ဘရိတ်ပေါက်သည့်ကား ပရိုဘောက်စ်နှင့် ဓာတ်တိုင်ဝင်တိုက်

ပို့စ်တင်ချိန် - 3/25/2014 07:20:00 PM


မောင်ပြည်သူ၊ မန္တလေး၊ မတ်-၂၄

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅ လမ်းနှင့် ၇၁ လမ်းဆုံတွင်
မတ်၂၃ ရက် နံနက် ၀၀ နာရီ ၅၀မိနစ်ခန့်က ၃၅ လမ်းအတိုင်း အရှေ့မှ အနောက်သို့ ဖေရင် (၂၃) နှစ် ၃၂ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြား
ချမ်းအေးသာစံမြို့နယ်နေသူ အရှိန်ပြင်းစွာ မောင်းနှင်သည့် ၉ခ/--- ဆလွန်းယာဉ်သည် ဘရိတ်ပေါက်ပြီး ၃၅လမ်း တောင်ဘက်ခြမ်း မဟာနွယ်စဉ်အားကစားကွင်းရှိ ရပ်ထားသည့် 1G--- ပရိုဘောက်ယာဉ်
အား တိုက်မိပြီး ဆက်လက်၍ လမ်းဘေးပလက်ဖောင်းရှိ ဓာတ်တိုင်ကို ၀င်တိုက်ပြီး ရပ်တန့်သွားခဲ့သည်။

ယာဉ်နှစ်စီးမှာ ပျက်စီးသွားခဲ့သဖြင့် ယာဉ်မှုစစ်ရဲစခန်းမှ ဒုရဲအုပ်
အောင်ကျော်ကျော်ဦးက ယာဉ်မောင်းဖေရင်အား မဟာအောင်မြေမြို့နယ် မြို့မရဲစခန်းတွင် ယာဉ် (ပ) ၁၅/၂၀၁၄ ပြစ်မှု ပုဒ်မ-၂၇၉ အရ အမှုဖွင့်
အရေးယူထားသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ