ကိုယ်ဝန်ဆောင်ကာလအတွင်း ၀မ်းဗိုက်ပေါ် ပန်းချီရေးဆွဲခြင်းအမျိုးသမီးများကြား ရေပန်းစားနေ

ပို့စ်တင်ချိန် - 5/14/2014 11:48:00 AM


နာမည်ကြီးအဆိုတော် မာရီကာရေး စတင်ခဲ့တဲ့ အပြုအမူတစ်ခုပာာ လက်ရှိ အချိန် အမျိုးသမီးတွေကြားမှာ ရေပန်းစားနေတယ် လို့ သိရ ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ မာရီကာ ရေးပာာ ကိုယ်ဝန်ဆောင်စဉ် ကာလ အတွင်း သူ့ရဲ့ ဗိုက်ပေါ်မှာ ကလေးငယ်ရဲ့ပုံနဲ့ အတူ လိပ်ပြာပုံကို ရေးဆွဲခဲ့ပါတယ်။ မိခင်တစ် ယောက်က




ကလေးငယ်ကို ဘယ်လောက် အထိ ချစ်မြတ်နိုးသလဲဆိုတာ ပြသ လိုတာကြောင့် ကိုယ်ဝန်ဆောင်စဉ် ကာလမှာ ကလေးငယ်ရဲ့ ပုံစံကို ပန်းချီရေးဆွဲခြင်းဖြစ် ပါတယ်။ ဒီလိုရေးဆွဲထားတဲ့ ပန်းချီကို ဓာတ်ပုံ မှတ်တမ်းတင် ထားပြီး ကလေးငယ်ကြီးပြင်း လာတဲ့အခါ ပြန်လည်ပြသကြ တယ်လို့ ဆိုပါ တယ်။

တရုတ်နိုင်ငံမှာလည်း ကိုယ်ဝန်ဆောင် မိခင်တွေဟာ မာရီကာရေးလိုမျိုး ပြုလုပ်နေကြပါတယ်။ မိခင် တစ်ဦးရဲ့ဝမ်းဗိုက်မှာ ကလေးငယ် တစ်ဦး ရဲ့ပုံစံကို ပန်းချီရေးဆွဲခြင်း ဟာ ထူခြားနေပြီး အနာဂတ်မှာ ဖြစ်နိုင်တဲ့ အရာတွေကို စိတ်ကူးနဲ့ ပုံဖော်ခြင်း ဖြစ်ပါ တယ်။ ဘေကျင်းမြို့မှာ နေထိုင်တဲ့ Luo အမည်ရ ကိုယ်ဝန်ဆောင်မိခင် တစ်ဦးက “ “အချို့မိခင်လောင်းတွေဟာ ကိုယ်ဝန်ဆောင် စဉ်ကာလမှာ ဒိုင်ယာရီရေးခြင်း၊ ပန်းချီဆွဲ ခြင်းတို့ကို ပြု လုပ်လေ့ရှိပါတယ်။ ကျွန်မက တော့ ပန်းချီဆွဲခြင်းကို ပြုလုပ်ခဲ့ပါတယ်””လို့ ဖွင့်ဟသွားခဲ့ပါတယ်။ ဒီလိုပန်းချီရေးဆွဲရာမှာ ဓာတုပစ္စည်းတွေမပါဝင်ဖို့ အထူးဂရုစိုက်လေ့ ရှိပါတယ်။ Luo က““ကျွန်မဟာ ၀မ်းဗိုက်မှာ ပန်းချီရေးဆွဲပြီးတဲ့နောက် မှန်ထဲမှာ ပြန်ကြည့် လေ့ရှိပါတယ်။ ပန်းချီရေးဆွဲတဲ့အချိန်က တော့ ငါးနာရီခန့်ကြာတတ်ပါတယ်။ ကျွန်မ ဖြစ်ချင်တာတွေကို ၀မ်းဗိုက်မှာ ရေးဆွဲခြင်း ဖြစ်ပါတယ်။ ဒီလိုရေးဆွဲတာဟာ ကျွန်မ အနေ နဲ့ ကလေးအပေါ် ဘယ်လောက်အထိ မျှော် လင့်ချက်တွေ ထားရှိသလဲဆိုတာ သိရှိစေဖို့ ဖြစ်ပါတယ် လို့ ဆိုသွားခဲ့ပါတယ်။
The Messenger