တစ်နှစ်ကျော် ပေါင်းလာတဲ့ ခင်ပွန်းက ယောက်ျားမဟုတ်ဘဲ မိန်းမ (အမျိုးသမီး) ဖြစ်နေလို့ ကွာရှင်း

ပို့စ်တင်ချိန် - 6/02/2014 06:35:00 AM


ခုနှစ်နှစ်ကြာတွဲခဲ့ပြီး တစ်နှစ်ကျော်ကြာ လက်ထပ်ခဲ့တဲ့ ယောက်ျားဟာ မိန်းမဖြစ်နေလို့ အမျိုးသမီးတစ်ဦးဟာ ကွာရှင်းခွင့် တောင်းခဲ့ပါတယ်။
ဒါပေမဲ့ ပထမ ကွာရှင်းခွင့်တောင်းတုန်းက သူ့ယောက်ျားဟာ အမျိုးသမီးဖြစ်နေမှန်းသိလို့ တောင်းခဲ့တာ မဟုတ်ပါဘူး။ ဇာတ်လမ်းကဒီလိုပါ..

စင်္ကာပူသတင်းစာ Shin Min Daily News ရဲ့အဆိုအရ အမျိုးသမီးဖြစ်သူဟာ ၂၀၁၁ ဖေဖော်ဝါရီလမှာ ကွာရှင်းခွင့် တောင်းခဲ့ပါတယ်။ တရားရုံးမှာ စာရွက်စာတမ်းတွေပါလာတော့မှ သူ့ယောကျာ်းဟာ မိန်းမ ဖြစ်နေမှန်း သိခဲ့ရတယ်လို့ဆိုပါတယ်။

ဒီသတင်းရဲ့ ဖော်ပြချက်အရ သူ့ယောက်ျားဟာ လိင်အင်္ဂါ ပြောင်းလဲခွဲစိတ်ထားသူ ဖြစ်ပါတယ်။ သူ့ဇနီးကိုလည်း အစကတည်းက သားသမီးမွေးပေးနိုင်မယ့်လူ မဟုတ်မှန်း ပြောထားခဲ့တယ်လို့ဆိုပါတယ်။
သူတို့ဟာ ၂၀၀၉ ခုနှစ်ကတည်းက လက်ထပ်ခဲ့တာဖြစ်ပြီး တရားရုံးသမိုင်းမှာတော့ အရှားပါးဆုံး လင်ကွဲမယားကွဲ အမှု ဖြစ်ပါတယ်။

သူတို့ဟာ ၂၀၀၂ခုနှစ်တုန်းက အွန်လိုင်းမှာ တွေ့ခဲ့ကြတာ ဖြစ်ပြီး ရည်းစားဘဝမှာကတည်းက အတူနေခဲ့ကြတယ် လို့ဆိုပါတယ်။

လက်ထပ်ပြီးတဲ့အခါမှာ သူတို့နေတဲ့တိုက်ခန်းကို ယောက်ျားမိသားစု ပြောင်းလာတာကြောင့် လင်မယားဆက်ဆံရေး ထိခိုက်လာရာကနေ ၂၀၁၁ ခုနှစ်မှာ မိန်းမဖြစ်သူက ကလေးမွေးပေးနိုင်တဲ့ ယောက်ျားတစ်ယောက်မဟုတ် ဆိုတဲ့ အချက်ကိုကိုင်ပြီး တရားရုံးမှာ ကွာရှင်းခွင့်တောင်းခဲ့တာဖြစ်ပါတယ်။

သူယောက်ျားဟာ အင်္ဂါပြောင်းထားတဲ့ ယောကျာ်းဖြစ်ကြောင်း တွေ့တဲ့အခါမှာတော့ မိန်းမတစ်ယောက်ဖြစ်နေလို့ဆိုတဲ့ အချက်ကို ကိုင်ပြီး ပြန်လည်လျှောက်ထားခဲ့ပါတယ်။
ယောကျာ်းဖြစ်သူကလည်း မိန်းမအဖြစ် မွေးလာခဲ့ပေမဲ့ အင်္ဂါပြောင်းထားပြီးဖြစ်ကြောင်း ၊နဂိုကတည်းက ကလေး မရနိုင်ကြောင်းများကိုပြောထားပြီးဖြစ်ကြောင်း တင်ပြခဲ့တယ် လို့ဆိုပါတယ်။

Shin Min Daily News ရဲ့အဆိုအရ တရားရုံးကတော့ ယောကျာ်းဖြစ်သူကော၊ မိန်းမဖြစ်သူပါ မိန်းမများ ဖြစ်နေတယ်ဆိုတဲ့အချက်ကို အဓိကထားပြီး ကွာရှင်းခွင့် ပြုခဲ့ပြီ ဖြစ်ပါတယ်။

Credit: ဖိုးသူတော်