ပါးစပ်မှာကိုက်ပြီး ဆော့ရာကနေ ဦးနှောက်ထဲထိ တူစိုက်သွား

ပို့စ်တင်ချိန် - 7/02/2014 08:40:00 AM



ပါးစပ်ကနေတစ်ဆင့် ဦးနှောက်ထိရောက်အောင် တူတစ်ချောင်းဟာ ဖောက်ဝင်သွားတာကြောင့် တရုတ်နိုင်ငံက ကလေးတစ်ဦးကို ဆေးရုံတင်ခဲ့ရပါတယ်။

ဒီကလေးဟာ တူကို ပါးစပ်မှာကိုက်ထားရင်း ပြေးလွှား ဆော့ကစားရာကနေ ချော်လဲခဲ့တာ ဖြစ်ပါတယ်။
ခေါင်းက ရှေ့ကို အရင်စိုက်ကျသွားတာကြောင့် တူဟာ ပါးစပ်အခုံးကိုဖောက်ပြီး ဦးနှောက်ထဲထိ တစ်လက်မ နစ်ဝင်သွားခဲ့ပါတယ်။

တူကို ဖယ်ရှားခဲ့အပြီးမှာ ကံကောင်းစွာနဲ့ပဲ Li Kaiyi လို့ခေါ်တဲ့ ဒီကလေးဟာ ပြန်လည်ကောင်းမွန်လာခဲ့ပြီလို့ဆိုပါတယ်။

“တူ က ၂ စင်တီမီတာလောက် ဦးနှောက်ထဲဝင်သွားတယ်။ ကံကောင်းစွာနဲ့ပဲ အဓိကနာဗ်ကြောကြီးတွေကို မထိခဲ့ပါဘူး” လို့ ခွဲစိတ်ဆရာဝန် Liu Jinfang က ပြောကြားခဲ့ပါတယ်။

ဆေးရုံကနေ မကြာခင် ဆင်းနိုင်ဖွယ်ရှိပေမဲ့ ဆရာဝန်တွေက အပြည့်အဝ ပြန်လည်ကောင်းမွန်လာတဲ့အထိ နေသင့်တယ်လို့ မှတ်ချက်ပြုထားပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်