ဟောင်ကောင် အိမ်အကူဈေးကွက်သို့ မြန်မာ လုပ်သားများ စေလွှတ်မည်ဟုဆို

ပို့စ်တင်ချိန် - 12/19/2013 09:07:00 AM


==========================================
ကျော်မြတ်ဇံ
==========================================
ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ။ ။ မြန်မာ အမျိုးသမီးများ ဟောင်ကောင် နိုင်ငံတွင် လစာကောင်းကောင်း ဖြင့် အိမ်အကူလုပ်ဆောင်နိုင်ရန် အတွက် အလုပ်သမားဝန်ကြီးဌာန နှင့် ပြည်တွင်းအေဂျင်စီတစ်ခုတို့ သဘောတူညီမှု ရထားပြီးဖြစ် ကြောင်း အလုပ်သမားညွှန်ကြား မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးမျိုးအောင်က ပြောသည်။

ယင်းကဲ့သို့ ဟောင်ကောင် တွင် အိမ်အကူလုပ်ရန် တရားဝင် ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်တွင်း အေဂျင်စီများကို အကြောင်းကြား ခဲ့ရာ ယခုအခါ ပြည်တွင်းကုမ္ပဏီ တစ်ခုမှာ ယင်းကဲ့သို့မြန်မာအမျိုး သမီးများကို အိမ်အကူလုပ်ရန် အတွက် အကျိုးဆောင် မည်ဖြစ် ကြောင်း၊ ကမ်းလှမ်းမှုကို လက်ခံ ပြီးဆွေးနွေးရာမှ ယခုကဲ့သို့ ခွင့်ပြု ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးမျိုးအောင်က ''ကျွန်တော် တို့ကတော့ မြန်မာအလုပ်သမား တွေကို အကာအကွယ်ပေးနိုင် မယ်။ လစာကောင်းမယ်။ အလုပ် သမားအခွင့်အရေး အပြည့်အဝ ရှိမယ်ဆိုရင်တော့ ဘယ်နိုင်ငံကို မဆို စေလွှတ်ချင်တာပဲ။ အခုဟောင် ကောင်မှာ ဆိုရင်လဲ မြန်မာကောင် စစ်ဝန်ရုံးရှိတယ်လေ။ ကုမ္ပဏီနာ မည်ကတော့ နောက်မှပဲပြောတော့ မယ်''ဟုပြောသည်။(ရန်ကုန်တိုင်းမ်)