လေပြင်းတိုက်ခတ်မှုကြောင့် လမ်းဘေးသစ်ပင်လဲကျပိမိပြီး လူ(၁)ဦးသေ

ပို့စ်တင်ချိန် - 4/27/2014 07:09:00 PM


နေပြည်တော်၊ ဧပြီ ၂၇
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မြွေရိုးဘုန်းတော်ကြီးကျောင်းရှေ့ လမ်းမပေါ်တွင် လူ(၁)ဦး သစ်ပင်ပိလဲကျသေဆုံး နေကြောင်းသတင်းအရ လယ်ဝေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ လယ်ဝေးမြို့၊ အမှတ်(၆)ရပ်ကွက်နေ ဆိုင်ကယ် ကယ်ရီမောင်းသူ အောင်နိုင်ထွန်း(၄၂)နှစ်အား ၀ဲမျက်ခွံ/ဦးခေါင်း ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသည်။ စစ်ဆေးချက်အရ အောင်နိုင်ထွန်းသည် ၁၃ယ/xxxx ဆိုင်ကယ်အားစီးနင်းလာစဉ် လေပြင်းတိုက်ခတ်ပြီး လမ်းဘေးရှိလဲပင် လဲကျရာမှ ၎င်းင်းအားပိမိခဲ့ခြင်းကြောင်းသိရှိရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ လယ်ဝေးမြို့မရဲစခန်း၊ သေမှုသေခင်း အမှတ်စဉ်(၄/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်