Apple Q & A

ပို့စ်တင်ချိန် - 7/02/2014 08:16:00 PM


ကျွန်တော် အသုံးပြုနေတာကတော့ New iPad ကိုအသုံးပြုနေတာပါ။ ကျွန်တော့် iPad မှာအစက iPad ကိုလက်ငါးချောင်းနဲ့ ဆွဲလိုက်ရင် အသုံးပြုနေတဲ့ App စနစ်တွေပိတ်သွားတာတို့ အောက်ကနေ လက်ငါးချောင်းနဲ့ ဆွဲတင်လိုက်ရင် အသုံးပြုပြီးသားစနစ်တွေ ပေါ်လာပြီးဖျက်လို့ရတဲ့ စနစ်မျိုးတွေကို အသုံးပြုလို့ရနေပါတယ်။ ဒါပေမဲ့ ခုအဲဒီစနစ်တွေ တစ်ခုမှအသုံးပြုလို့ မရတော့ပါဘူး။ Home Key ကိုနှိပ်မှပဲ အသုံးပြုနေတဲ့ စနစ်ကိုပိတ်လို့ရပါတယ်။ ပြီးတော့အသုံးပြုပြီးသား App တွေကိုလည်းပြန်ရှာလို့ မရဘူးဖြစ်နေပါတယ်။ အဲဒါဘယ်လိုလုပ်ရပါမလဲခင်ဗျာ။

ဒါကတော့ iPad မှာ အသုံးပြုနေတဲ့ Gesture Sensor စနစ် ပိတ်သွားလို့ ဒါမှမဟုတ်ရင် ပျက်သွားလို့ ဖြစ်နိုင်ပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ iPad ထဲမှာရှိနေတဲ့ Setting ထဲကိုသွားလိုက်ပါ။ Setting ထဲမှာ General ဆိုတဲ့ထဲကို ဝင်လိုက်ပါ။ General ထဲမှာ Multitasking Gesture ဆို တဲ့စနစ်ရှိပါတယ်။ အဲဒီစနစ်နေရာ မှာ On ဖြစ်နေသလား Off ဖြစ်နေ သလားဆိုတာကို ကြည့်လိုက်ပါ။ Off ဖြစ်နေတယ်ဆိုရင်တော့ On လုပ်ပေးလိုက်ပါ။ ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။ Multitasking Gesture ဆိုတဲ့နေရာမှာ On ဖြစ်နေပြီး Multi Touch စနစ်တွေက အသုံးပြုလို့မရတာ ဆိုရင်တော့ ပထမဆုံး Touch Screen ကိုစစ်ဆေးရပါလိမ့်မယ်။ Touch Screen က Multitouch စနစ်ကို အသုံးပြုဖို့အတွက် Gesture Sensor စနစ်တွေမကောင်းတော့ တာဆိုရင်တော့ ဒါက Hardware ပိုင်းက ဖြစ်တာဖြစ်နိုင်တဲ့အတွက် ပြန်လည်ပြင်ဆင်တာမျိုး ဒါမှမဟုတ် OS က Multitasking စနစ်ကိုအထောက်အပံ့ မပေးနိုင်တော့တာမျိုး ဖြစ်ခဲ့တာဆိုရင်လည်း OS ကိုအသစ်ပြန်လည် တင်တာမျိုးတွေပြုလုပ်မှပဲ အဆင်ပြေနိုင်ပါလိမ့်မယ်။ ပထမဆုံးတော့ Setting ထဲမှာသွားပြီးတော့ Multitasking Gesture စနစ်ကိုအရင် ဆုံးစစ်ဆေးကြည့်လိုက်ပါ။


-ကိုသက်
Internet Journal