ဒါလေးတွေ ကြည့်လုပ်ကြဦး..

ပို့စ်တင်ချိန် - 4/27/2014 12:48:00 AM



ကသာမြို့ပေါ်မှာ လျှပ်စစ်မီးတိုင်တွေကို နှုတ်ယူပြီး ကွန်ဂရစ်မီးတိုင်စိုက်ထူတဲ့ လုပ်ငန်း လုပ်ကိုင်နေတာအတော်ကြာပါပြီ၊ အခုဆိုရင် နေ့စဉ် မီးဖြတ်ပြီး စိုက်ထူလို့ နေပါတယ်၊
ဒီနေရာမှာ အားနာပါးနာ
တစ်ခုတော့ပြောချင်ပါတယ်၊ အဲဒါကတော့မြန်မာနိုင်ငံ လျှပ်စစ်ဌာနရဲ့ လူကြီး စိတ်အ၀င်စားဆုံး အားတက်သရော ဖိအားပေး အလုပ်ဆုံး အလုပ်ဟာ ကွန်ဂရစ်မီးတိုင်စိုက်ထူတဲ့ လုပ်ငန်း
ဖြစ်နေပါတယ်၊ ဘာကြောင့်များ ဒီလို စွမ်းစွမ်းတမံ ကွန်ဂရစ်မီးတိုင်စိုက်ထူတဲ့ လုပ်ငန်း ကို လုပ်ခိုင်းနေကြတာလဲတွေးကြည့်လိုက်တော့ စေ့စေ့တွေး ရေးရေးပေါ်ဆိုသလို အခွင့်အရေးဆိုတာတွေ မြင်လိုက်ရပါတယ်၊
တလောလေးက နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့က မြန်မာနိုင်ငံ ရဲ့ လျှပ်စစ်မီးအတွက် အမေရိကန်ဒေါ်လာ သန်းချီလှူတဲ့သတင်းတွေ ဖတ်ရတော့ အဲဒီဒေါ်လာတွေဟာ ကျေးရွာတွေမီးလင်းရေးအတွက် မဟုတ်ဘဲ
လျှပ်စစ်မီးတိုင်နဲ့ သံကွန်ဂရစ်မီးတိုင် လဲလှယ်ရေး လုပ်ငန်း တွေမှာများ သုံးလိုက်ပြီလားလို့ တွေးမိပါတယ်၊ ထားပါတော့လေ ကသာကိစ္စပဲ ပြောပါတော့မယ်၊ တလောလေးက ကသာမှာ ကွန်ကရစ်တိုင်ကျိုးပြီး
လူတစ်ယောက် ဟာ အောက်ပိုင်းသေ ကျောက်ကပ်ပျက်ရ သွားခဲ့ရပါတယ်၊ အဲဒီလူဟာ အခုဆိုရင် ကျန်းမာရေးပိုဆိုးရွားလာလို့ ရန်ကုန်ကို သွားကုနေရပါပြီ၊ အဲဒီလို အဲဒီလူ ထိခိုက်ခံရတာနဲ့ ပတ်သက်ပြီး
ကျွန်တော်က မြို့ထောက်ကူပြု အဖွဲ့တွေခေါ်ပြီး ကွန်ကရစ်တိုင်တွေရဲ့ အရည်အသွေး ညံ့ဖျင်းမှုကို လိုက်ပြပါတယ်၊ သံတိုင်တွေထက် ကွန်ကရစ်တိုင်ရဲ့ အန္တရာယ်ကြီးပုံတွေကိုသေချာလည်း ရှင်းပြခဲ့ပါတယ်၊
ဒါတွေဟာ မြို့အတွက် ရေရှည် အန္တရာယ်ကြီးမားလို့ ကန့်ကွက်ပေးဖို့နဲ့ တကယ်လို့ ထပ် မလဲလှယ်ဖို့ ကန့်ကွက်လို့ မရခဲ့ရင်လည်း မြို့ပေါ်က တတ်သိနားလည်တဲ့ သူတွေနဲ့ အရည်အသွေးစစ်ဆေးပေးဖို့
တောင်းဆိုကန့်ကွက်ပေးပါလို့လည်း မေတ္တာရပ်ခံဖြစ်ပါတယ်၊ သို့သော်လည်း မြို့အထောက်အကူပြု မြို့ခံဆရာသမားတွေကိုယ်တိုင်က လူကြီးဆိုရင် ကြောက်တတ်တဲ့ ရှေးရိုးစွဲက မထွက်နိုင်သေးလို့လား ဘာလားတော့
မသိပါဘူး၊ ကသာမှာတော့ အရည်အသွေးထိန်းချုပ်မှု မရှိတဲ့ ကွန်ကရစ်တိုင်တွေကို ခိုင်ခန့်လှတဲ့သံတိုင်တွေ နေရာမှာ အစားထိုးလဲလှယ်နေဆဲပဲဖြစ်ပါတယ်၊ (အခုပုံတွေဟာ လွန်ခဲ့တဲ့ (၃)ရက်လောက်က ဆိုက်ထူခဲ့တဲ့
ကွန်ကရစ်တိုင်တွေရဲ့ပုံဖြစ်ပါတယ်၊ကွန်ဂရစ်မီးတိုင်မှာပါဝင်တဲ့ သံပင်အရွယ်အစားနဲ့ အရေအတွက်ကို သိနိုင်အောင် တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်)

ဟာဂျူလီ-ကသာ