Samsung Galaxy Tab S ဝယ်ယူသူများကို ကိုရီးယားကေပေါ့ပ် 2NE1 ဂီတပွဲလက်မှတ်ပေးမည်

ပို့စ်တင်ချိန် - 7/02/2014 08:40:00 AM


Samsung Electronic မှ Samsung Galaxy Tab S စတင်မိတ်ဆက်ခြင်း အထူးအစီအစဉ် အဖြစ် Galaxy TabS ဝယ်ယူသူများကို ကိုရီးယားကေပေါ့ပ်အဖွဲ့ 2NE1 ဂီတပွဲလက်မှတ်များကို ပေးသွားမည်ဖြစ်ကြောင်းသိရသည်။



ပရိုမိုးရှင်းအစီအစဉ်ကို ရန်ကုန်နှင့်မန္တလေးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်တွင် ဇူလိုင်လ ၄ ရက်၌ဆူးလေရှိ Samsung Brand Shop (နံနက် ၈ နာရီမှစ၍) ၊ သမိုင်းလမ်းဆုံ ရှိ Samsung Brand Shop (နံနက် ၉ နာရီမှစ၍)နှင့် မန္တလေးတွင် ဇူလိုင်လ ၅ ရက်၌ ၇၈ လမ်းရှိ Samsug Brand Shop (နံနက် ၈ နာရီမှစ၍) စတင်ဝယ်ယူနိုင်မည် ဖြစ်သည်။



အထက်ပါ အရောင်းဆိုင်တစ်ဆိုင်လျှင် အလုံးရေ ၅၀ စီဖြင့် အလုံးရေ ၁၅၀ စတင်ရောင်းချ ပေးမည်ဖြစ်သည်။ Galaxy Tab S ဝယ်ယူသူများအား ဂီတပွဲလက်မှတ်တစ်စောင်၊ တစ်သောင်းတန် Top-up ကတ်သုံးကတ်နှင့် ငွေသား Discount ၅,၀၀၀ ကျပ်လျှော့၍ ရောင်းချပေးမည်ဖြစ်ပြီး အရောင်းဆိုင်တစ်ခုစီ၌ ပထမ ဦးဆုံး ဝယ်ယူသူတစ်ဦးအနေဖြင့် ဂီတပွဲလက်မှတ်နှစ်စောင်ရရှိနိုင် မည်ဖြစ်ကြောင်းသိရသည်။ ကိုရီးယားကေပေါ့ပ်ဂီတပွဲကို သြဂုတ်လ ၂ ရက်၌ ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ် ကြောင်းသိရသည်။

Internet Journal