ငါးသားလေး ကြွတ်ကြွတ်ကြော်

ပို့စ်တင်ချိန် - 7/02/2014 08:15:00 PM


ဒီနေ့တော့ မာမာကြိုက်တဲ့ ငါးသားလေးတွေကြော်ပါတယ် ငါးသားပေါက်ကလေးတွေမို့ ကြော်ပြီးဘဲစားစား အိုးကပ်လေးချက်ပြီးဘဲစားစား စားလို့အရမ်းကောင်းသလို အရမ်းလဲကြိုက်ပါတယ် ဒီနေ့အတွက်တော့ ငါးသားလေးတွေကို ကြွတ်နေအောင်ကြော်ပြီး ငါးကြော်ဆီလေးဆမ်းကာ စားမယ်လို့စိတ်ကူးထားပါတယ် ထမင်းမိန်မိန်စားရအောင် မာမာတို့တွေငါးသားလေးတွေကို အတူတူကြော်ကြတာပေါ့နော်။

ငါးသားလေးက အရသာနယ်ပြီးတာနဲ့နှပ်ထားစရာမလိုဘဲ တန်းပြီးကြော်လို့ရပါတယ် ငါးအသားကနုလွန်းတဲ့ အတွက်အရသာဝင်လွယ်ပါတယ် ကြော်တဲ့အခါမှာလဲ ဟိုဘက်ဒီဘက် ခနခနလှန်ပေးစရာမလိုဘဲ တစ်ဖက်ကျက်မှ တဖက်ကိုလှန်ပေးပြီး နှစ်ဘက်လုံးကျက်တာနဲ့ ဆယ်ပြီးဆီစစ်ပေရပါမယ်။

ပါဝင်ရမှာလေးတွေကတော့

ငါးသားလေး - 250 g
ဆား လက်ဖက်ရည်ဇွန်း - တစ်ဝက်
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း - သုံးပုံတစ်ပုံ
ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း - တစ်ဝက်
ဆီ လက်ဖက်ရည်ပန်းကန်လုံး  -၂လုံးခန့်
ကြော်ဖို့အတွက်ပြင်ပါမယ်
ငါးသားလေးတွေကို ရေစင်အောင်ဆေးပြီး ရေစစ်ကာ အရသာများအားလုံးထဲ့ပြီး နယ်ပေးပါ
ဆီကိုအပူပေးပါ ဆီပူလာပါက မီးကိုအနေတော်ထားပြီး ငါးသားလေးများထဲ့ကြော်ပေးပါ
ခနခနမွှေပေးရန်မလိုဘဲ တစ်ဖက်ကျက်မှ တဖက်ကိုလှန်ပေးပါ
နှစ်ဖက်လုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီးဆီစစ်ပေးထားပါ
ဆီစစ်သွားပါက ထမင်းပူပူလေးကို ငါးကြော်ဆီဆမ်းပြီး စားသုံးနိုင်ပါပြီ
ငါးသားလေးကြော်ဖို့အတွက် ငါးပုံလေးတွေပြထားတာပါ ဖုန်းနဲ့ရေးထားတဲ့အတွက်အဆင်ပြေသလို တင်ပေးလိုက်တာပါ။





စိတ်ဝင်စားစရာ မာမာရဲ့ ဝါသနာများ