အမေရိကန် ပြည်ထောင်စုရှိ ရှော့ပင်းမောလ်တစ်ခုအတွင်းသို့ ကျားသစ်တစ်ကောင်ဝင်ရောက်

ပို့စ်တင်ချိန် - 7/02/2014 08:19:00 PM



ဇူလိုင်၂ရက်။

အမေရိကန်ပြည်ထောင်စု ယူထားပြည်နယ် ဆော့တ်လိတ်စီးတီးမြို့က Jordan Commons Centre ရှော့ပင်းမောလ်
အတွင်းကို တောရိုင်းတိရစ္ဆာန်ကျားသစ်တစ်မျိုးဖြစ်တဲ့ ပူးမားကျားသစ်တစ်ကောင် ဝင်ရောက်လာခဲ့တာကြောင့်ဈေးဝယ်သူတွေ
အထိတ်တလန့်ဖြစ်ပြီး ရှောင်ပုန်းခဲ့ရပါတယ်။

အဆိုပါ ကျားသစ်ဟာ ရှော့ပင်းမောလ်အတွင်းကို နံနက် ၈ နာရီခန့်က ဝင်ရောက်လာခဲ့တာဖြစ်ပြီး
အဲဒီနောက်မှာတော့ ဈေးဝယ်သူတွေဟာ ထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်။ ကျားသစ်ရဲ့သွားလာမှုကို စောင့်ကြည့်ကင်မရာက
တစ်ဆင့် ဖမ်းယူကြည့်ရှုခဲ့တယ်လို့ အဆိုပါ ရှော့ပင်းမောလ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ လီရှာဖရန်စစ် က ပြောပါတယ်။
ယင်းနောက်ပိုင်း တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့က

အဆိုပါ ရှော့ပင်းမောလ်သို့ ရောက်ရှိလာခဲ့ပြီး ကျားသစ်udk မေ့ဆေးသေနတ်နဲပ ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
ကျားသစ်ဟာ မြောက်အမေရိကရှိ အကြီးဆုံး တောရိုင်းကြောင်အမျိုးအစားဖြစ်ပြီး အမြင့်ပေအားဖြင့် ၁၅ ပေ အထိ
ခုန်နိုင်တဲ့အပြင် အကွာအဝေးအားဖြင့် ပေ ၄ဝ အထိ ခုန်နိုင်တယ်လို့ သိရပါတယ်။

Source;CNN

ဘာသာပြန် David
The Myanma Age