နိုင်ငံခြားသားနေထိုင်သော အိမ်အတွင်း ပုန်းလျှိုးဝင်ရောက်နေသူမှ ဓါးဖြင့်ရမ်းခဲ့၍ ဒဏ်ရာရ

ပို့စ်တင်ချိန် - 3/25/2014 08:21:00 AM


ရန်ကုန်၊ မတ် ၂၄

၂၃.၃.၂၀၁၄ ရက်နေ့ ၂၂၀၀အချိန်တွင် လသာမြို့နယ်နေ ကိုရဲသီဟသန့်မှ ၎င်း၏မိတ်ဆွေဖြစ်သော ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁)ရပ်ကွက်နေ ဗြိတိန်နိုင်ငံသား Mr. Andrew Stephen တို့မိသားစုသည် ထိုင်းနိုင်ငံသို့ ခရီးသွားနေခဲ့ရာမှ ယင်းနေ့ ၂၁၂၀ အချိန်ခန့်တွင် နေအိမ်သို့ပြန်လည်
ရောက်ရှိစဉ် နေအိမ်မြေညီထပ်ရှိ ဖိနပ်စင်မှာပြန့်ကျဲနေပြီး မီးဖိုတံခါးမှာ လည်းပွင့်နေကိုတွေ့ရှိရ၍ နေအိမ်အတွင်း လိုက်လံစစ်ဆေးကြည့်ရှု
ခဲ့ကြောင်း၊နေအိမ်ဒုတိယထပ်ရှိ အိမ်ရှေ့ဝရန်တာသို့ထွက်သောတံခါးပေါက်
နေရာတွင် ခြေရာများတွေ့ရှိသဖြင့် တံခါးအားဖွင့်ကြည့်ရာ အသက်(၂၅)နှစ်
ခန့်ရှိ အမျိုးသားတစ်ဦးမှာ ၀ရန်တာမှ နေအိမ်အတွင်းသို့ဝင်လာပြီး ဓါးဖြင့်ရမ်းကာထွက်ပြေးသွားသဖြင့် Mr.Andrew Stephenတွင် ၀ဲလက်ဖျံ၌
ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း၊ ရရှိသောဒဏ်ရာအား ရန်ကုန်ဆေးရုံကြီးတွင်
ပြင်ပလူနာအဖြစ် ကုသခဲ့ရကြောင်းနှင့် ထိုသို့ပြစ်မှုကျူးလွန်သူကို စုံစမ်းအရေးယူပေးပါရန် တိုင်တန်းလာခဲ့ပါသည်။

ယင်းသို့တိုင်တန်းချက်အရ ဗဟန်းမြို့မရဲစခန်း(ပ)၁၀၇/၂၀၁၄၊ ပြစ်မှုပုဒ်မ-၄၅၆/၃၂၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police