ဘက်ခမ်းတည်ထောင်မည့်အသင်း၏ အိမ်ကွင်းဒီဇိုင်းထွက်ပေါ်လာ

ပို့စ်တင်ချိန် - 3/25/2014 09:15:00 AM




မေဂျာလိဂ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်၍ ကလပ်အသင်း တည်ထောင်မည့် ဘက်ခမ်းမှာ မီယာမီဆိပ်ကမ်းတွင်အသင်းအိမ်ကွင်း တည်ဆောက်မည်ဖြစ်ပြီး ၎င်း၏ စီမံကိန်းနှင့် အဆောက်အဦပုံစံကို
ဒေးလီးမေးလ်မှ ဖော်ပြသွားခဲ့သည်။ ပရိသတ် ၂၅၀၀၀ဆန့် ကွင်းတည်ဆောက်မည်ဖြစ်ပြီး စားသောက်ဆိုင်များ၊ ညကလပ်များပါ ထည့်သွင်းတည်ဆောက်မည်ဟု သိရသည်။

အဆိုပါကွင်းကို ဘက်ခမ်းနှင့် ရှယ်ယာရှင်များက ကိုယ်ပိုင်ငွေကြေးဖြင့် တည်ဆောက်မည်ဖြစ်ပြီး မေဂျာလိဂ် တွင် တတိယ အကြီးဆုံးကွင်း ဖြစ်လာ မည်ဟု ဒေးလီးမေးလ်က ဖော်ပြ ခဲ့သည်။ ဘက်ခမ်း၏ ကလပ်အသင်းမှာ ၂၀၁၇ခုနှစ်မှသာ ပြိုင်ပွဲဝင်ဖွယ်ရှိပြီး ဘာစီလိုနာကွင်းလယ်လူ ဇာဗီကို ၎င်း၏အသင်းသို့ ခေါ်ယူရန် ဘက်ခမ်းက စိတ်အားထက်သန်နေသည်ဟု သိရသည်။

@z (ရိုးရာလေး)