မြန်မာ - ဘင်္ဂလားဒေ့ရှ် ဆိုက်ဘာ စစ်ပွဲ (myanmar - bangladesh cyber war) ဖြစ်ပွား၊ မြန်မာ Website ပိုင်ရှင်များ လုံခြုံရေး ဂရုစိုက်ရန် သတိပေး

ပို့စ်တင်ချိန် - 6/02/2014 07:46:00 AM


လက်ရှိတွင် ဖြစ်ပွားလျှက်ရှိသော မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ် တိုက်ပွဲပေါ်အခြေံခံ၍ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ အပြန်အလှန် ဆိုက်ဘာ စစ်ပွဲ (cyber war) များ ဆင်နွဲကြသည်ကို မြန်မာ ဟက်ကာများ၏ facebook စာမျက်နှာများအား လေ့လာခြင်းအားဖြင့် သိရှိရပါတယ်။ 

ဆိုက်ဘာစစ်ပွဲဆိုသည်မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ နိုင်ငံရေး အခြေအနေပေါ်မူတည်၍ ဖြစ်ပေါ်လာသော ခံစားချက်များအရ တစ်ဖက်နိုင်ငံမှ လွှင့်တင်ထားသော website များကို Hacking နည်းပညာများဖြင့် ထိုးဖောက်၊ ဝင်ရောက်၊ လမ်းလွှဲ၊ ဖျက်ဆီး ခြင်း ဖြစ်ပါသည်။

ဤ ဆိုက်ဘာ စစ်ပွဲကို ဘင်္ဂလားဒေ့ရှ်ဘက်မှ ဆင်နွဲရန် ပြင်ဆင်နေပြီး မြန်မာဘက်မှ စတင် ထိုးဖောက်နေကြောင်းနှင့် ထိုးဖောက်ပြီး bangladesh website များကို MM Hackers Uniteam ၏ Facebook စာမျက်နှာတွင် ဖော်ပြထားပြီး။ မြန်မာနိုင်ငံရှိ Website ပိုင်ရှင်များနှင့် Developer များကိုလည်း မိမိတို့ website ၏ လုံခြုံရေးအား ယခုအချိန်ကာလအတွင်း အထူးဂရုစိုက်ရန် ဖော်ပြထားသည်ကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။

အခုဆို ရင် ကျွန်တော်တို့ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ ဆိုက်ဘာစစ်ပွဲဖြစ်ဖို့တာဆူနေကြတာ အားလုံးအသိပါပဲ... အမှန်ကတော့ သူတို့တွေက စပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေကြတာပါ ... ဒီတော့ ကျွန်တော်တို့အနေနဲ့ လက်ဦးမှုရအောင် စတိုက်ခိုက်ခဲ့တာပါပဲ ..

ပြီးတော့ မြန်မာတွေရဲ့ နည်းပညာကျွမ်းကျင်မှု ဟက်ကင်းလောကမှာ သူများအောက်မကျ ဘူးဆိုတာကို မြန်မာ မကပါဘူး ကမ္ဘာကပါ သိစေချင်လို့ပါပဲ ... မြန်မာနိုင်ငံကို မျက်စောင်းလေး နည်းနည်းလေးတောင် စောင်းမကြည့်နဲ့ ဒါမျိုး ခံသွားစေရမယ်ဆိုတဲ့ ခံယူချက် အပြည့်နဲ့ တိုက်ခိုက်ကြတာပါ.... အဲ့တော့ ကိုယ်တွေဘက်က တော့ တိုက်နေပီ သူတို့ကရော ပြန်တိုက်မှာလား တိုက်မှာပေါ့ဗျာ....... ဘယ်နေပါ့မလဲ ......

ဒီတော့ ကျွန်နော်တို့ အနေနဲ့ ကာကွယ်မှုအပိုင်း ဘာလုပ်ရမလည်း ဘာတွေပြင်ဆင်ထားရမလဲ ဆို တော့ မြန်မာ ဆိုဒ်တွေရဲ့Admin တွေ developer သမားတွေ မြန်မာနိုင်ငံ network မှာ အရေးကြီးဆုံးဖြစ်တဲ့ national gateway က security ပိုင်း တာဝန်ယူတဲ့လူတွေ .....အစိုးရ ၀န်ကြီးဌာန website တွေကို တာဝန်ယူ့ရတဲ့လူတွေ အားလုံးက ကိုယ့်တာဝန်ကိုယ်ကျေ ပွန်အောင် လုပ်ဖို့လိုပါတယ် ခင်ဗျာ .....

ဆိုက်ဘာစစ်ပွဲ စပြီဆိုတာနဲ့ Deface လုပ်ခြင်းတွေလာပါလိမ့်မယ် deface အလုပ်မခံရအောင် developer သမားတွေ အနေနဲ့ ကိုယ်တာဝန်ယူရေးခဲ့တဲ့ website တွေမှာ Security ပေါက်နိုင်တဲ့ အချက်တွေဘာတွေ ရှိနိုင်မလဲ ဆိုတာ စမ်းစစ်ပေးပါ၊ default password တွေ အသုံးပြုထားခြင်း တွေရှိသလား အစရှိတာတွေ စစ်ဆေးပေးပါခင်ဗျာ .... website admin တွေအနေနဲ့ကလည်း ဒီကာလ အတောအတွင်းလေးမှာ မိမိ site ကို monitoring ထိုင်ကြည့်ပေးပါ .... ပုံမှန်မဟုတ်တဲ့ request တွေရောက်နေလား loading အရမ်းတက်နေလား ....မိမိ site မှာ မိမိ မပြုလုပ်ထားတဲ့ ဖိုင်တွေရောက်နေမလား .....shell checker script တွေအသုံးပြုပီး မိမိ site ကို scan ပြုလုပ်ပေးတာတွေ အချိန်ပေးပီး ပြုလုပ်ပေးပါ .......အစိုးရ ၀န်ကြီး ဌာန web site ပိုင်း တာဝန်ယူရတဲ့လူတွေအနေနဲ့လည်း ဒီအတိုင်းပဲ ကိုယ့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပေးကြပါခင်ဗျာ .... ..

အဓိက တောင်းဆိုချင်တာကတော့ National Gateway နဲ့ MPT, YTP , RedLink အစရှိတဲ့ ISP ပိုင်းတာဝန်ယူရတဲ့လူကြီးမင်းများခင်ဗျာ .... ခုအချိန်မှာ Internet Shutdown အပြုလုပ်မခံရအောင် လူကြီးမင်းများ မှာ တာဝန် ရှိပါတယ် လာမှာပါ .... DDoS ကို တစ်နိုင်ငံလုံး အသုံးပြုတဲ့ range နဲ့ကို တိုက်မှာပါ လူကြီမင်းတို့မှာ တပ်ဆင်ထားတဲ့ cleaning device တွေ .... Arbor တို့လို ပစ္စည်းတွေ cluster based mitigation device တွေကို နည်းနည်း လေး ဖုန်သုတ်ထားပါလို့ ကျွန်တော်တို့အနေနဲ့ တောင်းဆိုလိုက်ပါရစေ ခင်ဗျာ ....

# We Are Not Celebrities But We Are Famous.
# We Are Not Politicians But We Do Politic.
# We Are Not Criminals But We Break The Laws.
# We Are Divided But We Stand United.
# We Are Myanmar Hackers Unite4m.

မြန်မာနိုင်ငံရှိ Blink Hacker Group Facebook စာမျက်နှာ တွင်လည်း ၎င်းတို့ တိုက်ခိုက်ခဲ့ပြီးသော ဘင်္ဂလားဒေ့ရှ် websites များနှင့် ဆာဗာ အချက်အလက်များကို တင်ထားသည်ကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။



ယခုကဲ့သို့ ဆိုက်ဘာစစ်ပွဲမှာ လွန်ခဲ့သော နှစ်နှစ်ခန့်ကလည်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ အကြား ဖြစ်ပွားခဲ့သေးကြောင်း သိရှိရပြီး အဓိက ပစ်မှတ်ထား တိုက်ခိုက်ကြသည်မှာ အစိုးရနှင့် ဝန်ကြီးဌာန Website များ ဖြစ်ကြောင်း သိရှိရပါသည်။ လက်ရှိ တိုက်ခိုက်ခံထားရသော ဘင်္ဂလားဒေ့ရှ် ဝန်ကြီးဌာန website အနည်းငယ်မှာ

http://www.mosict.gov.bd/dmdocuments/
http://www.dmrd.gov.bd/dmdocuments/
http://www.novotheatre.gov.bd/images/
http://www.bnnssddhk.org.bd/media/
http://www.nmst.gov.bd/media/

တို့ဖြစ်ပြီး အခြား website များကို သက်ဆိုင်ရာ ဟက်ကာများ၏ facebook စာမျက်နှာတွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

မြန်မာဘက်မှ website အနည်းငယ်လည်း တိုက်ခိုက်ခံရကြောင်း သိရှိရပြီး လက်ရှိ ဝင်ရောက်လေ့လာနိုင်သော website တစ်ခုမှာ http://uph-myanmar.org/icph/ ဖြစ်ပါသည်။


Credit: YgnNews.com