားမလည်လို.ပါ မူးကြီးရာ ။ မင်းက တရားရုံး အနားမှာ ဂျာနယ်ရောင်းသလိုလိုနဲ. နှစ်လုံးဒိုင်ဖွင်.ဖူးတာမို. ဥပဒေကို ပိုသိမှာပါ ။အလံကိုမီးရှို.မှုကတကယ်ကြီးသလားမောင် ။

မူး- အင်း ၊ ငါ ရှေ.နေနဲ.တရားသူကြီးတွေကို နှစ်လုံး သုံးလုံးသွားရောင်းရင်းစကားစပ်ကြည်.ရသလောက်ကတော. မြန်မာနိုင်ငံရဲ. တည်ဆဲဥပဒေတွေမှာ ကိုယ်.မြန်မာနိုင်ငံတော်အလံ ကိုဖျက်ဆီးရင်တော. အရေးယူခံရမယ်လို.ပြဌာန်းထားတယ် ။ဒါပေမယ်. တရုတ်အလံ ၊ ကုလားအလံ ၊အင်္ဂလိပ်အလံ စသည်ဖြင်. နိုင်ငံခြားအလံတွေနဲ.ပါတ်သက်လို.ဥပဒေသီးသန်.တော.မရှိဘူးဟ ။

ထူး- ဒါဆိုတရုတ်အလံကိုမီးရှို.တာဥပဒေကိုမဆန်.ကျင်ဘူးပေါ. ။

မူး- တရုတ်အလံဖျက်ဆီးမှုအတွက်တော. ဥပဒေသပ်သပ်မရှိဘူး ။ဒါပေမယ်. အရေးယူချင်ရင်ကြံဖန်ပြီး ယူလို.ရတဲ. ပုဒ်မ ၁၃၀(ခ) ဆိုတာရှိတယ် ။သူက အခြားနိုင်ငံများကိုအသရေပျက်စေမှုတဲ.ဟ

ထူး- ကိုယ်.နိုင်ငံအသရေပျက်တာကျ ငြိမ်နေကြတာပဲမို.လား ။ ကဲပါ လုပ်စမ်းပါဦး အခြားနိုင်ငံအသရေပျက်စေမှုဆိုတာ နော်အုန်လှတို. တင်ထွဋ်ပိုင်တို.နဲ.ဆိုင်လို.လားဟ ။ ပြောပြစမ်းပါဦး ။

မူး- အင်း ဒီလိုကွ သူပြောထားတာက နှုတ်ဖြင်.ဖြစ်စေ ၊စာဖြင်.ဖြစ်စေ ၊အမှတ်အသားဖြင်.ဖြစ်စေ ၊ ထင်ရှားသောပုံသဏ္ဍန်ဖြင်.ဖြစ်စေ မည်သူမဆို ပြည်ထောင်စုမြန်မာနိုင်ငံနှင်. နိုင်ငံခြားတို.၏ ငြိမ်းချမ်းစွာ မိတ်ဆွေအဖြစ် ဆက်ဆံမှုကိုနှောက်ယှက်ရန် အကြံဖြင်. နိုင်ငံခြားကိုဖြစ်စေ ၊ နိုင်ငံခြား၏အထွတ်အထိပ်ပုဂ္ဂိုလ်ကိုဖြစ်စေ ၊ နိုင်ငံခြားသံအမတ်ကိုဖြစ်စေ ၊နိုင်ငံခြား၏အခြားထိပ်တန်းပုဂ္ဂိုလ်များကိုဖြစ်စေ ဂုဏ်နိမ်.ကျစေတတ်သည်. ၊သို.တည်းမဟုတ် ဂုဏ်သိက္ခာထိပါးစေတတ်သည်. ၊သို.တည်းမဟုတ် မုန်းထားအောင်သော်၎င်း ၊ မလေးစားအောင်သော်၎င်း ဖြစ်စေတတ်သည်.အရာကိုကြေညာလျင် ၊ ထိုသူကိုသုံးနှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် လို.ပါတယ်ကွ ။ ဒီတော.အဲဒိ ပုဒ်ထီးပုဒ်မတွေနဲ.ကြံဖန်အရေးယူလို.ရတယ် ။

ထူး- နိုင်ငံခြားကို အမိအရကာကွယ်ပေးထားတာပဲနော် ။ ဒါနဲ.စကားမစပ် အဲဒိ ဥပဒေထဲမှာ မြန်မာနိုင်ငံသားများ ကို ဂုဏ်နိမ်.ကျစေတတ်သည်. ၊သို.တည်းမဟုတ် ဂုဏ်သိက္ခာထိပါးစေတတ်သည်. ၊သို.တည်းမဟုတ် မုန်းထားအောင်သော်၎င်း ၊ မလေးစားအောင်သော်၎င်း ဖြစ်စေတတ်သည်.အရာကိုကြေညာလျင် ၊ ထိုသူကိုသုံးနှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် လို.ရောမပါဘူးလား မူးကြီးရာ ။

မူး- မပါဘူးကွ ဥပဒေနာမည်ကိုက အခြားနိုင်ငံများကိုအသရေဖျက်မှုကွ ။ ကိုယ်.နိုင်ငံ အသရေဖျက်ခံရမှုကသပ်သပ်ကွ ။ ဒီမှာမပါဘူး ။

ထူး- ငါကအကောင်းမေးတာပါကွာ ။ ဘာဖြစ်လို.လဲဆိုတော. ငါတို.နိုင်ငံသား ရှမ်းလူမျိုး စိုင်းနော်ခမ်းကို တရုတ်သင်္ဘောသားတွေသတ်မှု ၊ မူးယစ်ဆေးဝါးရောင်းချမှုတွေနဲ. မြန်မာနိုင်ငံကဖမ်းပြီး တရုတ်နိုင်ငံကိုအပ်တယ် ကွာ ။ အဲဒိမှာတရုတ်အာဏာပိုင်တွေက သေဒဏ်စီရင်တယ် ။ သူကျူးလွန်တဲ.အမှုအတွက်သေဒဏ်ပေးခံရတာကို ငါတော. ဘာမှမပြောလိုပါဘူးကွာ ။ဒါပေမယ်. မကွက်မျက်ခင် တရုတ်အရာရှိတွေရှေ.မှာစိုင်းနော်ခမ်း ကိုဒူးတုတ်ပြီး ထိုင်ခိုင်းတယ်ကွာ ။လက်ထိတ်လဲခတ်ထားတယ် ။ကြိုးနဲ.လဲချည်ထားသေးတယ်။ လူတစ်ယောက်လုံး အသက်ကိုသွေးအေးအေးနဲ.ကွက်မျက်တဲ.ကိစ္စကို တရုတ်ရုပ်မြင်သံကြားကနေ Live ထုတ်လွှင်.ပြသတယ် ကွာ ။ဒါဟာဘယ်လောက်လူမဆန်တဲ.ကိစ္စလဲ ။ ငါတို.နိုင်ငံကရော ကိုယ်.နိုင်ငံသား တစ်ယောက် သူများနိုင်ငံမှာ သေရတော.မယ်ကိစ္စကို ငါနဲ.မဆိုင်ဘူးဆိုပြီး အလိုတူအလိုပါရေငုံနှုတ်ပိတ်နေတော.တာပဲလား ။သံတမန်နည်းအရ ဘာမှဝင်ပြီးအထောက်အကူမပေးတော.ဘူးလား ။ကိုယ်.နိုင်ငံသားတစ်ယောက် ခွေးသေသေတာကိုဒီအတိုင်းကြည်.နေရက်သလား ။အနည်းဆုံး စိတ်ဓါတ်ရေးရာအရ ၊သံတမန်ရေးရာအရ မားမားမတ်မတ် ရပ်သင်.တာပေါ . ။ တကယ်လို. မြန်မာနိုင်ငံမှာပြစ်မှုကျူးလွန်လို. တရုတ်နိုင်ငံသားတစ်ယောက်ကိုသေဒဏ်စီရင်မယ် ဆိုပါတော. ။ မြန်မာအစိုးရ ငြိမ်နေသလို တရုတ်အစိုးရက ကိုယ်နဲ.မဆိုင်သလိုနေနေမယ် ထင်သလား ။ ပြီးတော.အခု ကွက်မျက်ခံရတဲ.စိုင်းနော်ခမ်းဟာ မြန်မာနိုင်ငံသားတစ်ယောက်မဟုတ်ပဲ အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်မယ်ဆိုရင် တရုတ်က ဒီလိုလုပ်ရဲပါ.မလား ။ အမေရိကန်ကရော မြန်မာလို မျက်နှာလွဲခဲပစ်လုပ်မလား ။တကယ်တော. ဘာပြစ်မှုကြီးပဲကျူးလွန်သည်ဖြစ်စေ ၊ သူဟာ လူသားတစ်ယောက် ။ မြန်မာနိုင်ငံသားတစ်ယောက် မို. နိုင်ငံတော်ရဲ. ထိရောက်တဲ. ကာကွယ်မှုကိုရသင်.ပါတယ် ကွာ ။

မူး- ဒါတော. တရုတ်စားဖူး သူ.ကျေးဇူး ( အဲယောင်လို. ) တစ်လုပ်စားဖူးသူ.ကျေးဇူးဟ ။ အရင်ခေတ်က ပုဂ္ဂိုလ်ကြီးတွေခမျာ “ ဂန္စာလရာဇ် ဂုဏောအနန္တော “ ဖြစ်နေဟန်တူတယ်ဟ ။ တရုတ်ကျေးဇူးတပည်.တော်တို.မှာ ရှိတယ်ဘုရား ၊ တရုတ်ကိုတပည်.တော်တို.ကကြောက်နေရတယ်လို. ဟိုဝန်ကြီးတစ်ပါးပြောခဲ.တာလဲတိုင်းသိပြည်သိမဟုတ်လား ။ ပြီးတော. နိုင်ငံခြားရေးဝန်ကြီးဌာနသံတမန် ရာထူးတွေမှာ နိုင်ငံတကာဆက်ဆံရေးပညာနဲ.ဘွဲ.ရခဲ.တဲ.သူတွေထက် နီးစပ်ရာ မိုးကျရွှေကိုယ်တွေကိုခန်.ထားမှတော. သံရေးတမန်ရေးထက် ကိုယ်.အတွက်ကျန်ရေးကို ဒို.တာဝန် အရေးတစ်ပါးလို.သတ်မှတ်ကြမှာပေါ.ဟ။ စိုင်းနော်ခမ်းသေတာပဲ ၊ သူတို.အမျိုးသေတာမှမဟုတ်ပဲ ။

ထူး- အေးဟေ. ဆီးဂိမ်း ဖွင်.ပွဲတော.ပြီးသွားပြီ ။ ၂၂ ရက်နေ.ကျရင်ပိတ်ပွဲလာဦးမယ် ။ တရုတ်ကကူညီလို. ခမ်းခမ်းနားနားဖြစ်တာတော.၀မ်းသာပါတယ် ။ဒါပေမယ်. ဖွင်.ပွဲပိတ်ပွဲမှာ ကူညီခဲ.လို. ကျေးဇူးဆပ်တဲ.အနေနဲ. နယ်စပ်ကသစ်တွေ တရုတ်က သိမ်းသွားမှာတော. ကြောက်စရာပဲဟေ.။

မူး- ဒါတော.မပူပါနဲ. ၊ လုံးဝမဖြစ်နိုင်တော.ပါဘူး ထူးကြီးရာ ။

ထူး- ဒို.အစိုးရ သတ္တိတွေ ရှိပြီး ရဲရဲတောက်ဖြစ်လာပြီပေါ. ။

မူး- မဟုတ်ပါဘူး ၊ ခုတ်စရာသစ်တောတွေမရှိတော.လို.ပါ ။အားလုံးကုန်ပြီလေ ။သဘာဝအရင်းအမြစ်ပေါတဲ.နိုင်ငံမို. သစ်ပင်အရင်းနဲ. အမြစ်တွေပဲကျန်တော.တယ် ။

ထူး- ဟိုက်

သရ၀ဏ်(ပြည်) News Watch ဂျာနယ် ၂၄.၁၂.၂၀၁၃

လှုပ်လေမြုပ်လေပညာရေး


ယနေ့အချိန်အခါဝယ် အသုံးတွင်ကျယ်လျက် ရှိသော စကားလုံးမှာ ပြုပြင် ပြောင်းလဲရေး ဖြစ်ပါသည်။ ပြုပြင် ပြောင်းလဲဆိုသော စကားကို မြန်မာ အဘိဓာန်တွင် ‘ကောင်းမွန်သော အခြေအနေသို့ ရောက်အောင် ရှိရင်းတစ်ခုနှင့် အခြားတစ်ခုကို လဲလှယ် ဆောင်ရွက်သည်’ ဟု အဓိပ္ပာယ် ဖွင့်ထားပါသည်။ စာရေးသူသည် ပညာရေးသမား ဆရာတစ်ဦး ဖြစ်သောကြောင့် စိတ်ဝင်စား ဆုံးအရာမှာ ပညာရေး ပြုပြင်ပြောင်းလဲမှု အကြောင်းအရာများ ဖြစ်ပါသည်။  ပညာရေး ပြုပြင် ပြောင်းလဲရာတွင် ရှိပြီးဖြစ်သော အကြောင်းအရာများ၊ နည်းဟောင်းများ၊ လူပုဂ္ဂိုလ်များကို ပြန်လည် ဆန်းစစ်ရပါမည်။ ရေလဲနှင့် အသုံးချရုံမျှဖြင့် ပြုပြင် ပြောင်းလဲသည်ဟု မခေါ်ဆိုနိုင်ပါ။

ပညာရေး ရည်ရွယ်ချက်သည် သစ်ဆန်းရမည်။ သင်ကြား ပို့ချမှုမှာလည်း နည်းသစ်များ ဖြစ်ရမည်။ မိမိနှင့် အကျွမ်းတဝင်ရှိသော မိမိ၏ လမ်းညွှန် ချုပ်ကိုင်မှုကို ခံယူတတ်သော ပညာသည်များကို မိမိ အလိုဆန္ဒအရ ရွေးချယ် ခေါ်ယူဆောင်ရွက်မည့်အစား အတွေ့အကြုံ ရင့်ကျက်သော၊ အရည်အချင်း ပြည့်ဝသော၊ လုပ်ငန်းနှင့် အကျွမ်းတဝင်ရှိသော ပညာရှင်များနှင့် အစားထိုး ဆောင်ရွက်စေရပါမည်။ လူတစ်ဦးချင်းစီ၏ တန်ဖိုးရှိခြင်း၊ လူတိုင်း လူတိုင်း ပါဝင် ဆောင်ရွက်ရမည့် တာဝန်ရှိခြင်း၊ တစ်ဦးချင်းစီ၏ စွမ်းရည်ကို နားလည်လက်ခံပြီး ပါဝင် ဆောင်ရွက်ခွင့်ပြုခြင်း၊ တစ်ဦးချင်းအပေါ် ယုံကြည်မှုနှင့် တစ်ဦးချင်းစီ၏ ကြိုးပမ်းမှုတို့ ဆက်သွယ်နေခြင်းတို့ကို အသိအမှတ် ပြုရပါမည်။

ဘယ်ပုံဘယ်နည်း ပြောင်းလဲရမည်ဟု အတိအကျ မဆိုနိုင်သော်လည်း အတွေးအခေါ်နှင့် လုပ်နည်းလုပ်ဟန် ပြောင်းလဲခြင်းကိုမူ အဓိကထား စဉ်းစား ဆောင်ရွက်ရမည် ဖြစ်ပါသည်။

မြန်မာ့ပညာရေး သမိုင်းတစ်လျှောက် အခြေအနေနှင့် အချိန်အခါကို လိုက်၍ ပညာရေးမူဝါဒများ၊ ပညာရေး လုပ်ငန်းများ ဖန်တီးလျက် မြန်မာ့ ရေမြေ သဘာဝနှင့် လျော်ညီသော ပညာရေးစနစ်ကို စီစဉ် ဆောင်ရွက်ခဲ့ကြပါသည်။ ကဏ္ဍ တစ်ခုချင်းအလိုက် သေချာစွာ လေ့လာဆန်းစစ်မည် ဆိုပါက ပြီးပြည့်စုံမှု ရှိသည်ဟု မဆိုနိုင်သော်လည်း လမ်းညွှန်ချက်များအတိုင်း သတ်မှတ် လျာထားချက်များနှင့်အညီ ထိရောက်စွာ အကောင်အထည် ဖော်ကြမည် ဆိုပါက ခေတ်နှင့် လျော်ညီစွာ နိုင်ငံတကာကို ရင်ပေါင် တန်းနိုင်ကြောင်း ပညာရေး ပညာရှင်များ လက်ခံထားကြပါသည်။ သို့ရာတွင် ပညာရေးစနစ် လုပ်ငန်း လမ်းညွှန်ချက်များမှာ လက်သုံး ကိရိယာမျှသာ ဖြစ်၍ လက်တွေ့ လုပ်ဆောင်နေသူများမှာ လူများ ဖြစ်ကြပါသည်။ ထိရောက်စွာ အကောင်အထည် ဖော်မှု အားနည်းသောကြောင့် ပညာရေး အဆင့်အတန်း နိမ့်ကျလျက် ရှိကြောင်း ထောက်ပြ ဝေဖန်မှုများ ကြုံတွေ့နေရခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသား ပေါင်းစုံ နေထိုင်သည့်အတွက် တိုင်းရင်းသား ဘာသာစကား လေ့လာ သင်ယူနိုင်ရေး ပညာရေး စနစ်အတွင်း ထည့်သွင်း စီစဉ် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သော အခြေခံ ပညာရေးစနစ် ဥပဒေသစ်အရ မူလတန်း အဆင့်တွင် သူငယ်တန်းမှ စတုတ္ထတန်း၊ အလယ်တန်းဆင့်တွင် ပဉ္စမတန်းမှ အဋ္ဌမတန်း၊ အထက်တန်းဆင့်တွင် နဝမတန်းနှင့် ဒသမတန်း ထား၍ ပညာရေး ဖွဲ့စည်းပုံကို သတ်မှတ်ခဲ့ပါသည်။ ယခုအချိန် တိုင်အောင် ကျင့်သုံးဆဲ ဖြစ်ပါသည်။ စာသင်ချိန်နှင့် ပတ်သက်၍ ပြည်နယ်နှင့် ချင်းဝိသေ သတိုင်း (ထိုစဉ်က အသုံးအနှုန်း) ရှိ မူလတန်း ကျောင်းများတွင် မိမိတို့၏ တိုင်းရင်းသား ဘာသာ သင်ကြားနိုင်စေရန် အလို့ငှာ သူငယ်တန်းတွင် တစ်ပတ်လျှင် ငါးကြိမ်၊ ပထမတန်းနှင့် ဒုတိယတန်းတွင် တစ်ပတ်လျှင် ခြောက်ကြိမ်စီ တိုင်းရင်းသားဘာသာ ထည့်သွင်း ပြဋ္ဌာန်းခဲ့ပါသည်။ သို့ရာတွင်  လက်တွေ့ဆောင်ရွက်မှု မရှိသောကြောင့် တိုင်းရင်းသား ဘာသာစကား သင်ကြားရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေကြခြင်းမှာ ထင်ရှားသော သာဓကတစ်ခု ဖြစ်ပါသည်။

လက်ရှိ နိုင်ငံတော်အစိုးရသစ် လက်ထက်တွင် ပညာရေး ပြုပြင်ပြောင်းလဲမှု တစ်ရပ်ဟု ဆိုပြီး ရာထူးများကို ပုံအော၍ တိုးမြှင့်ခန့်ထား ပေးခဲ့ပါသည်။ ပညာရေး ဆွေးနွေးပွဲ တစ်ခုတွင် အငြိမ်းစား ပညာရေး အရာရှိကြီးတစ်ဦးက လက်ရှိ တာဝန် ထမ်းဆောင်လျက်ရှိသော ပညာရေး အရာရှိများကို ပညာရေး စာအုပ်များ ဖတ်ဖူးမှုရှိ မရှိ၊ ပညာရေး မြှင့်တင်မှု အစီအစဉ်နှင့် ဆရာများ အခန်းကဏ္ဍ (ပညာရေး လက်စွဲ၊ ၁၉၉၈ ခုနှစ်၊ အောက်တိုဘာလ) စာအုပ်ကို ဖတ်ဖူးမှုရှိ မရှိ သိလို၍ လက်ညှိုး ထောင်စေခိုင်းခဲ့သည်။ အများစုမှာ ဖတ်ဖူးသူများ မဟုတ်ကြကြောင်း ဖော်ထုတ်ခဲ့ခြင်းကို ကိုယ်တွေ့ ကြုံခဲ့ရပါ သည်။ “ပြောရမှာတော့ အားနာပါတယ်၊ အရည်အချင်းမရှိဘဲ ရာထူး ရယူခဲ့ကြခြင်း ဖြစ်တယ်” ဟု အဆိုပါ အရာရှိကြီး၏ ထပ်ဆင့် ပြောကြားချက်ကိုလည်း ကြားခဲ့ရပါသည်။ ထို့ကြောင့် ရာထူး၊ တာဝန်နှင့် အညီရပိုင်ခွင့်၊ လုပ်ဆောင်ခွင့်နှင့်အတူ အရည်အချင်း ပြည့်ဝရေးမှာလည်း ပညာရေး ပြုပြင် ပြောင်းလဲမှုအတွက် စီမံခန့်ခွဲမှု လိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။

ရာထူးတိုးမြှင့် ခန့်ထားရာတွင် ပညာရေး ပြုပြင် ပြောင်းလဲမှုအရဟု ဆိုပြီး အရည်အချင်းစစ် စာမေးပွဲ ကျင်းပလျက် ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့ပါသည်။ ရာထူးသက် မှတ်တမ်း စာမေးပွဲ ရမှတ်များကိုသာ အဓိကထား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။  ပြည်ထောင်စု ရာထူးဝန် အဖွဲ့မှ သတ်မှတ်ထားသော အရည်အချင်း အကဲဖြတ် ရမှတ်များကိုမူ ထည့်သွင်း စဉ်းစားဆောင်ရွက်မှု မပြုခဲ့ပါ။ သက်ဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိသူ အသီးသီးထံတွင် ခိုင်လုံသော ဆောင်ရွက်မှု မှတ်တမ်းများ မထားနိုင်သောကြောင့် ဖြစ်ကြောင်းကို တာဝန်ယူ ဆောင်ရွက်ခဲ့သော ပညာရေး အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိခဲ့ရပါသည်။ သင်ကြားရေး ကျွမ်းကျင်သူ ဆရာ၊ ဆရာမ များကို ရုံးလုပ်ငန်း တာဝန်များ ဆောင်ရွက်စေပြီး ပညာသင်ကြားမှု အတွေ့အကြုံ နုနယ်သူများကို သင်ကြားမှု နည်းစနစ်များ ဆွေးနွေးစေခြင်း၊ ကျောင်းများ စစ်ဆေးခြင်းအတွက် ရာထူးအရ တာဝန်ပေး ဆောင်ရွက် စေခြင်းမှာလည်း ပညာရေး စီမံခန့်ခွဲမှု မှန်ကန်ရေးအတွက် ဆင်ခြင် သတိပြုရမည့်၊ ရှောင်ကြဉ်ရမည့် အချက်တစ်ရပ် ဖြစ်ပါသည်။

သင်ကြား သင်ယူမှု ထိရောက် ကောင်းမွန်စေရေးအတွက် လိုအပ်ချက် ဖြစ်သော ဆရာ ကျောင်းသား အချိုးညီမျှစေရန် ၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်းက မူလတန်းပြ ဆွဲခန့်ဆရာများ ခန့်ထားခဲ့ပါသည်။ တောနယ် တစ်ခုရှိ မူလတန်းကျောင်း တစ်ကျောင်းတွင် ကျောင်းသား ၈၀ ခန့် ရှိပြီး အဆိုပါ ဆွဲခန့် ဆရာမတစ်ဦးသာ ရှိပါသည်။ အလားတူပင် ကျောင်းသား ၉၀ ခန့် ရှိသော မြို့မကျ တောမကျ ကျောင်း တစ်ကျောင်းတွင်မူ ဆွဲခန့် ဆရာမ နှစ်ဦး အပါအဝင် ဆရာ၊ ဆရာမ လေးဦး ရှိပါသည်။ ဆွဲခန့် ဆရာမ နှစ်ဦးအနက် တစ်ဦးက သူငယ်တန်း၊ တစ်ဦးက ပထမတန်း သင်နေကြရပါသည်။ ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဆရာကျောင်းသား အချိုးမှာ ၁း၂၇ ဖြစ်သည်ဟု သိရပါသည်။ အခြေခံပညာ ခိုင်ခံ့ ကောင်းမွန်စေရေးအတွက် အလွန်အရေးကြီးဆုံး ဖြစ်သော သူငယ်တန်းကို အတွေ့အကြုံ နုနယ်သော၊ သင်ပြမှု နည်းပညာ ကျွမ်းကျင်မှု မရှိသေးသူများကို တာဝန်ပေး သင်ကြားစေခြင်းသည် များစွာ ရင်နာဖွယ် ဖြစ်ပါသည်။ မြို့နယ် တာဝန်ရှိသူများ အနေနှင့်လည်း သင်တန်း အမျိုးမျိုး၊ အစည်းအဝေး အကြိမ်ကြိမ် သွားနေရသဖြင့် ပင်မလုပ်ငန်းဖြစ်သော ပညာရေး လုပ်ငန်း ကြီးကြပ်ကွပ်ကဲမှုအတွက် စနစ်တကျ မဆောင်ရွက်နိုင် ဖြစ်နေရပါသည်။ ဖြစ်ရပ် အခြေအနေ မှန်များအနက်မှ တစ်ခုမျှသာ ဖြစ်ပါသည်။

ပညာရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်း အစီအစဉ်များ ချမှတ်နိုင်ရန် အဖွဲ့အလိုက် အစည်းအဝေးများ အကြိမ်ကြိမ် ကျင်းပလျက် ရှိပါသည်။ အဆိုပါ အစည်းအဝေးများတွင် အငြိမ်းစား ပညာရေး အရာရှိကြီးများက ဦးဆောင် ဆွေးနွေးကြပါသည်။ ပါဝင် ဆွေးနွေးသူများမှာ ၎င်းတို့နှင့် ရင်းနှီး ကျွမ်းဝင်သော အငြိမ်းစား ပညာရေး အရာရှိများ၊ ပညာရေးဌာနအတွင်း တာဝန် ထမ်းဆောင်ဆဲ ရာထူးအဆင့်အလိုက် သတ်မှတ် ခေါ်ယူထားသူများ ဖြစ်ပါသည်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပါဟု ဆိုသော်လည်း အကြောင်းအရာ တစ်ခုကို အကန့်အသတ် တစ်ခုအတွင်း ဆွေးနွေးစေရန် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ အမည်ကို ရာထူးအလိုက် ခေါ်၍ ဆွေးနွေးစေပါသည်။ အချို့သော အခြားသော ဆရာများ၏ ဆွေးနွေးမှုကိုမူ အချိန်ကို ငဲ့ညှာသောအားဖြင့်ဟု ဆို၍ ကန့်သတ် ဆွေးနွေးစေပါသည်။ အစဉ်အလာအရ ပညာရေးဌာနတွင် အဆင့်မြင့် တာဝန်ယူခဲ့ပြီး လုပ်ငန်းထိရောက် အောင်မြင်စေရန် ဆောင်ရွက်မှု မပြုသူများက ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် ဦးဆောင် ဆွေးနွေးနေခြင်းမှာ မြန်မာ့ပညာရေး ရင်လေးစရာ ဖြစ်ပါသည်။ လက်ရှိ ပညာရေး ဌာနအတွင်း အဆင့်မြင့် တာဝန်ယူနေသူ များကလည်း အရည်အသွေး ပြည့်ဝပြီး လောင်းရိပ် ကင်းကင်း ဆောင်ရွက်နိုင်ရေး လိုအပ်သကဲ့သို့ အရည်အချင်း ပြည့်မီသူများကို စိစစ်ရွေးချယ် တာဝန်ပေးရန် လိုအပ်ပါသည်။ ပြင်ပ ပညာရေး ပညာရှင်များ၏ အကြံဉာဏ်ကိုလည်း ရယူဆွေးနွေး အမြင်ချင်း ဖလှယ်သင့်ပါသည်။

‘သန်း ၆၀ သော ပြည်သူများတွင် အစိုးရ ဝန်ထမ်းမှာ တစ်သန်းခန့် ရှိပါသည်။ ၎င်းတို့အနက် ပြုပြင်ပြောင်းလဲ လိုသူများမှာ ၁၀၀၀ လောက်သာ ရှိပြီး ကျန်သော သူများမှာ တရွတ်တိုက် လိုက်နေဆဲ ဖြစ်သည်’ ဟု ပြည်ထောင်စု ဝန်ကြီးတစ်ဦး ပြောခဲ့သည်ဟု သိရပါသည်။ ဖြစ်ရပ် အခြေအနေကို သိလျှင် နည်းလမ်းရှာ ဖြေရှင်းရန်သာ လိုအပ်ပါသည်။ တရွတ်တိုက်လိုက် နေသူများကို စည်းရုံး၍ ပညာပေးပြီး မလိုက်နိုင်ပါက လက်တွဲ ဖြုတ်ရန်သာ ဖြစ်ပါသည်။ ဟန်ပြ လုပ်ဆောင်လိုသော သဘော၊ နေမြဲဆက်နေလိုသော သဘော၊ လုပ်ငန်း ကျွမ်းကျင်အောင် လေ့လာအားထုတ် ကြိုးစားလိုမှု ကင်းမဲ့သော သဘော၊ ဆရာမွေး တပည့်မွေးလိုသော သဘောများ အရိုးစွဲနေခြင်းများ ပညာရေးဌာန တာဝန်ရှိသူ အသီးသီးထံ လွှမ်းမိုးနေမည် ဆိုပါလျှင် မြက်ခင်းစိမ်းစိမ်း လွှမ်းထားသည့် ရွှံ့နွံ ထူထပ်သော အိခုံ (နွံ) ထဲသို့ ရောက်နေသူကဲ့သို့ လှုပ်လေမြုပ်လေ ပညာရေး ဖြစ်သွား နိုင်သောကြောင့် အတ္တစွဲ ကင်းကင်းဖြင့် စဉ်းစား ရှောင်ကြဉ် ပြုပြင်သင့်ပြီ ဖြစ်ပါသည်။

မြန်မာ့ ပညာရေး ပြုပြင် ပြောင်းလဲမှုကို လှုပ်ရှားမှုသာ ရှိပြီး အသံမမြည်သော၊ အသံမထွက်သော ပတ်ခြောက် တီးဝိုင်းမျိုး မဖြစ်စေလိုပါ။ ငြိမ့်ညောင်း သာယာသံတို့ဖြင့် ပြွမ်းသော တေးသံစုံ တူရိယာတီးဝိုင်း ဖြစ်စေလိုသည်မှာ ပညာရေးသမား ဆရာ ဆရာမများ၏ မွန်မြတ်သော ဆန္ဒအမှန်သာလျှင် ဖြစ်ပါသည်။

The Voice Weekly Myanmar

Samsung Customer Call Center ဖုန်းလိုင်း ကို စတင် အသုံးပြုနိုင်ပြီ။


---------------------------------------------------------------------
Call Center ဆိုပေမဲ့ အခြား၁၈၇၆ နဲ့ ၁၂၁၂ ကဲ့သို့ ခေါ်ဆိုမူကြာမြင့်စေမှာ မဟုတ်ပဲ။
ခေါ်လိုက်တာနဲ့ချက်ချင်း Service ထဲကိုရောက်ရှိကာ estimate ဈေးနှုန်းတွေကို ချက်ချင်းသိရှိစေမှာ ဖြစ်ပါတယ်။
Samsung ရဲ့ နောက်ဆုံးပေါ် ဖုန်းနဲ့ အီလက်ထရောနစ်ပစ္စည်းတွေ အကြောင်းတွေ၊
Samsung ဖုန်းနဲ့ အီလက်ထရောနစ် ပစ္စည်းတွေ ဝယ်ဖို့ သင်နဲ့ အနီးဆုံးက ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်တွေ ၊
Samsung ရဲ့ Service Center တွေရဲ့ လိပ်စာ တွေ၊
သင်သိလိုတဲ့ Samsung နဲ့ ပတ်သက်သမျှ အကြောင်းအရာလေးတွေကို သိရှိနိုင်ပြီဖြစ်ပါတယ်။
စနေ တနင်္ဂနွေ အပါအဝင် မနက် (၉) နာရီ မှ ညနေ (၅) နာရီ ထိ ဝန်ဆောင်မှု ပေးနေပါတယ်။
သင်သိလိုတဲ့ Samsung နဲ့ဆိုင်တဲ့ အကြောင်းအရာလေးတွေကို Samsung Customer Call Center ဖုန်းနံပါတ် ၀၁ - ၂၃၉၉၈၈၈ သို့ ခေါ်ဆိုမေးမြန်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

Aung Heine ( www.smart.com.mm )

မရမ်းကုန်း ၉ ရပ်ကွက်တွင် လူနေအိမ် ၁၅ လုံးမီးလောင် လူ ၂၀၀ နီးပါး ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ထားရ


နန်းမြင့်

ရန်ကုန်၊ မဇ္ဈိမ။ ။ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၉ ရပ်ကွက်၊ သူရလမ်းတွင် ဒီဇင်ဘာ ၁၉၊ နံနက် ၂ နာရီခန့်က လူနေအိမ် ၁၅ လုံးမီးလောင်
မှုဖြစ်ပွားခဲ့ပြီး နောက်ဆုံးရရှိသည့် သတင်းအရ ကယ်ဆယ်ရေးစခန်းဖွင့်ကာ လူ ၂၀၀ နီးပါး ပြောင်းရွှေ့ထားရသည်။

ဖြစ်စဉ်မှာ အိမ် အမှတ် ၉၀၊ အိမ်ရှင်ဒေါ်ခင်သန်း၊ အိမ်ငှား ဦးမျိုးမြင့်အောင်နေ
ထိုင်သည့် သွပ်မိုး၊ပျဉ်ထောင်၊ ပျဉ်ခင်းနှစ်ထပ်အိမ်တွင် လျှပ်စစ်မီးပူ အသုံးပြုပြီး ခလုပ်မပိတ်ဘဲ ထားရာမှ အပူလွန်ကဲ၍ စတင်မီးလောင်
မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မီးသတ်ဦးစီးဌာနက အတည်ပြုထားသည်။

မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မင်းက “မီးလောင်တဲ့ နေရာ ရောက်ဖို့က လမ်းက ကျဉ်းတယ်။ လမ်းပေါ်က ဓာတ်ကြိုးတွေက ၁၅ ပေ မြင့်ရမှာ။ ဒီထက်နိမ့်နေတော့ မီးကြိုးတွေကလည်း မီးသတ်ကားနဲ့ မလွတ်ဘူး။

မြောင်းတွေမှာ တံတားထိုးထားတာကလည်း အိမ်စီးကားလောက်ပဲ
သွားလို့ရတယ်။ အိမ်တွေကလည်း ကျပ်တယ် တော်သေးလို့ ဒီလောက်နဲ့ပဲပြီးသွားတာ။ အဲဒီလမ်းနောက်မှာလဲ အိမ်တွေ အများကြီးပဲ။ အဓိက လမ်းဘေးမှာ ရှိတဲ့ အိမ်တွေက လမ်းကို မီးမကူးဖို့ပါပဲ” ဟု ၎င်းတို့ ကြုံတွေ့ခဲ့ရသည့်အခက်အခဲကို ရှင်းပြသည်။

ယင်းမီးလောင်မှုကြောင့် အကျယ်အ၀န်း သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း နှစ်ထပ်အိမ် ရှစ်လုံး၊ သွပ်မိုး အုပ်ညှပ် နှစ်ထပ်အိမ် သုံးလုံး၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း တစ်ထပ်အိမ် လေးလုံး၊ စုစုပေါင်း အိမ် ၁၅ လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ခံရ၍ ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၇၃ သိန်းဖိုးခန့်ရှိသည်ဟု မီးသတ်ဦးစီးဌာနက ခန့်မှန်းထားသည်။

မီးလောင်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မန္တလေးမစိုးရိမ်ကျောင်း
တွင် နေထိုင်သူ ကိုတင်မောင်အေးက "ကျွန်တော်အိပ်ရာနိုးတော့ စလောင်တဲ့ အိမ်က တော်တော်လေးကို မီးလောင်နေပြီး ၁၉၁ ကို အကြောင်းကြားလိုက်တယ်။

ပဌာန်းပွဲကလည်းရှိတော့ ပဌာန်းကို ရပ်ပြီး မီးလောင်နေတာကို
မိုက်နဲ့အော်လိုက်တော့မှ ရပ်ကွက်က သိတာ။ အိမ်တွေက ဆက်နေတဲ့ အတွက် မီးလောင်တာများသွားတာ။ လမ်းကကျဉ်းတော့ မီးသတ်ပိုက်ကို နှစ်ဆင့်လောက်ဆက်ပြီး ရေဖြန်းရတယ်” ဟု ဆိုသည်။

အဆိုပါ မီးလောင်ရာသို့ မီးငြိမ်းသတ်ယာဉ် ၅၀စီး၊ အထောက်အကူပြုယာဉ် လေးစီး၊ မီးသတ်စက်ယာဉ်နှစ်စီး၊ အုပ်ချုပ်မှုယာဉ် သုံးစီး၊ သန္ဓေမီးသတ် ၂၅၆ ဦး၊ အရန်မီးသတ် ၁၁၄ ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၄၄ ဦးဖြင့် သွားငြိမ်းသတ်ခဲ့ရာ မီးလောင်ကျွမ်းသည့် အချိန်မှ ၁ နာရီကျော်အကြာ နံနက် ၃နာရီ ၂၅ တွင် မီးငြိမ်းသွားခဲ့သည်။

မီေးလာင်မှုကြောင့် အိမ်ထောင်စု မီးဘေးဒုက္ခသည် အိမ်ထောင်စု ၄၅ စုမှ အမျိုးသား ၉၉ ဦး၊ အမျိုးသမီး ၁၀၀ ဦး၊ စုစုပေါင်း ၁၉၉ ဦးကို မရမ်းကုန်းမြို့နယ် ၉ရပ်ကွက်၊ သူရလမ်းရှိ မန္တလေးမစိုးရိမ်ကျောင်းတိုက် ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ ထားရှိသည်။

မီးလောင်မှုကြောင့် အိမ်ငှားဖြစ်သူ ဦးမျိုးမြင့်အောင် အသက်၃၁နှစ်အား
မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ပ- ၅၁၉/၂၀၁၃ ပုဒ်မ ၂၈၅ဖြင့် အရေးယူထားသည်။

Mizzima Burmese


ရတနာပုံနေ့စဉ်သတင်းစာ (၁၉-၁၂-၂၀၁၃) ကြာသပတေးနေ့

နောက်ဆုံးထွက် ဂျာနယ်များ ဖတ်ရန်၊ download လုပ်ရန်

အကျယ်ချဲ့ကြည့်ရန်





Health Updates Journal ( Issue - 92 )

နောက်ဆုံးထွက် ဂျာနယ်များ ဖတ်ရန်၊ download လုပ်ရန်

အကျယ်ချဲ့ကြည့်ရန်





မွန်းတည့်နေဂျာနယ် အတွဲ(၁) အမှတ်(၅၁)

နောက်ဆုံးထွက် ဂျာနယ်များ ဖတ်ရန်၊ download လုပ်ရန်

အကျယ်ချဲ့ကြည့်ရန်





မြန်မာကွင်းလယ်ကစားသမား မသန်းသန်းထွေးနဲ့ မေးမြန်းချက်




19-12-2013 (RFA)

မနေ့ညက မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းမှာ ထိုင်းအမျိုးသမီးအသင်းကို ပင်နယ်လ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိုမ့်သွားခဲ့ပေမယ့် လာမယ့် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ မလေးရှား အမျိုးသမီးအသင်းနဲ့ကစားမယ့် တတိယလုပွဲမှာ နိုင်အောင်ကစားသွားမယ်လို့ မြန်မာအမျိုးသမီးဘောလုံးအသင်း ကွင်းလယ်ကစားသမား နံပါတ် ၇ မသန်းသန်းထွေးက RFA ကို ပြောပါတယ်။

မြန်မာအမျိုးသမီးဘောလုံးအသင်း ကွင်းလယ်ကစားသမား မသန်းသန်းထွေးကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက ဆက်သွယ်မေးမြန်းထားပါတယ်။

https://soundcloud.com/burmeserfa/gayvip9lioxc

Myanma Spectrum

New light of Myanmar သတင်းစာ (၁၉-၁၂-၂၀၁၃)

နောက်ဆုံးထွက် ဂျာနယ်များ ဖတ်ရန်၊ download လုပ်ရန်

အကျယ်ချဲ့ကြည့်ရန်





ကြေးမုံသတင်းစာ (၁၉-၁၂-၂၀၁၃)

နောက်ဆုံးထွက် ဂျာနယ်များ ဖတ်ရန်၊ download လုပ်ရန်

အကျယ်ချဲ့ကြည့်ရန်





မြန်မာ့အလင်းသတင်းစာ (၁၉-၁၂-၂၀၁၃)

နောက်ဆုံးထွက် ဂျာနယ်များ ဖတ်ရန်၊ download လုပ်ရန်

အကျယ်ချဲ့ကြည့်ရန်





ဆန်ခါတင် အကယ်ဒမီစာရင်းဝင် ‘လက်ပံ’ ရုပ်ရှင် ဇာတ်ကားကြီး


၅၇ကြိမ်မြောက် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲလည်း တဖြည်းဖြည်း နီးသထက် နီးလာပြီဖြစ် သည်။ ယခုနှစ်အတွက် အကယ်ဒမီစာရင်းဝင် ဆန်ခါတင်ခုနစ် ကား ရှိခဲ့သည့်အနက် ကယန်းအလှ၊ အမွေခံထိုက်သူဖြစ်ပါစေ၊ မော်ကင်း ဥဒါန်း၊ ဥ၊ အမုန်းမီးတောက်၊ တိမ် မင်းသမီးရဲ့ဒဏ္ဍာရီဇာတ်ကားတို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သူ၊ ထုတ်လုပ်သူ၊ စက်မှုပိုင်းဆိုင်ရာအတတ်ပညာရှင်တို့၏ ဇာတ်ကားရိုက်ကူးခဲ့စဉ်က အတွေ့ အကြုံများ၊ အကယ်ဒမီအကြို ရင်ခုန်သံများကို အပတ်စဉ်တစ်ပတ် တစ်ကားနှုန်းဖြင့်ဖော်ပြဖြစ်ခဲ့သည်။ ယခုဆန်ခါတင် ခုနစ်ကားထဲတွင်နောက် ဆုံးတစ် ကားတည်းကျန်ရှိသည့် ‘လက်ပံ’ ဇာတ်ကားကို ဖော်ပြပေးချင်ပါ သည်။

ဒါရိုက်တာဝိုင်းအကောင်းဆုံး ပုံဖော်ရိုက်ကူးသည့် ‘လက်ပံ’ ဇာတ် ကားအနေဖြင့် အကယ်ဒမီရထိုက်ကြောင်း ပရိသတ်တော်တော်များ များထင် ကြေးပေးနေကြပြီဖြစ် သည်။ လက်ပံဇာတ်ကားသည် ဆန်ခါတင် ခုနစ် ကားအနက် တစ်မူထူးခြားသည့် ဇာတ်ကားတစ်ကားဖြစ်သည်။ တစ် ယောက်နှင့်တစ်ယောက်ကြားက နားလည်ရခက် ခဲ့သည့် စိတ်ခံစားမှုမျိုး ကို အဓိကပေါ်လွင်အောင် သီချင်း၊ မြူးဇစ်ကလည်း အကောင်း ဆုံးပံ့ပိုးပေးထားသည်။ သို့သော်လည်း ကျိန်စာသင့်လက်ပံဆိုသည့် နဂိုမူလခေါင်းစီး အတိုင်း ကျိန်စာသင့်သလို အမျိုးမျိုးအခက်အခဲ ကြုံတွေ့ခဲ့ကြရသည်။ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သူ၊ ထုတ်လုပ်မှုအပိုင်းက အစ အလွှာအသီးသီးက ပါဝင် အားဖြည့် ခဲ့ သူများ၏ ဇာတ်လမ်းရိုက်ကူးခဲ့စဉ်က အတွေ့ အကြုံ၊ အကယ်ဒမီ အကြိုရင်ခုန်သံများကို တစ်ဆင့်ဝေမျှလိုက်ပါသည်။
►ဦးဝင်းကြည်
(စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေး)
“ဒီ ‘လက်ပံ’ ဇာတ်ကားကို ပထမဆုံးထုတ်လုပ် သူက မဖြူနှင်းဖွေး (Golden Virgo) ပါ။ ရိုက် ကူးရင်းရပ်သွားလို့ ဒါရိုက်တာကိုဝိုင်း၊ ပြေတီဦး တို့နဲ့တိုင်ပင်တယ်။   နောက်   မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက လူကြီးတွေ ရှေ့မှောက် မှာလွှဲပြောင်းဝယ်ယူပြီးတော့ ဆက်လက်ရိုက်ကူးခဲ့တာပေါ့ ဝတ္ထုဇာတ်လမ်းကို မဖြူနှင်း ဖွေး မရိုက်ခင်က တည်းကပင် ပြေတီ ဦးပေးလို့ ဦးရဲ့အမျိုးသမီးက အရင် ဖတ်ကြည့်တော့ကြိုက်တယ်။ နောက် တော့ ဦးဖတ်ကြည့်တယ်။ အဲဒီက တည်းက ကြိုက်နှစ်သက်ခဲ့တာပါ။ အခုလို အကယ်ဒမီဆန်ခါတင် စာရင်းဝင်သွားတော့ ဝမ်းသာရတာပေါ့။ ဒီကားကို ဇာတ်လမ်းအရ ဘယ်နှခါ ပြန်ကြည့် ကြည့်ကျေနပ်အားရမိ တယ်။ အားနည်းချက်တချို့က လွဲ ရင် ပေါ့လေ။ အခု အကယ်ဒမီဆန်ခါ တင် ခုနစ်ကားထဲမှာ  ပါဝင်နေတဲ့ အတွက် ပရိသတ်ကလည်း အကယ်ဒမီရစေချင်ကြတယ်လို့ ကြားရတော့ ဝမ်းသာရတာပေါ့။ အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးအထူးတင် ပါတယ်။ အခုလက်ပံ ရုပ်ရှင်ဇာတ် ကားကမျှော်လင့်မထားပါဘဲ အကယ် ဒမီဆုရခဲ့ရင်တော့ အတိုင်းမသိဝမ်းသာ ရမှာပေါ့။ ထုတ်လုပ်သူတစ်ယောက် အနေနဲ့တော့ သရုပ်ဆောင်အားလုံး ကို ရစေချင်ပါတယ်”
►ဒါရိုက်တာဝိုင်း
“အစ်ကို့အနေနဲ့ကတော့ မထူး ပါဘူး။ အစ်ကိုရိုက်ခဲ့တဲ့ဇာတ်ကား တွေက ပဏာမစာရင်းဝင်ခဲ့တာပဲ ဆို တော့ အစ်ကို့အတွက်ကတော့ ထူး ခြားမှုမရှိပါဘူး။ အကယ်ဒ မီရသွား မယ်ဆိုရင်တော့ ထူးခြားမှု တစ်စုံ တစ်ရာရှိမယ်လို့ထင်ပါတယ်။ အစ်ကို ကတော့အခန်းတိုင်း၊ အခန်းတိုင်း ကသုံးပုံနှစ်ပုံလောက်ကတော့ အားရ ကျေနပ်ခဲ့ရတဲ့ အခန်းတွေပါပဲ။ လက်ပံ ဇာတ်ကားနဲ့ပတ်သက်ပြီးတော့ အားရ ကျေနပ်ရပါတယ်”
►ကိုမင်းသူရ(တေးဂီတ)
“ဒီလက်ပံဇာတ်ကားမှာ Main Theme Song ပေါ့။ တစ်ကားလုံး မှာ အဲဒီသီချင်းတစ်ပုဒ်ပဲပါတယ်။ အရင်ရေးလည်းရေးတယ်။ ဆိုလည်း ဆိုတယ်။ အဲလို လုပ်နေရင်းနဲ့ ဒီ လက်ပံဇာတ်ကားမှာ ပါဝင်တီးခတ် ပေးဖို့ကို ဝိုင်းက ယုံယုံကြည်ကြည် နဲ့လာအပ်တော့လုပ်ဖြစ်သွားတာပေါ့ နော်။ ဒီကားမှာ ခံစားတတ်တဲ့ ကိုယ်ပိုင်မုဒ်ကို ကိုဝိုင်းက လိုချင် တယ်။ ဒီတော့ ဝိုင်းဝန်းပြီး ပံ့ပိုးပေး ရတာပေါ့။ လုံးခြာလိုက်ပြီး အကြိမ် ကြိမ် တီးခတ်ခဲ့ရတယ်။ သီချင်းရေး တုန်းက တော်တော်တိုင်ပတ်ခဲ့တယ်။ ဘာလို့ဆို ဒါရိုက် တာလိုချင်တဲ့မုဒ်က တော်တော်ရှားတယ်။ ဘာလို့ဆို အချစ်သီချင်းလည်း မဟုတ်ဘူး။ သားအမိ၊ သာအဖအကြောင်းရေး တာလည်း မဟုတ်ဘူး။ ထူးဆန်းတဲ့ စိတ်ခံစားမှု တစ်ခု လူနှစ်ယောက်ပေါ့။ သားအမိ၊ သားအဖတော်စပ်မှန်း လည်း မသိဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်ကြားကဘာမှန်းမသိ တဲ့ ထူးဆန်းတဲ့စိတ်ခံစားမှုတစ်ခုကို လင့်လေးတစ်ခုကို ပေါ်အောင် ရေး ရတယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားခဲ့တာပေါ့။ အကယ်ဒမီ ကတော့ ကိုဝိုင်းကို ရစေချင်တယ်။ အဓိကတစ်ခုကေ တာ့   မြန်မာ့ရုပ်ရှင် မြင့်မားတိုးတက်ရေးပေါ့။ မြန်မာ့ရုပ်ရှင်မြင့်မားတိုးတက်ချင်ရင် ကို ဝိုင်းကို ပေးသင့်တယ်။ ပရိသတ်က မှတ်ချက်ပေးတာလေ။ သူတို့ရွေး ချယ်တဲ့ အဖွဲ့တော့ ရှိမှာပေါ့။ တကယ်မြန်မာရုပ်ရှင်မြင့်မားရေး အတွက်လုပ်ရင် ဒီလိုကားမျိုးကို ပေး သင့်တယ်။ ကြည့်ပြီးတဲ့လူ သိပါလိမ့် မယ်။ ဥပမာအက်ကြောင်းထပ်တာ လား။ ဒါက ကိုယ့် ရဲ့ ပုဂ္ဂလိက ကိုယ် ပိုင်ခံစားချက်နော်။ အဲဒီတော့မှပဲ အသစ်ရမှာလေ။ မဟုတ်ရင် ဒီ အဟောင်းတွေထဲမှာပဲ လည်နေမှာ ပေါ့။ ကိုဝိုင်းရသင့်တာလည်း ကြာပြီ။ ဒီကားနဲ့ ကိုဝိုင်းရသင့်တယ်။ ကိုယ့် အနေနဲ့တော့ အခုအချိန်ထိစနောက် နေသလိုပါပဲ။ အကယ်ဒမီဆိုတာ လေ။ အမှန်တော့ ဒီကားက ပရိသတ် ထံ အမှန်တကယ်ရောက်သင့်တာ ကြာပါပြီ။ အခုက တအားနောက်ကျ ပြီးမှ ပရိသတ်ထံ ရောက်သလိုဖြစ် ခဲ့ရတယ်။ အစ်ကို့သားတစ်သက်ပဲ။ လွန်ခဲ့တဲ့ သုံးနှစ်က လုပ်ခဲ့တဲ့အရာ က အခုမှ အသံထွက်လာ ယ်။ တအားနောက်ကျတယ်။ အမှန် တကယ်ဆိုရင် ပရိသတ်လတ်လတ် ဆတ်ဆတ် ခံစားကြည့်ရှုရမှာ။ မသိုး ဘူးပေါ့။ အခုလ့်း သိုးတယ်လို့ မဆို ပါဘူး။ ဒါပေမဲ့ ကွာသွား တာပေါ့နော်။ ကိုဝိုင်းက ယုံယုံကြည်ကြည်နဲ့အပ် တယ်။ အဓိကကတော့ လုပ်လို့ရတဲ့ အကြောင်းပြချင်တာ။ မလုပ်ကြတာ။ အခုတော့ ဒီဂျစ်တယ်ခေတ်ဖြစ်နေ ပြီလေ။ ဒီကားက တိုင်ပတ်ခဲ့တာ တွေ အကြီးကြီးပဲ။ အပြောင်းအလဲ တွေ၊ ရပထားခဲ့ရတာတွေရောပေါ့။ ရပ်ထားခဲ့ရတာတစ်နှစ်ကျော်တောင် ကြာတယ်။ တခြားပြောပြလို့မရတဲ့
အကြောင်းတွေအများကြီးပဲ။ နောက်ဆုံးမှာမှ ပေါင်းစုပြီး လုပ်ကြ တော့မှ ပရိသတ်ကြည့်ရှုခွင့်ရတာ ပေါ့နော်။ နောက်မကျဘဲ ဒီထက်ပို ပရိသတ်ကြည့်ခွင့်ရခဲ့ရင် ပိုကောင်း မယ်။ ဒီကားက လတ်တုန်းပါပဲ။ အဲဒီတုန်းကဆို ဖွေးဖွေးက အသစ် လေးလိုပဲ။ တအားနုသေးတယ်။ ဒါ ပေမဲ့ တအားကြိုးစားအားထုတ်ထား ခဲ့တာ။ စောစောက ပြောသ လိုပေါ့။ တက်ညီလက်ညီဝိုင်းပြီး ကြိုးစားထား ကြတယ်။ အကယ်ဒမီကတော့ ကိုဝိုင်းအတွက် ဖြစ်စေချင်တယ်”
►ကိုဝေယံလင်း
(တွဲဖက်ဒါရိုက်တာ၊ တည်းဖြတ်)
“အကယ်ဒမီဆိုတာက အနုပညာ လောကသားအားလုံး၊ အလွှာအသီး သီးက လူတွေ လိုချင်ကြမယ်လို့ ထင် တာပဲ။ လိုချင်ကြမှာပဲ။ ဒါက မှတ် တိုင်လေးတစ်ခုလေ။ ကျွန်တော့်ကို လိုချင်လားမေးရင် လိုချင်တာပေါ့။ ဒါပေမဲ့ ပြောရ ခက်တယ်။ သိပ်တော့ အများကြီးမျှော်လင့်လို့မရဘူး။ တခြား ကျွန်တော့်ထက် တော်တဲ့လူတွေ အများကြီး ရှိတယ်။ ဒီကားနဲ့ပတ်သက် ပြီး အကုန်လုံးအစစအရာရာ ကြိုး စားထားကြတာပေါ့နော်။ သူ့ဟာသူ တာဝန်ကျေအောင် လုပ်ကြတယ်။ အကယ်ဒမီဆိုတာကလည်း သူကြိုး စားရင် ကြိုးစားထားသလောက် ပြန် ပြီး ရောင်ပြန်ဟပ်လာမှာပဲ”
►ပြေတီဦး
“လက်ပံဇာတ်ကားက အကယ် ဒမီစာရင်းဝင်တဲ့အတွက်လည်း တအား ကို ဝမ်းသာပါတယ်။ ပရိသတ်တွေက ကိုယ့်ကိုထင်ကြေးပေးပြီး ရစေချင်တဲ့ အတွက်လည်း အတိုင်းမသိ ဝမ်းသာ ပါတယ်။ ပရိသတ်တွေ ထင်ကြေး ပေးတာဟာ ကျွန်တော်တို့မောခဲ့ရတဲ့အမောတွေကို သုံးပုံနှစ်ပုံလောက် ပြေသွားပါပြီ။ ကျွန်တော်တို့ ဘာ တတ်နိုင် လဲဆိုတော့ ကားတစ်ကား ကိုရိုက်ရင် အစွမ်းကုန်ကြိုးစားဖို့ပဲ တတ်နိုင်ပါတယ်။ ကျန်တဲ့ ကံကြမ္မာ နဲ့ပတ်သက်တဲ့ကိစ္စတွေကိုတော့ ဖန် တီးလို့မရပါဘူး။ ကံတရားအတိုင်းပါ ပဲ။ ရမယ်ဆိုရင်လည်းအတိုင်းမသိ ဝမ်းသာပါတယ်။ မရဘူးဆိုရင် လည်းကျေနပ်နိုင်အောင် ကြိုးစား ထားပါတယ်”
►စိုးမြတ်သူဇာ
“အကယ်ဒမီဆိုတာ တွေးလို့ မှမရတာ။ သူရချိန်တန်ရင် ရမှာပဲ။ ကုသိုလ်ကံပေါ်မှာလည်း မူတည် တယ်။ အခြေအနေအကြောင်းအရာ တွေပေါ်မှာလည်း  မူတည်တယ်။ အပြောင်းအလဲတွေပေါ်မှာလည်း မူတည်တယ်။ အကြောင်း အရာတွေ အားလုံးတိုက်ဆိုင်မှရမယ့် အကယ် ဒမီကို ကျွန်မတန်ဖိုးထား တယ်။ ဘာကြောင့်ပဲပေးပေး တစ်နှစ် ထဲမှာ နှစ်ဆုပဲပေးပေး၊ တစ်ယောက် ထဲကို ၃ ဆုပဲပေးပေး လိုချင်တာ ချည်းပဲ။ လိုချင်တဲ့တာဝန်က ကိုယ့် ကိစ္စလေ။ ပေးတာတော့ ကိုယ့်ကိစ္စမဟုတ်ဘူး။ ဘာမှလုပ်လို့မ ရဘူး။ ရတော့လည်းယူ မယ်၊ မရတော့လည်း ထိုင်ငိုနေလို့ ဘယ်သူကလာပေးမှာလဲ”
►ဖွေးဖွေး
“ဒီကားလေးက ဖွေးဖွေးရဲ့ ပထမဦးဆုံး ဇာတ်ကားလေးဖြစ် တယ်။ ပြီးတော့ ဒီဇာတ်ကားကြီးရိုက် တုန်းက ဖွေးဖွေးက အသစ်တစ် ယောက်အနေနဲ့လည်း ရိုက်ကူးထား တာပါ။ လက်ပံဇာတ်ကားလေးက လွန်ခဲ့တဲ့ ၄နှစ်က ရိုက်ကူးခဲ့တာဆို တော့ အခုနဲ့ဆိုရင်နည်းနည်းကြာသွားပြီ။ ဖွေးအနေနဲ့ လည်း ဒီကားလေးကို တော်တော်ကြိုး စားခဲ့ ရတယ်။ ကိုဝိုင်း၊ ဝါရင့်သရုပ် ဆောင်တွေကလည်း ဖွေးကိုသင်ပေး ကြတယ်။ ဒီကားလေးကို ဖွေးကျေနပ် အားရမှုတွေ ရှိပါတယ်။ ကားရိုက် တုန်းကလည်း အမှတ်တရေ တွ အများ ကြီး ရှိပါတယ်။ ဖွေးက အကယ်ဒမီ ပေးပွဲကို ၂ခါပဲ တက်ဖူးသေးတာ။ အရင်နှစ်ကဆိုရင် ဖွေးရဲ့ ရုပ်ရှင်ကား ကြီးလည်း မရှိဘူး။ ဒီနှစ်အကယ်ဒမီ ပေးပွဲမှာ ဖွေးရဲ့ ပထမဦးဆုံးရုပ်ရှင် ဇာတ်ကားကြီးလည်း ပါတယ်။ ပြီး တော့ နောက်ဆုံးစာရင်းထဲမှာလည်း ပါတာဆိုတော့ အရင်နှစ်တွေထက် စာရင် ကွဲပြားမှုတော့ရှိသွားတာပေါ့။”
ပေါ်ပြူလာအဖွဲ့
Popular Myanmar News Journal

အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်း ဒု ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ တွေ့ဆုံခြင်း

အမျိုးသမီးဖိုရမ် မှာ ၀င်ရောက်ဆွေးနွေးနေတဲ့ ဒေါ်သက်သက်ခိုင် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ဒေါ်သက်သက်ခိုင်သည် မြန်မာနိုင်ငံ အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်း၏ ဒုဥက္ကဋ္ဌ တဦးဖြစ်ပြီး ရွှေနန်းတော် ရွှေဆိုင် များနှင့် Forever Gems ကျောက်မျက်ရတနာ ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ တဦးလည်း ဖြစ်သည်။

ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ဒီဇင်ဘာ ၆ ရက် ၇ ရက်က ကျင်းပသည့် ကမ္ဘာ့အမျိုးသမီး ဖိုရမ်သို့ တက်ရောက်လာသူ ဒေါ်သက်သက်ခိုင်ကို ဧရာဝတီ သတင်းဌာနမှ ကျော်ဆုမွန်က တွေ့ဆုံ မေးမြန်းခဲ့သည်။ ကမ္ဘာ့ အမျိုးသမီး ဖိုရမ်တွင် အမျိုးသမီး စွန့်ဦးတီထွင်မှုနှင့် ပတ်သတ်ပြီး သူ၏ အတွေ့အကြုံများကို ၀င်ရောက် ဆွေးနွေးခဲ့သည့် ဒေါ်သက်သက်ခိုင်သည် ဧရာဝတီနှင့် တွေ့ဆုံစဉ် သူ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများနှင့် နိုင်ငံရေးနှင့် ပတ်သက်သည့် ၎င်း၏ အစီအစဉ်တို့ကို ပြောကြားခဲ့သည်။ အကယ်ဒမီ သရုပ်ဆောင် အဆိုတော် ထွန်းအိန္ဒြာဗို၏ ညီမလည်း ဖြစ်သူ ဒေါ်သက်သက်ခိုင်သည် မိုးကုတ်မြို့တွင် မွေးဖွားခဲ့သူဖြစ်ပြီး ဆေးပညာ ဆိုင်ရာ ဆရာဝန်ဘွဲ့ ရရှိ ပိုင်ဆိုင် ထားကာ စင်ကာပူနိုင်ငံ နန်ယန်း တက္ကသိုလ်မှ MBA ဘွဲ့ကိုလည်း ရရှိ ပိုင်ဆိုင်ထားသူ ဖြစ်သည်။

မေး။      ။ ဒေါ်သက်သက်ခိုင် အနေနဲ့ စီးပွားရေးကို ဘယ်လုပ်ငန်းကနေ စလုပ် ခဲ့တာလဲ။

ဖြေ။       ။ ကျမ ရွှေနန်းတော် ရွှေဆိုင်က စလုပ်ခဲ့တာ၊ အမျိုးသားနဲ့အတူ ပေါင်းပြီးတော့လေ၊ နောက်တော့ အမျိုးသားရဲ့ မိဘတွေနဲ့ပေါ့နော်၊ ကျမ ယောက္ခမတွေရဲ့ မြေတောင်မြှောက်ပေးမှုနဲ့ ကျမတို့နှစ်ယောက် အတူဦးဆောင်ပြီး အလုပ်လုပ် ကြတာပါ။

မေး။      ။ ဒေါ်သက်သက်ခိုင်က Medical Doctor ဘွဲ့ရထားပြီး ဒီစီးပွားရေး လုပ်ငန်းထဲ ဘာကြောင့် ၀င်လာဖြစ်တာလဲ။

ဖြေ။       ။ ကျမ အမျိုးသားလည်း ဆရာဝန်ပဲ၊ ကျမလည်း ဆရာဝန်ပေါ့နော်။ ဒါပေမယ့်လည်း အဲဒီ အချိန်တုန်းကတော့ ကျမ ယောက္ခမကြီးက တော်တော်ကြီး နေမကောင်းဘူးလေ။ နေမကောင်းတော့ သားကို ဆရာဝန်လုပ်လို့ နယ်တွေမသွားစေ ချင်ဘူး၊ သားကို အနီးအနား ရှိစေချင်တော့ ချွေးမပါ အနီးအနားမှာ ရှိရတာပေါ့နော်။ နောက်တခု ကျတော့လည်း လူတွေရဲ့ အမြင်က ဆရာဝန်ဆို ဆရာဝန် အလုပ်ပဲ လုပ်ရမယ်ဆိုတဲ့ အမြင်မျိုးလည်း အခုအချိန်ထိ ရှိပါတယ်။ ဒါတွေက မှန်သင့် သလောက်လည်း မှန်တယ်ပေါ့နော်။ ဒါပေမယ့် အခြေအနေ အရတော့ ဆရာဝန် ဖြစ်ပေမယ့်၊ ဆရာဝန် အလုပ်ကို မလုပ်ခဲ့ ပေမယ့် ကျမတို့က ဒီ Volunteer အလုပ်ကို လုပ်ခဲ့တဲ့ အတွက်ကြောင့် မို့လို့ ကျမတို့လည်း တနည်းတဖုံနဲ့ ကိုယ့်ရဲ့ လူ့အသိုင်းအ၀ိုင်း ပြန်ပြီး အကျိုးပြုတာပေါ့နော်။ ရွှေနန်းတော်ကို ၁၉၉၄ မှာ စဖွင့်တုန်းက မိသားစုတွေနဲ့၊ အမျိုးတွေနဲ့ ၀ိုင်းပြီးတော့ ရောင်းကြ ၀ယ်ကြတယ်။ နောက် ဒုတိယနှစ်လောက်ကျတော့ ကျမတို့က ရောင်းဝယ်အား ကောင်းလာတဲ့ အခါ ကျတော့ ကိုယ့်လူနဲ့ ကိုယ်ပဲ မနိုင်တော့ဘူး။ မနိုင်တော့တဲ့ အချိန်မှာ ကျမ မှတ်မှတ်ရရ ၀န်ထမ်း စခေါ်ပါတယ်။ ပထမဦးဆုံး ၀န်ထမ်းခေါ်တဲ့ အသုတ်က နှစ်ယောက်ကို စခေါ်ပါတယ်။ အဲဒီလို နှစ်ယောက်ကို စခေါ်ရာကနေ ဒီနေ့ဆိုရင် ကျမဆီမှာ ၀န်ထမ်း ၄၅၀ ရှိတယ်။ အလုပ်လုပ်လာတဲ့ ဒီနှစ်ပေါင်း နှစ်ဆယ် အတွင်းမှာလည်း ကျမ လူတွေ အများကြီးကို အလုပ် ခန့်လာတယ်။ ဒီလူတွေနဲ့ ကျမနဲ့အတူ တွဲပြီးတော့ ကြီးပွားလာကြတယ်။ ပြီးလို့ရှိရင် ကျမတို့ ပန်းတိမ်တွေ အများကြီးကိုလည်း အလုပ်ပေး နိုင်ကြတယ်။ ပြီးတော့ နိုင်ငံတော်ကို ဒီတနှစ်လုံးမှာ ကျမ အခွန်ဆောင် လာတယ်ပေါ့နော်။ ဆရာဝန် တယောက် အနေနဲ့ အကျိုးမပြုနိုင်ခဲ့ ပေမယ့် ကျမတို့ စီးပွားရေး လုပ်ငန်း လုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ တိုင်းပြည်နဲ့ ကိုယ့်ရဲ့ လူ့အဖွဲ့အစည်းကို ပြန်ပြီးအကျိုးပြုတာပေါ့နော်။ ပြည်သူ လူထုရဲ့ ကျန်းမာရေးကို တဘက်တလမ်းက စောင့်ရှောက်ချင်တယ် ဆိုတဲ့စိတ်လည်း ကျမမှာ ရှိပါတယ်၊ ကျမတို့ အတန်းထဲ က သူငယ်ချင်းတွေ စုပေါင်းပြီးတော့ အနန္တ မေတ္တာ ဖောင်ဒေးရှင်း ကို တည်ထောင်ပြီး ကျမတို့က တလတခါ Mobile Clinic ပေါ့။ ကျမတို့ အများဆုံး Record ကတော့ လူနာ ၈၅၀ အထိ ကြည့်ဖူးပါတယ်။ တနေ့တည်းကိုလေ။ ဆရာဝန်တွေလည်း အများကြီး ပေါ့နော်။ ကျမတို့လို ဆရာဝန်ဘွဲ့ ရပေမယ့် တကယ် လက်တွေ့မလုပ်တဲ့ သူတွေကတော့ ဆေးပေးတာတို့၊ သွေးပေါင်ချိန် တိုင်းတာတို့ လူနာ Register လုပ်တာတို့၊ ချရေးထားတာတို့ စသဖြင့် ကူတဲ့အပိုင်းက လုပ်တာပေါ့နော်။ ဒါမျိုးလေးတွေလည်း ကျမတို့ လူမှုရေး လုပ်ငန်းလေးတွေ လုပ်နေပါတယ်။

မေး။      ။ တကယ်လို့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်မလာဘူးဆိုရင် အခုအချိန် ဒေါ်သက်သက်ခိုင် ဘာဖြစ်နေမလဲ။

ဖြေ။       ။ အဲဒါဆိုရင်တော့ ဆရာဝန် ဖြစ်နေမှာပေါ့။

မေး။      ။ အမျိုးသမီးတွေရဲ့ ကဏ္ဍမှာ ဒေါ်သက်သက်ခိုင် ပြောခဲ့သလို အစ်မ အမျိုးသားရဲ့ ကူညီမှုနဲ့ ထောက်ပံ့မှုတွေ အများကြီး ပါတယ်ဆိုတော့ မြန်မာ အမျိုးသမီးတွေမှာ ပြင်ပ ထောက်ပံ့မှု သို့မဟုတ် ထောက်ပံ့မှု မရှိဘဲနဲ့ ကိုယ်တိုင် ကြိုးစားခဲ့တဲ့ အလုပ်က အဓိက စိန်ခေါ်မှုတွေဆိုရင် ဘာတွေဖြစ်မလဲ။

ဖြေ။       ။ ဟုတ်ကဲ့ပါ။ ကျမ ကိုယ်ချင်း စာနိုင်ပါတယ်။ ကျမမှာ အမျိုးသားရဲ့ ထောက်ပံ့မှုလည်း အပြည့်အ၀ရတယ်။ နောက် ကျမ မိဘ၊ နောက် ကျမအမျိုးသားရဲ့ မိဘပေါ့နော်။ မိဘ နှစ်စုရဲ့ ထောက်ပံ့မှု အားပေးမှုတွေ ကျမ ရတယ်ပေါ့။ ကျမရတဲ့ အတွက်ကြောင့် မို့လို့ ကျမရဲ့ စီးပွားရေး ဘ၀က ပြေလည်ပြီး ချောချောမောမောနဲ့ ဖြစ်တယ်ပေါ့။ ကျမတို့လို အခွင့်အရေး မရတဲ့ အမျိုးသမီးတွေ အများကြီး ရှိမှာပေါ့လေ။ အဲဒါကြောင့်မို့ အသင်းအဖွဲ့တွေက အရေးကြီးတာ ပေါ့နော်။ အသင်း အဖွဲ့ဆိုတာ ခုနက ကျမ ပြောသလို မြန်မာ စီးပွားရေး အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်း (MWEA) ပေါ့နော်။ အဲဒီမှာ Member ဖြစ်ရင်၊ တခြား Member တွေ နိုင်ငံတကာက အစည်းအဝေးတွေ တက်ပြီး ပြန်လာရင် အတွေ့အကြုံတွေ ပြန်ပြီး Sharing တွေလုပ်တယ်။ အချင်းချင်း Network ဖြစ်တယ်ပေါ့နော်။ ဒါမျိုး အခွင့်အလမ်း လေးတွေ ရတာပေါ့။ ဒါတွေကလည်း အရေးကြီးပါတယ်။

နောက်တခုက အစိုးရရဲ့ ပံ့ပိုးကူညီမှုပေါ့။ ကျမခုနက အစည်းအဝေး ခန်းထဲမှာ ဆွေးနွေး သွားခဲ့သလို ကျမတို့ တိုင်းပြည်မှာ ဥပဒေအရ ကြည့်လိုက်ရင် အမျိုးသမီး၊ အမျိုးသား ခွဲခြားထားတဲ့ ဥပဒေက မရှိပါဘူး။ ဒါပေမယ့် မရှိပေမယ့် အပြင်မှာ ကြည့်လိုက်ရင် အမျိုးသမီး၊ အမျိုးသား တန်းတူရှိလား၊ အဓိပ္ပာယ်က ဘာလဲဆိုရင် အမျိုးသမီးတွေမှာ အမျိုးသမီးတွေမို့ သီးသန့် လိုအပ်ချက်တွေ ရှိတယ်။ အဲဒီ လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်မယ့် ဥပဒေမျိုးလည်း ရှိသင့်တယ်။ အဲဒီလိုမျိုး ရှိရင် အမျိုးသမီး မို့လို့ ငွေထပ်တိုး ချေးပေးတယ်၊ အိန္ဒိယတို့ ဘာတို့မှာ အဲဒါမျိုးတွေရှိပါတယ်။ အမျိုးသမီး ဦးဆောင်တဲ့ မိုက်ခရို စီးပွားရေးတွေကို ချေးပေးတယ် ဆိုတော့၊ အိန္ဒိယ အမျိုးသားတွေက သူတို့ရဲ့ လုပ်ငန်းတွေကို အမျိုးသမီး နာမည်နဲ့ Register လုပ်ပြီးတော့၊ အမျိုးသမီးတွေကို ရှေ့တန်းတင်ပြီးတော့မှ ဒီချေးငွေရအောင်၊ ဒီလုပ်ငန်းလုပ်ဖို့ရာ ငွေရင်း ငွေနှီးကလည်း လိုတယ်ဆိုတော့ အဲဒါမျိုးတွေ ရှိပါတယ်။ ကျမတို့လည်း တဖြည်းဖြည်းး ဖြစ်လာဖို့တော့ လိုပါတယ်။

မေး။      ။ ဒေါ်သက်သက်အောင်က အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းက တာဝန်ရှိသူ ဆိုတော့၊ အမျိုးသမီးတွေ ထဲက ကိုယ်ကိုယ်တိုင်လည်း စီးပွားမရှာနိုင်ဘူး၊ လင်ယောက်ျားရဲ့ ပံ့ပိုးမှုနဲ့ နေရတဲ့ အမျိုးသမီးတွေ၊ နောက် စီးပွားရေး လုပ်ဖို့အတွက် အရင်းအနှီး လိုတဲ့သူတွေအတွက်ကို အဲဒီ အသင်းက ဘယ်လိုမျိုး စီစဉ်ပေးတာ၊ ကူညီပေးတာမျိုးတွေ ရှိလဲ။

ဖြေ။       ။ အဓိကက စီးပွားရေးလုပ်နေတဲ့ အမျိုးသမီးတွေ လာလာပြီးတော့မှ အလုပ်ဝင်တယ်၊ Member ၀င်တယ်ပေါ့နော်။ တချို့က ကိုယ်ပိုင် စီးပွားရေး မဟုတ်လည်း တခြားဆီမှာပေါ့၊ မန်နေဂျာ အနေနဲ့လုပ်တယ်။ Lower Manager Level အနေနဲ့ဖြစ်ဖြစ်၊ Middle Manager Level အနေနဲ့ဖြစ်ဖြစ်၊ ဒါမှ မဟုတ်ရင်လည်း အထက်ပိုင်း အရာရှိပဲ ဖြစ်ဖြစ်ပေါ့နော်။ ကျမတို့ အသင်းရဲ့ အဓိက လုပ်ဆောင်ချက်တော့  ကျမတို့ နိုင်ငံတကာနဲ့ ပြည်တွင်းမှာရှိတဲ့ အစည်းအဝေးမျိုးတွေ၊ ဆွေးနွေးပွဲတွေ၊ Training တွေ၊ Master Degree အထိပေါ့နော်၊ နောက်တခုကကျတော့ ကျမတို့ အသေးစားချေးငွေ ကိစ္စလည်း လုပ်ပါတယ်။ လုပ်တာ ဘယ်မှာ အဓိက လုပ်လဲဆိုတော့ စံပြကျေးရွာ ရှိတယ်ပေါ့နော်။ ရန်ကုန်တိုင်းမှာပဲ၊ သန်လျင် မြို့နယ်ရဲ့ ကရင်ဆိပ် ကျေးရွာက ကျမတို့ရဲ့ စံပြကျေးရွာ ဖြစ်ပါတယ်။ အဲဒီမှာ ကျမတို့က အရင်တုန်းက ဥက္ကဋ္ဌ ဒေါ်ခင်မြင့်မြင့်က ဆောက်ထားပေးတယ်။ ပထမ ဥက္ကဋ္ဌ ဒေါ်စိန်စိန်က ဘုရား တည်ထား ပေးတယ်ပေါ့နော်၊ ဒေါ်သက်ရီတို့ ဆေးပေးခန်း ထောင်ထားပေးတယ် စသဖြင့် ပေါ့။ ပြီးတော့လည်း အဲဒီရွာမှာရှိတဲ့ ရွာချုပ်စပ်က ကျောင်းမတက်နိုင်တဲ့ ကလေးတွေကို ကျောင်းထားပေးနိုင်ဖို့ စသဖြင့် ဒီလိုမျိုးလေးတွေ ကျမတို့ လုပ်ပါတယ်။

မေး။      ။ ဒေါ်သက်သက်ခိုင် ကိုယ်တိုင်လည်း စီးပွားရေး တောင့်တင်းတယ်၊ ပညာတတ်လည်း ဖြစ်တယ် ဆိုတော့ အမျိုးသမီး အမတ်တဦး ဖြစ်လာအောင် ကြိုးစားဖို့ အစ်မအနေနဲ့ အစီအစဉ် မရှိဘူးလား။
ဖြေ။       ။ အမှန်တော့ လုပ်သင့်တဲ့အချိန် ကျပြီလို့ ကျမယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသက်အားဖြင့် ၄၆ နှစ်ရှိပြီ။ ဟိုအရင် ငယ်တုန်းကတော့ မိဘပျိုးထောင်တာနဲ့ ကျမတို့ နေခဲ့ရတယ်။ ကျောင်းပြီးခါစက မိဘ တည်ထောင်ပေးပေမယ့် ကျမတို့ ရုန်းကန်ပြီးတော့ အောင်မြင်လာတယ်။ အောင်မြင်တော့လည်း ဒီအောင်မြင်မှုကို ထိန်းသိမ်းနိုင်အောင် ကျမတို့ လုပ်ခဲ့ရတယ်။ တောက်လျှောက်ပေါ့။ အခုအချိန်မှာတော့ ကိုယ့်မှာရှိတဲ့ လုပ်ငန်း အတွေ့အကြုံတွေ၊ ကိုယ့်မှာရှိတဲ့ ဦးဆောင်မှု အရည်အချင်း၊ ကိုယ်တတ်ထားတဲ့ ပညာတွေနဲ့ တိုင်းပြည်ကို ပြန်ပြီးတော့ အလုပ်အကျွေး ပြုသင့်တဲ့အချိန် ရောက်ပြီလို့ ကျမ ယူဆပါတယ်။

မေး။      ။ ဒါဆို ဒေါ်သက်သက်ခိုင် အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ပြီးတော့ ပြိုင်ဖို့ကော အစီအစဉ်ရှိလား။

ဖြေ။       ။ အခုလတ်တလော အထိတော့ ကျမပြောရတာ နည်းနည်း ခက်နေပါတယ်။ ဒါပေမယ့် ၉၀ ရာခိုင်နှုန်း လုပ်ဖို့ ကျမမှာ ဆန္ဒ ရှိနေပါတယ်။

မေး။      ။ ဒါဆိုရင် ဒေါ်သက်သက်ခိုင် အနေနဲ့ နဂိုကတည်းက နိုင်ငံရေး အခြေခံ ရှိထားပြီးပြီ၊ အဲဒီလိုမျိုးလား။

ဖြေ။       ။ ဟုတ်ပါတယ်။ ကျမက မိုးကုတ်မှာ မွေးတော့၊ မိုးကုတ်သူ ဆိုတော့ ကျမတို့ အဖိုးအဖွားတွေ လက်ထက်တုန်းက ပတ္တမြား ကျောက်တွင်းတွေ ပိုင်တယ်၊ နီလာ ကျောက်တွင်းတွေ ပိုင်တယ်။ အရမ်း ချမ်းသာတယ်။ ထားပါတော့နော်။ ငယ်ငယ်တုန်းကကျတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အောက်ရောက်တော့ ဒါမျိုးတွေက အကုန် ရှင်သန်နေတဲ့ အပင် တွေကို ရိုက်ချိုးခဲ့သလို ဖြစ်ခဲ့တယ်။ အဲဒီလို ဖြစ်ပြီးတဲ့ အခါကျတော့ တိုင်းပြည်တခုရဲ့ စီးပွားရေး၊ ဒါမှမဟုတ်ရင် မိသားစုတိုင်းရဲ့ စီးပွားရေး၊ တယောက်ချင်းစီရဲ့ ဖွံ့ဖြိုးရေး အတွက် ပေါ်လစီဟာ သိပ်အရေးကြီးပါလား ဆိုတာ ကျမ ငယ်ငယ်တုန်း ကတည်းက သိခဲ့တယ်။ သိခဲ့တဲ့ အခါကျတော့ နိုင်ငံရေးက သိပ်အရေးကြီးတယ်ဆိုတာ လက်ခံခဲ့တာ။ ဒီနေ့အထိ လက်ခံပါတယ်။ ဒီလိုမျိုး အချိန်က အခွင့်အခါလည်း ကောင်းတဲ့အချိန်၊ ခေတ်ပြောင်း စနစ်ပြောင်းမှာ ကျမတို့လည်း တောက်လျှောက် ကိုယ့်ဟာကိုယ်လည်း အဆင်သင့် ဖြစ်အောင် လုပ်ခဲ့တာပေါ့နော်။ တချိန်ကျရင်တော့ ပါဝင်သင့်တယ်လို့ ကျမ ယူဆပါတယ်။

မေး။      ။ ဒေါ်သက်သက်ခိုင်ရဲ့ နိုင်ငံရေး နောက်ခံက ဘာရှိမလဲ၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားခဲ့တာ ရှိခဲ့သလား။

ဖြေ။       ။ ၁၉၈၈ နှစ်တုန်းကတော့ ကျမတို့ ကျောင်းပိတ်သွားရော။ သြဂုတ်လ ၈ ရက်နေ့ မတိုင်ခင် ကျောင်းပိတ်တယ်။ အဲဒီတုန်းက ကျမက Final Part 1။ ကျမတို့နဲ့ တနှစ်တည်းသမားတွေ ဖြစ်တဲ့ RIT ကျောင်းသားတွေလည်း ကျောင်းပိတ် ကုန်ပြီ။ ဒါပေမယ့် ကျမတို့ ဆေးကျောင်းက သက်တမ်းရှည်တော့ ကျမတို့ ၈၈ အရေးအခင်း ကျောင်းပိတ်တုန်းက ကျမတို့က အကြီးဆုံး အတန်းပေါ့။ ကျောင်းက ပိတ်သွားတယ်။ ပိတ်သွားတဲ့ အခါကျတော့ ကျမ မိုးကုတ်မှာ ရှိနေတယ်။ ၈ ရက် ၈ လ ၈၈ က စပြီးတော့ မိုးကုတ်မှာ တက်တက် ကြွကြွနဲ့ ပါဝင်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုးကုတ်ကလည်း တော်တော် ခံစားရတယ်လေ။ ပေါ်လစီက ရိုက်ချလိုက်တာဟာ ဘယ်လိုမှ နလန်မထူနိုင်တော့ဘူး။ လူတွေကလည်း ခံစားချက် ရှိကြတဲ့ အခါကျတော့ မိုးကုတ်မြို့ တမြို့လုံး တက်တက်ကြွကြွနဲ့ ပါဝင်ကြတဲ့အချိန်မှာ၊ ကျမတို့လည်း ပါဝင်ခဲ့ဖူးပါတယ်။ ဒါက တပြည် လုံးမှာ မပါတဲ့သူဆိုတာ တမျိုး ဖြစ်နေတယ် ပေါ့နော်။ အဲဒီတုန်းက တကယ့်ကို တပြည်လုံး အထွေထွေ သပိတ်ကြီးလိုမျိုး ဆိုတော့၊ အဲဒီအထဲမှာ ကျမတို့က ကျောင်းသူအနေနဲ့တော့ ပါဝင် ခဲ့ဖူးပါတယ်။ ဒါပေမယ့် မိုးကုတ်မှာပဲ ဖြစ်တဲ့အတွက်ကြောင့် လူတွေ သိပ်မသိဘူး ပေါ့။ ရန်ကုန်လို၊ မန္တလေးလို နေရာမျိုးမှာကျတော့ ကျောင်းသား ခေါင်းဆောင်တွေက လူပိုသိတာ ပေါ့နော်။ အဲဒီလိုတော့ ရှိပါတယ်။

မေး။      ။ တကယ်လို့ နိုင်ငံရေးမှာ ပါဝင်လာပြီး လွှတ်တော်ထဲကို ရောက်ခဲ့သည် ရှိသော် ဒေါ်သက်သက်ခိုင် ပထမဆုံး လုပ်ချင်တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုက ဘာဖြစ်မလဲ။

ဖြေ။       ။ ကျမကတော့ လွှတ်တော်ထဲ ရောက်တာ မရောက်တာ နောက်မှထား၊ ကျမတို့ တိုင်းပြည်က သဘာဝ သယံဇာတ ကြွယ်ဝတယ်။ ဒီသဘာဝ သယံဇာတတွေကို ငွေအလျင် လိုတာနဲ့ အရိုင်းတုံး အတိုင်းပဲ၊ ကျောက်စိမ်းဆိုလည်း အရိုင်းတုံး အတိုင်းပဲ ရောင်းလိုက်တာ။ ဒီကျောက်စိမ်းကို ပန်းပုထုလို့ ရတယ်၊ လက်ကောက်တွေ၊ လက်စွပ်တွေ၊ ပုတီးတွေ လုပ်လို့ရတယ်။ ဒီကျောက်တွေနဲ့၊ စိန်တွေနဲ့ တခြားပစ္စည်းတွေ ခတ်လို့ရတယ်။ ဒီလို တန်ဖိုးမြှင့် ထုတ်လုပ်တာ တွေလည်း အရေးကြီးတယ်။ ဒါမှ တိုင်းပြည်မှာ စီးပွားရေး လုပ်ငန်းရှင်တွေလည်း အများကြီး ပေါ်ပေါက်မယ်၊ လူတွေ အများကြီးလည်း အလုပ်ရမယ်။ ဒီအရိုင်းတုံးကို ရောင်းလို့ ၁ ထောင်ပဲ ရရင်၊ တန်ဖိုးမြှင့် ထုတ်လုပ်ပြီး ရောင်းရင် ၁ သောင်းလည်း ဟုတ်တယ်၊ ၁ သိန်းလည်း ဟုတ်တယ်။ လွှတ်တော်ထဲ ရောက်ရောက် မရောက်ရောက် အခုကတည်းက ကျမ ပြောနေချင်တယ်။ ဒါသည် ပြင်လို့ရတဲ့ဟာ ပေါ့နော်။ ပေါ်လစီနဲ့ ပြင်လိုက်တာနဲ့တင် လူတွေအများကြီးမှာ အခွင့်အရေး ရှိပြီးတော့၊ အခွင့်အလမ်းတွေ ပွင့်ပြီးတော့ လူတွေ စီးပွားရေးတွေ ပိုကောင်းလာမယ်လို့ ကျမတော့ ယူဆပါတယ်။

မေး။      ။ မြန်မာနိုင်ငံ ပြည်ထာင်စု အစိုးရ အဖွဲ့ထဲမှာ၊ ကုန်သွယ်ရေးနဲ့ စီးပွားရေး ဘက်မှာ အမျိုးသမီး ၀န်ကြီးတွေ လိုအပ်လာပြီလို့ ဒေါ်သက်သက်ခိုင် မြင်ပါသလား။

ဖြေ။       ။ အမျိုးသမီးလား၊ အမျိုးသားလားထက် အရည်အချင်း ရှိတဲ့သူ၊ လူမှန် နေရာမှန် အဲဒါဖြစ်ဖို့ပဲ ပိုအရေးကြီး ပါတယ်။ လူမှန် နေရာမှန် ဖြစ်ဖို့ အရေးကြီးဆုံးပဲလို့ ကျမ ယူဆပါတယ်။ အမျိုးသမီးတွေ တော်ရဲ့သားနဲ့ အမျိုးသမီးမို့ နောက်ချန် ထားတာ၊ ဒါမျိုးတွေ မဖြစ်သင့်ပါဘူး။

မေး။      ။ တကယ်လို့ နိုင်ငံရေးသာ လုပ်ခွင့်ရမယ်ဆိုရင် တသီးပုဂ္ဂလိပဲ ဖြစ်မလား။ ဘယ်နိုင်ငံရေးပါတီကို စိတ်ဝင်စားတာမျိုး ရှိလား။

ဖြေ။       ။ ဒါက ပြောဖို့ စောနေသေးတယ် ပြောရမလား၊ ကျမက စီးပွားရေး လုပ်ငန်းရှင်လည်း ဖြစ်တယ်။ နောက်တော့ ကျမ စီးပွားရေးကို မှီခိုပြီးတော့ ကျမ စီးပွားကောင်းတဲ့ အတွက်ကြောင့် ၀န်ထမ်း ၄၅၀ နဲ့၊ တခြား ပန်းတိမ်တွေကိုလည်း အလုပ် ပေးထားတယ်။ ဒါတွေကိုလည်း ကျမ ငဲ့ညှာတဲ့ အတွက်ကြောင့် အခုများ ပြောဖို့ စောသေးလားလို့ ကျမထင်မိပါတယ်။

မေး။      ။ စိတ်ဝင်စားတာတော့ ရှိမှာပေါ့နော်။

ဖြေ။       ။ စိတ်ဝင်စားတာတော့ ရှိပါတယ်။

ဧရာဝတီ သတင်း

ရှမ်းပြည်နယ်အတွင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အပစ်အခတ် ရပ်စဲထားသော်လည်း ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှု ယမန်နှစ်ကထက် ၂၆ ရာခိုင်နှုန်း မြင့်တက်လာ

ရှမ်းပြည်နယ်အတွင်း တစ်နေရာတွင် စိုက်ပျိုးထားသော ဘိန်းခင်းများအား သက်ဆိုင်ရာက ဖျက်ဆီးနေစဉ်

ရှမ်းပြည်နယ်အတွင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အပစ်အခတ် ရပ်စဲထားသော်လည်း ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုမှာ ယခင်နှစ်ကထက် ၂၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ကုလသမဂ္ဂ မူးယစ်နှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC)၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒီဇင်ဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့သော အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရ အနေဖြင့် ဘိန်းထုတ်လုပ်မှုကို လျှော့ချရန် ကြိုးပမ်းနေသည့်ကြားမှ ထိုသို့ဘိန်းထုတ်လုပ်မှု မြင့်တက်လာရခြင်းမှာ ဒေသခံလယ်သမားများ အနေဖြင့် စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းရန်အတွက် အခြားနည်းလမ်း မရှိသောကြောင့် ဖြစ်သည်ဟုလည်း ကုလသမဂ္ဂက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။

(UNODC) ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် ဘိန်းတန်ချိန် ၈၇၀ ထုတ်လုပ်မည်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်အပြီး ဘိန်းထုတ်လုပ်မှု ဒုတိယအများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေမည် ဖြစ်သည်။ ထိုပမာဏသည် ခုနစ်နှစ်ဆက်တိုက် ဘိန်းထုတ်လုပ်မှု ဆက်တိုက်မြင့်တက် လာခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင် အာဖဂန်နစ္စတန်၏ ဘိန်းထုတ်လုပ်မှုသည် ၅၅၀၀ တန်ချိန်ထိ ရှိမည်ဖြစ်ပြီး ယမန်နှစ်က ထုတ်လုပ်မှုထက် ၄၉ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ အာရှတွင် မူးယစ်ဆေး လိုအပ်ချက် မြင့်မားလာမှုက မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှု မြင့်တက်လာခြင်း၏ အကြောင်းရင်းဖြစ်ကြောင်းကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးလေ့ရှိသော နယ်မြေများမှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဖြစ်ကြပြီး ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု အများဆုံး ရှိနေသည်။ ရှမ်းပြည်နယ် အတွင်းရှိ အဓိကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ခန့်ရှိနေပြီး "၀" သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တောင်ပိုင်းတပ်မတော် (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSPP/SSA) နှင့် တအောင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA/PSLF)တို့အပြင် အခြားအဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များစွာ ရှိနေသည်။

ထိုအဖွဲ့များအနက် TNLA အဖွဲ့တည်းသာ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မရရှိထားသည့် အဖွဲ့ဖြစ်သည်။ TNLA အဖွဲ့သည် ရှမ်းပြည်နယ်အတွင်း ပြည်သူ့စစ်အဖွဲ့များ၏ ဘိန်းဖြန့်ဖြူးမှုများကို လိုက်လံဖမ်းဆီး တိုက်ခိုက်ရာမှ အစိုးရနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေသော အဖွဲ့ဖြစ်သည်။

UWSA၊ NDAA နှင့် RCSS/SSA၊ SSPP/SSA အဖွဲ့များမှာ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူထားသော အဖွဲ့များဖြစ်ပါသည်။ "၀" နှင့် "မိုင်းလား" အဖွဲ့မှာ မြန်မာနိုင်ငံ၏ ဘိန်းဖြန့်ဖြူးမှုနှင့် ပတ်သက်ပြီး သံသယဖြစ်သူများ စာရင်းတွင် ဆက်လက်ပါဝင် နေဆဲဖြစ်ပြီး RCSS/SSA နှင့် SSPP/SSA အဖွဲ့များမှာလည်း ၎င်းတို့ဒေသတွင်း၌ ရှိနေသော ဘိန်းခင်းများနှင့် ပတ်သက်ပြီး သံသယထားခံရသူများ စာရင်းတွင် ဆက်ရှိနေပါသည်။

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး မရခင်ကာလက အဖွဲ့များ၏ ရံပုံငွေနှင့် ဒေသခံများ၏ စားဝတ်နေရေးအတွက် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုမှာ အဓိကကျသော လုပ်ငန်းတစ်ခု ဖြစ်ခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေး ရရှိပြီးနောက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုများ လျော့ကျသွားခြင်းမရှိဘဲ တိုးမြှင့်နေခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် ဘိန်းတန်ချိန် ၈၇၀ ထုတ်လုပ်မည်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်အပြီး ဘိန်းထုတ်လုပ်မှု ဒုတိယအများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေမည် ဖြစ်သည်။ ထိုပမာဏသည် ခုနစ်နှစ်ဆက်တိုက် ဘိန်းထုတ်လုပ်မှု ဆက်တိုက်မြင့်တက် လာခဲ့ခြင်းဖြစ်သည် . . . . .

သီးခြားအတည်မပြုနိုင်သေးသော ကိန်းဂဏန်းများအရ UWSA နှင့် RCSS/SSA၊ SSPP/SSA အဖွဲ့များတို့သည် အစိုးရက ထောက်ပံ့မှု အနေဖြင့် ပေးအပ်ထားသော ငြိမ်းချမ်းရေး ကားပါမစ်ကို တစ်ဖွဲ့လျှင် အစီး ၁၂၀ နှုန်းဖြင့် အစီးရေ ၄၀ အားလုံး အခွန်ကင်းလွတ်ခွင့်၊ ကျန်အစီးရေ ၆၀ အား ၆၀ ရာခိုင်နှုန်း အခွန်ဆောင်ခြင်းများဖြင့် ရရှိထားကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွင်း ရရှိထားသော ကိန်းဂဏန်းများအရ ရှမ်းပြည်နယ်အတွင်း၌ မြို့နယ် ၅၅ မြို့နယ် ရှိသည့်အနက် ၄၉ မြို့နယ်တွင် ဘိန်းစိုက်ပျိုးမှုများ ရှိနေပြီး မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုများအနက် ၉၀ ရာခိုင်နှုန်းမှာ ရှမ်းပြည်နယ်မှ ဖြစ်သည်။ ထို့အပြင် မူးယစ်ဆေးဝါး ဖြန့်ချိရာ လမ်းကြောင်းသည် ရွှေတြိဂံနယ်မြေမှတစ်ဆင့် တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့ကို ဖြတ်ကျော်ပြီး ထိုင်းနှင့်ကျန်ရှိသော အရှေ့တောင်အာရှ နိုင်ငံများသို့ ရောက်ရှိကာ ကမ္ဘာအနှံ့ ပျံ့နှံ့သွားခြင်း ဖြစ်သည်။

အရှေ့တောင်အာရှ နိုင်ငံများနှင့် တရုတ်နိုင်ငံတောင်ပိုင်းတို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နေခြင်းနှင့် အခြေခံအဆောက်အဦများ တိုးမြှင့်နေခြင်းက မူးယစ်ကုန်သွယ်မှု အတွက်လည်း အခွင့်အရေးများ ဖြစ်ပေါ်နေစေသည့်အတွက် ယခုအစီရင်ခံစာ ရလဒ်သည် အထူးအရေးကြီးကြောင်း ကုလသမဂ္ဂကလည်း ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။

"အသေအချာ ဖွဲ့စည်းထားတဲ့ မူးယစ်အဖွဲ့အစည်းတွေက ဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အခြေအနေကို အခွင့်ကောင်းယူနေ ကြပါတယ်" ဟု အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ UNODC ကိုယ်စားလှယ် ဂျယ်ရမီဒေါက်ကလပ်စ်က ဆိုသည်။ အစီရင်ခံစာ၏ ဖော်ပြချက်အရ အရှေ့နှင့် အရှေ့တောင်အာရှတွင် မူးယစ်ဆေးများ ဖမ်းဆီးရမိမှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်မား လာနေကြောင်း သိရသည်။

ရှမ်းပြည်နယ် တစ်နေရာတွင် စိုက်ပျိုးထားသော ဘိန်းခင်းအား သက်ဆိုင်ရာက ဖျက်ဆီးနေသည်ကို တွေ့ရစဉ်

"ဒီအချက်အလက်တွေက ဘာကိုဖော်ပြနေလဲဆိုရင် အဲဒီမှာရှိတဲ့ လူတွေအတွက် တကယ်ကို ၀င်ငွေရရှိစေနိုင်တဲ့ နည်းလမ်းတွေနဲ့ အကူအညီပေးမှုတွေ အများကြီး လိုနေသေးတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတာပါ။ ရွာသူရွာသားတွေဟာ အစားအသောက် မလုံလောက်မှုနဲ့ ဆင်းရဲမွဲတေမှုတွေကို ခံစားနေရတယ်။ အဲဒါကို အကူအညီပေးနိုင်အောင် ကြိုးစားရပါမယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင် ဒီလူတွေက ဆက်ပြီးဘိန်းစိုက်ပျိုးနေဦး မှာပါပဲ" ဟု UNODC မှ စီမံအုပ်ချုပ်မှု ဒါရိုက်တာ Yury Fedotov က ပြောကြားသည်။

အစီရင်ခံစာက ဆက်လက်ဖော်ပြရာတွင် ဘိန်းစိုက်ပျိုးမှုသည် တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှု ကင်းမဲ့နေခြင်းတို့နှင့်လည်း ယေဘူယျအားဖြင့် ဆက်စပ်လျက်ရှိပြီး အဆိုပါဒေသများတွင် နိုင်ငံရေးစီးပွားရေး အဖြေရှာရန် လိုအပ်နေကြောင်းကို ညွှန်ပြနေသည်ဟု ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်အရောက်တွင် ဘိန်းစိုက်ပျိုးမှု ကင်းစင်ရမည်ဟု ၁၉၉၉ ခုနှစ်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ၂၀၀၆ ခုနှစ်ထိ ဘိန်းစိုက်ပျိုးမှု ၃၁၅ တန်ထိရောက်အောင် ကျဆင်းသွားခဲ့သည်။ သို့သော် ထိုနောက်ပိုင်းတွင်တော့ ဘိန်းစိုက်ပျိုးမှု ဆက်တိုက်မြင့်တက် လာခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၈၀ ပြည့်နှစ် ၀န်းကျင်များက ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု အမြင့်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် အာဖဂန်နစ္စတန်က မြန်မာနိုင်ငံ၏ နေရာကို ၀င်ယူခဲ့ပြီး ကမ္ဘာ့အမြင့်ဆုံး ဘိန်းထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာသည်။    

eleven media group

၂၀၁၄ နှစ်ဆန်းမှာ ပြုလုပ်ကြမယ့် ကျော်ကြားသူတို့ရဲ့ မင်္ဂလာပွဲများ

ချစ်သုဝေ၊ သက်မွန်မြင့်၊ သီရိဆွေနှင့် N ကိုင်ရာ

၂၀၁၄ နှစ်ဦးပိုင်းမှာ မင်္ဂလာပွဲဆင်နွှဲမယ့် သရုပ်ဆောင်၊ အဆိုတော် အနုပညာရှင် တော်တော်များများ ရှိပါတယ်။
တချို့ကတော့ သူတို့သုံးတဲ့ Facebook စာမျက်နှာတွေကနေ သူတို့ရဲ့ ဖူးစာရှင်လောင်း ပုံတွေကို ဖော်ပြပြီး ပရိသတ်ကို အသိပေးကြပါတယ်။ တချို့ကလည်း စာနယ်ဇင်းမီဒီယာကနေတဆင့် သူတို့ရဲ့ပရိသတ်တွေကို အသိပေးကြပါတယ်။ ပရိသတ်ဆိုတာက သူတို့ နှစ်ခြိုက်အားပေးကြတဲ့ ထင်ပေါ်ကျော်ကြားသူတွေနဲ့ ပတ်သတ်ပြီး သူတို့ရဲ့ အနုပညာရေးရာ ကိစ္စတွေကို သာမက ကိုယ်ရေးကိုယ်တာ တွေကိုပါ စိတ်ဝင်တစား သိချင်တတ်ကြတာမို့ လတ်တလောမှာ ပျံ့နှံ့နေတဲ့ အနုပညာသည်တွေရဲ့ မင်္ဂလာပွဲ သတင်းတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။
၂၀၁၄ နှစ်ဆန်းမှာ မင်္ဂလာပွဲ ဆင်နွှဲမယ့် အနုပညာရှင်တွေကတော့ တေးရေးတေးဆို လင်းလင်း၊ အကယ်ဒမီ မယ်လိုဒီ၊ အဆိုတော် သရုပ်ဆောင် ချစ်သုဝေ၊ အဆိုတော် သရုပ်ဆောင် ၀ိုင်းစုခိုင်သိန်း၊ သရုပ်ဆောင် သက်မွန်မြင့်၊ အဆိုတော် သီရိဆွေနဲ့ အဆိုတော် N ကိုင်ရာတို့ ဖြစ်ပါတယ်။
အဆိုတော် သရုပ်ဆောင် ချစ်သုဝေကို သူ့ရဲ့ မင်္ဂလာပွဲ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး မေးတဲ့အခါမှာတော့ “ရက်အတိအကျကို ဇန်န၀ါရီ ၁ ရက်နေ့မှာ မီဒီယာကနေ တဆင့် ပရိသတ်တွေကို ထရီဇာ အတိအကျ အသိပေးပါ့မယ်၊ မင်္ဂလာ ဆွမ်းကျွေးရက်က အခုမှ ရွေးနေတုန်း။ အတိအကျ မသိရသေးဘူး ဖြစ်နေသေးတယ်။ အဲဒါကြောင့် ဇန်န၀ါရီ ၁ ရက်နေ့မှာ အားလုံး အတိအကျ ဟြေပြပါမယ်” လို့ ပြန်ဖြေပါတယ်။
သူ့ရဲ့ မင်္ဂလာပွဲသတင်းကို အသေးစိတ် မပြောနိုင်သေးခြင်းအပေါ်လည်း အခုလိုထပ်ပြီး ရှင်းပြ ပါသေးတယ်။
“ထရီဇာက ဘယ်လိုအမျိုးသမီး၊ ဘယ်လို Image ရှိတယ်ဆိုတာ ထရီဇာ့ ပရိသတ်တွေ အသိဆုံးပါ။ ထရီဇာ့ အထင်က အမျိုးသမီး တယောက်ဟာ ကိုယ် Respect ပေးနိုင်တဲ့ သူကိုမှ လက်တွဲ နိုင်မှာပေါ့။ ထရီဇာ လက်ထပ်မယ့် သူကတော့ ပရိသတ်တွေ အားလုံး သိတဲ့သူပါ။ နိုဝင်ဘာလမှာ ထရီဇာ့ မိဘတွေကို ဖွင့်ဟြေပြီးတော့ ခွင့်ပြုချက်ရမှ လုပ်ရတဲ့သူ ဖြစ်တော့ ထရီဇာ့ရဲ့ အစီအစဉ်တွေက နည်းနည်း နောက်ကျတာပေါ့။ အဲဒါကြောင့် နေ့ရက် အတိအကျ၊ နေရာ အတိအကျ၊ အစီအစဉ် အတိအကျ သိသွားတဲ့ အချိန်ကျရင် ထရီဇာ့ရဲ့ ပရိသတ်တွေကို အသေးစိတ် အတိအကျ အကုန်ဟြေပြပါမယ်” လို့ ဆိုပါတယ်။
ချစ်သုဝေက သူ့မင်္ဂလာပွဲ သတင်းနဲ့ ပတ်သတ်ပြီး မရေမရာ ဖြစ်နေတဲ့အချိန်မှာ တယောက်တပေါက် ရေးချင်ရာတွေရေး၊ ထင်ချင်ရာတွေ ထင်တာမျိုး မဖြစ်စေချင်ပါဘူးတဲ့။ သူ့ရဲ့ မိသားစုတွေ သိပြီးသွားပြီ ဖြစ်တဲ့အတွက် နောက်ထပ် ဟြေပြရမယ့် သူတွေက သူ့ရဲ့ ပရိသတ်တွေပါပဲ လို့လည်း ဧရာဝတီကို ပြောပါတယ်။
ချစ်သုဝေက သူအိမ်ထောင်ပြုပြီးရင် အနုပညာ အလုပ်တွေ ဆက်လုပ်မှာလား ဆိုတဲ့ မေးခွန်းကိုလည်း “အိမ်ထောင်ပြုပြီးရင် အနုပညာ အလုပ်တွေ ဆက်လုပ်မှာလားဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး အရမ်း အံ့သြမိပါတယ်။ ဘာလို့လဲ ဆိုတော့ အမျိုးသမီး တယောက်ဟာ သာမန်လူပဲ ဖြစ်ဖြစ်၊ အနုပညာရှင်ပဲ ဖြစ်ဖြစ် အမျိုးသမီးဟာ အမျိုးသမီးပဲ။ အမျိုးသမီး ဖြစ်လာရင် အချိန်တန် အိမ်ထောင်ပြုတယ်၊ လက်ထပ်တယ် ဆိုတာ ဖြစ်လာတယ်။ အဲဒီတော့ အိမ်ထောင် ပြုလိုက်ရင်ပဲ အမျိုးသမီး တော်တော် များများဟာ ဘ၀ကြီးပဲ ပြီးသွားသလို၊ တဆစ်ချိုးပဲ ဟြေင်းလဲ သွားသလို ထင်မှတ်တတ်ကြတယ်။ ကိုယ်တိုင်လည်း အိမ်ထောင် ပြုမယ့်သူပဲ၊ အိမ်ထောင် မပြုခင်ကလည်း အားပေးလေ့ ရှိတယ်။ ဒါက အချိန်တန်ရင် သဘာဝတရားအရ ဖြစ်ရမယ့် အရာပဲ။ အိမ်ထောင် ပြုလိုက်တာနဲ့ Business Life က ဟြေင်းလဲသွားဘူး။ ကိုယ့်ရဲ့ အနုပညာ၊ ကိုယ့်ရဲ့ Professitional လည်း ဟြေင်းလဲမသွားဘူး။ ရင့်ကျက်မှုတွေနဲ့၊ စည်းစနစ် ကျမှုတွေပဲ ဟြေင်းလဲ သွားတာလေ။ အဲဒါ ယေဘုယျ ဟြေတာ၊ ထရီဇာ တယောက်တည်း အတွက်ဆိုရင် အနုပညာကို ချစ်လို့ ဆရာဝန် အလုပ်ကိုတောင် စွန့်လွှတ် ခဲ့တာလေ။ ထရီဇာ အနုပညာကို အရမ်းချစ်လို့လည်း အနုပညာသမားနဲ့ လက်ထပ်မှာပဲ။ အဲဒါကြောင့် ထရီဇာတို့ အနုပညာ မောင်နှံက အနုပညာ အလုပ်တွေပဲ ဆက်လုပ်နေမှာပါပဲ။ ထရီဇာ့ ဘဝ စာမျက်နှာ အသစ်မှာ ထရီဇာ့ရဲ့ အနုပညာ တွေကို ရှင်သန်အောင် ထပ်ပြီး ကြိုးစားနေဦးမှာပဲ။ မတူညီတဲ့ အနုပညာတွေကို ဆက်ပြီး ဖန်တီးနေမှာပါပဲ။ အရေးကြီးတာက ထရီဇာ့ ပရိသတ်ကြီး ထရီဇာ့အပေါ် အချစ်စစ်ဖို့ပါပဲ။ ထရီဇာ ယုံကြည်တာက ထရီဇာ့ကို အရောင်မပါဘဲ ပရိသတ်တွေက ချစ်ခဲ့တဲ့ အတွက် ထရီဇာ အိမ်ထောင်ပြုခြင်း၊ မပြုခြင်းဟာ ဘာမှမဟြေင်းလဲဘူးလို့ ယုံကြည်ပါတယ်။ ထရီဇာ ပျော်နေတဲ့ အချိန်မှာ ထရီဇာ့ ပရိသတ်တွေလည်း လိုက်ပျော်ပေးနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး ဖြေသွားပါတယ်။
ချစ်သုဝေ လက်ထပ်မယ့်သူ ဘယ်သူဆိုတာ သူပြောသလိုပဲ အားလုံးသိနေပြီ ဖြစ်တဲ့အတွက် ကာယကံရှင်က မပြောခင်မှာ ဧရာဝတီက အတိအကျ မဖော်ပြပေးတော့ပါဘူး။
သရုပ်ဆောင် အကယ်ဒမီ မယ်လိုဒီကတော့ သူ့ရဲ့ Facebook  စာမျက်နှာမှာ ၂၀၁၄ မှာ မင်္ဂလာပွဲ ပြုလုပ်မယ်လို့ ဆိုထားပြီး ရက် အတိအကျကိုတော့ မပြောဆိုသေးပါဘူး။ မင်္ဂလာပွဲကို သတို့သားရဲ့ မိဘတွေနဲ့ မကြီးစန်း (မိတ်ကပ် ပညာရှင် ခင်စန်းဝင်း) တို့က စီစဉ်တာပါ လို့ရေးသားထားပါတယ်။
မယ်လိုဒီရဲ့ မင်္ဂလာပွဲ ကိစ္စနဲ့ပတ်သက်ပြီး ကာယကံရှင်ကို မေးကြည့်တဲ့အခါ “ရက်အတိအကျ သေချာရင် ပြန်ဟြေပါမယ်။ ရက်ကို သေသေချာချာ ရွေးနေလို့ပါ။ မင်္ဂလာပွဲ ဘယ်လို ကျင်းပမယ်ဆိုတာက အစ အသေးစိတ် ပြန်ဟြေပါမယ်” လို့ ဧရာဝတီကို ဟြေပါတယ်။
သရုပ်ဆောင် သက်မွန်မြင့်ကတော့ သူ့ရဲ့ Facebook မှာ “ သက်မွန်ရဲ့ချစ်သူနဲ့ ၂၀၁၄ မှာ မင်္ဂလာပွဲ ပြုလုပ်တော့မှာပါ။
သက်မွန် အနုပညာ အလုပ်တွေလည်း ဆက်လုပ်မှာပါ။ သက်မွန်ကိုလည်း ဆက်ပြီး အားပေးပါနော် ချစ်ပရိသတ်ကြီး” လို့ ပရိသတ်တွေကို အသိပေး ရေးသားထားပါတယ်။
သက်မွန်မြင့်နဲ့ လက်ထပ်မယ့် သတို့သားလောင်း ကတော့ ဗိသုကာ ပညာရှင်တဦးဖြစ်ပြီး ကိုစစ်နိုင်လို့ အမည်ရကြောင်း သိရပါတယ်။
အဆိုတော် သီရိဆွေကို သူ့ရဲ့ မင်္ဂလာအစီအစဉ်တွေနဲ့ ပတ်သက်ပြီး မေးတဲ့အခါ “သီရိ မင်္ဂလာပွဲ ကျင်းပမယ့် ရက်တွေကို ဇန်န၀ါရီ ပထမအပတ်ထဲမှာ သေချာ ပြန်ဟြေပါမယ်။ သီရိရဲ့ သတို့သားက သီရိနဲ့ ၆ နှစ်ကြာ ချစ်ခဲ့တဲ့ ချစ်သူပါ။ မင်္ဂလာပွဲ အစီအစဉ် တွေရော၊ သီရိရဲ့ သတို့သား အကြောင်းကအစ အသေးစိတ်ကို ဇန်န၀ါရီ ပထမပတ်မှာ အတိအကျ ဟြေပြပါ့မယ်” လို့ ဧရာဝတီကို ဖြေကြားပါတယ်။ သူ့ရဲ့ သတို့သားလောင်း နာမည်ကိုလည်း အဲဒီတော့မှပဲ သိမှာပါ။
အဆိုတော် N ကိုင်ရာလည်း ၂၀၁၄ ထဲမှာ မင်္ဂလာပွဲ ကျင်းပမှာ ဖြစ်တဲ့အကြောင်း၊ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ စီစဉ်ခဲ့ပြီး ဖိတ်စာတွေ ဝေခဲ့ပေမယ့် သူ့ဖခင် ကွယ်လွန်သွားတဲ့အတွက် ပွဲကို ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း သိရပါတယ်။
“ကိုင့် မင်္ဂလာပွဲက၂၀၁၃ နှစ်ကုန်ပိုင်း လောက်မှာ လုပ်ဖို့ ဖိတ်စာတွေတောင် ဝေခဲ့တာ။ ကိုင် မင်္ဂလာပွဲ လုပ်ခါနီးမှာ ကိုင့်ပါပါး ဆုံးသွားလို့ မင်္ဂလာပွဲကို ၂၀၁၄ မှာ ပြန်လုပ်ဖို့ ရွှေ့လိုက်တာပါ။ ကိုင်တို့ စီစဉ်နေတဲ့အတွက် ရက်အတိအကျ ကိုတော့ ပြန်ဟြေ ပါ့မယ်” လို့ N ကိုင်ရာက ဟြေပါတယ်။
အဆိုတော်နဲ့ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းကတော့ သူ့ရဲ့ ချစ်သူ ကိုဥက္ကာမြင့်ကြူနဲ့ (မင်္ဂလာပွဲ ၄ ပွဲ) လုပ်ဖို့ စီစဉ် ထားကြောင်းကို ဧရာဝတီကို ဟြေထားပါတယ်

ဧရာဝတီ သတင်း

ချစ်စရာ ည၀တ်အင်္ကျံလေးတွေ


အရည်အသွေးကောင်းပြီး သက်သောင့်သက်တာရှိမှု ၊ နူးညံ့မှုတွေအပြင် ချစ်စရာကောင်းပြီး ကလေးတစ်ယောက်လို ခံစားမှုပြန်ပေးနိုင်မယ့် အရာကတော့ ည၀တ်အင်္ကျံလေးတွေပါပဲ။ အပြင်သွားဖို့ အတွက် အသုံးမ၀င်ပေမယ့် ကိုယ့်ကမ္ဘာလေးထဲမှာ ကိုယ်နှစ်သက်တဲ့ ည၀တ်အင်္ကျံလေးနဲ့ နေထိုင်ရတာကလည်း တစ်မျိုးနှစ်သက်စရာပါပဲ။

          ဒါကြောင့် လှလဲလှပြီး ၀တ်လို့လဲကောင်းမယ့် ည၀တ်အင်္ကျံလေးတွေကို ရွေးချယ်နိုင်ဖို့ နည်းနည်းလောက်လေ့လာကြည့်လိုက်ရအောင်။

(1)  Snooze Button Set , $44

(2)  Polka Dot Night Shirt , $39.95

(3)  Precious Puppy , $29.99

(4)  Printed Long-Johns , $52.50

(5)  Paisley Pajamas , $26.70

(6)  Adorable Owl Set , $17.49

(7)  Checkered Sleeping Shirt, $42.72

(8)  Snowflake Pants, $12

(9)  Vintage-Inspired Floral Pants , $47

(10) Plaid Shorts Set , $19.95

နှစ်သက်ရင်တော့ ရေးထားတဲ့နာမည်ကို ရိုက်ချပြီး အွန်လိုင်းကနေ ရှာကြည့်လို့ရပါတယ်။ ည၀တ်အင်္ကျံလှလှလေးနဲ့ အိပ်မက်လှလှလေးတွေ မက်နိုင်ကြပါစေ။

Ref:seventeen
Trend Myanmar