တရားမ၀င် သစ်များသယ်ဆောင်လာသည့် ကားမှောက်မှုကြောင့် လူသေဆုံး.(ဟာဂျူလီ-ကသာ)

ပို့စ်တင်ချိန် - 4/27/2014 10:40:00 AM


၂၆၊၄၊၁၄ရက်နေ့ နံနက်(၁၀)နာရီ(၃၀)မိနစ်အချိန်က စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်၊ နတ်တံခါးကြိုးဝိုင်းထဲတွင် တရားမ၀င် တမလန်းနှင့် ကျွန်းတုံးများသယ်ဆောင်သည့် ယာဉ်နံပတ် မပါသည့် (၆)ဘီးကားတစ်စင်း
တိမ်းမှောက်ခဲ့ရာ သစ်လုံးများပေါ်တွင် ပါဝင်သော လူ(၁)ဦးသေဆုံးပြီး (၂)ဦးမှာ ပြင်းထန်စွာ ဒါဏ်ရာရရှိသွားကြောင်းသိရပါသည်၊ သေဆုံးသူမှာဦးသန်းမောင်(၄၅နှစ်)ညောင်ပင်သာရွာ ဖြစ်ပြီး ကျောရိုးထိခိုက်ဒါဏ်ရာ
များရရှိသေဆုံးခဲ့ခြင်းဖြစ်ပါသည်၊ အခြား ဒါဏ်ရာရရှိသူ(၂)ဦးမှာ လှိုင်မင်းဌေး(၂၄နှစ်)ညောင်ပင်သာရွာနှင့် မြင့်ဦး(၁၇နှစ်) ညောင်ပင်သာရွာတို့ ဖြစ်ပြီး လှိုင်မင်းဌေး၏ဒါဏ်ရာမှာ ပြင်းထန်သဖြင့် မန္တလေးဆေးရုံသို့
ပို့ဆောင်ခဲ့ရပါသည်၊ ယခုတိမ်းမှောက်ခဲ့သည့် သစ်ကားကို မောင်းနှင်သူမှာ စိုးဝင်း (ဘ)ဦးသာမောင်၊မိုးယူရွာ၊ အင်းတော်မြှိုနယ်ဖြစ်ပြီး ယခုအချိန်အထိ တိမ်းရှောင်နေဆဲဖြစ်၍ ရဲတပ်ဖွဲ့မှတရားခံ စိုးဝင်းနှင့်
တရားမ၀င် သစ်လုံးများ၏ ပိုင်ရှင်ကို ဖေါ်ထုတ်နိုင်ရန် ဆောင်ရွက်လျှက်ရှိပါသည်၊ထို နတ်တံခါးကြိုးဝိုင်းအပိုင် မီးတားတောင်အဆင်းသည် တရားမ၀င်သစ်ကားများ ဖြတ်သန်းလေ့ရှိပြီး မကြာခဏလည်း တိမ်းမှောက်လေ့ရှိပါသည်၊
(ယခုတိမ်းမှောက်သော သစ်ကားအနီးတွင် မကြာခင်က တိမ်းမှောက်ထားဟန်ရှိသော သစ်တင်ကားတစ်စီးကိုလည်း ပုံပျက်ပန်းပျက် တွေ့ခဲ့ရပါသေးသည်၊ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ကသာရဲစခန်းမှ တရားခံ စိုးဝင်း(ထွက်ပြေးတိမ်းရှောင်)အား
ယာဉ်(ပ)၁၃/၁၄ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၀၄ဖြင့် အမှုဖွင့်အရေးယူထားပါသည်။.

(ဟာဂျူလီ-ကသာ)