သစ်အလုံးလိုက်တင်ပို့မှုပိတ်လိုက်ခြင်းက အဖြေလား

ပို့စ်တင်ချိန် - 3/25/2014 12:13:00 PM

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်ရှိ သစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် သစ်လုံးများအား သယ်ယူရန်ပြင်ဆင်နေစဉ် (ဓာတ်ပုံ− စိုးဇေယျာထွန်း/ရိုက်တာ)

‘‘ဧပြီ ၁ ရက်မှစ၍ အလုံးလိုက်တင်ပို့မှုများ ခွင့်ပြုတော့မည်မဟုတ်’’

သစ်အလုံးလိုက်တင်ပို့ သောလုပ်ငန်းများ အစိုးရအနေ ဖြင့် တရားဝင်ရပ်ဆိုင်းလိုက်သော် လည်း သစ်ကုန်ချောထည်တင်ပို့ သည့် လုပ်ငန်းများအား စနစ်တကျ စီမံခန့်ခွဲမှုမပြုလုပ်နိုင်ပါက သစ် တောပြုန်းတီးမှုကို ထိရောက်စွာ ဟန့်တားနိုင်မည်မဟုတ်ကြောင်း

သစ်တောပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများက သုံးသပ်ပြောကြား သည်။ သစ်အလုံးလိုက် တင်ပို့မှု ကို မတ်လ ၃၁ ရက် နောက်ဆုံး သတ်မှတ်ထားခြင်းဖြစ်သည်။

ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုရပ်ဆိုင်းခြင်းဖြစ်သော် လည်း သစ်ခွဲခြမ်းတင်ပို့မှုများ သည် ဆက်ရှိနေဦးမည်ဖြစ်ပြီး ရောင်းတမ်းဝင်ခွဲခြမ်းများ တင်ပို့ ခြင်းကို ကောင်းမွန်စွာ စီမံခန့်ခွဲ မှုမပြုလုပ်နိုင်ပါက ပြုန်းတီးမှုများ ဆက်ဖြစ်နေမည်ဟု သစ်တော ပညာရှင်များနှင့် သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေးသမား များက သုံးသပ်ပြောကြားခြင်း ဖြစ်သည်။

‘‘အလုံးလိုက်မပို့ဘဲ ခွဲသား ပို့မယ်ဆိုရင် စဉ်းစားရမယ်။ ခွဲသားက အလေအလွင့်တွေလည်း ဖြစ်လာမယ်ဆိုတော့ ပိုကုန်လာနိုင်မယ်။ အလုံးလိုက်က တန် ၆၀ ထွက်ရင် ခွဲသားက တန် ၄၀ ပဲ ထွက်မယ်။ ဒါကသဘောကို ပြော ပြတာ။ သစ်ခွဲသားပို့တာ စနစ်တ ကျ မကိုင်တွယ်နိုင်ဘူးဆိုရင် ပိတ် မှ ထိရောက်မယ်’’ဟု စိမ်းလန်း အမိမြေမှ မြန်မာနိုင်ငံရှိ သစ်ထုတ်လုပ်ငန်းများ တရားဝင်ထုတ်ယူ ခြင်းရှိ၊ မရှိ စောင့်ကြည့်သည့် အ စီအစဉ်တွင် ပါဝင်သည့် ဦးဝင်း မျိုးသူကပြောသည်။

မြန်မာနိုင်ငံတွင်ရှိနေသည့် သစ်တောဖုံးလွှမ်းမှုကို တွက်ချက် ပြီး နှစ်အလိုက် စနစ်တကျ သစ် ထုတ်လုပ်ခြင်းအစီအစဉ် (AAC) ယခင်ကတည်းက မြန်မာနိုင်ငံ တွင် ပြဋ္ဌာန်းထားသည်။ မြန်မာ သစ်တောပြုန်းတီးမှုကို လျော့ပါး စေမည့် စနစ်တကျသစ်ထုတ် သည့် ယင်းနည်းစနစ်ကို ပညာ ရှင်များ ရေးဆွဲခဲ့သော်လည်း တိုင်းပြည်၏ ၀င်ငွေလိုအပ်ချက်ကြောင့် နှစ်စဉ်သစ်ထုတ်လုပ်မှုများသည်သတ်မှတ်စံနှုန်းကျော်လွန်လျက်ရှိသည်။

သစ်တောဖုံးလွှမ်းမှုကို အခြေခံပြီး တွက်ထုတ်ယူသော စံနှုန်းအတိုင်းဖြစ်လာပါက မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှု အမှန်လျော့ကျနိုင်မည်ဖြစ်ပြီး စစ် အစိုးရခေတ်တွင် မကျင့်သုံးနိုင်ခဲ့သည့် သစ်တောစီမံအုပ်ချုပ်မှု စနစ် ပြန်လည်အသက်ဝင်လာ မည်ဖြစ်သည်ဟု သစ်တောပညာ ရှင်များက သုံးသပ်သည်။

ထိုစနစ်ကို ၂၀၁၅ နောက် ပိုင်းတွင် စတင်ကျင့်သုံးနိုင်ရန် သစ်ထုတ်လုပ်မှုများကို တဖြည်း ဖြည်းလျှော့ချသွားမည်ဟု ပတ် ၀န်းကျင်ထိန်းသိမ်းရေးနှင့် သစ် တောရေးရာဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီး ဦးဝင်းထွန်းက မကြာခဏ ထုတ်ဖော်ပြောဆို လျက်ရှိသည်။

‘‘တင်ပို့မှုရပ်တာ။ ထုတ်တာ ရပ်တာမဟုတ်ဘူး။ သူတို့ထုတ်ဖို့ လောက်လည်း မြန်မာပြည်သစ်တောတွေမှာ သစ်တောဖုံးလွှမ်းမှုတွေ မရှိတော့ဘူး’’ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုများတွင် ပါဝင်သူ ဦးထွန်းလွင် (မိုးဇလ)က ပြောသည်။

မြန်မာနိုင်ငံ၏ သစ်တောဖုံး လွှမ်းမှုသည် ကမ္ဘာ့စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့(FAO) တွက်ချက်မူအရ ၄၅ ရာခိုင်နှုန်းခန့်ကျန်ရှိသည်ဟု ထုတ်ပြန်ထား သော်လည်း အမှန်တကယ်သစ် တောထူထပ်သည့် နိုင်ငံ၏ ဧရိ ယာမှာ ၁၉ ရာခိုင်နှုန်းခန့်သာ ကျန်ရှိသည်။ ဧရိယာစတုရန်းမိုင်ဖြင့် တွက်ချက်ပါက ငါးသောင်းကျော် သာရှိသည်ဟု ပညာရှင်များက ဆိုသည်။

သစ်အလုံးလိုက်တင်ပို့ခြင်း သည် လုပ်ငန်းရှင်များအတွက် ရင်းနှီးစိုက်ထုတ်ရမည့် ငွေကြေး အင်အားနည်းပါးသော လုပ်ငန်း ရှင်တိုင်းလွယ်ကူစွာ လုပ်နိုင်သည့် လုပ်ငန်းဖြစ်သည်။ သစ်အလုံး လိုက်တင်ပို့မှုရပ်ဆိုင်းလိုက်ခြင်းသည် ထိုလုပ်ငန်းရှင်များကိုစိစစ် လိုက်မည်ဖြစ်သောကြောင့် အထိန်းအကွပ်မဲ့သစ်ထုတ်လုပ်မှု ကို လျော့နည်းစေလိမ့်မည်ဟု ဦးဝင်းမျိုးသူကပြောသည်။

မတ်လ ၃၁ ရက် နောက် ပိုင်းတွင် ပို့ခွင့်ရတော့မည်မဟုတ် ဟုဆိုသော်လည်း ထိုရက်နောက် ပိုင်းတွင် တင်ပို့သည့်ကုမ္ပဏီများ အား မည်သို့အရေးယူမည်ကို သ ဘာဝပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူများက စိတ်ဝင်စားလျက်ရှိသည်။

ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုရပ်ဆိုင်းရန် နိုင်ငံတော် က သတ်မှတ်လိုက်သော နေ့မှစ၍ မည်သည့်ကုမ္ပဏီကိုမျှ အလုံး လိုက်တင်ပို့မှုခွင့်ပြုမည်မဟုတ် ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြား ထားသည်။

သစ်အလုံးလိုက်တင်ပို့မှု ရပ် ဆိုင်းသည့်နေ့တွင် အကောက်ခွန် နှင့်အခြားဆက်စပ်ဝန်ကြီးဌာန များကိုပါ အကြောင်းကြားထား မည်ဖြစ်၍ တင်ပို့စရာ အကြောင်း မရှိသလို တင်ပို့သည့် ကုမ္ပဏီများ အား ပြစ်ဒဏ်ပေးရန် စည်းကမ်းများကိုလည်း ထုတ်ပြန်စရာမလိုဟု အထက်ပါတာဝန်ရှိသူကပြော သည်။

သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းမည်ဟူသော အမိန့်ကြော် ငြာစာကို လွန်ခဲ့သည့် ၂ နှစ်ခန့် က အစိုးရက တရားဝင်ထုတ်ပြန် ထားသောကြောင့် မည်သည့်သစ် ကုမ္ပဏီမှ ထိုသက်တမ်းကို ကျော် လွန်၍ စာချုပ်ချုပ်ရန် စီစဉ်ထား မည်မဟုတ်ကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်အသင်းမှ အတွင်းရေးမှူး ဦးဘာဘာချိုကပြောသည်။

7 Day Daily