Dramatic temperature change ရုတ်တရက် အပူချိန်အပြောင်းအလဲမှာ ဘာသတိထားရမလဲ

ပို့စ်တင်ချိန် - 4/27/2014 01:43:00 PM


1. ဆရာ နေပူထဲကလာပြီး ချက်ချင်း မျက်နှာသစ်ရင် ချေထောက်ရေလောင်းရင် အပူရှပ်ပြီး သေတတ်တယ်တို့၊ သွေးကြောပြတ်ပြီး သေတတ်တယ်တို့ ကြားဘူးပါတယ် ဟုတ်ပါသလား ဆရာ။
2. အပြင် အပူထဲကပြန်လာလို့ ရေခဲရေသောက်ရင်အပူရှပ်ပြီး သွေးကြောပြတ်သေတယ်လို့ သိထားတယ်။ အပူရှပ်တဲ့လူကို ရေအေးတွေ ရုတ်တရက်သုံးတော့ အန္တရယ်မရှိနိုင်ဘူးလား။

ဘယ်အရာမဆို ယုတ်တရက်အပြောင်းအလဲလုပ်တိုင်း ချောမွေ့မှုမရှိတတ်ပါ။ အပူချိန်သိပ်ပူရာကနေ သိပ်အေးတဲ့နေရာကို ရောက်တာနဲ့ လူ့ကိုယ်ခန္ခာကို သက်ရောက်မှုဖြစ်တာတွေကလဲ မခံနိုင်ဖြစ်သူတွေရှိတယ်။
• သိပ်ပူတဲ့နေရာကနေ ပြန်ရောက်လို့ သိပ်အေးတာကို သောက်တာ၊ စားတာ၊ ရေချိုးတာမှန်သမျှ မသင့်လှပါ။
• လူတိုင်းကို မဟုတ်ပေမဲ့ အပူချိန်ကွာလွန်းတာကို ရုတ်တရက်တွေ့မိရင် ဆရာ့စာထဲမှာပါသလို Stomach cramps အစာအိမ် ကြွက်တက်တယ်လို့ ခေါ်တာမျိုးဖြစ်စေနိုင်တယ်။
• သွေးကြောကိုမေးတာမှာလဲ အတူဘဲလို့မှတ်ယူနိုင်ပါတယ်။ တချို့ကို မကောင်းတာဖြစ်စေနိုင်ပါတယ်။
• အပြင်အပူထဲကနေ လေအေးစက်ပေးထားတဲ့နေရာထဲဝင်လိုက်တာနဲ့ ပြောင်းပြီ။ အရေပြားသွေ့ခြောက်လာမယ်။ အရေပြားအပါးစားတွေဖြစ်တဲ့ မျက်စိ၊ နှုပ်ခမ်းတွေလဲ ခြောက်လာမယ်။ မျက်စိပိုးဝင်တာ၊ အသက်ရှူလမ်း ပိုးဝင်တာနဲ့ ကြွက်သား ကြွက်တက်တာတွေဖြစ်လာစေနိုင်တယ်။ ပန်းနာထသူ၊ လည်ချောင်းနာသူ၊ တုပ်ကွေးလိုဖြစ်သူ၊ ခေါင်းကိုက်၊ ကြွက်သားနာသူတွေများတယ်။
• လေအေးပေးထားတဲ့နေရာဌာနတွေမှာ ကျန်းမာရေး စောင့်ရှောက်ပေးတဲ့ ဆရာဝန်တွေကနေ ၂၃-၂၅ ဒီဂရီ စီ မှာ ထားသင့်တယ်လို့ အကြံပေးပါတယ်။ ၁၉ ထိနည်းရင် ဆိုးနိုင်တာများတယ်။ တိတိကျကျ ပြောထားတာကတော့ ဗုဒ္ဓဟူးနေ့၊ မနက် ၁၁ နာရီအချိန် အခန်းတွင်းမှာ ၂၂့၅ ဒီဂရီ စီ ထားသင့်တယ်လို့ဖြစ်ပါတယ်။
• အပူချိန်အပြေင်းအလဲ မြန်လို့ အသစ်ရောဂါဖြစ်တာရှိသလို ရှိနေတဲ့ရောဂါကိုပါ ဆိုးစေတတ်သေးပါတယ်။ Coronary heart diseases နှလုံးသွေးကြောကျဉ်းရောဂါ၊ Vascular cardiac, Vascular brain diseases and Peripheral vascular diseases နှလုံး-ဦးနှောက်-ကိုယ်ဖျားပိုင်း သွေးကြောရောဂါတွေကို ဆိုးလာစေနိုင်တယ်။
• အသက် ၆၅ နှစ်ကျော်သူတွေ၊ သိပ်ငယ်တဲ့ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နှလုံး၊ သွေးတိုး၊ အဆုပ်၊ စိတ်ရောဂါ အခံရှိသူတွေက ပိုသတိထားရမယ်။

ဒေါက်တာတင့်ဆွေ
၂၇-၄-၂ဝ၁၄