ရေချိုးရင်းရေနစ်သည့် ကျောင်းသူကို ကယ်ဆယ်ရာမှ နှစ်ဦးစလုံး သေဆုံး

ပို့စ်တင်ချိန် - 7/02/2014 01:21:00 PM


မန္တလေးတိုင်းဒေသကြီး ရှိ နည်းပညာတက္ကသိုလ် (ရမည်း သင်း) မှ ကျောင်းသားများ သစ်
ဆုံဆည်သို့ အလည်သွားရောက် ရာမှ ကျောင်းသား တစ်ဦးနှင့် ကျောင်းသူတစ်ဦး ရေနစ်သေဆုံး
 ခဲ့ကြောင်း သတင်းရရှိသည်။


ရမည်းသင်းမြို့ အနောက် မြောက်ဘက် ကိုးမိုင်ခန့်အကွာရှိ သစ်ဆုံဆည်သို့ နည်းပညာတက္က သိုလ်ကျောင်းသားများ ဇူလိုင် ၁ ရက်တွင် သွားရောက်လည်ပတ် စဉ် ရေချိုးနေသော ကျောင်းသူ တစ်ဦး ရေနစ်သဖြင့် ကျောင်းသား တစ်ဦးက လိုက်လံကယ်ဆယ်ရာ မှ

‘‘B.E (EC) နောက်ဆုံးနှစ် ကျောင်းသားတွေပါ။ အသက် (၂၂) လောက်စီပဲ ရှိဦးမယ်။ တစ် ခန်းတည်းနေ သူငယ်ချင်းတွေပါ ပဲ။ ကျောင်းသူက ရေချိုးနေတာ ရေညှိတွေကြောင့် ရေနုတ်မြောင်း ဘက်ရောက်သွားတာ။ အဲဒါကို ကျောင်းသားက လိုက်ဆယ်တာ။ နှစ်ယောက်လုံး ရင်ခွဲရုံရောက်နေ ပြီ။ ရွာသားတွေက ကူညီပေးပါ တယ်’’ ဟု နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ရမည်း သင်း)မှ ကျောင်းသားတစ်ဦးက ပြောသည်။

နည်းပညာတက္ကသိုလ်နှင့် အနည်းငယ်လှမ်းသော သစ်ဆုံ ဆည်သို့ ကျောင်းသားများ သွား ရောက်လေ့လာတတ်ကြပြီး ယခု ကဲ့သို့ ရေနစ်သေဆုံးသော ဖြစ် စဉ်မျိုးယခင်က မကြားဖူးကြောင်း အထက်ပါ ကျောင်းသားက ပြော ကြားသည်။

 ရေနစ် သေဆုံးခဲ့သော ကျောင်းသူသည် ပျော်ဘွယ်မြို့မှ ဖြစ်ပြီး ကျောင်းသားသည် ပျဉ်းမနားမြို့မှဖြစ်ကာ အဆောင်နေ ကျောင်းသားများဖြစ်ကြောင်း သိရသည်။

နှစ်ဦးလုံး သေဆုံးခဲ့ခြင်းဖြစ် သည်။
7Day News Daily