တာမွေ(၅)ခွဆုံမီးပွိုင့်တွင် ရွှေဂုံတိုင်လမ်းဘက်သို့ချိုးကွေ့သည့်ယာဉ်မှ မီးနီ၍ရပ်ထားသောယာဉ်များကို တိုက်မိ

ပို့စ်တင်ချိန် - 4/25/2014 08:43:00 AM



ရန်ကုန်၊ ဧပြီ ၂၅

၂၄.၄.၂၀၁၄ရက်နေ့ ၀၁၄၀အချိန်တွင် တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်း
လမ်းအတိုင်း ကျိုက္ကဆံအားကစားကွင်းဘက်မှ တာမွေ(၅)ခွဆုံဘက်သို့ ယာဉ်မောင်း စိုးမောင်၊ (၂၇)နှစ်၊ (ဘ)ဦးစိုင်းထွန်းမြင့်၊ ငါးထပ်ကြီးအနောက်
ရပ်ကွက်၊ ဗဟန်းမြို့နယ်နေသူမောင်းနှင်လာသော 6G---- Wing Road အမျိုးအစား အနက်ရောင်ကိုယ်ပိုင်ယာဉ်သည် တာမွေ(၅)ခွဆုံမီးပွိုင့်
အရောက် ရွှေဂုံတိုင်လမ်းဘက်သို့ချိုးကွေ့မောင်းနှင်စဉ် ရွှေဂုံတိုင်လမ်းပေါ်
တွင်မီးနီ၍ရပ်ထားသော ဒဂုံတောင်မြို့နယ်နေ ဦးဝင်းအောင်မောင်းနှင်သည့် AA---- Caldina အငှားယာဉ်၊ သင်္ဃန်းကျွန်းမြို့နယ်နေ ဦးအောင်ကျော်မျိုး
မောင်းနှင်သည့် 7E---- Honda Civic ကိုယ်ပိုင်ယာဉ်၊ တာမွေမြို့နယ်နေ ကိုအေးနိုင် မောင်းနှင်သည့် 1E---- Probox အငှားယာဉ်နှင့်
မြောက်ဥက္ကလာပမြို့နယ်နေ ကိုဇော်မင်းနိုင်မောင်းနှင်သည့် AA----
Corolla Van အငှားယာဉ်တို့အား အဆင့်ဆင့်တိုက်မိခဲ့ပြီး ယာဉ်မောင်း စိုးမောင်မှာ အခင်းဖြစ်နေရာတွင် ယာဉ်အားထားကာ ထွက်ပြေးတိမ်းရှောင်
သွားခဲ့ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ 6G---- ယာဉ်မောင်း စိုးမောင်
အား ဗဟန်းမြို့မရဲစခန်း ယာဉ်(ပ) ၄၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၇၉/၂၀၂ ဖြင့် အမှုဖွင့်ပြီး စုံစမ်းဖမ်းဆီးကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်း
ရရှိပါသည်။

Yangon Police