နိုင်ငံတော်လျို့ဝှက်ဥပဒေနဲ့တရားစွဲလို့ရတယ် ဆိုသည့်စကား နားလည်မှပြောသင့်ကြောင်း ဦးကျော်မင်းဆွေကပြော

ပို့စ်တင်ချိန် - 4/27/2014 07:05:00 PM


ရန်ကုန်၊ဧပြီ ၂၇။

သက်ဆိုင်ရာဌာနများသို့သတင်းမီဒီယာများလာရောက်သတင်းယူစဉ်အချိန်တွင် နိုင်ငံတော်လျို့ဝှက်ဥပဒေနှင့် တရားစွဲလို့ရတယ်ဆိုသည့်
စကားအား ပြောမည်ဆိုလျှင် လျို့ဝှက်ဥပဒေအကြောင်းကို ကိုယ်တိုင်နားလည်မှသာ ပြောသင့်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီဝင်
ဦးကျော်မင်းဆွေ ကပြောသည်။

“ ပြည်သူ့လွှတ်တော်ကနေ သက်ဆိုင်ရာဌာနအသီးသီးမှာ သတင်းရယူခွင့်နဲ့ပတ်သက်ပြီးတော့ မီဒီယာဥပဒေ တစ်ခုကို ပြဌာန်းထားပြီးပါပြီ။
ဌာနဆိုင်ရာအားလုံးကိုဝင်ရောက်ပြီးတော့ သတင်းယူခွင့်ရှိတယ်။အဲ့ဒီလိုသတင်း သွားယူတဲ့အခါမှာ သတင်းထောက်တွေကို နိုင်ငံတော်လျို့ဝှက်
ဥပဒေနဲ့တရားစွဲလို့ရတယ် ဆိုတာမျိုးအပြင် ၊ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲလို့ရတယ်ဆိုတာမျိုး ပြောမယ်ဆိုရင် သူကိုယ်တိုင် နိုင်ငံတော်လျို့ဝှက်
ဥပဒေနဲ့ ပတ်သက်ပြီးတော့ နားလည်ရမယ်။ နားမလည်ပဲနဲ့တော့မပြောသင့်ဘူး။ နားမလည်ဘဲနဲ့ ပြောမယ်ဆိုရင်တော့ သတင်းသမားတွေ အနေနဲ့ပြန်မေးလိုက်ပါ နိုင်ငံတော်လျို့ဝှက်ဥပဒေဆိုတာဘာလဲ၊ ခင်ဗျားသိလား ဆိုပြီး တော့ ။ တစ်ခုတော့ ရှိတယ် သတင်းထောက်တွေကလည်း
နိုင်ငံတော်လျို့ဝှက် ဥပဒေအကြောင်းကို နားလည်ထားရမယ်။ ဒါမှကိုယ်ကလည်း သူတို့ကိုပြန်ပြောနိုင်မယ်” ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီဝင်
ဦးကျော်မင်းဆွေ က ဆက်လက်ပြောကြားခဲ့သည်။

၂၀၁၄ ဇန်နဝါရီ ၃၀ ရက် နေ့တွင်၊ ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးအား အမှတ်(၂၄) ကာကွယ်ရေး ပစ္စည်းစက်ရုံ
သတင်းဖော်ပြခဲ့မှုကြောင့် ၎င်းစက်ရုံစီမံဌာနမှုး ဗိုလ်မှုးကြီး ကျော်ကျော်ဦးက ပ(၈)/၂၀၁၄ မြန်မာနိုင်ငံ လျို့ဝှက် အက်ဥပဒေပုဒ်မ ၃(၁)(က)/၉ ဖြင့်
မကွေးတိုင်း ပေါက်မြို့မ ရဲစခန်းတွင် ဆက်လက် တရားစွဲခံထားရသည့်အပြင်၊ ပခုက္ကူခရိုင်တရားရုံးတွင် အဆိုပါအမှုနှင့် တရားရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း
သိရသည် ။

၂၀၁၄ ခုနှစ်၊မတ်လ ၁၄ရက်က ပြဌာန်းထားသော သတင်းမီဒီယာဥပဒေ အခန်း(၃)ပိုဒ်ခွဲ(၄-၈)တွင် နိုင်ငံသား တစ်ဦး၏ အခွင့်အရေး ဆုံးရှုံးမှုဆိုင်ရာ
ကိစ္စရပ်များကို ဖော်ထုတ်ရေးသားခွင့် ရှိသည်။ (ဃ)၌ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ အစိုးရရုံး၊ဌာန၊
အဖွဲ့အစည်းများတွင် သတင်း အချက်အလက် ရယူခွင့်၊နေရာထိုင်ခင်းရခွင့်နှင့် ဝင်ထွက် သွားလာခွင့် တို့ရှိသည်ဟုဖော်ပြထားပြီး အပိုဒ် ၆(က)တွင်
ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ အာဏာပိုင် အဖွဲ့အစည်းတစ်ရပ်ရပ် ကဖြစ်စေ၊ အမိန့်ညွှန်ကြား ချက်ဖြင့် လုံခြုံရေး၊အဆင့်အတန်းသတ်မှတ်ထားသော
စာရင်းဇယား၊ဓာတ်ပုံ၊မှတ်တမ်းများအား အများပြည်သူသိခွင့်ရှိသော သတင်းအချက်အလက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများ၌ တောင်းယူကြည့်ရှုခွင့်
ရှိသည်ဟု ပြဌာန်းထားသည်။ ယင်းဖြစ်စဉ်အား ကြည့်ခြင်းအားဖြင့်ဌာနဆိုင်ရာ ရုံးများနှင့်ဝန်ထမ်းများမှာ မကြာသေးမီက ပြဌာန်းထားသော သတင်းမီဒီယာ ဥပဒေအား ကောင်းစွာသိရှိနားလည်ခြင်းမရှိဘဲ ယခင်စနစ်ဟောင်းကအတိုင်း သတင်းမီဒီယာများအပေါ် ပြုမှုတုံ့ပြန်နေသည်ဟုထင်ကြောင်း ဆက်လက်
ပြောကြားခဲ့သည်။  

                                                                           
ချစ်မင်းထွန်း
The Myanma Age