သွေးကင်ဆာရောဂါသည် သားကိုကယ်ဖို့ မြေးကို ရောင်းနေတဲ့ တရုတ်အမျိုးသမီး

ပို့စ်တင်ချိန် - 4/27/2014 08:02:00 AM



 Liu Xiaoying ဆိုတဲ့ အမျိုးသမီးဟာ သွေးကင်ဆာနဲ့ သေရတော့မယ့် သားကို ကယ်တင်နိုင်ဖို့အတွက် လမ်းမပေါ်မှာ သနားခံနေပါတယ်။
Liu Xiaoying မိသားစုဟာ စုဆောင်းထားသမျှကိုလည်း ဆေးစရိတ်ပေးလို့ ကုန်ပါပြီ။ သူ့သား ကုသမှုခံယူဖို့ ပိုက်ဆံတွေလဲ ချေးခဲ့ရတယ်လို့ ဆိုပါတယ်။ အလားအလာရှိတဲ့ အသက်ကယ်နိုင်မယ့် ခွဲစိတ်ကုသမှုခံယူဖို့ ယွမ် ၃၀၀၀၀၀ လိုနေပါသေးတယ်။

Liu Xiaoying ဟာ လမ်းသွားလမ်းလာတွေကို တောင်းခံနေရင်း အသက် ၈နှစ်အရွယ်ရှိတဲ့ မြေးလေးကို ရောင်းဖို့လည်း ကမ်းလှမ်းနေပါတယ်။

ဒီမိသားစုရဲ့ ဒုက္ခကို မကြည့်ရက်နိုင်တဲ့ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေဟာ ခွဲစိတ်ကုသမှုအတွက် ငွေကြေးထောက်ပံ့ပေးဖို့ စဉ်းစားနေကြတယ်လို့ သိရပါတယ်။

Trend Myanmar