ဗြိတိသျှကောင်စီမှ အင်္ဂလိပ်စာ သင်တန်းများကို အသက်အရွယ်အလိုက် စတင် ဖွင့်လှစ်မည်

ပို့စ်တင်ချိန် - 3/25/2014 12:04:00 PM


အင်္ဂလိပ်စာ စွမ်းရည် ၄ မျိုး စလုံး ပိုမို တိုးတက်လာစေရန် ရည်ရွယ်၍ ဗြိတိသျှကောင်စီမှ အသက်အရွယ် အလိုက် အင်္ဂလိပ်စာ သင်တန်းများကို ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

သင်တန်းများကို အသက် ၇ နှစ်မှ ၉ နှစ် Primary Learner ၊ အသက် ၁၀ နှစ်မှ ၁၂ နှစ် Tween Learners၊  အသက် ၁၃ နှစ်မှ ၁၅ နှစ် Secondary Learners၊ အသက် ၁၆ နှစ်မှ ၁၇ နှစ် Young Adults နှင့် အသက် ၁၆ နှစ်မှ အထက်ကို Adult Learners ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။  ဝင်ခွင့်စာမေးပွဲကြေး အနေဖြင့် တစ်သောင်းကျပ်ဖြစ်ပြီး မှတ်ပုံတင် ကတ်ပြား (သို့) သန်းခေါင်စာရင်း/ မွေးစာရင်း မူရင်းများ ယူဆောင်၍ တနင်္လာနေ့မှ စနေနေ့ နံနက် ၈ နာရီခွဲမှ ညနေ  ၅ နာရီအတွင်း မတ်လ ၁၇ ရက်မှ စ၍ လာရောက်  စာရင်း ပေးသွင်းရမည်ဖြစ်သည်။

 ခေတ်မီ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများစွာဖြင့် သင်ကြား ပို့ချပေးမည် ဖြစ်ပြီး သင်တန်းကြေးမှာ ကျပ် ၃၃၀၀၀၀ ဖြစ် ကာ စုစုပေါင်း သင်ကြားချိန် နာရီ ၆၀ ကြာမြင့်မည်ဖြစ်သည်။ ဝင်ခွင့် ဖြေဆိုရန် စာရင်းပေးလိုပါက Brtish Council Customer Service &  Sales Department ဖုန်း-၂၅၆ ၂၉၀၊ ၂၅၆၂၉၁ (လိုင်း ခွဲ -၃၁၀၆၊ ၃၃၁၇) အတွင်း ဆက်သွယ် စုံစမ်း မေးမြန်းနိုင်သည်။

ဝေေ၀
Internet Journal