အသက်ကြီးလျှင် ပေါ်လာတတ်သော အညိုရောင် အစက်အပြောက်များ (Age Spots)

ပို့စ်တင်ချိန် - 3/25/2014 01:20:00 PM


Age Spots ဆိုတာဟာ လက်အနောက် ဘက်၊ လည်ပင်း၊ မျက်နှာနဲ့ ပခုံးပေါ်မှာ တွေ့ရတတ်တဲ့ အညိုရောင် ဝိုင်းစက်စက် အစက်အပြောက်တွေ
ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုအချိန် များလာတာကြောင့် Age Spots တွေ ပေါ်လာရတာပါ။

ဒါကြောင့် လူအများစုမှာ အသက်ငယ်နေသေးရင် Age Spots တွေ ထွက်လာတာ မတွေ့ရတတ်သေးပါဘူး။ ဒါပေမယ့်လည်း နေရောင်ခြည်နဲ့
သိသိသာသာ ထိတွေ့မှုရှိသူတွေအနေနဲ့ အသက် ၂၀ ဒါမှ မဟုတ် ၃၀ နောက်ပိုင်းမှာ Age Spots တွေ စတင်ထွက်လာ တတ်ပါတယ်။

နေရောင်ခြည်မှာ UV rays တွေ ပါဝင်တဲ့အတွက် အသားအရေ ပျက်စီးမှုတွေ ရရှိလို့ပါ။ နေရောင်ခြည်ကြောင့် ရောင်ခြည်ပစ္စည်းတွေ အရေပြားမှာ
ပိုမိုစုဆောင်းလာပြီး အညိုရောင် အစက်အပြောက်တွေ ဖြစ်ပေါ်လာကာ Age Spots တွေ ဖြစ်လာတာပါ။ အကယ်၍ Age Spots တွေရဲ့ အရွယ်ပမာဏ ဒါမှ မဟုတ် ပုံသဏ္ဌာန်ပြောင်းလဲလာရင် အရေပြား ကင်ဆာဖြစ်နိုင်တဲ့ အတွက် အရေပြားဆရာဝန်နဲ့ သင့်အရေပြားကို တစ်နှစ် တစ်ကြိမ် လောက် စစ်ဆေးသင့်ပါတယ်။ Age Spots တွေ မှေးမှိန်သွားအောင်နဲ့ မဖြစ်အောင် ကာကွယ်နိုင်ဖို့ လုပ်ဆောင်နည်းတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ အရောင်ဖျော့ပါ
သင့်ရဲ့ Age Spots ဟာ အကြီးကြီး ဒါမှ မဟုတ်ခဲ့ရင် ဆိုင်ပေါ်မှာ တင်ရောင်းတဲ့ ချေး(ဂျီး)ချွတ်ပစ္စည်းတွေနဲ့ အရောင်ဖျော့သွားအောင် လုပ်နိုင်ပါတယ်။

hydroquinone နှစ်ရာခိုင်နှုန်း ပါဝင်တဲ့ ခရင်မ်တွေ လိမ်းပေးရင် Age Spots ရဲ့ အရောင်ဟာ သိသိသာသာ လျော့သွားတာ ဒါမှ မဟုတ် ပျောက်တောင်
ပျောက်ကင်း နိုင်ပါတယ်။ GlyColic acid moisturizer နဲ့ အသုံးပြုရင် ပိုကောင်းပါတယ်။ ချေး(ဂျီး) ချွတ်ပစ္စည်းကို cotton swab နဲ့ တို့ပြီး Age Spots အပေါ်တိုက်ရိုက် တစ်နေ့ နှစ်ကြိမ် တို့ပေးပါ။ ထိရောက်မှုရှိဖို့ ၆ လမှ ၁၂ လ လောက် အသုံးပြုရပါတယ်။ Age Spots ပျောက်ကွယ်သွားရင် အသုံးပြုတာကို ရပ်လိုက်ပါ။

၂။ နေရောင်ခြည်ရဲ့ ထိတွေ့မှုကို ကာကွယ်ပါ

Age Spots တွေဟာ နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် ဖြစ်တဲ့အတွက် နေရောင်ခြည် ဒဏ်ကာကွယ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အိမ်အပြင်ထွက်တိုင်းSunscreen လိမ်းသွားဖို့ မမေ့ပါနဲ့။ UVA နဲ့ UVB နှစ်မျိုးစလုံးကို ကာကွယ်နိုင်ပြီး Sun Protection factor SPF အနည်းဆုံး ၁၅ ရှိတဲ့ Sunscreen ကိုအပြင်မထွက်မီ ၁၀ မိနစ်မှ ၁၅ မိနစ် အလိုမှာ လိမ်းပေးပါ။ စမ်းသပ်မှုတွေ အရ SPF 15 ဟာ နေရောင်ခြည်မှ UV rays ဒဏ်ကို ၉၃ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ အကယ်၍ သင်ဟာ ဂေါက်သီး ကစားရမှာ ဖြစ်ရင်၊ ဒါမှမဟုတ် တင်းနစ်ရိုက်ရမှာ ဖြစ်ရင် ဒါမှ မဟုတ် နေရောင်နဲ့ ကြာကြာထိတွေ့ရမယ့်သူဖြစ်ရင် SPF 30 ပါဝင်တဲ့ sunscreen ကို လိမ်းပါ။ ပင်လယ်ကမ်းခြေမှာ ရေစိုနေသူဖြစ်ရင် sunscreen ကို မကြာခဏ လိမ်းပေးပါ။

၃။ ဦးထုပ်ဆောင်းပါ

အကယ်၍ သင်ဟာ ပင်လယ်ကမ်းစပ်မှာ လမ်းလျှောက်မယ်ဆိုရင်၊ ဒါမှ မဟုတ် နေ့လယ်နေ့ခင်းမှာ အပြင်ဘက်ထွက်မယ်ဆိုရင် မျက်နှာနဲ့ လည်ပင်းအပေါ်ေ နရောင်မှ ကာကွယ်ဖို့ ဘေးအနားလေးလက်မ အကျယ်အ ဝန်းရှိတဲ့ ဦးထုပ် ဆောင်းထား ပါ။ အင်္ကျီလက်ရှည်၊ ဘောင်းဘီအရှည် ဒါမှ မဟုတ် ထဘီ၊ ပုဆိုး ဝတ်ထားပါ။

၎။ နှုတ်ခမ်းကိုလည်း ကာကွယ်ပါ

နှုတ်ခမ်းဟာလည်း နေရောင်ခြည်နဲ့ ထိတွေ့နိုင်တဲ့ နေရာမှာ ဖြစ်တဲ့အတွက် Age Spots တွေ ရနိုင်ပါတယ်။ နှုတ်ခမ်းနီ ဆိုးထားတာနဲ့ ကာကွယ်နိုင်တယ်လို့ ထင်ရပေမယ့် နေရောင်ဟာ အရောင်ဖျော့တွေကို ထိုးဖောက်နိုင်တဲ့ အပြင် နှုတ်ခမ်းနီဟာလည်း တစ်နေ့လုံး မခံဘဲ ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် SPF ၁၅ ဒါမှ

မဟုတ် ၃၀ ပါဝင်တဲ့ နှုတ်ခမ်းနီကို ဆိုးပြီးမှ အပြင်ထွက်ပါ။

၅။ အပြင်ထွက်ချိန် ကန့်သတ်ပါ

မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်နဲ့ ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ပါ။ UV rays တွေအား အပြင်းဆုံး အချိန်ဖြစ်လို့ပါ။ ခြံတွင်း အပင်စိုက်ရမယ့် အလုပ်လို အိမ်ပြင်ထွက်လုပ်ရမယ်ဆိုရင် မနက်ပိုင်းနဲ့ ညနေပိုင်းမှာသာ လုပ်ပါ။ တိမ်ထူထပ်တဲ့ နေ့တွေနဲ့ ဆောင်းရာသီတွေမှာ လည်း Sunblock သုံးဖို့လိုအပ်တယ်ဆိုတာ သတိရပါ။

၆။ အရိပ်အောက်မှာ နေပါ

သင်ဟာ ပင်လယ်ကမ်းခြေ ဒါမှ မဟုတ် သင့်နေအိမ်ခြံဝင်းအတွင်းမှာ Baebecue ပါတီကျင်းပမယ်ဆိုရင် ထီးအကြီးကြီးအောက်မှာသာ လုပ်ပါ။ သင်ဟာနေရောင်ခြည် အောက်မှာ ရှိနေတိုင်းချည်သားပိတ် အရောင်ဖျော့ဖျော့ကို သာ ဝတ်ဆင်ပါ။

၇။ ရှောက်သီးလိမ်းပါ

ရှောက်သီးကို လှီးဖြတ်ပြီး Age Spots အပေါ် ၁၀ မိနစ်ခန့်ကပ်ထားပါ။ ရှောက်သီးမှ အက်စစ်အရည်တွေက Age Spots ကို အရောင်ဖျော့စေလို့ပါ။ ခြောက်ပတ်မှ

၁၂ ပတ်အတွင်း သိသိသာသာ ပျောက်ကင်းတာကို တွေ့မြင်နိုင်ပါတယ်။ တစ်နေ့ တစ်ကြိမ်သာ အသုံးပြုပေးပါ။ အသုံးပြုတာများသွားရင် အရေးပြားအပေါ်ဆုံး

အလွှာကွာကျသွားနိုင်လို့ပါ။

၈။ ကြွက်နို့ကပ်ပစ္စည်း (wast stick) ကို အသုံးပြုပါ

Wast Stick မှာ Salicylic acid 90% ပါဝင်ပြီး stick ကို ညအိပ်ရာဝင်ခါ နီးတွင် Age Spots မှာ ကပ်ထားနိုင်ပါတယ်။ ရှစ်လမှ ၁၂ လအတွင်း Age Spots

အရောင်ဖျော့ သွားနိုင်ပါတယ်။

၉။ Concealer သုံးပါ

သင့်အသားအရေ အရောင်ထက် အရောင်ဖျော့တဲ့ cream-based ဒါမှ မဟုတ် water based concealer ကို Age Spots ပေါ်မှာ လိမ်းပေးပါ။

၁၀။ ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ

သင့်ရဲ့ Age Spots တွေဟာ အိမ်တွင်းကုသမှု နည်းလမ်းတွေနဲ့ မသက်သာရင် ဒါမှ မဟုတ် Age Spots မှ သွေးတွေ ထွက်ပြီး ယားယံတာ ဒါမှ မဟုတ်အရောင်ပြောင်း သွားတာတွေ ဖြစ်ခဲ့ရင် ဆရာဝန်နဲ့ ပြပါ။ အချို့အရေပြားကင်ဆာတွေဟာ Age Spots နဲ့ခပ်ဆင်ဆင်တူလို့ပါ။ ဆရာဝန်တွေ အနေနဲ့ Age Spots

အတွက် 4% Hydroquinone လိမ်းဆေး ညွှန်ပြနိုင်ပါတယ်။
တစ်နေ့ကို နှစ်ကြိမ်လိမ်းပေးရင် ၂၁ ရက်မှ ၂၈ ရက်အတွင်း သက်သာသွားနိုင်ပါတယ်။ Hydroquinone နဲ့ အတူ ဗီတာမင် A Cream (Retin-A) ကိုပါ ပေါင်းစပ်ပြီး

ပေးနိုင်ပါ တယ်။ ပိုပြီး မြန်မြန်သက်သာအောင် နိုက်ထရိုဂျင်အရည်နဲ့ အေးခဲနည်းကို အသုံးပြု နိုင်ပါတယ်။ ၄ ရက်မှ ၆ ရက်အတွင်း Age Spots
ကွာကျသွားနိုင်ပါတယ်။ ဒုတိယ နည်းလမ်းအနေနဲ့ chemical peel လုပ်ပေးနိုင်ပါတယ်။ မျက်နှာမှာ age spots အတွက် နှစ်ရက်မှ သုံးရက်အတွင်းသက်သာစေနိုင်သလို လက်မောင်းနဲ့ ရင်ဘတ်မှ Age Spots တွေကို ငါးရက်မှ ခုနှစ်ရက်အတွင်း သက်သာပျောက်ကင်းနိုင်ပါတယ်။ တတိယ နည်းလမ်းဟာ Laserနဲ့ ပြုပြင်နည်းပါ။ နာရီဝက်မှ တစ်နာရီခန့်သာ ကြာတတ်ပြီး အနာကျက်ဖို့ နှစ်ပတ်မှ ခြောက်ပတ် အချိန်ယူရပါတယ်။

Good Health