အမေရိကမှာ အမြင့်ဆုံး ဈေးနဲ့ ရောင်းချခဲ့တဲ့ အိမ်

ပို့စ်တင်ချိန် - 4/25/2014 02:24:00 PM


ပုံမှာ မြင်တွေ့ နေရတဲ့ အိမ် တစ်လုံး ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု၊ Greenwich မြို့ နဲ့ မနီးမဝေးမှာ တည်ရှိနေတဲ့ အိမ်တစ်လုံး ဖြစ်ပါ တယ်။ ရောင်းချ စရိတ်က အမေရိကန်ဒေါ်လာ သန်း ၁၂၀ ရှိတာ ကြောင့် အမေရိက မှာ ဈေးအကြီးဆုံး နဲ့ ရောင်းချ ခဲ့ရတဲ့ အိမ် အဖြစ် စံချိန် တင်သွား ပါတယ်။

ဧက ၅၀ ကျော် ကျယ်တဲ့ ခြံဝိုင်း ထဲမှာ တည်ရှိပြီး သုံးထပ် အိမ်ကြီး ရခိုင် နဲ့ အခြားသော ပန်းခြံ၊ ရေကူးကန်များ ပါဝင် ပါသေးတယ်။ ရေကူးကန်၊ ပန်းခြံ အပြင် တင်းနစ် ကစားကွင်း လည်း ပါဝင် ပါသေးတယ်။ ကမ္ဘာ့အကောင်းဆုံး ဇိမ်ခံ လို့ သတ်မှတ်လို့ရတဲ့ အိပ်ခန်း ၁၂ ခန်း ပါဝင် ပါတယ်။ ယင်း အိပ်ခန်း တိုင်းဟာ မာစတာ ဘတ်ရွန်း ဖြစ်တာကြောင့် ရေချိုးခန်း၊ အိမ်သာ ပါဝင် ပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် အဝတ်လှဲခန်း စာဖတ်ခန်း အစရှိသဖြင့် တို့ကလည်း ကိုယ်စီ ပါဝင် ပါတယ်။ အိမ်အတွင်း နေထိုင်စရာ စုစုပေါင်း စတုရန်း ပေ အကျယ်က ၁၅၀၀၀ ရှိ ပါတယ်။ အိမ်ကို တည်ဆောက်ထားတဲ့ ဒီဇိုင်းက ပြင်သစ် ယဉ်ကျေးမှု ဗိသုကာ ဖြစ်ပါတယ်။ ၁၈၉၈၀ ကျော် ခုနှစ် များကတည်းက တည်ဆောက်ထားတဲ့ အိမ် ဖြစ်ပြီးတော့ ခေတ်အဆက် ဆက် ထိန်းသိမ်း ပြုပြင် စောင့်ရှောင့် လာခြင်း ဖြစ်ပါတယ်။ ပိုင်ရှင် နှစ်ဆက် ပဲ ပြောင်း ပါ သေးတယ်။ ယခု က ရောင်းချလိုက်ပြီ ဖြစ်တာကြောင့် ပိုင်ရှင် သုံးဆက် ရှိသွား ပါပြီ။ ရောင်းချ ဈေးကတော့ အမေရိကန် တိုက် အတွင်း စံချိန်တင် သွားစေ ပါတယ်။

ယင်း အိမ်ဟာ ကမ်းခြေ မှာ ရှိနေတာကြောင့် ကိုယ်ပိုင် ကမ်းခြေ နေရာမှာ အပိုင် ရရှိ ထားသေးကြောင်း သိရ ပါတယ်။

Ref: Dailymail
အောင်ခမ်း (ရိုးရာလေး)