ဘုရားပေါ်ဖိနပ်စီးပြ ဿ နာဥပဒေ လိုအပ်နေပြီလား

ပို့စ်တင်ချိန် - 5/14/2014 08:55:00 AM


မေလ ၈ ရက် နံနက် ၉ နာရီအချိန်က မန္တလေးမြို့၊အောင် မြေသာစံမြို့နယ်အတွင်းရှိ ကု သိုလ်တော်ဘုရားအ၀င်မုခ်ဦးရှေ့ ၌ မန်္တလေးမြို့ မဟာလောက မာရဇိန်ကုသိုလ်တော်ကျောက်စာ များကို ကမ္ဘာ့မှတ်တမ်းအမွေ အနှစ်စာရင်းဝင်ရောက်မှုအထိမ်း အမှတ် (UNESCO Memory of the  world  Logo) ကမ္မည်း ကျောက်စာ စိုက်ထူခြင်း အခမ်း အနားကျင်းပခဲ့ကြောင်း နိုင်ငံပိုင် နှင့် ပုဂ္ဂလိက မီဒီယာအချို့တွင် ဖော်ပြခဲ့ကြသည်။

ယင်းဖွင့်ပွဲအခမ်းအနားသို့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါ်စန်္ဒာခင်၊ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများဖြစ်ကြသည့်ဦးအောင် မောင်း၊ဒေါက်တာမြင့်ကြူ၊မန်္တလေး မြို့အခြေစိုက် အိန်္ဒိယကောင်စစ် ၀န်ချုပ်၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးသိန်း လွင်၊ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပက အဖွဲ့ဝင်များ၊ သတင်းနှင့် စာနယ် ဇင်းဆိုင်ရာဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းလည်းဖော် ပြထားသည်။

အဆိုပါ သတင်းဖော်ပြရာ တွင် ပါဝင်သော သတင်းဓာတ်ပုံ နှင့် ပတ်သက်၍ Online Media အချို့နှင့် လူမှုကွန်ရက်စာမျက်နှာ များတွင် ဝေဖန်မှုများစွာ ထွက် ပေါ်လာခဲ့သည်။ ဖော်ပြခဲ့သော သတင်းဓာတ်ပုံတွင် ယဉ်ကျေးမှု ၀န်ကြီးဌာနဒုတိယ၀န်ကြီးဦးဆောင် သော အခမ်းအနားတက်ရောက် လာသူများက ကုသိုလ်တော် ဘုရားအ၀င်မုခ်ဦးနှင့် ကြမ်းတစ် ပြေးညီတွင် ခင်းထားသော ကော် ဇောပေါ်၌ ဖိနပ်များစီးနင်းထား သည့်အနေအထား ပါရှိနေခြင်း ကြောင့် ယင်းသို့ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဝေဖန်မှုများတွင်““ကော်ဇော ခင်းလျှင် ဖိနပ်မစီးရန် ဖိနပ်စီး လျှင် ကော်ဇောမခင်းရန်””၊ ““ကော   ဇောမပါလျှင် လမ်းမလျှောက် တတ်လို့””စသော ဝေဖန်မှုများ အပြင် ဖိနပ်စီး၍ ရသောနေရာ၊ ဖိနပ်မစီးရသောနေရာ””စသည် ဖြင့်လည်း ငြင်းခုန်ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

အဆိုပါသတင်းဓာတ်ပုံအရ ဆိုလျှင် ပုံပါသူအားလုံး ဖိနပ် စီးနင်းထားခြင်းမဟုတ်ဘဲ တိုက်ပုံ နှင့် ခေါင်းပေါင်းဆင်ယင်ထား သော ဂေါပကအဖွဲ့ဟု ယူဆရသူ လေးဦးက ဖိနပ်စီးနင်းထားခြင်း မရှိဘဲ ဒုတိယ၀န်ကြီးဦးဆောင် သော သူများကသာ ဖိနပ်များ စီးနင်းထားသည်ကို တွေ့ရပြန်ရာ ယင်းနေရာတွင် ဖိနပ်စီးခွင့်ရှိ၊မရှိ မှာ င်္င်အပ-်င်အပ သဖွယ် ဝေဖန်မှု များလည်း ထွက်ပေါ်လာခဲ့သည်။

ဘုရားဂေါပကအဖွဲ့ဟုယူဆ ရသူများပင် ဖိနပ်မစီးသည့်နေရာ ၌ ယင်းသို့ဖိနပ်စီးနင်းသူများ ရှိနေ ခြင်းအပေါ် လူမှုကွန်ရက်စာမျက် နှာအချို့ကလည်း ဖိနပ်စောင့် ဥပဒေအရေးပေါ်လိုနေကြောင်း ရေးသားဖော်ပြလျက်ရှိကြသည်။

ခြေမြန်တော်
HOTNEWS