ခေါင်းကိုက်ဝေဒနာကို ကာကွယ်ပေးမယ့် ခေါင်းစည်းကိရိယာလာပါပြီ

ပို့စ်တင်ချိန် - 4/25/2014 12:21:00 PM


အမေရိကန်အစားအသောက်နဲ့ ဆေးဝါး
ကွပ်ကဲမှုအဖွဲ့ဟာ ခေါင်းကိုက်ခြင်းကို
ကာကွယ်ပေးနိုင်မယ့် ပထမဆုံးဆေး
ကိရိယာအဖြစ် ခေါင်းစည်း headband
တစ်မျိုးကို အတည် ပြုပေးခဲ့ပါတယ်။
ဒါဟာ မခံမရပ်နိုင်အောင် ခေါင်းကိုက်ခြင်းကို ခံစားနေရသူတွေအတွက် အာရုံကြော
လှုံ့ဆော်ကိရိယာတစ်မျိုးလည်း ဖြစ်ပါတယ်။

ဒီခေါင်းစည်းကို ဘယ်လဂျီယမ် နိုင်ငံ အခြေစိုက် Cephaly tech နည်းပညာကုမ္ပဏီမှ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဘက်ထရီငယ်ကို အသုံးပြုထားတဲ့ ကိရိယာဖြစ်ပါတယ်။ နဖူးပတ်လည်မှာပတ်ပြီး ၀တ်ဆင်ရမှာ ဖြစ်ပြီး ခေါင်းစည်းမှာပါဝင်တဲ့ အီလက်ထရုပ်ကနေတစ်ဆင့် ခေါင်းကိုက်ဝေဒနာကို သက်သာစေမယ့် ဗို့အားနိမ့် လျှပ်စစ်စီးကြောင်းကို ထုတ်လွှတ်ပေးမှာဖြစ်ကြောင်း CBS News မှာ ဖော်ပြထားပါတယ်။ အသုံးပြုနေစဉ်မှာ ဦးရေပြားတစ်လျှောက် ဖိန်းဖိန်းရှိန်းရှိန်း ခံစားရမှာ ဖြစ်ပါတယ်။ အသက်၁၈နှစ် အထက်အသုံးပြုနိုင်မှာ ဖြစ်ပြီး တစ်နေ့တာမှာ မိနစ် ၂၀ထက်ပိုအသုံးမပြုရဘူးလို့လည်း Cephaly Tech မှ တာဝန်ရှိသူက ပြောကြားထားပါတယ်။

ေ၇ွှမြန်မာမီဒီယာ