မြန်မာ့ဘောလုံး အရှုံးသံသရာ အဖြေရှာမရ

ပို့စ်တင်ချိန် - 12/19/2013 07:45:00 AM

=========================
အယ်ဒီတာ့အာဘော် ကဏ္ဍ
=========================
ဒီဇင်ဘာ ၁၆ ရက် ည ၈နာရီ ၄၅ မိနစ် မှာ မြန်မာ ဘောလုံးသမားများနှင့် အတူ သန်း ၆၀ သော ပြည်သူများ မျက်ရည်ကျခဲ့ကြသလို အားလုံးရဲ့နှလုံးသား ထဲကနေ တစ်ခုခုကိုယူသွားသလိုခံစားခဲ့ကြ ရပါသည်။

မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို အနည်းဆုံး သရေကျလျှင်ပင် အုပ်စုမှတက်ရမည်ဖြစ်ပေမယ့် ရှုံးနိမ့် မှုကိုကြုံခဲ့ရပါသည်။ ပွဲအပြီးတွင် မြန်မာ ပရိသတ်အချို့ မြန်မာနိုင်ငံအလံ၊ အကျÐနှင့် မြန်မာ အသင်းဆိုင်းဘုတ် ကို မီးရှို့ဖျက်ဆီးခဲ့သည်အထိ ဒေါသထွက်ခဲ့ကြပါသည်။ ဘောလုံးပွဲရှုံးခြင်းသည် ဘောလုံးသမားများနှင့် နည်းပြ တို့ကိုသာ အပြစ်ပုံချ၍မရနိုင်ပါ။ အဖွဲ့ချုပ်ဥက္ကဋ္ဌမှသည် သက်ဆိုင်ရာအဘက်ဘက်သော နေရာ အသီးသီးမှပါဝင် သူအားလုံးတွင် တာဝန်ရှိသည်ဟုယူဆပါသည်။

လက်ရှိမြန်မာနိုင်ငံ၏ ဘောလုံးအသင်းကိုလေ့လာ ကြည့်မည်ဆိုပါက MNL အဆင့်မြင့်တန်းဘောလုံးပြိုင် ပွဲဖြင့် လက်ရွေးစင်ဘောလုံးသမားများ ကို ရွေးချယ်ခဲ့ ကြပြီး ပြည်ပဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ် သည်။ ယင်းသည် ၂၀၀၉တွင်စတင်ခဲ့ခြင်းဖြစ်ပြီး နှစ် အတန်ပင်ကြာခဲ့ပြီဖြစ်သည်။ သို့သော်လည်း အရှေ့တောင် အာရှအားကစားပြိုင်ပွဲ တွင် မြန်မာဘောလုံး အသင်း အောင်မြင်မှုတစ်စုံတစ်ရာရရှိခဲ့ခြင်းမရှိပါ။

ယနေ့ကာလ သည် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပချိန်တွင်မူ မြန်မာ ဘောလုံးအသင်း အုပ်စုမှပင်ထွက်ခဲ့ရပြန်သည်။ MNL အဆင့်မြင့်တန်းဘောလုံးကလပ်များ လည်း မြန်မာနိုင်ငံ ၏ တိုင်းဒေသနှင့်ပြည်နယ်အသီးသီးတွင် အခြေစိုက် ပြီး လူရွေးချယ်ကာယှဉ်ပြိုင်စေခြင်းဖြစ်သော်လည်း မြန်မာ ဘောလုံးအသင်းတွင် အရည်အသွေးပြည့်ဝသောဘော လုံးသမားများ များစွာထွက်ပေါ်လာခြင်း မရှိသည် က လည်း လက်ရှိအခြေအနေကို ဖော်ညွှန်းပြသနေ သည်။

မြန်မာဘောလုံးအသင်းအတွက် ကောင်းမွန်သော၊ အရည် အသွေးပြည့် ဝသော ဘောလုံး သမားများထွက်ပေါ်လာ ရေး ကို ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဆောင်ပြီး ဆောင် ရွက်ခဲ့သော်လည်း အောင်မြင်မှုမရရှိသေးပါ။ ယင်းအ ချက်ကို ခိုင်မာသေချာစွာပြန်လည်သုံးသပ်ရတော့မည် ဖြစ်သည်။ ယခင်က အခြေခံပညာဘောလုံးပြိုင်ပွဲများ၊ တိုင်းနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲများ၊ တက္ကသိုလ်ဘော လုံးပြိုင်ပွဲများ အဆင့်ဆင့်ကျင်းပခဲ့ကြပြီး နိုင်ငံအတွက် အရည်အသွေးပြည့်ဝသည့် လက်ရွေးစင်ဘောလုံးသမား များကို မွေးထုတ် နိုင်ခဲ့ကြသော်လည်း ယနေ့အချိန်အခါ တွင် ယင်းသို့သောအခြေအနေ ကို ပြန်လည်ရရှိခဲ့ကြခြင်း မရှိသေးခြင်းကြောင့် မည်သည့်အချက်သည် မှားယွင်း နေသည်ကို သေချာစွာသုံးသပ်ရတော့မည်ဖြစ်သည်။

ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် မျိုးဆက်သစ်လူငယ် ဘောလုံးသမားများ အတွက် ဘောလုံးကွင်းကဲ့သို့သော အခြေခံအဆောက်အအုံများ ဖြည့်ဆည်း နိုင်ခြင်းရှိပါလား၊ ဒေသအသီးသီးမှအရည်အချင်းရှိသော အားကစားသမား များကို ရွေးထုတ်မှုများတွင်လည်း ဘက်လိုက်မှုများရှိ နေဆဲလား၊ လူမှားနေသည်လား၊ စနစ်မှားနေသည်လား၊ တိုင်းပြည်ဆင်းရဲမှုကြောင့်လား စသည့်လားပေါင်းများစွာ က ကျွန်ုပ်တို့ကိုသံချောင်းခေါက်နေပြီဖြစ်သည်။ လက် ရှိ အခြေအနေအတိုင်းရှေ့ဆက်နေပါက ဒေသတွင်းပြိုင် ဘက်အသင်းများအကြားတွင် မြန်မာအသင်းရှုံးနိမ့်မှုကို ဆက်လက်ကြုံကြရပါဦးမည်။

ဘောလုံး၏ ရွှေမြန်မာခေတ်ကိုပြန်မသွားတော့ ပါ။ ယနေ့ခေတ်သည်သာ အရေးကြီးသည့်ကာလဖြစ် ပေသည်။ ကျွန်ုပ်တို့ပြည်သူများ အနေဖြင့် မြန်မာ နိုင်ငံ သားများဖြစ်သည့်အလျောက် မြန်မာဘောလုံးအသင်း ၏ရှေ့လာမည့်ပြိုင်ပွဲများ ကို ဆက်လက်အားပေးနေကြ ဦးမည်သာဖြစ်သည်။

ကိုယ့်နိုင်ငံအသင်းရှုံးနိမ့်မှုကြုံလာ ပါက ကြေကွဲကြရမည်ဖြစ်သလို အနိုင်ရလာပါကဝမ်းသာ ပျော်ရွှင်ကြဦးမည်ဖြစ်သည်။ သို့ဖြစ်ရာ သန်း ၆ဝသော ပြည်သူများ၏ မျှော်လင့်ချက်အတွက် မြန်မာဘောလုံး အသင်း လက်ရှိအခြေအနေကို မှန်ကန်စွာအဖြေရှာဖွေ နိုင်ရန်လိုအပ်လှပါကြောင်း။

အယ်ဒီတာ

ဒီဇင်ဘာ ၁၇၊ ၂၀၁၃
Yangon Media Group