လူစီးရထား လက်မှတ်များအား ကွန်ပျုတာသုံး လက်မှတ်ရောင်းချမှု စနစ်ဖြင့်ဘူတာကြီး ၁၅ တွင်စတင်အကောင်အထည် ဖော်မည်

ပို့စ်တင်ချိန် - 7/02/2014 08:17:00 PM


လူစီးရထားများ၏ လက်မှတ်များအား ရောင်းချရာတွင် ကွန်ပျူတာသုံးလက်မှတ် ရောင်းချမှုစနစ် (Com-puterized Ticketing System) ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် လူစီးရထားများ၏ လက်မှတ်များအား ကွန်ပျူတာအသုံးပြု၍ လက်မှတ်ရောင်းချမှုစနစ်( Computerized Ticketing System) ဖြင့်ကနဦး အဓိကဘူတာကြီး ၁၅ ဘူတာတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အဆိုပါစနစ်ကို ပုဂ္ဂလိကနှင့်အကျိုးတူ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုပ်ကိုင်လိုသည့်ပြည်တွင်းမှ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ကုမ္ပဏီများသို့ တင်ဒါတင်သွင်းနိုင်ရေး ဖိတ်ခေါ်ထားကြောင်း သိရသည်။

“ရန်ကုန်ဘူတာကြီး အပေါ်ထပ်မှာတင် ဒါနဲ့ပတ်သက်တာ အသေးစိတ်ကိုသွားရောက် ရယူကြည့်ရှုနိုင်ပါတယ်၊ သိချင်တာတွေကိုလည်း မေးမြန်းနိုင်မှာဖြစ်ပါတယ်” ဟု မြန်မာ့မီးရထား၊ တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီမှဖြေကြားသည်။ အဆိုပါလုပ်ကိုင်ခွင့် သက်တမ်းကို သုံးနှစ်ခွင့်ပြုစာချုပ် ချုပ်ဆိုငှားရမ်းသွားမည်ဖြစ်ကြောင်း၊ တင်ဒါစာ အိတ်များကို တစ်ဒါစိစစ်ရွေးချယ်ရေးကော်မတီ၊ စီးပွားရေးဌာန၊ မြန်မာ့မီးရထားရုံးချုပ် (နေပြည်တော်ဘူတာကြီး) သို့ ဇူလိုင်လ ၁၄ ရက်နေ့နောက်ဆုံးထား ပေးပို့နိုင်ကြောင်း သိရသည်။

အသေးစိတ် အချက်အလက်များကို ဖုန်း-၀၆၇-၇၇၀၈၁၊ ၀၆၇-၇၇၀၈၂ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ တင်ဒါပုံစံများကို တစ်စုံလျှင် သုံးသောင်းကျပ်ဖြင့် ဇွန်လ ၃၀ ရက်နေ့မှစတင်ကာ မြန်မာ့မီးရထား၊ စီးပွားရေးဌာန (နေပြည်တော်ဘူတာကြီး)နှင့် မန်နေဂျာ (သွားလာရေး၊တိုင်း) အမှတ် ၇ တိုင်း-ရန်ကုန်ရုံး၊ ရန်ကုန်ဘူတာကြီးတို့၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်း သိရသည်။

Internet Journal