စစ်သင်္ဘောအနီး မြောက်ကိုရီးယား ပစ်ခတ်ဟုဆို

အငြင်းပွား ရေပြင်မှာ အပြန်အလှန် ပစ်ခတ်မှု မကြာခဏ ဖြစ်နေ

ပင်လယ်ဝါ ထဲက အငြင်းပွား ရေပိုင်နက်မှာ ကျောက်ချထားတဲ့ တောင်ကိုရီးယား စစ်သင်္ဘော အနီးကို မြောက်ကိုရီးယား ဘက်က ပစ်ခတ်တယ်လို့ တောင်ကိုရီးယားက စွပ်စွဲ လိုက်ပါတယ်။

သင်္ဘောကိုတော့ ထိခိုက်မှု မရှိဘူးလို့ တောင်ကိုရီးယား အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

တောင်ကိုရီးယား ဘက်က တုံ့ပြန် ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား သတင်းဌာန တွေက ရေးသားကြ ပါတယ်။

အနီးအနား ကျွန်းတစ်ကျွန်းပေါ်က ဒေသခံတွေကိုလည်း ဗုံးကျင်းထဲ ဝင်ခိုင်း ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီနှစ်ဆန်းပိုင်းကလည်း မြောက်ကိုရီးယား ရဲ့ စစ်ရေး စမ်းသပ်မှု တွေကြောင့် ဒီဒေသမှာ ကျည်ဆန် ရာနဲ့ချီပြီး ၂ ဘက် အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။

bbc burmese

မုန်တိုင်း ရခိုင်ကို ဦးတည်


မေလ၂၂ ရက် မနက် ၁၁ နာရီ ကစပြီး ဘင်္ဂလား ပင်လယ်အော် ထဲက မုန်တိုင်းငယ် ဟာ ရခိုင် ကမ်းရိုးတန်းကို ဦးတည် နေပြီလို့ မိုးလေဝသက သတင်း ထုတ်ပြန် လိုက်ပါပြီ။

မြန်မာပြည်ကို ဦးတည် နေပြီမို့ လိမ္မော်ရောင် အဆင့်နဲ့ ဒီနေ့ နေ့လယ် ကစပြီး မုန်တိုင်း သတိပေးချက် တွေကို ရုပ် မြင်သံကြား၊ ရေဒီယိုတွေ ကနေ တနာရီ တခါ လောက် ထုတ်ပြန် နေပါပြီ ။

ရခိုင် ကမ်းရိုးတန်းနဲ့ မုန်တိုင်း အန္တရာယ်
နိုင်ငံတကာ မုန်တိုင်း လမ်းကြောင်း ခန့်မှန်းချက် အချို့က ရခိုင် ပြည်နယ် မြောက်ပိုင်းကို ဖြတ်ကျော် တာ ပြပေမယ့် တချို့ မုန်တိုင်း လမ်းကြောင်းတွေ ကျတော့ ရခိုင် ကမ်းခြေကို မဖြတ်ဘဲ ကမ်းလျှောက် ပြီး အနောက် မြောက်ဘက် ပြန်ရွေ့ တာတွေ လည်း တွေ့ရပါတယ်။

ဒီမုန်တိုင်း မြန်မာနိုင်ငံ ကို ဝင်ဖို့သေချာပြီ ဆိုရင်တော့ အနီရောင် အဆင့် ကြေညာချက် ထုတ်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဘီဘီစီကို ပြောကြား ပါတယ်။

မုန်တိုင်း အရှိန်ကြောင့် ဧရာဝတီတိုင်း၊ ရခိုင် ပြည်နယ် တွေမှာ နေရာအနှံ့ မိုးထစ်ချုန်း ရွာပြီး ဒေသ အလိုက် မိုးကြီးဖို့ ရှိသလို မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်း နဲ့ ကမ်းလွန် ပင်လယ်မှာ မိုးသက် လေပြင်း ကျရောက် ပြီး လှိုင်းကြီးမယ် လို့ ထုတ်ပြန် ထားပါတယ်။

bbc burmese

ယူကရိန်း အရှေ့ခြမ်း တပ်သား အကျအဆုံးများ

ယူကရိန်းတပ်ဖွဲ့ တိုက်ခိုက်ခံရမှုတစ်ခု မြင်ကွင်း

ယူကရိန်း အရှေ့ခြမ်း ဒွန်းညက်စ် ဒေသက ရုရှ လိုလားတဲ့ ခွဲထွက်ရေး သမားတွေနဲ့ အစိုးရ တပ်တွေ တိုက်ပွဲမှာ တပ်သား အကျအဆုံး များခဲ့ပါတယ်။

အနည်းဆုံး စစ်သား ၁၅ ယောက် သေဆုံးပြီး ၃ဝ ကျော် ဒဏ်ရာရကြောင်း ယူကရိန်း တပ်က ဗိုလ်မှူး တစ်ယောက်က ပြောကြား ပါတယ်။

လူဟန့်စ်ခ် နယ်မြေက တိုက်ပွဲမှာလည်း စစ်သား တစ်ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။

မကြာခင် ကျင်းပတော့မယ့် သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် ၃ ရက် အလိုမှာ ဒီပစ်ခတ်မှုတွေ ပြန်လည် ဖြစ်ပွား လာတာပါ ။

ရွေးကောက်ပွဲကြောင့် တင်းမာမှု တချို့ လျော့ပါးသွားမယ်လို့ ယူကရိန်း အစိုးရက မျှော်လင့် နေပေမယ့်လည်း ယူကရိန်း အရှေ့ခြမ်း တချို့ နေရာတွေမှာ မဲပေးလို့ မရနိုင်လောက်ဘူး လို့ ဝန်ခံ ပြောကြား ခဲ့ပါတယ်။

bbc burmese

တရုတ်ရေနံတူးစင် ကိစ္စ ဗီယက်နမ် တရားစွဲမည်


ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Tan Dung World Economic Forum တွင် မိန့်ခွန်းပြော။ (မေ ၂၂၊ ၂၀၁၄)

ဗီယက်နမ် ကမ်းလွန်ဒေသက ပိုင်နက် အငြင်းပွါးနေတဲ့ နေရာမှာ တရုတ်က အစိုးရပိုင် ရေနံတူးစင်ကြီးတခု လာရောက် တည်ဆောက်တာကို တရားစွဲဆိုမယ်လို့  ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Tan Dung ကခြိမ်းခြောက်လိုက်ပါတယ်။

အခုလို ရေနံတူးစင်လာရောက်ချထားတာကို တုန့်ပြန်တဲ့အနေနဲ့ တရားစွဲဆို အရေးယူတာ အပါအဝင် နယ်မြေ ကာကွယ်ရေး အတွက် နည်းမျိုးစုံသုံးဖို့ စဉ်းစားနေတယ်လို့ ဝန်ကြီးချုပ်က သတင်းထောက်တွေကို အီးမေးလ်နဲ့ ကြေညာချက်ပေးပို့ခဲ့ပါတယ်။  ပင်လယ်နက် ရေနံတူးစင်နားမှာ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေက သင်္ဘောတွေချထားပြီး တင်းမာမှုတွေ ဆက်ဖြစ်နေချိန်မှာပဲ အခုလို ကြေငြာချက် ထုတ်ပြန်ခဲ့တာပါ။

သင်္ဘောတွေဟာ တစင်းနဲ့ တစင်း ဝင်တိုက်နေကြသလို တဘက်နဲ့ တဘက် မီးသတ်ပိုက်ကြီးတွေနဲ့ အပြန်အလှန် ပက်ဖြန်းနေကြတာမို့ အခြေနေပိုဆိုးလာမှာကို စိုးရိမ်နေကြပါတယ်။

ဗီယက်နမ်နိုင်ငံဟာ သူ့နယ်မြေ အချုပ်အချာ ပိုင်ဆိုင်မှု အတွက် လုံးဝ ကာကွယ် သွားမှာဖြစ်ကြောင်း မစ္စတာ Dung က အလေးအနက်ထား ပြောဆိုခဲ့ပေမယ့် ခုခံ ကာကွယ်ရေးပဲ လုပ်မှာဖြစ်ပြီး စစ်ပွဲ စတင်ဖို့တော့ သူ မလိုလားကြောင်း ပြော ဆိုခဲ့ပါတယ်။

ဗီယက်နမ်က အထူးစီးပွါးရေးဇုံအဖြစ် သတ်မှတ် ထားတဲ့ တောင်တရုတ် ပင်လယ်ပြင်ထဲက ပါရာစဲလ် (Paracel ) ကျွန်း တွေနားမှာ တရုတ်ဘက်က မေလ တရက်နေ့မှာ ရေနံတူးစင်ကြီးတခု လာရောက် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဒါကို မကျေနပ်ကြတဲ့ ဗီယက်နမ်နိုင်ငံသားတွေက တရုတ်ဆန့်ကျင်ရေး ကန့်ကွက် ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ ရာကနေ ၂ ဦးသေဆုံးပြီး လူပေါင်း ဒါဇင်နဲ့ချီ ဒဏ်ရာတွေ ရခဲ့ကြတာပါ။  ဒါဟာ တောင်တရုတ်ပင်လယ်ပြင်ထဲက နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွါးနေတဲ့ ဒေသတွေမှာ တရုတ်က သူပိုင်ဆိုင်ကြောင်း အပြင်းအထန် ပြသလာ တဲ့ နောက်ဆုံး လုပ်ရပ် တခုဖြစ်ပါတယ်။

voa burmese

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးဆန္ဒဖေါ်ထုတ်ခြင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လက်မှတ်ထိုးမည်။


အဖွဲ့ချုပ်နှင့်၈၈မျိုးဆက်ပူးပေါင်းဆောင်ရွက်မှုဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၃၆ပြင်ဆင်ရေးလက်မှတ်ထိုးဆန္ဒဖေါ်ထုတ်ခြင်း
အား မေလ ၂၇ ရက်နေ့တွင် တပြည်လုံးအတိုင်းအတာဖြင့်စတင်ဆောင်ရွက်မည်ဖြစ်ပါသည်။

ယင်းမေလ ၂၇ ရက်နေ့ နံနက် ၈:၃၀နာရီတွင် နေပြည်တော်ကောင်စီ၊ ဥတ္တရသီရိမြို့နယ် အဖွဲ့ချုပ်ရုံးတွင် အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်း
စုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးဆန္ဒပြုမည်ဖြစ်ပါသည်။

ထို့နောက် ပြည်သူများမိမိဆန္ဒအလျောက် လက်မှတ်ရေးထိုးခြင်းအစီအစဉ်ဆောင်ရွက်ထားမှုများကိုစစ်ဆေးခြင်း၊ လက်မှတ်ထိုး
ဆန္ဒပြုမည့် ပြည်သူများ၊အဖွဲ့ဝင်များအား စကားပြောကြားခြင်းစသည်တို့ပြုလုပ်ပြီးနောက် ခန့်မှန်းအချိန် နံနက် ၉နာရီခန့်တွင် ပုဗ္ဗသီရိမြို့နယ်အဖွဲ့ချုပ်ရုံးသို့သွားရောက်ကာ အလားတူပင် စစ်ဆေးခြင်း၊စကားပြောကြားခြင်းများပြုလုပ်ပါမည်။

ထို့နောက် ဇေယျာသီရိမြို့နယ်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် အဖွဲ့ချုပ်ရုံးများတွင်လည်း လက်မှတ်ရေးထိုးခြင်းအစီအစဉ်
ဆောင်ရွက်ထားမှုများအား စစ်ဆေးခြင်း၊ ပြည်သူလူထုနှင့်စကားပြောကြားခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သတင်းရရှိပါသည်။

သတင်း-National League for Democracy.

အသက်အကြီးဆုံး ပြည့်တန်ဆာ အဖြစ် ၈၅ နှစ်အရွယ် အဘွားအို သတ်မှတ်ခံရ


အသက် (၈၅)နှစ်ရှိပြီဖြစ်တဲ့ ရှီလာ အမည်ရ အဘွားအိုဟာ ဗြိတိန်ရဲ့ အသက် အကြီးဆုံး ပြည့်တန်ဆာအဖြစ် သတ်မှတ်ခြင်းခံခဲ့ ရတယ်လို့ သိရပါတယ်။ ရှီလာရဲ့ မြေးဖြစ်သူဟာ မော်ဒယ် တစ်ဦး ဖြစ်ပြီး ရုပ်သံ အစီအစဉ်တစ်ခုမှာ ပါဝင် ခဲ့ဖူးပါတယ်။ ရှီလာရဲ့ ခင်ပွန်း ဖြစ်သူဟာ အင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ် ကွယ်လွန်သွားခဲ့ပါတယ်။ ရှီလာဟာ အသက် (၈၁)နှစ် အရွယ်မှာ ပြည့်တန်ဆာအလုပ်ကို စတင် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ရှီလာဟာ ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီး တဲ့နောက် အထီးကျန်မှုကို ခံစားခဲ့ရပြီး ပြည့်တန်ဆာ ဖြစ်လာဖို့ တွန်အားတစ်ရပ် ဖြစ်ခဲ့ပါတယ်။ ရှီလာဟာ တစ်ပတ်ကို ဧည့်သည် ဆယ်ဦးနဲ့ တွေ့ဆုံလေ့ရှိပြီး ခွဲစိတ် ကုသမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ ရှီလာဟာ အသက်ကြီးမှ ပြည့်တန်ဆာတစ်ဦးဖြစ်လာခဲ့လို့ မိသားစုဝင်တွေရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။ ရှီလာဟာ သူ့ရဲ့အမူအကျင့်ကို ဘယ်တော့မှ ရပ်တန့်နိုင်မှာ မဟုတ်ဘူးလို့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ ရှီလာဟာ သူ့ဆီ လာတဲ့ဖောက်သည်တွေဟာ ထူးခြားတဲ့ အတွေ့အကြုံကို ရရှိသွားကြောင်း၊ မိမိသည် ဆွဲဆောင်မှုရှိနေဆဲ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။ ရှီလာမှာ ကလေး သုံးဦး၊ မြေး သုံးဦး၊ မြစ် နှစ်ဦးရှိပြီး မွေးထားတဲ့ ကလေး တွေထဲမှာ တစ်ဦးကပဲ စကားပြောဆို ဆက်ဆံမှုရှိတယ်လို့ သိရပါတယ်။ ရှီလာဟာ ဧည့်သည် တစ်ဦးနဲ့ တစ်နာရီ တွေ့ဆုံရာမှာ ပေါင် (၂၅၀) ရလေ့ရှိပါတယ်။

ရှီလာက ကျွန်မရဲ့ အပြုအမူကို လူသတ်မှုတစ်ခု ကျူးလွန်တဲ့ပုံစံမျိုး ထင်နေကြ ပါတယ်။ ကျွန်မကို ဘယ်သူမှ မယုံကြဘူး။ ကျွန်မ ဘာ တွေလုပ်နေသလဲဆိုတာ လူတွေရဲ့ ထင်မြင်ပုံက ကွဲပြားခြားနားနေပါတယ်။ ကျွန်မကို ဒီလိုမျိုး နောက်တစ်ခါ မလုပ်ပါဘူး ဆိုတဲ့ ကတိလိုချင်ကြပါတယ်။ ကျွန်မကတော့ ဘာကိုမှ ဂရုစိုက်မှာ မဟုတ်ပါဘူး လို့ ပြော သွားခဲ့ပါတယ်။ ရှီလာရဲ့သမီးဖြစ်သူဂျိုဆီကကျွန်မတို့ကဒီလိုမျိုးမလုပ်ဖို့ အမြဲတမ်း တိုက်တွန်း နေပေမယ့် ပြောလို့မရပါဘူး။ ဒီလို လုပ်တာကို ကျေနပ်နေတာမို့ ဘယ်လိုမှ တားဆီးလို့ မရပါဘူး လို့ ပြောသွားခဲ့ပါတယ်။
The Messenger

ကျောင်းသူတွေ ပြန်လွတ်ဖို့ ကျောင်းဆရာတွေ ဆန္ဒပြ

ကျောင်းသူတွေဟာ မြောက်ပိုင်းက ဘိုနိုပြည်နယ်မှာ အဖမ်းခံထားရဟု ယူဆရ

အရင်လက ဘိုကိုဟာရမ် စစ်သွေးကြွတွေ ပြန်ပေးဆွဲသွားတဲ့ ကျောင်းသူ ၂၀၀ ကျော် ပြန်လွှတ်ပေးရေး အတွက် နိုင်ဂျီးရီးယား နိုင်ငံတဝှမ်းက ကျောင်းဆရာတွေ ဆန္ဒပြနေကြ ပါတယ်။

စစ်သွေးကြွတွေ သတ်ဖြတ် ခံရတဲ့ ကျောင်းဆရာ ၁၇၃ ယောက် အတွက်လည်း ချီတက် အလေးပြု ကြမယ်လို့ ကျောင်းဆရာများ သမဂ္ဂက ပြောကြား ပါတယ်။

မြို့တော် အဘူဂျာက သမ္မတ အိမ်တော်ထိ ချီတက် ဆန္ဒပြကြဖို့လည်း ကမ်ပိန်း အဖွဲ့တွေက စီစဉ်နေကြပါတယ်။

မိန်းကလေးတွေ ပြန်လွတ်ရေး ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ဂျီးရီးယား သမ္မတ ဂွတ်လပ် ဂျွန်နသန် နဲ့ တွေ့ခွင့်ရဖို့လည်း သူတို့က မျှော်လင့် နေကြပါတယ်။

bbc burmese

ပြိုင်ဘက်နိုင်ငံရေး အဖွဲ့ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲကျင်းပနေစဉ် အာဏာသိမ်းလိုက်ကြောင်း ထိုင်းစစ်ဦးစီးချုပ် ကြေညာ

မေ ၂၂ ရက်က ဘန်ကောက်ရှိ စစ်ဘက်အသင်းတိုက်တွင် အစိုးရဆန့်ကျင်သူများ၊ လိုလားသူများနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာတို့ တွေ့ဆုံနေစဉ် ကင်းလှည့်နေသော ထိုင်းစစ်သားများ

၁၉၇၆ ခုနှစ် အောက်တိုဘာ ၆ ရက် က ကျောင်းသားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံ သမ်မာဆက်တက္ကသိုလ်အတွင်း မြင်ကွင်းတစ်ခု


မေ ၂၂ ရက်တွင် ထိုင်းစစ်ဦးစီးချုပ်က ရွေးကောက်တင်မြှောက်ခံထားရသော အစိုးရအဖွဲ့ကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်ကြောင်း ကြေညာလိုက်ရာ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် လပေါင်းအတန်ကြာ နိုင်ငံရေး ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံကို မရေရာ မသေချာမှုများအတွင်းသို့ ပြန်လည် သက်ဆင်းစေခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်းအိုချာက အာဏာသိမ်းလိုက်ကြောင်းကို တိုက်ရိုက်ထုတ်လွှင့်သည့် ရုပ်မြင်သံကြားမိန့်ခွန်းတစ်ရပ်မှနေ၍ ကြေညာခဲ့ခြင်းဖြစ်သည်။ နက်ရှိုင်းစွာကွဲလွဲနေသော ထိုင်းနိုင်ငံတွင် တည်ငြိမ်အေးချမ်းရေးကို ဩဇာကြီးမားသည့် လက်နက်ကိုင်တပ်များက ဆောင်ရွက်ရမည်ဖြစ်ကြောင်း စစ်ဦးစီးချုပ်က ပြောကြားခဲ့သည်။

“နိုင်ငံကို ပုံမှန်အနေအထား အလျင်အမြန် ပြန်ရောက်ဖို့အတွက် စစ်တပ်၊ ထိုင်းလက်နက်ကိုင်တပ်များ၊ တော်ဝင်လေတပ် နဲ့ ရဲတပ်ဖွဲ့တို့ ပါဝင်တဲ့ အမျိုးသားငြိမ်းချမ်းရေး ထိန်းသိမ်းရေးကော်မတီက မေ ၂၂ ရက် ညနေ ၄ နာရီခွဲမှာ အာဏာကို ရယူဖို့လိုအပ်ပါတယ်” ဟု ပရာယွတ်က ပြောကြားခဲ့သည်။

နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် နည်းလမ်းရှာဖွေရန် ရည်ရွယ်သည့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်သို့ တက်ရောက်သည့် ပြိုင်ဘက်နိုင်ငံရေးအဖွဲ့ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် ပရာယွတ်က အာဏာသိမ်းကြောင်း ကြေညာပြီး အမျိုးသားငြိမ်းချမ်းရေး ထိန်းသိမ်းမှုကော်မတီကို ဖွဲ့စည်းလိုက်သည်။

ပရာယွတ်က နိုင်ငံ၏ အာဏာကို ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီက ချုပ်ကိုင်သွားမည်ဖြစ်ပြီး ယင်းကော်မတီကို သူက ဦးဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ ပရာယွတ် (၆ဝ နှစ်) က သူ၏ ပြင်းထန်စွာ ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း ဘန်ကောက်နှင့် ထိုင်းနိုင်ငံဒေသများစွာတို့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားသောကြောင့် အပြစ်မဲ့သူတို့၏ အသက်များနှင့်အိမ်ရာများ ဆုံးရှုံးခဲ့ရပြီး အကြမ်းဖက်မှုများ ပိုမိုမြင့်တက်လာဖွယ်ရှိသောကြောင့် အာဏာသိမ်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မေ ၂၂ ရက် အစောပိုင်းတွင် ပရာယွတ်သည် လက်ရှိအာဏာရ ဖြူထိုင်းပါတီ၊ အတိုက်အခံ ဒီမိုကရက်ပါတီ၊ အစိုးရကို လိုလားသော ယူဒီဒီပါတီ၊ အစိုးရကို ဆန့်ကျင်သော ပီဒီအာရ်စီပါတီ၊ အထက်လွှတ်တော်အမတ်များနှင့် ရွေးကောက်ပွဲကော်မရှင်တို့ နှင့် တွေ့ဆုံခဲ့ပြီး အားလုံးက စစ်ဦးစီးချုပ်အား ၎င်းတို့၏ စိတ်ကူးများကို ပြောကြားခဲ့ကြသည်။ သို့သော် အစည်းအဝေး၌ ဆုံး ဖြတ်ချက် သို့မဟုတ် သဘောတူညီချက် တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိပေ။

ယခု စစ်တပ်က အာဏာသိမ်းယူမှုသည် ၁၉၃၂ ခုနှစ် နောက်ပိုင်း ၁၂ ကြိမ်မြောက် အာဏာသိမ်းယူမှု ဖြစ်သည်။ ယင်းအာဏာသိမ်းယူမှုများအနက် ကာကွယ်ရေးဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး ဆာနက်ချာလော်ယု၏ ၁၉၇၆ ခုနှစ်နောက် အာဏာသိမ်းယူခဲ့မှုသည် ထိုင်းနိုင်ငံ သမိုင်းတွင် ထင်ရှားခဲ့သည်။ ယင်းကဲ့သို့ အာဏာသိမ်းယူမှု မပြုမီ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သမ်မာဆက်တက္ကသိုလ်ဝင်းအတွင်း ဆန္ဒပြနေကြသည့် ကျောင်းသားများကိုလုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄၆ ဦး သေဆုံးခဲ့သည်။

(Ref:The Nation,AFP)
Eleven Media Group

ထိုင်းစစ်တပ်အကြီးအကဲ ပရာယု ချန်အိုချား စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းလိုက်ပြီလို့ ကြေငြာ (ရုပ်သံ)


ထိုင်းစစ်တပ်အကြီးအကဲ ပရာယု ချန်အိုချား စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းလိုက်ပြီလို့ မေလ ၂၂ရက် ဒေသစံတော်ချိန် ညနေငါးနာရီမှာ ရုပ်မြင်သံကြားကနေ ကြေညာလိုက်ပါတယ်။

ညဆယ်နာရီကနေ မနက် ငါးနာရီထိ ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ ဒီအာဏာသိမ်းမှုဟာ ခြောက်လကြာ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုအပြီး တိုင်းပြည်ပြန်လည်တည်ငြိမ်ရေးအတွက် ဆောင်ရွက်တာဖြစ်တယ်လို့ ကြေညာပါတယ်။

သွေးထွက်သံယိုမှုတွေ ထပ်မံမဖြစ်ပွားစေဖို့အတွက် မနေ့က စစ်အုပ်ချုပ်ရေးကြေညာခဲ့တာဖြစ်ပြီး ဒီကနေ့ အုပ်ချုပ်ရေးပိုင်းကို ကိုင်တွယ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆောင်ရွက်ချက်ဟာ ထိုင်းစစ်တပ်က စေ့စပ်ဆောင်ရွက်တဲ့ နှစ်ရက်ကြာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အစည်းအဝေးမအောင်မမြင်ဖြစ်ခဲ့ရပြီးနောက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးတွေကို ဘန်ကောက်မြို့က စစ်တပ်ရိပ်သာမှာ ကျင်းပခဲ့တာဖြစ်ပြီး အာဏာမသိမ်းခင်လေးမှာ စစ်ကားပေါ်က လက်နက်ကိုင်စစ်သားတွေက အဆောက်အဦကို ၀ိုင်းရံပြီး ထွက်ခွာမသွားနိုင်အောင်ပိတ်ဆို့ခဲ့ပါတယ်။

DVB TV News



ကဏ္ဍခြောက်ခု အတွက် တိုးတက်အောင် ဆောင်ရွက်နိုင်သူများကို ဒေါ်လာ တစ်သိန်း ထောက်ပံ့မည်


ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာတစ်ခု ဖြစ်သည့် Ooredoo Myanmar သည် Idea Box အမည်ရှိ အစီအစဉ်တစ်ခုကို စတင်ခဲ့ကြောင်း ၊  အဆိုပါ အစီအစဉ်အရ ကဏ္ဍခြောက်ခုအတွက် ဖွံ့ဖြိုး တိုး တက်အောင် ဆောင်ရွက်နိုင်သူများကို ရွေးချယ်သွားမည်ဖြစ်ပြီး  ရွေးချယ်ခံရသူများကို အမေရိကန်ဒေါ်လာ တစ်သိန်းကိုလည်း ထောက်ပံ့ပေးသွားမည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။

သက်မှတ်ထားသည့် ကဏ္ဍခြောက်ခုမှာ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ အမျိုးသမီး အခန်းကဏ္ဍနှင့် payment solutions များအပြင် Government နှင့်  သက်ဆိုင်သည့်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အခန်း ကဏ္ဍ များ ဖြစ်သည်။ Idea Box ၏ ထောက်ပံ့မှုကို ရယူလိုပါက ဇွန်လ ၁၃ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည် ဖြစ်သည်။

Internet Journal

စဥ့်ကိုင်မြို့ သစ်အချောထည်စက်ရုံအလုပ်သမား ၂၀၀ ကျော် ဘုန်းကြီးကျောင်းတွင် ခိုလုံနေရ


ဖိုးစိုးသူ

ရန်ကုန်၊ မဇ္ဈိမ။ ။ မေလ ၂၁ရက် ညနေက မန္တလေးတိုင်း စဉ်ကိုင်မြို့နယ်ရှိ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ အကြမ်းဖက်နှင်ထုတ်ခံရသည့် အလုပ်သမား နှစ်ရာကျော်မှာ ရှမ်းကန်ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ဒုက္ခသည်များအဖြစ် ခိုလှုံနေရသည်ဟု အလုပ်သမားခေါင်းဆောင် ကိုခိုင်မင်းက မဇ္ဈိမကိုပြောသည်။

အလုပ်ရှင်၊ အလုပ်သမားများ သဘောတူညိမှု မရရှိထားသော စာချူပ်ကို စက်ရုံက တစ်ဖက်သတ်ချူပ်ဆို ခိုင်းသည့်အတွက် အလုပ်သမား ၁၉၀၀ ခန့်က လက်မှတ် မရေးထိုးပေ။ အဆိုပါကိစ္စကြောင့် မေ ၂၁ရက် ညနေခင်းသုံးနာရီ ၀န်းကျင်တွင် စက်ရုံအတွင်းနေထိုင်သော အလုပ်သမားများကို ခဲများဖြင့်ပစ်ပေါက်ခြင်း၊ စက်ရုံအပြင်သို့ ရဲဝန်းထမ်းများဖြင့် ဆွဲထုတ်ခြင်းများ ပြုလုပ်သည့်အတွက် ဘုန်ကြီးကျောင်းတွင် သွားရောက်ခိုလှုံရခြင်း ဖြစ်သည်ဟုဆိုသည်။

"အလုပ်သမားတွေကို ရဲဝန်ထမ်းတွေ နဲ့ မီးသတ်ဝန်ထမ်းတွေ အကူညီနဲ့ နှင်ထုတ်တယ်။ တစ်ချို့အလုပ်သမား မိန်းကလေးတွေ ရေချိုးနေတုန်း ထမီရင်လျားကြီးတွေ နဲ့ကို
အတင်းဆွဲပြီး စက်ရုံအပြင်ထုတ်တယ်။ ခဲနဲ့ပစ်ပေါက်တယ်။ ပွန်းပဲ့တာလောက်ပဲ ထိခိုက်မှုရှိတယ်။ ကြီးကြီးမားမားတော့ ဒဏ်ရာရတာမရှိပါဘူး။ အခုစက်ရုံထဲကို ဝင်လို့မရအောင်
သံဆူးကြိုးနဲ့ခတ်ထားတယ်" ဟု ဆိုသည်။

ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အလုပ်သမားများကို အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားချက်များပါ စည်းမျဉ်းစည်းကမ်း အချက်လက်များပါဝင်သော သဘောတူစာချုပ်ကို ချုပ်ဆိုရန်အတွက် မေ ၁၉ ၊ ၂၀ ၊ ၂၁ နောက်ဆုံးထား လက်မှတ်ထိုးပေးရန် အလုပ်သမားများကို မေလအတွင်း အကြောင်းကြားထားသည်ဟု
စက်ရုံ၏ အမှုဆောင်ဒါရိုက်တာ ဦးထွန်းနိုင်ဦးက မဇ္ဈိမသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

" အလုပ်သမားခေါင်းဆောင် ခိုင်မင်း နဲ့ စက်ရုံအလုပ်သမားတစ်ယောက်နဲ့ ရန်ဖြစ်တယ်။ နောက်ပြီး အလုပ်သမားခိုင်မင်းတို့ကြောင့် စက်ရုံမှာရှိတဲ့ အထပ်သားသစ် ကျပ်သိန်း ၃၅၀ဖိုးလောက် ပျက်စီးသွားတဲ့အတွက် တရားစွဲဆိုသွားမယ်။ နောက်ပြီး ဒီလိုပြဿနာကို ကျွန်တော်တို့အနေနဲ့ အလုပ်သမားဝန်ကြီးဌာနကို အလုပ်ထုတ်ဖို့အတွက် တင်ပြခဲ့ပေမယ့်
ထူးခြားမှုမရှိခဲ့ဘူး။ အကြမ်းဖက်ပြီး အလုပ်သမားတွေကို နှင်ထုတ်တာတော့ မဟုတ်ဘူး" ဟု ၎င်းဆိုသည်။

အလုပ်သမားများအား အကြမ်းဖက်နှင်ထုတ်ခံရမှု နှင့် ပတ်သက်ပြီး အမှုဖွင့်ထားခြင်း ရှိမရှိ စဥ့်ကိုင်မြို့နယ် ရဲစခန်း ဖုန်းနံပါတ် ၀၆၆-၄၀၀၃၁ ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျရဲဝန်ထမ်းက "ရဲစခန်းတာဝန်ရှိသူများအနေဖြင့် မသိရှိရဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံအလုပ်သမား ၁၉၀၀ ခန့်ရှိပြီး စက်ရုံက အကြမ်းဖက်နှင်ထုတ်ခြင်းကို ခံရပြီးနောက် စက်ရုံအလုပ်သမား တန်းလျားတွင် နေထိုင်ရသော အလုပ်သမား ၂၀၀ ကျော်မှာ ရှမ်းကန်ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံ့နေရသည်။ ထိုပြဿနာအား ဖြေရှင်းဆောင်ရွက်ပေးမည့် အဖွဲ့စည်းများလည်းမရှိဘူးဟု အလုပ်သမားများက ဆိုသည်။

ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ လုပ်သားများက ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း လုပ်ခလစာတိုးပေးရန်အတွက် ဆန္ဒပြ တောင်းဆိုမှုများလည်းပြုလုပ်ခဲ့ပြီး ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း အလုပ်သမား ၁၀၀၀ကျော်က စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော် တိုက်ပွဲဝင်ခဲ့သေးသည်။

ပုံစာ- မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ် ဘယ်လင်းရပ်ကွက်ရှိ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ အလုပ်သမား ၁ဝဝဝကျော်က လုပ်ခလစာ တိုးရရန် ၂၀၁၄ခုနှစ် မတ်လ ၂၂ရက်တွင် သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ- အောင်ကိုဦး၊ မဇ္ဈိမ)

Mizzima Burmese

သဲကုန်းလယ်သမားအရေး ကူညီသူကို ရိုက်နှက်သည့် ရဲတပ်ဖွဲ့ကို အရေးယူပေးရန် ဗကသ ကျောင်းသားများ ဆန္ဒပြ


Written by ရေခဲ(ပြည်)

ပြည်၊ မဇ္ဈိမ။ ။ ပဲခူးတိုင်း သဲကုန်းမြို့နယ်တွင် လယ်သမားများအရေး ကူညီဆောင်ရွက်သည့် ဗကသ ကျောင်းသား ကိုကောင်းထက်ကျော် မေလ ၁၄ရက်က ရိုက်နှက်ခံသော ရဲတပ်ဖွဲ့ကို အရေးယူပေးရန်

နားရွက်ဆွဲခံလိုက်ရသည့် အမေရိကန် သမ္မတ အိုဘားမား




အမေရိကန် သမ္မတဆိုသော ဂုဏ်ပုဒ်သည် ကမ္ဘာပေါ်တွင် ဩဇာအကြီးဆုံး၊ အရေးအရာ အထားခံရဆုံး၊ လုံခြုံရေးအတွက် အလေးထားခံရဆုံး ပုဂ္ဂိုလ်အဖြစ် ရည်ညွှန်းခြင်းလည်း ဖြစ်သည်။ သို့သော်လည်း အဆိုပါ ပုဂ္ဂိုလ်ကြီး ဘာရတ်အိုဘားမားခမျာ ကလေးငယ် တစ်ဦး၏ နားရွက်ဆွဲမှုကို အလစ်အငိုက် ခံလိုက်ရပြီး ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ကိုယ်ရံတော်များက မှည့်တစ်ပေါက် မစွန်းအောင် အစွမ်းကုန် ကာကွယ်ထားသည့် အမေရိကန် သမ္မတကြီးကို အမည်မသိ ကလေးငယ် တစ်ဦးက နားရွက်ဆွဲသွားသည့် အခြေအနေသည် ရွှင်မြူးရယ်မောစရာ သတင်းတစ်ပုဒ်လည်း ဖြစ်လာသည်။

အင်္ဂါနေ့က အိမ်ဖြူတော်တွင် ပြုလုပ်သော ကလေးများ၏ အနုပညာ ကျွမ်းကျင်မှု သရုပ်ပြပွဲ အစီအစဉ် တစ်ခုတွင် အိုဘားမားနှင့် ဇနီးဖြစ်သူ မစ်ချယ်လ် အိုဘားမားတို့ တက်ရောက်ခဲ့ကြသည်။ ထိုအချိန်တွင် အိုဘားမားကို စကားပြောချင်စိတ် များနေသည့် ကလေးတစ်ဦးက ၎င်းကို အာရုံစိုက်မိစေရန် သမ္မတကို နားရွက်ဆွဲထားခဲ့ခြင်း ဖြစ်သည်။ မည်သူမည်ဝါမှန်း တိတိကျကျ မသိရသည့် အဆိုပါ ကလေးငယ်သည် အိုဘားမားကို တစ်စုံတစ်ရာ တိုးတိုးကပ်ကပ် ပြောလိုစိတ် ပြင်းပြနေပြီး သမ္မတ၏ ဘယ်ဖက်နားကို လက်ဖြင့် ဆွဲထားခဲ့သည်။

အိုဘားမားကလည်း ခန္ဓာကိုယ်ကို ကိုင်းထားကာ ကလေးငယ် ပြောဆိုနေသည်ကို စက္ကန့်အနည်းငယ်ကြာမျှ စိတ်ဝင်တစား နားထောင်နေခဲ့သည်။ ယင်းစွမ်းရည်ပြပွဲ အစီအစဉ်ကို မစ်ချယ်လ်က ဦးစီးဦးရွက်ပြု ကျင်းပခြင်းဖြစ်ပြီး အိုဘားမားက ကလေးများထံ လာရောက်တွေ့ဆုံခဲ့ရာ၌ ယခုလို ရယ်မောစရာ အခြေအနေမျိုးအဖြစ် နားရွက်ဆွဲခံလိုက်ရရှာခြင်း ဖြစ်သည်။အိုဘားမားတို့ ဇနီးမောင်နှံသည် အိမ်ထောင်ရေး ပြဿနာအချို့ ရှိနေပြီး သမ္မတသက်တမ်း ကုန်ဆုံးချိန်၌ မစ်ချယ်လ်က ကွာရှင်းမည်ဟု သတင်းအချို့ ထွက်ပေါ်နေပြီး အိမ်ဖြူတော်ကမူ ယင်းကို မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။ ၎င်းတို့၏ အိမ်ထောင်သက်သည် (၂၁)နှစ်မျှ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ထိုနေ့က စွမ်းရည်ပြပွဲတွင် သမ္မတ ဇနီးမောင်နှံမှာ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ရှိနေခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

တောင်ကိုရီးယား စစ်သင်္ဘောများကို နှစ်မြှုပ်ပစ်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်



မြောက်ကိုရီးယား နိုင်ငံသည် နယ်စပ်ရေပြင်ရှိ တောင်ကိုရီးယား စစ်သင်္ဘောများကို နှစ်မြှုပ်ပစ်မည်ဆိုသော ခြိမ်းခြောက်မှုမျိုး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ နှစ်နိုင်ငံ နယ်နိမိတ် ရေပြင်အနီးတွင် ကပျက်ကချော် မဖြစ်စလောက် ရန်စမှုမျိုး လုပ်ဆောင်နေသည့် ရန်သူ့သင်္ဘောများကို မိမိတို့ နှစ်မြှုပ်ပစ်မည်ဟု မြောက်ကိုရီးယားက ဗုဒ္ဓဟူးနေ့တွင် သတိပေးခဲ့သည်။ အင်္ဂါနေ့က ပင်လယ်ဝါ ရေပြင်ပေါ်တွင် မြောက်ကိုရီးယား ကင်းလှည့်ရေယာဉ် (၃)စင်းက နယ်ကျော် မောင်းနှင်လာပြီးနောက် တောင်ကိုရီးယား ရေတပ်က ခြောက်လှန့် ပစ်ခတ်ခဲ့သည်။ ယင်းအခြေအနေကို တုံ့ပြန်သည့် အနေဖြင့် တောင်ကိုရီးယား စစ်သင်္ဘောများကို ကြိုတင် ကြေညာခြင်း မရှိဘဲ အချိန်မရွေး ပစ်ခတ် နှစ်မြှုပ်လိုက်နိုင်ကြောင်း မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယား စစ်ဘက်က တောင်ကိုရီးယား အနေဖြင့် အပြည်ပြည်ဆိုင်ရာ ဒုက္ခတစ်ရပ် ဖြစ်သွားစေမည့် ရန်စမှုမျိုး ပြုလုပ်နေကြောင်း စွပ်စွဲခဲ့သည်။ KCNA သတင်းဌာနက ယင်းကဲ့သို့ ကပျက်ကချော် ရန်စမှုမျိုးအတွက် အနာဂတ်တွင် တောင်ကိုရီးယား သင်္ဘောများ အနေဖြင့် ကြိုတင် သတိပေးချက် မရဘဲ တိုက်ခိုက်နှစ်မြှုပ် ခံလိုက်ရနိုင်ကြောင်း ကြေညာခဲ့သည်။ နှစ်နိုင်ငံ အငြင်းပွားသည့် နယ်နိမိတ် ရေပြင်တွင် မြောက်ကိုရီးယားဘက်မှ ငါးဖမ်းလှေများနှင့် ကင်းလှည့်ရေယာဉ်များ နယ်ကျော်လာတတ်သည်မှာ မကြာခဏ ကြုံရလေ့ရှိသည့် ကိစ္စမျိုးဟုလည်း တောင်ကိုရီးယား ရေတပ်က ပြောကြားထားသည်
Planet Myanmar Network

မင်းကွန်းပုထိုးတော်ကြီးပေါ်တက်ရောက်ပြီး အန္တရာယ်ဖြစ်ပါက မိမိတို့နှင့်မသက် ဆိုင်ဟု ရှေးဟောင်း သုတေသနဆို



ရန်ကုန်၊မေ ၂၁-အန္တရာယ်ရှိနယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားသည့် မင်းကွန်း ယဉ်ကျေးမှုနယ်မြေရှိ ပုထိုး တော်ကြီးပေါ် တက်ရောက်ခြင်းမပြု ရန် တားမြစ်ထားခြင်း အား ဖောက်ဖျက် တက်ရောက်ပြီး အန္တရာယ် တစ်စုံ တစ်ရာဖြစ်လျှင် တာဝန်ယူမည် မဟုတ် ဟု စစ်ကိုင်းတိုင်း ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ် နိုဝင်ဘာ တွင်လှုပ်ခတ်ခဲ့သည့် မြေငလျင်ဒဏ် ကြောင့် ယင်းနယ်မြေရှိ မင်းကွန်းပုထိုး တော်ကြီး၏ အရှေ့မြောက်ဘက်ထောင့် တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ် လာပြီး အုတ်သားများပဲ့ကြွေလာသ ဖြင့် အန္တရာယ်ရှိသော နယ်မြေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကာ ပုထိုး တော်ကြီးပေါ်သို့ တက်ရောက်ခြင်း မပြုရန် တားမြစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတာဝန်ရှိသူက ''အဲ့ဒီနေ ရာဟာ အန္တရာယ် ဖြစ်စေနိုင်တဲ့အတွက် မတက်ရောက်ဖို့ တောင်းဆိုတဲ့အနေ နဲ့ သတိပေးဆိုင်း ဘုတ်ထူထားတယ်။ ဒီထက်ပိုပြီးတင်းတင်းကျပ်ကျပ်လုပ် ဖို့က မဖြစ်နိုင်ဘူး။ တားမြစ်ထားတဲ့ကြား ထဲကမှ တက်ရောက်လို့ အန္တရာယ် တစ်စုံတစ်ရာဖြစ်ခဲ့ရင်တော့ ကျွန်တော် တို့ဌာနနဲ့ ဘာမှသက်ဆိုင်မှုမရှိပါ ဘူး။ မဖြစ်သင့်တာမဖြစ်အောင်တော့ သတိပေးထားပါတယ်။ သတိပေးဆိုင်း ဘုတ် စိုက်ထူထားပေမယ့်လဲ တက် ရောက်တဲ့သူတွေ ရှိနေပါတယ်''ဟု ထပ်မံပြောသည်။

မင်းကွန်းပုထိုးတော်ကြီးကို စတင်တည်ဆောက်ခဲ့စဉ်အချိန်တွင် တက်ရောက်လေ့ လာခြင်းပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့ ခြင်း မဟုတ်သော် လည်း နောက်ပိုင်း တွင် ပြည်သူများမှ လက်ရန်းလှေကား များကို တပ်ဆင် ခဲ့ခြင်းကြောင့်ယခု ကဲ့သို့တက်ရောက်လေ့လာနေခြင်း ဖြစ်ကြောင်း ယင်းကဆက်လက်ပြော သည်။

ယင်းနယ်မြေအတွင်း၌ မင်းကွန်း ပုထိုးတော်ကြီး၊ မြသိန်း တန်စေတီ တော်၊ ခြင်္သေ့ကြီး ၊ ခေါင်းလောင်းတော် ကြီးနှင့် တခြားသော သာသနိကအ ဆောက်အအုံများ မှာလ ရှေးဟောင်း အဆောက်အအုံများဖြစ်သည်။ ပြည်ပ မှလည်း လာရောက်ကြည့်ရှု သူများ ပြားပြီး ပြည်တွင်းမှလည်း လေ့လာသူ များပြားလျက်ရှိကြောင်း သိရသည်။

''ခုလိုမျိုး လေ့လာသူတွေများ လာလေလေ ပုထိုးတော်ကြီးပေါ်ကို တက်ပြီး လေ့လာတဲ့ သူကပိုများလေပါ ပဲ။ အန္တရာယ်ဖြစ်နိုင် တဲ့နေရာမို့ရှေး ဟောင်းသုတေသနက တားမြစ် ထားပေ မယ့်လဲ တက်နေကြတာပဲ။ ဘာမှမ ဖြစ်သေးတော့ ဘယ်သူမှမလိုက်နာ တဲ့ ပုံစံမျိုးဖြစ်နေတယ်''ဟု ဒေသခံ တစ်ဦးက ပြောသည်။

မင်းကွန်းပုထိုးတော်ကြီး သည် စစ်ကိုင်းတိုင်း မင်းကွန်းအရပ် ဧရာ ဝတီမြစ်၏ အနောက်ဘက်ကမ်း၊ မန္တ လေးမြို့၏ ခုနစ်မိုင်ခန့်အကွာတွင် တည် ရှိကြောင်း သိရသည်။

TGH [--Democracy today Daily Newspaper--]

အာရှနိုင်ငံများ စစ်မဟာမိတ်ဖွဲ့မှု တရုတ်သမ္မတသတိပေး


ဘေဂျင်း၊ မေ ၂၀

တရုတ်နိုင်ငံကိုတန်ပြန်ရန် အာရှ နိုင်ငံများ စစ်မဟာမိတ်ဖွဲ့မှု ပူးပေါင်းမှုမှာ ဒေသတွင်းလုံခြုံရေးကို ကောင်းကျိုး ဖြစ်ထွန်းစေမည်မဟုတ်ဟု တရုတ် သမ္မတရှီကျင့်ဖျင်က သတိပေးပြောကြား လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

စစ်မဟာမိတ်ဖွဲ့မှုကို သတိပေး ပြောကြား လိုက်သော်လည်း ဒေသတွင်း နယ်မြေ အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားမည်ဟု သမ္မတရှီကျင့်ဖျင်က ကတိပြုလိုက်သည်။

“တတိယ အင်အားစုတစ်ရပ်ကို ပစ်မှတ်ထားပြီး စစ်ရေး မဟာမိတ်ဖွဲ့မှုက ဒေသတွင်း ဘုံလုံခြုံရေးရာ ထိန်းသိမ်းမှုကို အပြုသဘော မဆောင်ပါဘူး” ဟု ရှီက မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားလိုက်သည်။
အမေရိကန်နှင့် လုံခြုံရေးရာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရန် အာရှဒေသတွင်း နိုင်ငံများက လုပ်ဆောင် လာကြပြီးနောက် တရုတ်သမ္မတ၏ မှတ်ချက်ပေးမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း သွားရောက်ခဲ့သည့် အာရှဒေသ ခရီးစဉ်အတွင်း အမေရိကန်သမ္မတ အိုဘားမားက ဂျပန်၊ ဖိလစ်ပိုင် စသည့်နိုင်ငံများနှင့် မဟာမိတ်ဖွဲ့ ပူးပေါင်းမှုကို ထပ်မံအတည်ပြုလိုက်ပြီး အာရှနှင့် ပစိဖိတ်ဒေသသို့ မဟာဗျူဟာရေးရာအရ ပြောင်းရွှေ့ အခြေစိုက်မည်ဟု ကတိပြုခဲ့သည်။
ယင်းကဲ့သို့သော လုပ်ဆောင်ချက်များမှာ အင်အားကြီးထွားလာသော တရုတ်နိုင်ငံ၏ အင်အားကြီးထွားမှုကို တန်ပြန်ရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အများက ယူဆထားသည်။

တရုတ်နှင့် နယ်မြေ အငြင်းပွားမှု ဖြစ်ပေါ်နေသော ဗီယက်နမ်နိုင်ငံ၏ ဒုတိယသမ္မတ အပါအဝင် ဂျပန်၊ ဖိလစ်ပိုင် စသည့်နိုင်ငံပေါင်း ၄၀ ကျော်မှ ကိုယ်စားလှယ်များရှေ့တွင် စစ်ရေး မဟာမိတ်ဖွဲ့မှုကို တရုတ်သမ္မတက သတိပေး ပြောကြားလိုက်ခြင်း ဖြစ်သည်။

တောင်တရုတ် ပင်လယ်တွင်းရှိ နယ်မြေပိုင်ဆိုင်ရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံတို့ကြား တင်းမာမှုများ ပေါ်ပေါက်နေသလို အရှေ့တရုတ် ပင်လယ်တွင်းရှိ ကျွန်းစုများ ပိုင်ဆိုင်ရေးနှင့် ပတ်သက်ပြီး ဂျပန်နှင့် တရုတ်ကြား အငြင်းပွားမှုများ ဖြစ်ပွားနေသည်။

စစ်အေးခေတ်ကာလ လုံခြုံရေးရာ အယူအဆများဖြစ်သော အကြွင်းသုည သဘောတရားမှာ လက်ရှိခေတ်နှင့် ဆီလျော်ခြင်း မရှိဟု တရုတ်သမ္မတက ပြောကြားသည်။

အာရှနိုင်ငံများ စစ်မဟာမိတ်ဖွဲ့မှုကို တရုတ်သမ္မတက သတိပေး ပြောကြား ထားသော်လည်း အမေရိကန်နိုင်ငံကိုမူ တိုက်ရိုက် ရည်ညွန်းပြောကြားမှု မတွေ့ရကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

မလေးရှားနိုင်ငံ ကပုန်း ဖျော်ဖြေရေး နိုက်ကလပ်သို့ ၀င်ရောက်ဖမ်းဆီးခဲ့ရာ အဖမ်းခံရသူတွေထဲမှာ မြန်မာမိန်းကလေ ၂ ဦးပါဝင်



ကွာလာလမ်ပူ တာမန် မပာာရာဂျာ ကပုန်ရှိ နိုက်ကလပ်တွင် အကဖျော်ဖြေတင်ဆက်နေသူတွေနဲ့ လာရောက်အားပေးတဲ့
ပရိသတ်သူတွေကိုပါ Sentul နယ်မြေခံ အထူးရဲတပ်ဖွဲ့နှင့် မှုခင်းအရာရှိ ၂၃ ဦးပါဝင်တဲ့ နိုက်ကလပ်ထဲသို့ ပြီခဲ့တဲ့ မေလ ၁၇ ရက်နေ့ ညက ၀င်ရောက်ဖမ်းခဲ့ကြောင်း TV7 သတင်းဌာနမှာ ထုတ်လွင့် ပြသသွားခဲ့သည်။

ထိုအဖမ်းခံရတဲ့အထဲမှာ နိုင်ငံသား ၄ ဦးပါဝင်ပြီ ဖျော်ဖြေတင်ဆက်နေတဲ့သူတွေကိုပါ တပါတည်း ဖမ်းဆီးခဲ့ပြီ တရားဝင်
အထောက်အထား စာရွက် စာတမ်းကိုင်ဆောင်ထားခြင်းမရှိသူတွေ မြန်မာမိန်းကလေ ၂ ယောက် ဗီယက်နမ်း ၁၇ ယောက်
တို့ကို Sentul ရဲစခန်း ခေါ်ဆောင်သွားခဲ့ကြသည်။

အဖမ်းခံရတဲ့လူတွေထဲမှာ ပြည်တန်ဆာလုပ်ခြင်း သံသယရှိကြောင်း တချို့လူတွေဆိုရင် ပစ္စည်းသိုးလောင်တဲ့ အခန်းထဲမှာ
ဝင်ရောက် ပုန်ခိုနေခဲ့ကြပြီ ၀င်ရောက် ရှာဖွေရာ ကွန်တုံတွေနဲ့အတူ အထောက်အထားတွေ့ရှိခဲ့ကြောင်း အဖမ်းခံရသူတွေမှာ
အသက် ၁၆ နှစ် ၃၃ နှစ်ကြားသူတွေဖြစ်သည်။

Credit - Thuriya - Facebook

Admin
နေဇော်လင်း
Free Online Radio Media (Malaysia)

ထိုင်းစစ်တပ် အာဏာသိမ်း၊ ညမထွက်ရ အမိန့်ထုတ်


ထိုင်းစစ်တပ်အကြီးအကဲ ပရာယု ချန်အိုချား စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းလိုက်ပြီလို့ ဒီကနေ့ ညနေ ထိုင်းစံတော်ချိန်ငါးနာရီမှာ ရုပ်မြင်သံကြားကနေ ကြေညာလိုက်ပါတယ်။


ညဆယ်နာရီကနေ မနက် ငါးနာရီထိ ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ ဒီအာဏာသိမ်းမှုဟာ ခြောက်လကြာ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုအပြီး တိုင်းပြည်ပြန်လည်တည်ငြိမ်ရေးအတွက် ဆောင်ရွက်တာဖြစ်တယ်လို့ ကြေညာပါတယ်။

သွေးထွက်သံယိုမှုတွေ ထပ်မံမဖြစ်ပွားစေဖို့အတွက် မနေ့က စစ်အုပ်ချုပ်ရေးကြေညာခဲ့တာဖြစ်ပြီး ဒီကနေ့ အုပ်ချုပ်ရေးပိုင်းကို ကိုင်တွယ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆောင်ရွက်ချက်ဟာ ထိုင်းစစ်တပ်က စေ့စပ်ဆောင်ရွက်တဲ့ နှစ်ရက်ကြာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အစည်းအဝေးမအောင်မမြင်ဖြစ်ခဲ့ရပြီးနောက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးတွေကို ဘန်ကောက်မြို့က စစ်တပ်ရိပ်သာမှာ ကျင်းပခဲ့တာဖြစ်ပြီး အာဏာမသိမ်းခင်လေးမှာ စစ်ကားပေါ်က လက်နက်ကိုင်စစ်သားတွေက အဆောက်အဦကို ၀ိုင်းရံပြီး ထွက်ခွာမသွားနိုင်အောင်ပိတ်ဆို့ခဲ့တယ်လို့ အေဂျင်စီသတင်းတွေက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုတွ ၇ နှစ်ကျော်ဖြစ်ပွားခဲ့ပြီး နောက်ဆုံးအဆင့်အနေနဲ့ ပြီးခဲ့တဲ့နိုဝင်ဘာမှာ စတင်တဲ့ဆန္ဒပြပွဲမှာ ၀န်ကြီးချုပ်ယင်းလပ်ရှင်နာဝါထရာကို ထွက်ဖို့ ဖိအားပေးတောင်းဆိုခဲပါတယ်။

ဆန္ဒပြသမားတွေက ယင်းလပ်ဟာ အစ်ကိုဖြစ်သူ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာရဲ့ ကြိုးကိုင်ခံနေရတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။  လွန်ခဲ့တဲ့ရက်ပိုင်းကတင် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အပြစ်ရှိကြောင်းဆုံးဖြတ်ပြီး ၀န်ကြီးချုပ်ရာထူးကနေ ဖယ်ရှားလိုက်ပြီးတဲ့နောက် အရှိန်အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

အစိုးရထောက်ခံတဲ့ ရှပ်နီအဖွဲ့ခေါင်းဆောင်က စစ်တပ်က အာဏာသိမ်းထားပေမယ့် ဘန်ကောက်မြို့စွန်တွေမှာ လူစုလူဝေးနဲ့ ဆက်လက်စုဝေးသွားမယ်လို့ ဆိုပါတယ်။

ထိုင်းစစ်သားတွေဟာ  အစိုးရထောက်ခံတဲ့ ရှပ်နီအဖွဲ့ တက်ကြွသူတွေ ထောင်နဲ့ချီစုဝေးနေတဲ့ ဘန်ကောက် နောက်ဘက်ဒေသတခွင်မှာ သေနတ်တွေ မိုးပေါ်ထောင်ဖောက်ပြီး လူစုခွဲနေပါတယ်။

DVB Burmese

ကမ္ဘာကို ပြောင်းလဲဖို့ မြန်မာအဆိုတော်တွေနဲ့ လက်တွဲမယ့် အမေရိကန်အဆိုတော် Jana Stanfield



မြန်မာနိုင်ငံကို ပထမဆုံးရောက်လာတဲ့ နာမည်ကျော် အမေရိကန် အဆိုတော် Jana Stanfield တစ်ယောက် မြန်မာပြည်မှာ ကြင်နာမှုဆိုတာကို ရှာတွေ့ခဲ့ပါပြီ။ ကြင်နာမှုဆိုတာကို သင်ပေးလို့မရဘူးလို့ သူကဆိုပါတယ်။ သူဟာ သီချင်းဆိုတာအပြင် လူတွေကို စိတ်ခွန်အားပေးနိုင်ဖို့ အမြဲလိုလို တက်ကြွနေသူပါ။

သူကိုယ်တိုင်ရေးတဲ့သီချင်းတွေဟာ အမေရိကန်ပြည်ထောင်စုမှာ စီဒီချပ်ရေပေါင်း သန်းနဲ့ချီရောင်းရအောင် နာမည်ကြီးသူပါ။ အခုတော့ မြန်မာပြည်က ဂီတသမားတွေနဲ့ တွေ့ဆုံပြီး ကမ္ဘာက မြန်မာကိုသိသွားစေမယ့် သီချင်းတစ်ပုဒ်ကို အားလုံးဝိုင်းဆိုကြဖို့ စိတ်အားထက်သန်နေတယ်လို့ သူက ပြောပြပါတယ်။

လူတစ်ယောက်ကို ငါးတွေပေးတာထက် ငါးဖမ်းနည်းကို သင်ပေးတာဟာ ပိုကောင်းတယ်လို့ ယုံကြည်တဲ့ ဂျဲနက်အတွက် မြန်မာပြည်မှာ မိန်းကလေးတွေအတွက် ပညာရေးတန်ဖိုးထားတာကို တွေ့မြင်ရလို့ သိပ်ကို ဝမ်းသာစရာကောင်းတယ်လို့ ဆိုပါတယ်။ မြန်မာပြည်ကို သူတစ်ထပ်လာဦးမယ်လို့ ဆိုပါတယ်။

Kamayut Media

မိုဘိုင်းလ်ဖုန်းလိုင်း ၁၀ သန်း တယ်လီနော ဝယ်ယူထားဟုဆို



ရန်ကုန်၊ မေ ၂၁

မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ စတင်ရန် ပြင်ဆင်နေသည့် တယ်လီနောက ဆင်းမ်ကတ်များ အသုံးပြုနိုင်ရန် မိုဘိုင်းလ်ဖုန်းလိုင်း ၁၀ သန်း ဝယ်ယူထားကြောင်း တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က ပြောကြားသည်။
“လိုအပ်ချက်ပေါ် မူတည်ပြီးတော့ နောက်ထပ် ၁၀ သန်းစီ ထပ်ဝယ်သွားဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

မိုဘိုင်းလ် ဝန်ဆောင်မှုများ စတင်ချိန်တွင် ဆင်းမ်ကတ် သန်း ၃၀ အထိ ပြင်ဆင်ထားမည် ဖြစ်သော်လည်း နံပါတ်ကိုမူ ၁၀ သန်းစီသာ တဖြည်းဖြည်းချင်း ဝယ်ယူသွားရန် စီစဉ်ထားကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိတွင် တယ်လီနော ကုမ္ပဏီက မိုဘိုင်းလ်ကွန်ရက် တည်ဆောက်မှုနှင့် ဆင်းမ်ကတ် ဖြန့်ချိရေး ကိုယ်စားလှယ်များ ခန့်ထားမှုကို ဆောင်ရွက်နေပြီး စက်တင်ဘာလ မတိုင်မီ ဆင်းမ်ကတ်များ စတင်ရောင်းချမည် ဖြစ်ကြာင်း တယ်လီနောထံမှ သိရသည်။

“ဒီမှာက လိုချင်တဲ့သူတွေက များနေတာ။ စရောင်းတဲ့အချိန်မှာ အုန်းအုန်းကျွက်ကျွက်တွေ ဖြစ်ကုန်ရင် ဘယ်လိုလုပ်မလဲ။ ၁၀ သန်းဆိုတာနဲ့ မလောက်ရင် ဘယ်လိုလုပ်မလဲ သိချင်တယ်။ ဒီမှာက ဝယ်လိုအားက အရမ်းများနေတာ။ တချို့ဆို သူတို့ကိုစောင့်ပြီး MPT (မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း) ကတ်မဝယ်ဘဲ စောင့်နေတဲ့ သူတွေရှိတယ်” ဟု မြောက်ဥက္ကလာပ မြို့နယ်ရှိ Hearts မိုဘိုင်းလ် ဖုန်းဆိုင်မှ ဒေါ်ဇာခြည်က ဆိုသည်။


The Voice Weekly 

ဗိုလ်ဗထူးအိမ်ရာ မဲမပေါက်သူများကို ဗိုလ်မင်းရောင် အိမ်ရာတွင် မဲနှိုက်ခွင့်ပြုမည်.



ဗိုလ်ဗထူးအိမ်ရာ မဲမပေါက်သူများကို ဗိုလ်မင်းရောင် အိမ်ရာတွင် မဲနှိုက်ခွင့်ပြုမည်
ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာတွင် မဲမပေါက်သူများအား ဗိုလ်မင်းရောင် အိမ်ရာတွင် ဆက်လက်၍ မဲနှိုက် ခွင့်ပြုမည် ဖြစ်သည်။ ယင်းသို့ မဲနှိုက်ရာတွင် ဗိုလ်ဗထူးအိမ်ရာ အတွက် လျောက်လွှာ တင်ထားသူတိုင်းသည် ဗိုလ်မင်းရောင် အိမ်ရာ ရောင်းချသည့် အခါ ထပ်မံ စာရွက် စာတမ်းများ တင်ပြရန် မလိုအပ်တော့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ သိရသည်။ ပထမ အခေါက်နှိုက်လို့ မဲမပေါက်လို့ စိတ်ဓာတ်ကျစရာ မလိုပါဘူး။ ကျန်တဲ့ အိမ်ရာ တွေရောင်းတဲ့ အခါ မဲဆက်နှိုက်ခွင့်ပြုသွားမယ် ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန အဆောက်အအုံ မှ ACE ဦးနေ၀င်း က ပြောသည်။ လက်ရှိတွင် ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာ စီမံကိန်းရှိ အခန်းပေါင်း (၄၄၈) ခန်းကို မဲနှိုက် ရောင်းချ ပေးခဲ့ပြီး မဲပေါက်သူများ အနေဖြင့် မေလကုန်ပိုင်းတွင် တိုက်ခန်းတန်ဖိုး၏ (၃၈) ရာခိုင်နှုန်းကို လာရောက်ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တန်ဖိုးမျှတ အိမ်ရာများ၏ တန်ဖိုးမှာ အခန်း တစ်ခန်းလျှင် အနည်းဆုံးကျပ် (၂၅၅) သိန်းမှ အများဆုံးကျပ် (၃၄၇) သိန်း ထိရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ အဆိုပါ အိမ်ရာအား ၀ယ်ယူရန် လျှောက်ထားသူမှာ လေးသောင်းကျော်ရှိပြီး၊ လျှောက်ထားသူများတွင် လုပ်သက်နှစ် နှစ်ဆယ်ခန့်ရှိသည့် အစိုးရ၀န်ထမ်းများနှင့် ကုမ္ပဏီ ၀န်ထမ်းများ ပါဝင် ကြောင်းသိရသည်။ ဒီလို အခွင့်အရေး ပေးတာတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ လျှောက်တဲ့ သူကများတော့ မဲပေါက်ဖို့မလွယ်ဘူး။ အိမ်ရာစီမံကိန်း များများ ဖော်ထုတ်ပေးရင်တော့ တစ်မျိုးပေါ့ ဟု တန်ဖိုးမျှတ အိမ်ရာ လျှောက်ထားသူ ကုမ္ပဏီ ၀န်ထမ်း အမျိုးသမီးတစ်ဦး က ပြောသည်။

လက်ရှိရန်ကုန်မြို့တော်တွင် တစ်နှစ်လျှင် လူဦးရေ နှစ်သောင်းခွဲကျော် တိုးတက် နေသော်လည်း အိမ်ရာဖန်တီးပေးနိုင်မှုမှာ (၇၂၀၀) ခန့် သာရှိသေး၍ ယခုအခါ အိမ်ရာစီမံကိန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်နေကြောင်း သိရသည်။ မြို့ ရွာနှင့် အိုးအိမ် ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်နေသည့် ကျန်စစ်မင်း အိမ်ရာ၊ ရွှေလင်ပန်းအိမ်ရာ၊ ဧရာဝဏ် အိမ်ရာနှင့် ရတနာ အိမ်ရာ စီမံကိန်းများတွင်လည်း အခန်းတစ်ခန်း လျှင် ကျပ်သိန်းနှစ်ရာဖြင့် ယခုနှစ် အတွင်း ရောင်းချနိုင်ရန် စီစဉ် လျှက်ရှိသည်။



messenger news journal

ဝူခုံး တိယဇာတ်လမ်းတွဲကို မြန်မာပြည် အခြေခံပြီး ရိုက်ကူးလိုတယ်လို့ ပြော


မြန်မာပရိသတ်အကြိုက်တွေ့တဲ့ တရုတ်ဇာတ်လမ်းတွဲ Journey to the west က ၀ူခုံးဇာတ်ဆောင် Liu Xiao Ling Tongဟာ ရန်ကုန်မြို့ကို ရောက်ရှိနေပြီး သူ့ရဲ့ တတိယဇာတ်လမ်းတွဲကို မြန်မာပြည် အခြေခံပြီး ရိုက်ကူးလိုတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မျောက်မင်း ၀ူခုံးဇာတ်ဆောင် Liu Xiao Ling Tongနဲ့ ၇န်ကုန်ပရိသတ် တွေ့ဆုံပွဲမှာ ကျောက်တန်းဘက်က မိဘမဲ့စာသင်ကျောင်းတကျောင်းကို အလှူငွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့လဲ ပြောပါတယ်။ ၀ူခုံးဇာတ်ဆောင် မြန်မာပြည်လာတဲ့အချိန်ဟာ သူ့ဇာတ်လမ်းတွဲ Journey to the west အနောက်ဘက်သို့ ခရီးသွားခြင်းကို စကိုင်းနက်ရုပ်သံလိုင်းက အတွဲလိုက် ထုတ်လွှင့်ပြသနေချိန်လဲ ဖြစ်တာမို့ ဇာတ်လမ်းတွဲကြော်ငြာသဘောမျိုး ရောက်လာတာလဲ ဖြစ်ပါတယ်။ သူ့ခရီးစဉ်အတွင်း မန္တလေး၊ နေပြည်တော်နဲ့ ပုဂံတို့ကို သွားရောက်မှာဖြစ်ပြီး မေလ ၂၆ရက်မှာ မြန်မာပြည်က ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

DVB TV News

မုန်တိုင်းငယ်တခု နောက်(၂၄)နာရီအတွင်း ရခိုင်ကမ်းရိုးတန်းသို့ ဦးတည် ရွေ့လျားလာနိုင်ကြောင်း မိုးဇလ ခန့်မှန်း


---------------------------
မုန်တိုင်းသတိပေးချက် မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မေလ (၂၂)ရက် မနက် ၁၁း၃၀ နာရီ ထုတ်ပြန်
---------------------------

ယနေ့မြန်မာစံတော်ချိန် (၁၁း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်၊မြန်မာနိုင်ငံ၊ဂွမြို့၏အနောက်တောင်ဘက်မိုင်(၁၆၀)ခန့်၊ပုသိမ်မြို့၏အနောက်-အနောက်တောင်ဘက် (၁၅၅)မိုင်ခန့်၊ စစ်တွေမြို့၏ တောင်-အနောက်တောင် ဘက်၂၂၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အဆိုပါမုန်တိုင်းငယ်သည်မြောက်-အရှေ့မြောက်သို့ဆက်လက်ပြီး၊နောက်ဆုံး တိုင်းထွာရရှိသော ခန်းမှန်းချက်များအရ ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီ အတွင်း မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားလာနိုင်မည်ဟု ခန့်မှန်းရပါသည်။

မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ လိမ္မော်ရာင်အဆင့်ရှိပြီး၊မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဆီသို့ ဦးတည်ရွေ့လျားမည့်အခြေအနေဖြစ်ပါသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ ဧရာတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင်ဒေသအလိုက်နှင့်မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနှင့်ရန်ကုန်တိုင်း ဒေသကြီးတို့တွင် နေရာကွက်၍မိုး ကြီးနိုင်ပါသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ်ရေပြင်မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၄၀)မှ(၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များသင်္ဘောများ အနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။

Ref: မိုးဇလ
DVB TV News

ဒီညနေ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်


ဦးထွန်းလွင်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပွားနေတဲ့ မုန်တိုင်းဟာ ဒီညနေပိုင်းမှာ အင်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းတခု ဖြစ်သွားနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ခန့်မှန်း ပြောကြားလိုက်ပါတယ်။ မုန်တိုင်း မြန်မာပြည် ၀င် မ၀င် ဆိုတဲ့ခန့်မှန်းချက်တွေကတော့ ၃ မျိုးလောက် ကွဲပြားနေတယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံမိုးလေ၀သဌာနကတော့ မြန်မာစံတော်ချိန် ၁၁း၃၀ နာရီအချိန် ထိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ လိမ္မော်ရောင်အဆင့်ကို ရောက်ရှိနေပြီး မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို ဦးတည်ရွေ့လျားနေတယ်လို့ သတင်းထုတ်ပြန်ထား ပါတယ်။

မုန်တိုင်းအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာစံတော်ချိန် ၄ နာရီမှာ ဦးထွန်းလွင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

DVB Burmese

အသံဖိုင်နားဆင်ရန်




ဝင်ငွေ ၂၀၀၀ ကျပ် ဒုသမ္မတ ပြောဆိုချက် တလွဲအဓိပ္ပာယ်ကောက်ဟုဆို


ဦးရဲထွဋ်

တရက်ကို ၀င်ငွေ ကျပ် ၂၀၀၀ ရှိရင် လုံလောက်ဟု မြန်မာ့ ဒုသမ္မတ ဦးဥာဏ်ထွန်း ပြောဆိုချက်ဟာ ဆိုလိုချက်ကို တလွဲဖြစ်အောင် ကောက်ယူတာဖြစ်တယ်လို့ သမ္မတ ပြောခွင့်ရက ပြောပါတယ်။

မေ ၁၉ ရက် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ လူမှု စီးပွား ဘ၀မြင့်တင်ရေး အခမ်းအနား အပြီး အရစ်ကျ အနှေးယာဉ် ၀ယ်ယူသူများနဲ့ တွေ့ဆုံရာမှာ “တရက်ကို ၂ ထောင်ကျော်ဆိုရင် ရပ်တည်ဖို့ လောက်ပြီပေါ့ ဒီထက်နည်းနည်း ပိုရရင် အဆင်ပြေပြီ” လို့ ဒုသမ္မတ ဦးဥာဏ်ထွန်း ပြောကြားခဲ့တာကို ကိုးကားပြီး ရန်ကုန် အခြေစိုက် လူထုပုံရိပ် ဂျာနယ်မှာ ရေးသားထားပါတယ်။

ဒီရေးသားချက်ဟာ လူမှုရေးကွန်ရက် ဖေ့ဘွတ်စာမျက်နှာတွေမှာ ပျံ့နှံနေပြီး ဝေဖန်မှုတွေ အမြောက်အမြား ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။
အနိမ့်ဆုံး အခြေခံ စားသောက် သွားလာ နေထိုင်စရိတ် အနည်းဆုံး ကျပ် ၃၇၀၀ နဲ့ တွက်ပြထားတဲ့ ပိုစ်တွေနဲ့ ဒီပြောဆိုချက်ကို သရော်တဲ့ ကာတွန်းတွေလည်း မြန်မာ လူမှုရေးကွန်ရက်အသုံးပြုသူတွေ အကြား ပျံနှံနေ ပါတယ်။

ဒုတိယသမ္မတတဦးရဲ့ ဒီလို ပြောဆိုချက်တွေအပေါ် ဝေဖန်ချက်တွေ ကျယ်လောင်တာနဲ့ပတ်သက်လို့ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်ကို မေးမြန်းရာမှာ ဒီပြောဆိုချက်ဟာ ဆိုလိုချက်ကို အဓိပ္ပာယ်ကောက်ယူမှုလွဲပြီး ပြောဆိုတာ ဖြစ်တယ်လို့ ဖြေဆိုပါတယ်။

“လူတွေက ထုံးစံအတိုင်းပဲ ဆိုလိုချက်ကို တလွဲဖြစ်အောင် ကောက်ယူပြီးတော့ ပြောတာပါ။ တကယ်တော့ ဒုတိယ သမ္မတ ပြောတာက ကျနော်တို့ အားလုံးသိတဲ့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှု မျဉ်းပေါ့နော်၊ ဆင်းရဲနွမ်းပါးမှုမျဉ်းက အရင်တုန်းက ၁ ဒေါ်လာ သတ်မှတ်တယ်။ နောက် ၂၀၀၈ ခုနှစ်မှာ ၁ ဒဿ မ ၂၅ ဒေါ်လာ အောက် ၀င်ငွေရှိတဲ့သူတွေကို ဆင်းရဲနွမ်းပါးသူအဖြစ် သတ်မှတ်တယ်လို့ ပြောတယ်။ ဒုတိယ သမ္မတကြီးပြောတဲ့ ဆိုလိုတဲ့ သဘောကတော့ အဲဒီ ၂၀၀၀ အောက် အပေါ်ရောက်လို့ရှိရင် ဆင်းရဲနွမ်းပါးမှုမျဉ်းရဲ့ အပေါ်ကို ရောက်ပြီပေါ့။ ဒါကို သူက ဆိုလိုတာပါ။ နိုင်ငံတကာသတ်မှတ်တဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းပေါ့။ နောက်တခုက ကျနော်တို့လုပ်နေတဲ့ ဆင်းရဲနွမ်းပါးလျော့ချရေးဆိုတော အဲဒီစံနဲ့ လိုက်လုပ်နေရတာကိုး။”

အရင်ကလည်း သမ္မတ အကြံပေး ဦးကိုကိုလှိုင်၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဌာန ၀န်ကြီး ဦးမြင့်လှိုင်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးဌာန၀န်ကြီး ဦးအုန်းမြင့် စတဲ့ အစိုးရအဖွဲ့တွင်းက တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေကိုလည်း လူမှုရေးကွန်ရက် ဖေ့ဘွတ်စာမျက်နှာတွေမှာ ဝေဖန်စရာတွေ ဖြစ်ခဲ့ပါတယ်။

DVB Burmese

၃၀ သေဆုံးပြီး လူ ၉ ၀ကျော် ဒဏ်ရာရခဲ့တဲ့ တရုတ်နိုင်ငံအနောက်ဖျားပိုင်းက ပေါက်ကွဲမှု (ရုပ်သံ)


တရုတ်နိုင်ငံအနောက်ဖျားပိုင်းက မငြိမ်သက်တဲ့ ရှင်းကျန်းဒေသရဲ့မြို့တော် ဖူရမ်ကီက ဈေးထဲမှာ ကြာသ ပတေးနေ့က ပေါက်ကွဲမှု တခုကြောင့် လူ ၃၀ သေဆုံးပြီး လူ ၉ ၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တရုတ်အစိုးရမီဒီယာက သတင်းထုတ်ပြန်လိုက်ပါတယ်။

ကား၂စီးပေါ်ကနေ ဖောက်ခွဲရေးပစ္စည်းတွေကို ပစ်သွင်းလိုက်လို့ ဈေးထဲက ဈေးဝယ်တွေ သေဆုံး ဒဏ်ရာရခဲ့တယ်၊ ကားတစီးကတော့ ပေါက်ကွဲခဲ့တယ်လို့ ရှင်ဟွာ သတင်းဌာနက ဆိုပါတယ်။

တရုတ်ပြည်သူ့ လုံခြုံရေး ၀န်ကြီးဌာနက ကြာသပတေးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ လူအသေအပျောက်ရှိခဲ့တဲ့ ပေါက်ကွဲမှု ဟာ အကြမ်းဖက်သမားတွေရဲ့ ပြင်းထန်တဲ့လုပ်ရပ်လို့ ဆိုပါတယ် အကြီးအကျယ် သေဆုံးမှု ရှိခဲ့တယ်လို့ ပြောပါတယ်။ ပြည်တွင်းလုံခြုံရေး ခေါင်းဆောင် မန်ကျန်ကျူကတော့ အကြမ်းဖက် အစွန်းရောက်သမားတွေ ရဲ့ လုပ်ရပ်တွေကို ဖျက်ဆီးပစ်မယ်လို့ ကြေညာချက်ထဲမှာ ဆိုပါတယ်။

ပြည်သူ့လုံခြုံရေးအာဏာပိုင်တွေက အရေးပေါ်လုပ်ဆောင်ချက်တွေ လုပ်ပြီးပြီလို့လဲ ဆိုပါတယ်။ သေဆုံးသူအရေအတွက်ကိုတော့ အာဏာပိုင်ေ တွက မဖော်ပြပါဘူး။ ဒေသတွင်း တင်းမာမှုတွေ မြင့်နေချိန် ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ တရုတ်အစိုးရကတော့ လတ်တလောလတွေအတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွဲလိုက် ဖြစ်ပွားခဲ့မှုအပေါ် ရှင်းကျန်းပြည်နယ် က ခွဲထွက်ရေး စစ်သွေးကြွတွေကို အပြစ်တင်ထားပါတယ်။

DVB TV News



လင်မယားစကားများရန်ဖြစ်ခဲ့စဉ်က ဖျန်ဖြေပေးသူအားလှံဖြင့်သွားရောက် ထိုးရာ ဖျန်ဖြေသူမှ လှံကိုလုကာပြန်ထိုးသဖြင့် သေဆုံး


ရန်ကုန်၊ မေ ၂၂

၂၀.၅.၂၀၁၄ ရက်နေ့ ၁၈၀၀အချိန် သုံးခွမြို့နယ်၊ သာဂရကျေးရွာနေ
ဒေါ်မခင်မှ ၎င်းသည် နေအိမ်၌ ရှိနေစဉ် ခင်ပွန်းဖြစ်သူ ဦးခိုင်မြင့်၊
(၄၈)နှစ်မှ ၎င်းအား အကြောင်းမဲ့ဆဲဆိုကြိမ်းမောင်း ရန်လုပ်နေသဖြင့်
ရွာထဲရှိ အခြားအိမ်သို့ရှောင်တိမ်းနေခဲ့ကြောင်း၊ ၂၁၀၀ အချိန်ခန့်တွင် ခင်ပွန်းဖြစ်သူနေအိမ်တွင်မရှိ ခိုက် အိမ်သို့ပြန်အိပ်နေခဲ့ကြောင်း၊
၂၂၀၀ အချိန်ခန့်တွင် ခင်ပွန်းဖြစ်သူပြန်လည်ရောက်ရှိလာပြီး ၎င်းကို
လှံဖြင့်ထိုးခဲ့ရာ မထိုးမိဘဲလွဲချော်သွားခဲ့ကြောင်း၊ ထို့သို့လှံနှင့်ထိုးခဲ့၍ ၎င်းမှသားဖြစ်သူအား ခေါ်ဆောင်ကာ တစ်ရွာတည်းနေဖခင်ဖြစ်သူ
နေအိမ်သို့သွားရောက်အိပ်ခဲ့ကြောင်း၊ ၂၁.၅.၂၀၁၄ရက်နေ့ ၀၆၀၀အချိန်
ခန့်တွင် ခင်ပွန်းဖြစ်သူ ခိုင်မြင့်မှာ ၎င်းတို့လင်မယားအခင်းဖြစ်ပွားစဉ်က ၀င်ရောက်ဖျန်ဖြေပေးခဲ့သည့် တစ်ရွာတည်းနေ ဦးသိန်းထွန်း၏နေအိမ်
သို့သွားရောက်ခဲ့ပြီး ဦးသိန်းထွန်း ကို လှံဖြင့်ထိုးခဲ့ရာ မထိုးမိခဲ့ကြောင်း၊ ဦးသိန်းထွန်းမှ ခင်ပွန်းဖြစ်သူထံမှ လှံကိုလုယူကာ ပြန်ထိုးခဲ့သဖြင့် ခင်ပွန်းဖြစ်သူတွင် ၀ဲ/ယာရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်စီနှင့် ၀ဲညှပ်ရိုး
ပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိ ခဲ့ပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့
ကြောင်း သိရှိရသဖြင့် အရေးယူပေးရန်တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ သုံးခွမြို့မရဲစခန်း(ပ)၂၀၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂
ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ ဦးသိန်းထွန်းအား ဖမ်းဆီးစစ်ဆေး
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

နိုင်ငံခြားကုမ္ပဏီများအတိုင်း အင်တာနက်မြန်နှုန်း ကောင်းအောင်ပေးမည်ဟု ဆက်သွယ်ရေးဆို



နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီများဖုန်းစတင်ရောင်းသည့် အချိန်တွင်
MPT ၏ မိုဘိုင်းအင်တာနက် မြန်နှုန်းမှာလည်း ကုမ္ပဏီများကဲ့သို့ ရှိအောင်ဆောင် ရွက် မြန် မာ့ ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။

”ကုမ္ပဏီ ဖုန်းရောင်းဖို့ Launch လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ဘက်က
လည်း အဆင်သင့်ဖြစ်နေမှာပါ။ သူတို့ထက်မသာရင်တောင် သူတို့နီးပါးရှိအောင် လုပ် ဆောင် မှာ ပါ”ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမိုဘိုင်းဌာနမှ အရာရှိတစ်ဦးက ပြောသည်။

လက်ရှိတွင် မိုဘိုင်းဖုန်းများ ထုတ်လုပ်ရောင်းချခွင့်လိုင်စင်ရရှိထားသည့် Telenor နှင့် Ooredoo ကုမ္ပဏီများသည် ၎င်းတို့ ရောင်းချမည့် မိုဘိုင်းဖုန်း၏အင်တာနက်မြန်နှုန်းကို လက်ရှိဆက်သွယ်ရေးမှ ရောင်း သည့် မြန်နှုန်း ထက်ပိုမိုမြန် ဆန်မည် ဟု ပြောဆိုထားပြီး Telenor ကုမ္ပဏီသည် မိုဘိုင်းအင်တာနက်မြန်နှုန်းကို 1M အထိ ထားရှိမည်
ဟု ယင်းကုမ္ပဏီမှ သိရသည်။

”မြန်နှုန်းကောင်းဖို့အတွက်တော့ အကောင်အထည်ဖော် ဆောင် ရွက်နေပါပြီ။ မြန်နှုန်းဘယ်လောက်အထိ တိုးမြှင့်မလဲဆိုတာကတော့ လတ်တလောအနေအထားအရ မပြောနိုင်သေးပါဘူး”ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိဝန်ဆောင်မှုပေးထားသည့် မိုဘိုင်းအင်တာနက် မြန်နှုန်းများ
GSM ဖုန်းများကို တစ်ဦးချင်းသုံးစွဲမှု အဖြစ် 200kbps ,
CDMA 800 MHz နှင့် WCDMA 3G စနစ်ဖုန်းများကို 512 kbps ပေးထားကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိ ဆက်သွယ်ရေးမှ ရောင်းချထားသည့် မိုဘိုင်းအင် တာနက်မြန်နှုန်းနှင့်ပတ်သက်၍ ကျောက်တံတားမြို့နယ်မှ သုံးစွဲသူကိုမင်းမင်းက ” CDMA 800 အင်တာနက်မြန်နှုန်းကတော့
သုံးရတာ အဆင်ပြေပေမယ့် မကြာခဏတော့လိုင်းကျတာ
မျိုးရှိပါတယ်။

ဂျီအင်တာနက်ကတော့ စိတ်ပျက်စရာကောင်းလောက် အောင်ဖြစ်ရတယ်။ တစ်ခါတစ်ခါဆိုရင်လွင့်ပစ်ချင် စိတ်တောင်ပေါက်မိတယ်”ဟုပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းဖုန်းများတွင် အင်တာနက် ထည့်သွင်းအသုံးပြုခွင့်ကို ၂ဝ၁၁ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများမှ စတင်ခဲ့ပြီး အင်တာနက်သုံးစွဲခ တစ်မိနစ်လေးကျပ်နှုန်း ကောက်ခံခဲ့သည်။

ထို့နောက် GSM ဖုန်းနှင့်
WCDMA ဖုန်းများကို သုံးစွဲ ခွင့်ထပ်မံပေး
ခဲ့ပြီး GSM ဖုန်း၏ အင်တာ နက်သုံးစွဲခကို တစ်မိနစ်နှစ်ကျပ်၊ WCDMA ဖုန်းကို တစ်မိနစ်လေးကျပ် ကောက်ခံနေကြောင်း သိရသည်။

အောင်ဇော်
Popular Myanmar News Journal

တရုတ်လူမျိုး ၂ ဦးကို ပြန်ပေးဆွဲခဲ့ခြင်းမဟုတ်ဟု လက်ပံတောင်းဒေသခံများပြော


မေလ ၁၈ ရက်နေ့က ဆည်တည်းရွာနဲ့ တုံရွာအကြားယာခင်းထဲကို မြေတိုင်းဖို့ ရောက်ရှိခဲ့တဲ့ ၀မ်ပေါင်ကုမ္မဏီဝန်ထမ်း တရုတ်လူမျိုးတဦးနဲ့ စကားပြန်တဦးကို ပြန်ပေးဆွဲတာမဟုတ်ဘဲ ခေတ္တခေါ်ယူထားခြင်းသာ ဖြစ်ကြောင်း လက်ပံတောင်း ကြေးနီစီမံကိန်းဒေသ၊ ဆည်တည်းရွာခံတွေက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ ဒီနေ့နေလယ် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားပါတယ်။

ဆည်တည်းဒေသခံတွေက တရုတ်လူမျိုးနှစ်ဦးကို မေလ ၁၈ ရက် မနက်ကနေ မေလ ၁၉ ရက်နေ့ ညနေပိုင်းအထိ ခေတ္တခေါ်ယူထားပြီး  လျော်ကြေးယူထားခြင်းမရှိတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့၊ မြေစာပုံပြုလုပ်ထားတဲ့ လယ်ယာမြေတွေ အမြန်ဆုံးဖြေရှင်းပေးဖို့အတွက် ခေါ်ယူထားတာ ဖြစ်ကြောင်း ပြောကြားပါတယ်။

မေလ ၁၉ ရက် ညနေပိုင်းမှာ လက်ပံတောင်းဒေသ ၂၆ ရွာက ကိုယ်စားလှယ်တချို့ မြန်မာ-၀မ်ဘောင် ဆက်ဆံရေးရုံးကို သွားရောက်ပြီး ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က မြေယာတွေမှာ သံဆူးကြိုးမတိုးချဲ့ဖို့၊ လွတ်နေတဲ့ မြေယာတွေကို ထွန်ရက်ခွင့် အချက်တွေ ပေးခဲ့တဲ့အတွက် တရုတ်လူမျိုးနှစ်ဦးကို စစ်ကိုင်းတိုင်းရဲမှူးထံ ပြန်လည်အပ်နှံခဲ့တယ်လို့ ဆည်တည်းဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ တရုတ် ၀န်ထမ်း ၂ ဦးမှာ အသက် ၂၃ နှစ် အရွယ်ရှိ Lu Yuanhao နှင့် Miu Jie တို့ ဖြစ်တယ်လို့ မြန်မာ-၀မ်ဘောင် ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။

DVB Burmese

ရခိုင်ပြည်နယ်က ပစ်ခတ်မှုများနှင့်ပတ်သက်ပြီး ဦးရဲထွဋ်ကို မေးမြန်းချက်


ဦးရဲထွဋ်

အရင်ရက်ပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ရဲတပ်ဖွဲ့တွေနဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တွေအကြား ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက် ကျဆုံးမှုတွေ ရှိခဲ့ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေအကြား ဘယ်လို ပူးပေါင်းဆောင်ရွက်နေသလဲ။ RSO ရဲ့ ခြိမ်းခြောက်မှုက ဘယ်အဆင့်ထိရောက်ပြီလဲ၊ ရခိုင်ပြည်နယ်မှာ ချထားတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မလား ဆိုတာတွေနဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောခွင့်ရ ဦးရဲထွဋ်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်း ထားပါတယ်။


DVB Burmese

လီဆူဘိုးဘွားများ ကြုံခဲ့ရသည့် ကမ္ဘာအား ရေလွှမ်းမိုးခြင်း


သူသူထက်လွင်

ဆူလူမျိုးတို့သည် လူဦးရေနည်းပါးသော်လည်း ထူးခြားသော ရိုးရာပုံပြင်ဒဏ္ဍာရီများရှိကြောင်းသိရသည်။ အဆိုပါ ရိုးရာပုံပြင်များအနက်
လူသားမျိုးနွယ်စုများ ပျောက်ကွယ်သွားသည်အထိ ရေ လွှမ်းမိုးခဲ့သည့်ဖြစ်ရပ်များပါဝင်သော ''လီဆူဘိုးဘွားများ ကြုံခဲ့ရသည့် ကမ္ဘာအား ရေလွှမ်းမိုးခြင်း'' ပုံပြင်မှာလည်း စိတ်ဝင်စားဖွယ်ကောင်းလှသည်။
ယင်းပုံပြင်ကိုသိရှိနိုင်ရန် လီဆူစာပေနှင့်ယဉ်ကျေးမှု အသင်းနာယက ဒေါက်တာယောရှုလယ်မယ်၏ လီဆူ လူမျိုးအကြောင်းစာအုပ်ကို လေ့လာဖော်ပြပေးပါမည်။

''လီဆူပုံပြင်တွေဖော်ပြပေးခြင်းအားဖြင့် အခုခေတ် ကလေးတွေအတွက်ပိုကောင်းမယ်။ အရင်ကကလေးတွေ မှာစာပေမရှိလို့ ပုံပြင်ကို နားထောင်ခဲ့ရပြီး အခုခေတ်မှာ စာပေတွေပေါ်လာပြီး ဒီပုံပြင်တွေကိုတွေ့သွားတော့ ဒါက တကယ်ပါလားဆိုပြီး သင်ယူစရာကောင်းသွားမယ်လို့ ထင်ပါတယ်''ဟု ရန်ကုန်လီဆူမိတ်သဟာယအဖွဲ့အတွင်း ရေးမှူး လီဆူလူမျိုးဦးကျဆာရဲ့(ခ) ကိုဂျေက ပြောသည်။

ရှေးအခါက ရွာလေးတစ်ရွာတွင် ဆင်းရဲနွမ်းပါးသော မောင်ရွာကျီနှင့် မယ်ရွာဆာမောင်နှမနှစ်ယောက် ရှိလေ သည်။

သူတို့နှစ်ဦးသည် တောင်ယာခုတ်၍ အသက်မွေးဝမ်း ကျောင်းပြုရပြီး တစ်နေ့သောအခါတွင် မနေ့က တောင် ယာခုတ်လှဲထားသော သစ်ပင်များသည် မခုတ်ထားသကဲ့ သို့ ပြန်ပေါက်နေသည်ကို ထူးဆန်းစွာ တွေ့မြင်ရသည်။ တောင်ယာကို ထပ်မံခုတ်ပြီး ပြန်သွားရာ နောက်နေ့တွင် လည်း နဂိုအတိုင်းပြန်ပေါက်နေသည်ကို ပြန်တွေ့ရလေ သည်။
မောင်နှမနှစ်ယောက်လည်း အဲဒီလိုထူးခြားဖြစ်စဉ် ကြောင့် နောက်တစ်နေ့ မနက်စောစောထပြီး ဒူးလေးကိုင် ကာ တောင်ယာခုတ်ထားသောနေရာကို သွားချောင်း ကြည့်ကြသည်။ ဒီလိုချောင်းကြည့်နေစဉ်မှာပဲ တောထဲမှ ကြောင်နှစ်ကောင်ထွက်လာကာ ခုတ်လဲထားသောသစ် ပင်များကို ပြန်ထောင်ကြသည်ကို တွေ့မြင်ရလေသည်။

ကြောင်နှစ်ကောင်ကို ဒူးလေးနဲ့ ပစ်ဖို့ရွယ်လိုက်တာ နဲ့ တောကြောင်နှစ်ကောင်က 'ငါတို့ကိုမပစ်ပါနှင့်၊ တောင် ယာမခုတ်နှင့်တော့ မကြာမီ ရေလွှမ်းမိုးတော့မည်။ ပုန်း အောင်းရန် လှေသာလုပ်၍မျိုးအဖြစ်သာ စုဆောင်းယူ ငင်၍ ပုန်းနေကြလေ့'ဟု ပြန်ပြောလေသည်။

နောက်ပိုင်းတွင် အမှန်ပင် မိုးကြီးသည် အဆက် မပြတ်ရွာချကာ ချောင်းရေ၊ မြစ်ရေများသည် ပြည့်လျှံ၍ ကမ္ဘာကြီးကို ရေလွှမ်းမိုးသွားခဲ့သည်။ ရေလွှမ်းမိုးခြင်းကြောင့် လူသားအားလုံးနီးပါး သေဆုံးသွားပြီး ရွာကျီ၊ ရွာဆာ မောင်နှမနှစ်ဦးသာ သစ်ခေါင်းလှေထဲ လုံခြုံစွာပုန်းအောင်း ခဲ့သဖြင့် သူတို့စီးသောလှေမှာ လီဆူ(အခေါ် မဂျူလော ဝါကျီ (ခ) မာလောဝါကျီ)မြန်မာလို ဧဝရက်တောင်ထိပ် တစ်ခုသို့ တင်ရစ်၍ ရေဘေးမှ လွတ်မြောက်ခဲ့သည်ဟု ယူဆကြသည်။

''ရေကြီးတော့ လွတ်မြောက်လာပုံကို ပြောတဲ့အခါ ကွဲပြားကြတယ်။ တချို့က သစ်တုံးကိုထွင်းထားတဲ့ဟာလို့ ပြောတယ်။ တချို့က ဘူးသီးခွံ၊ ကျောက်ဖရုံခွံထဲမှာနေလို့ အသက်ရှင်တယ်ပြောတယ်။ တချို့ကျတော့ ကျောက်ဂူ ထဲမှာပုန်းနေလို့ မောင်နှမနှစ်ယောက် အသက်ရှင်တယ်လို့ ပြောကြတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လီဆူဘိုးဘေး တွေက ရေလွှမ်းမိုးတာကို တကယ်ကြုံတွေ့ရတယ်ဆိုတာ ကို သိရပါတယ်''ဟု လီဆူလူမျိုး ဦးကျဆာရဲ့ (ခ) ကိုဂျေ က ဆက်လက်ပြောပြသည်။

ရေလွှမ်းမိုးပြီးနောက် ရေကျ၍ အခြားလူသားများရှိ မရှိ တစ်ယောက်လျှင်တစ်ဖက်ဆီသို့ လူရှာထွက်ခဲ့ကြ
ရာ လူသားများတစ်ယောက်မှမရှိတော့ကြောင်း သိ
ရသည်။ လူသားများ မကျန်ရစ်တော့တာ သေချာ
သောကြောင့် လူသားမျိုးနွယ် အဆက်ပြန့်ပွားရေး
အတွက် မောင်နှမနှစ်ယောက် အိမ်ထောင်ပြု
သင့်မသင့် သစ္စာပြုစမ်းသပ်ပြီးနောက် အိမ်
ထောင်ပြုကြသည်။

ထိုအခါ အသားအရောင်မတူသော သားသုံးယောက် မွေးဖွားခဲ့ပြီး အသားဖြူသောသားက အနောက်ဘက်ဆီ၊ အသားညိုသောသားက အရှေ့ဘက်ဆီ၊ အသားမည်း သောသားသည် တောင်ဘက်ဆီသို့ ထွက်ခွာသွားကြလေ သည်။

အသားညိုသောသားမှ မွေးဖွားလာသောသားများ ကိုးယောက်သည် မွန်ဂိုမျိုးနွယ်စုများဖြစ်လာကာ လီချော် ဖာမှမွေးလာသောသား လီချော်ဆူမှ လီဆူဟုခေါ်တွင်လာ ကြောင်းနှင့် အချို့သမိုင်းများတွင်မူ မောင်နှမနှစ်ယောက် မှ သားခုနစ်ယောက်၊ သမီးခုနစ်ယောက်မွေးပြီး ပထမ သားမှမွေးလာသောမျိုးနွယ်သည် ဟန်လူမျိုး၊ ဒုတိယသား မှမွေးသောသားမှာ ရီ့(င)မျိုးနွယ်ဖြစ်လာသည်။ တတိယ သားမှပေါက်ဖွားလာသောမျိုးနွယ်သည် တိဗက်လူမျိုးဖြစ် လာခဲ့ပြီး စတုတ္ထမှပေါက်ဖွားလာသောမျိုးနွယ်သည် လီ ဆူလူမျိုးများဖြစ်လာကြောင်း သိရသည်။

လီဆူလူမျိုးများသည် ကိုးကွယ်ယုံကြည်မှုတွင် နတ် စားသည့်ဓလေ့ရှိကြပြီး နောက်ပိုင်းတွင် ခရစ်ယာန်ဘာ သာ၊ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ပိုမိုများပြားလာသည်။

''ပုံပြင်ကတော့ ပုံပြင်ပါပဲ။ ကျွန်တော်တို့ဘိုးဘေး တွေ လက်ထက်ကတည်းက ကြားဖူးလို့ တစ်ခါလက်ဆင့် ကမ်းခဲ့တာပါ။ ဒီပုံပြင်က ထူးခြားတာက ခရစ်ယာန်ကျမ်း စာထဲက မဟုတ်ဘူး။ ၁၉၅ဝပြည့်နှစ်မှ ပူတာအိုကို ခရစ် ယာန်သာသနာ ဝင်ရောက်လာတာပါ။ ပုံပြင်က ခရစ်ယာန် မတိုင်မီကတည်းက ကျွန်တော်တို့လီဆူတွေရဲ့ ရိုးရာပါ။ပုံပြင်နဲ့ကျမ်းစာတွေတူညီလို့ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်လာတာပါ''ဟု လီဆူစာပေနှင့် ယဉ်ကျေးမှုအသင်း နာယက ဒေါက်တာယောရှုလယ်မယ်ကပြောသည်။

ရှေးလီဆူလူမျိုးများသည် နတ်စားသောအယူဝါဒ များရှိပြီး တောင်ပေါ်တွင် နေထိုင်မကောင်းသောအခါ နတ်ဆရာကိုပင့်ဖိတ်ပြီး ခြေလေးချောင်း (သို့မဟုတ်) ခြေ နှစ်ချောင်းရှိသည့် တိရစ္ဆာန်များကိုသတ်၍ နတ်တင်ခဲ့ သည်။ ယင်းကဲ့သို့ ပူတာအို၊ တောင်ပေါ်ဒေသများတွင် ဆေးကုသပေးမည့်သူများမရှိသောကြောင့် နတ်များကို အားကိုးကာ ကိုးကွယ်ရာမှ ယခုအခါ အဆိုပါအယူအဆ များ လျော့နည်းလာပြီဖြစ်ကြောင်း သိရသည်။

တောင်ယာလုပ်ငန်းများကို လုပ်ကိုင်အသက်မွေးခဲ့ သော လီဆူဘိုးဘွားများသည် ရှေးတစ်ချိန်က သစ်ပင် များလျော့နည်းလာပြီး ရာသီဥတုဖောက်ပြန်ကာ ကမ္ဘာ ကြီးတစ်ခုလုံး ရေဖုံးလွှမ်းကာ လူသားများပျောက်ကွယ် သွားသည်အထိ ကြုံတွေ့ခဲ့ရသည်။

သို့ဖြစ်၍ လီဆူလူမျိုးတို့ ရိုးရာပုံပြင်ထဲကအတိုင်း ကမ္ဘာကြီးရေမဖုံးလွှမ်းရအောင် သစ်ပင်များကို စည်းကမ်း မဲ့ခုတ်ခြင်း၊ စီးပွားဖြစ်ခုတ်ခြင်းများ လျှော့ချရန်နှင့် ရာသီ ဥတုကြောင့် လူသားများမပျောက်ကွယ်အောင် သဘာဝ ပတ်ဝန်းကျင်ကို တိုင်းရင်းသားလူမျိုးများအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် ရေးသားဖော်ပြလိုက်ခြင်းပင်ဖြစ် ပါသည်။

ကျမ်းကိုး- ဒေါက်တာဦးယောရှုလယ်မယ်၊

လီဆူလူမျိုးအကြောင်း။
--------------------------------------------------------------------------

Yangon Times Journal
Yangon Media Group

တိုက်ခိုက်မူများဆက်လက် ပြုလုပ်ပါ ဘင်္ဂလာနှင့် တပ်မှူးအဆင့် အလံတင်ဆွေးနွေးပွဲများကို နောင်တွင် ရပ်ဆိုင်းမည်ဟု မြန်မာဘက်ကခြိမ်းခြောက်

ယမန်နေ့က တပ်မှူးအဆင့် ဆွေးနွေးပွဲ။




ဘင်္ဂလာဒေခ်ျ့တွင် ခိုအောင်းနေသော အကြမ်းဖက်အဖွဲ့အစည်းများမှ မြန်မာဘက်သို့ နောက်ထပ် ၀င်ရောက် တိုက်ခိုက်ပါက နောင်လာမည့် တပ်မှူးအဆင့် အလံတင် ဆွေးနွေးပွဲများကို ရပ်ဆိုင်းပစ်တော့မည်ဖြစ်ကြောင်း မြန်မာ တာဝန်ရှိသူများက ပြောကြားလိုက်သည်ဟု သိရသည်။

ယမန်နေ့က ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းနယ် နတ်ကျောက်ဆရီ မြို့နယ်တွင် ပြုလုပ်သည့် နှစ်နိုင်ငံနယ်ခြားစောင့်တပ် တပ်မှူးအဆင့် ဆွေးနွေးပွဲတွင် မြန်မာဘက်မှထိုသို့ ပြောကြားလိုက်သည်ဟု ဆိုသည်။

ယင်းပြင် မြန်မာဘက်မှ ယင်းအကြမ်းဖက်အဖွဲ့များကို ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ခိုလှုံခွင့်မပေးရန်ကိုလည်း တောင်းဆိုခဲ့ကြောင်း ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သတင်းထောက်များသို့ ထုတ်ဖေါ်ပြောဆိုသည်။

“ မြန်မာနယ်ခြားစောင့်တပ်မှ အကြမ်းဖက်အဖွဲ့အစည်းများ ဘင်္ဂလာမြေတွင်အခြေစိုက်ပြီး မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေသည်ကိုခွင့်မပြုဖို့၊ အလားတူတိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပေါ်လာပါက နယ်ခြားစောင့်တပ်မှူး အဆင့် ဆွေးနွေးမှုများ ပြုလုပ်တော့မည်မဟုတ်ဟု ပြောဆိုခဲ့ ကြောင်း”  သူက ဆိုသည်။

ဘင်္ဂလာနယ်ခြားစောင့်တပ် တာဝန်ရှိသူများက ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နယ်နိမိတ်တွင် မည့်သည့် အကြမ်းဖက်အဖွဲ့အစည်းများမှ  ခိုလှုံ၍ မရှိဟု ငြင်းဆိုခဲ့ကြောင်း သူက ဆိုသည်။

မြန်မာ-ဘင်္ဂလာ တပ်မှူး အဆင့် ဆွေးနွေးပွဲတွင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နတ်ကျောက်ဆရီမြို့နယ်တွင် အခြေစိုက်သည့်  အကြမ်းဖက် အဖွဲ့အစည်းများနယ်စပ်ဖြတ်ကျော်ပြီး မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို တိုက်ခိုက် နေသည့်ကိစ္စကို အဓိက ဆွေးနွေး ခဲ့ကြပြီး နယ်စပ်တွင်ရှိနေသည့် အကြမ်းဖက်အဖွဲ့အစည်းများကို တိုက်ခိုက်ရာတွင် ဘင်္ဂလာနယ်ခြား စောင့် တပ်ဖွဲ့မှ ကူညီပေးရန်ကိုလည်းတောင်းဆိုခဲ့သည်ဟု သိရသည်။

ယင်းပြင်  တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ နယ်စပ်တလျှောက် မူးယစ်ဆေး ၀ါးနှိမ်နှင်းရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သူက ဆိုသည်။

မေလ ၁၃ ရက်နေ့က မောင်တောမြို့နယ် နယ်မြေ (၁)  နယ်စပ်မှတ်တိုင် ၃၇ နှင့် ၃၈ အနီးတွင်တစ်ကြိမ် မေ လ ၁၇ ရက်နေ့က နယ်စပ်မှတ်တိုင် ၅၂ အနီးတွင် တစ်ကြိမ် (၂ )ကြိမ်တိုင်တိုင် မြန်မာနယ်ခြားစောင့်တပ်ကို RSO မှ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ လိုက်လံရှင်းလင်းစဉ်  ဘင်္ဂလာဒေခ်ျ့ဘက်သို့ ထွက်ပြေး ၀င်ရောက်သွားသည်ဟု မြန်မာဘက်က ပြောဆိုခဲ့သည်ဟု သိရသည်။

မေလ ၁၇ ရက်နေ့ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် မြန်မာ ရဲတပ်သား ၄ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာ ရရှိခဲ့ကာ မူဆလင် အကြမ်းဖက် သောင်းကျန်းသူ အုပ်စုမှ (၂) ဦးကျဆုံးခဲ့သည်။

ဆွေးနွေးပွဲကို ဘင်္ဂလာဘက်မှ ကော့စ်ဘာဇားအခြေစိုက် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး ဖောရိဟောဆန်း ဦးဆောင်တက်ရောက်ခဲ့ပြီး  မြန်မာဘက်မှ ရဲမှူးကြီး တင်ကိုကိုမှ ဦးဆောင်တက်ရောက်ခဲ့သည်။

ယခုအခါ နယ်စပ်တလျှောက်တွင် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့များကို ဖြန့်ကျက် ချထားပြီ အခြေအနေကို အနီးကပ် စောင့်ကြည့် နေကြသည်ဟု သတင်း ရရှိသည်။

နိရဉ္စရာ-

ချွေးထွက်နိင်တဲ့ စက်ရုပ်


အခြား သိပ္ပံပညာရှင်တော်တော် များများဟာ မျက်နှာအမူအရာနဲ့ လူကဲ့သို့ လှုပ်ရှားပြောဆိုနိင်တဲ့ စက်ရုပ်တွေကို တီထွင်ဖို့ ကြိုးစားနေချိန်မှာ ဂျပန်နိင်ငံ ၊ ကန်စအီ တက္ကသိုလ်မှ သိပ္ပံပညာရှင်တစ်စုဟာ လူသားတွေနဲ့ပိုဆင်စေတဲ အခြားတီထွင်မူတစ်ခုကို
ဦးဆောင်လျက်ရှိပါတယ်။

IEEE Spectrum ၀က်ဆိုဒ်ရဲ့ ပြောကြားချက်အရ ဒေါက်တာ တိုမိုကို ယိုနယ်ဇာဝနဲ့ အသင်းတစ်သင်းဟာ ချွေးထွက်စေနိင်တဲ့ စက်၇ုပ်ကို တီထွင်မူတွေ ၇ှိနေတယ်လို့သိရပါတယ်။ ထိုအပြင် ကြောက်စရာအကြောင်းတွေပြောသောအခါ အေးစက်နေမည့် စက်ရုပ်၊ စိုးရိမ်ကြောင့်ကြသောအခါ ချွေးထွက်စေတဲ့ စက်ရုပ်နဲ့ စကားပြောလို့ရှိရင် လေထွက်နိင်မည့် စက်ရုပ်တို့ကိုလည်း တီထွင်လျက်ရှိကြောင်း သိရပါတယ်။

အသင်းအနေဖြင့် ဌင်းတို့ကို စက်ရုပ်တစ်ရုပ်ဆိုသော အနေအထားထက် ပိုကာ အော်တိုမက်တစ် လူသားတွေနဲ့ တူညီစွာ လုပ်ဆောင်နိင်လာစေရန် မျှော်လင့်နေကြောင်း သိရပါတယ်။

Yoyarlay

သူ့ရဲ့ 501s ကို တစ်နှစ် မလျှော်ဘဲဝတ်တယ်လို့ ကြွားလုံးထုတ်လိုက်တဲ့ Levi’s အမှုဆောင်အရာရှိချုပ်


Levi Strauss အမှုဆောင်အရာရှိချုပ် Chip Bergh ဟာ သူ့စိတ်ကြိုက် ဂျင်းဘောင်းဘီ နှစ်ထည်ကို တစ်နှစ်ကြာ မလျှော်ဘဲ ၀တ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက် ၅၆နှစ် ရှိပြီဖြစ်တဲ့ Levi’s

ဆုံးခန်းမတိုင်သေးသည့် လူထုကြားက အကြမ်းဖက်မှု


 နှစ်ပေါင်းငါးဆယ်ကျော်ကြာ အာဏာရှင်အုပ်ချုပ်ရေး စနစ်မှ ခွဲထွက်ကာ ပြည်သူလူထု ဆန္ဒနှင့် ရွေးချယ်တင်မြှောက်ခံရသည့် အစိုးရသာ နိုင်ငံကိုအုပ်ချုပ်ရသည့် ဒီမိုကရေစီ စနစ်ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေသည်ဟု သမ္မတဦးသိန်းစိန်အစိုးရက အမြဲမပြတ် ထုတ်ဖော်ပြောကြားလျက်ရှိသည်။

ပြည်သူများအတွက် ယုံကြည်စိတ်ချရပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် ရဲတပ်ဖွဲ့ဝင်များ ဖြစ်လာစေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဥရောပသမဂ္ဂက သင်တန်းများ   ပို့ချလျက်ရှိသည်။

ဥရောပသမဂ္ဂ ပို့ချသောသင်တန်းများသည် လူစုလူဝေးများကိုနှိမ်နင်းရာတွင် မလိုအပ်ဘဲလူအင်အားမသုံးခြင်း၊ အကြမ်းဖက်မှုမပြုဘဲ စနစ်တကျထိန်းသိမ်းနည်းနှင့် ရဲတပ်ဖွဲ့ဝင်များကလည်း ဥပဒေကို လေးစားလိုက်နာရန်အတွက် ရည်ရွယ်ပို့ချခဲ့ခြင်းလည်းဖြစ်သည်။

ယင်းသို့နှစ်ဖက်နစ်နာသည့် ထိပ်တိုက်တွေ့ဆုံမှုများသည် နိုင်ငံတွင်ဖြစ်ပေါ်နေသော အခြေအနေများအရ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်သဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအကြား ထိပ်တိုက်တွေ့ဆုံမှုများတွင် နှစ်ဖက်ထိခိုက်မှုမရှိဘဲ ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့်နည်းလမ်းကို ဝိုင်းဝန်းအဖြေရှာရန် အမြန်ဆုံးလိုအပ်လာပြီဖြစ်သည်။

‘‘အခုက ဒီမိုကရေစီလမ်းကြောင်းကို သွားနေတယ်လို့ ပြောဆိုနေတဲ့အတွက် လူထုအတွင်းမှာ အကြမ်းဖက်မှုဆိုတာ မရှိသင့်တော့ဘူး။ ရဲနဲ့ပြည်သူ ထိပ်တိုက်တွေ့ပြီး နှစ်ဦးစလုံးဒဏ်ရာရမယ့် အဖြစ်တွေကို လျှော့ချဖို့ အဖြေလိုလာပြီ’’ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဥပဒေရေးရာတာဝန်ခံ ဦးမာကီးကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် သဲကုန်းမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံရသော လယ်သမားတစ်ဦး ပြန်လည်လွှတ်ပေးရေးနှင့် လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဆန္ဒပြကြသူများနှင့် ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လယ်သမားအချို့နှင့် ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ကြသည်။

နိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် ကိုင်တွယ်ဖြေရှင်းရာတွင် အေးအေးချမ်းချမ်းနှင့် စေ့စေပ်ဆွေးနွေးဖြေရှင်း၍ရမည့် နည်းလမ်းကိုသာ သုံးမည်ဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဝန်ကြီးဦးရဲထွဋ်ကပြောသည်။

အစိုးရသစ်လက်ထက်တွင် ရဲတပ်ဖွဲ့နှင့် ဒေသခံအချို့ကြား သွေးထွက်သံယို အကြီးအကျယ် ထိပ်တိုက်တွေ့ဆုံမှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး အသေးစား ထိပ်တိုက်တွေ့ဆုံမှုများသည်လည်း ရဲနှင့် ပြည်သူများကြား ဆက်လက်ဖြစ်ပေါ်လျက်ရှိကာ နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားလျက်ရှိသည်။

‘‘တချို့ဖြစ်ရပ်တွေကျတော့ မလိုလားအပ်ဘဲ နှစ်ဖက်စလုံး နာရတာပေါ့။ ရဲရော၊ လူထုရော ဒဏ်ရာရတယ်။ ကြုံနေရတဲ့ပြဿနာကလည်း မဖြေရှင်းနိုင်ဘဲ ရဲနဲ့ ဒေသခံတွေကြား အမုန်းတွေ ပိုများလာတာပဲဖြစ်လာတယ်’’ဟု လယ်သမားအရေး လိုက်လံဆောင်ရွက်ပေးသူတစ်ဦးဖြစ်သည့် မအူပင်မြို့နယ်မှ တရားလွှတ်တော်ရှေ့နေ ဦးသောင်းဦးက ပြောသည်။ ၂၀၁၃ ဖေဖော်ဝါရီအတွင်း ဧရာဝတီတိုင်းဒေသကြီး မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာအနီး လယ်မြေသိမ်းဆည်းခံရသည့်အရေးနှင့်ပတ်သက်ပြီး ရွာသားအင်အား ၁၅၀ ခန့်နှင့် ရဲတပ်ဖွဲ့ဝင်များကြား ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့ရာတွင် ရဲတပ်သားတစ်ဦးသေဆုံးပြီး အခြားရဲတပ်သားသုံးဦးနှင့် ဒေသခံ ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ကြသည်။

အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် သွေးထွက်သံယိုဖြစ်သည့် ရဲနှင့်ပြည်သူ ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားမှုမရှိသလောက် နည်းပါးခဲ့သော်လည်း နယ်မြို့များတွင်မူ သွေးထွက်သံယိုပဋိပက္ခများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။

‘‘ရန်ကုန်ကျတော့ဗျာ မီဒီယာကလည်း အားကောင်းတယ်။ ပြီးတော့ နိုင်ငံတကာကလည်း စောင့်ကြည်နေ့တာပါတယ်။ နယ်မှာကျတော့ အဲဒီအချက်တွေ အားနည်းတဲ့အပေါ်မှာ အခွင့်ယူတာပဲဗျ’’ဟု ၈၈ မျိုးဆက် ဥပဒေရေးရာတာဝန်ခံ ဦးမာကီးကသုံးသပ်သည်။

ရဲတပ်ဖွဲ့နှင့်ဒေသခံအချို့ကြား သွေးထွက်သံယို အကြီးအကျယ်ထိပ်တိုက်တွေ့ဆုံမှု လေးကြိမ်သည် ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သွေးထွက်သံယို ထိပ်တိုက်တွေ့ဆုံမှု နှစ်ကြိမ်တိုင် အကြီးအကျယ်ဖြစ်ပွားခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းကမူ ဒေသခံများ၏မကျေနပ်မှုများ၊ ပြဿနာများတင်းမာနေသည့်အချိန်ရောက်မှ ရဲတပ်ဖွဲ့ကို သွားရောက်ဖြေရှင်းခိုင်းခြင်းမျိုးကို မလုပ်သင့်ကြောင်း အကြံပြုသည်။

ထို့ပြင် နှစ်ဖက်ကြား ထိပ်တိုက်မတွေ့ရန် ဒေသခံများ ကြုံတွေ့ခံစားနေရသည့်ပြဿနာများ တင်းမာလာခြင်းမရှိမီ ဖြေရှင်းကြရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းကပြောသည်။

ပြည်သူလူထုနှင့် ထိပ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့သည့် ဖြစ်စဉ်များကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက ဒေသခံပြည်သူများနှင့် ခရိုနီများ(သို့မဟုတ်) အစိုးရတို့အကြား ဖြစ်ပေါ်သည့်ပြဿနာဖြစ်ပြီး ရဲတပ်ဖွဲ့၏ အကျိုးစီးပွားမပါသည့်အပြင် ထိပ်တိုက်တွေ့ဆုံမှုတွင် ပြည်သူများဒဏ်ရာရရှိသွားပါကလည်း ရဲတပ်ဖွဲ့ဝင်များသာ နာမည်ပျက်ရကြောင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက 7 Day News သို့ ပြောသည်။

ထို့ပြင် အချို့သောပဋိပက္ခများတွင် လူအုပ်စုကြီးက အန္တရာယ်ပြုမည့်ပုံစံပြလာသည့်အတွက် မိမိကိုယ်မိမိ ကာကွယ်ခြင်းအပြင် လူအုပ်စုခွဲရာတွင်လည်း နည်းစနစ်ပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် ပြည်သူများနှင့် တပ်ဖွဲ့ဝင်များပါ ထိခိုက်နစ်နာခဲ့ရသည်ဟု ၎င်းကဆိုသည်။

‘‘အဓိကကတော့ ရဲနဲ့ဒေသခံ  ဘာကြောင့်ထိပ်တိုက်တွေ့လဲ ပြန်ကြည့်ရင် လယ်မြေကိစ္စတွေ၊ လုပ်ခလစာပြဿာနာတွေ၊ ခရိုနီတွေနဲ့ပတ်သက်တဲ့ကိစ္စတွေပဲ။ အဲဒါတွေက    အစိုးရက ထိထိရောက်ရောက် ဖြေရှင်းပေးရင်ရတယ်။ အခုတော့ အဲဒီလိုမလုပ်တော့ ထိပ်တိုက်တွေ့ကြတာပေါ့’’ဟု လယ်သမားအရေးဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးသောင်းဦးက ရဲနှင့်ပြည်သူ ထိပ်တိုက်တွေ့ဆုံမှုအပေါ် ၎င်း၏အမြင်ကိုပြောသည်။

နိုင်ငံအနှံ့တွင်ဖြစ်ပွားခဲ့သော လယ်ယာမြေသိမ်းဆည်းခံရမှုများ၏ ပဋိပက္ခအချို့သည် တက်ကြွလှုပ်ရှားသူများ ပါဝင်ပတ်သက်မှုအပေါ် မူတည်နေသည်ဟုလည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကထောက်ပြခဲ့သည်။

‘‘လယ်ယာမြေသိမ်းဆည်းခံရမှုလို ပဋိပက္ခတွေကိုကြည့်ရင် လယ်သမားရော၊ ရဲတပ်ဖွဲ့ပါ မနစ်နာအောင် ဝင်ပြီး မှန်မှန်ကန်ကန် ဥပဒေဘောင်ထဲက လုပ်ပေးကြမယ့်သူတွေ လိုနေတာကိုတွေ့ရတယ်။ ဥပဒေမဲ့လုပ်ကြရင် အကုန်နစ်နာတာပဲအဖတ်တင်တယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး၏ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့်    ပြည်သူများနစ်နာမှုမရှိစေရေး စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်ဖြစ်သူ ဒေါ်ခင်ဝိုင်းကြည်ကဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား သင်တန်းပေးနေရခြင်းသည် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ပြဿနာများအပေါ် ဒီမိုကရေစီနည်းကျကိုင်တွယ်မှုဖြင့် မြန်မာပြည်သူများအား စစ်မှန်သောဝန်ဆောင်မှုပေးနိုင်ရန် ဦးတည်ဆောင်ရွက်ပေးရခြင်းဖြစ်သည်ဟု ဥရောပသမဂ္ဂက ထုတ်ဖော်ပြောကြားထားသည်။

‘‘ရဲရော  ဒေသခံတွေပါ မကျေမလည်ဖြစ်လာပြီဆိုရင် တွေ့ဆုံဆွေးနွေးဖို့လိုတယ်ဗျ။ အဓိကကတော့ ပြည်သူတွေနစ်နာမှုမရှိအောင် လုပ်ရမယ်။ ရဲတပ်ဖွဲ့လည်း နာမည်မပျက်အောင်ပေါ့။ အဲဒါအရေးကြီးတယ်။ ပဋိပက္ခဖြစ်တယ်ဆိုတာ နိုင်ငံရဲ့ပုံရိပ်ကျတာပဲ’’ဟု ၈၈မျိုးဆက် ဥပဒေရေးရာတာဝန်ခံ ဦးမာကီးကပြောသည်။

7Day News Journal

လူ့တန်ဖိုးမေ့လျော့ခံရခြင်း


 အကြောင်းအမျိုးမျိုးဖြင့် လူသားတစ်ယောက် သေဆုံး (သို့မဟုတ်) ဒဏ်ရာရခဲ့သည့် မှုခင်းများအနက် အလုပ်သမားများ လုပ်ငန်းခွင်အတွင်း မတော်တဆမှုနှင့်  ပေါ့လျော့မှုကြောင့်ဖြစ်ပွားသည့် မှုခင်းများမှာ အများဆုံးပါဝင်နေပါသည်။ လက်ရှိအခြေအနေများအရ ကျွမ်းကျင်လုပ်သားရှားပါးခြင်း၊ အလုပ်သမားများ လုပ်ငန်းအတွေ့အကြုံနည်းပါးခြင်းတို့အပြင် လုပ်ငန်းရှင်သူဌေးကိုယ်တိုင်က အလုပ်သမားများ၏ လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနည်းပါးခြင်းက အဓိကအကြောင်းရင်း ဖြစ်နေပါသည်။

အမှုကြီးဆယ်မျိုးအပါအ၀င် မြန်မာတစ်နိုင်ငံလုံးတွင် ဖြစ်ပွားသည့် မှုခင်းအားလုံးအနက် လုပ်ငန်းခွင်မတော်တဆမှုနှင့် ပေါ့လျော့မှုတို့ကြောင့်ဖြစ်ပေါ်သည့် သေဆုံး၊ ဒဏ်ရာရမှုမှာ ပျမ်းမျှအားဖြင့် နှစ်စဉ် ၂၅ ရာခိုင်နှုန်းခန့်အထိရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ မှုခင်းနှစ်ချုပ်စာရင်းများအရ သိရသည်။

ကာယကံရှင်အလုပ်သမား၏ လုပ်ငန်းပိုင်းဆိုင်ရာ အသိပညာနည်းပါးမှု၊ လုပ်ငန်းရှင်၏ နည်းပညာဆိုင်ရာ အထောက်အပံ့အားနည်းမှုနှင့် လုပ်ငန်းခွင်အတွင်း ကြိုတင်ပြင်ဆင်မှုအားနည်းခြင်းတို့ကြောင့် လူသေဆုံး၊ ဒဏ်ရာရမှုဖြစ်စဉ်၏ နောက်ကွယ်တွင် သက်ဆိုင်ရာမိသားစုဝင်များ နေ့စဉ် စားဝတ်နေရေးအတွက် ဒုက္ခပင်လယ်ဝေကြရသည်။ ထို့ကြောင့် ယင်းအခြေအနေကို စနစ်တကျထိန်းသိမ်းကာကွယ်ရန် အရေးတကြီးလိုအပ်နေကြောင်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ Global Enchanting Eduction Center မှ လုံခြုံရေးဆိုင်ရာ အရည်အသွေးစစ်ဆေးရေးအရာရှိ ဦးအောင်ကိုကပြောသည်။

‘‘လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးက ဘယ်လောက်အရေးပါလဲဆိုရင် အလုပ်သမားတစ်ယောက်သေတာနဲ့ သူ့နောက်က မိသားစုဝင်တွေလည်း ဒုက္ခရောက်ကြတာပဲ။ လူကိုလူလိုမြင်ရင် သူဌေးတို့၊ အင်ဂျင်နီယာတို့ကိုတင် တန်ဖိုးထား အရေးပေးနေရမှာ မဟုတ်ပါဘူး။ အလုပ်သမားလည်း လူပါပဲ’’ဟု ဦးအောင်ကိုက ပြောသည်။

‘‘တန်ရာတန်ကြေးနဲ့ အလုပ်ပေးထားတယ်ဆိုပြီး မျက်နှာလွှဲခဲပစ်မလုပ်ဘဲ ကိုယ်ချင်းစာစိတ်နဲ့ လုပ်ငန်းခွင်ထဲက အလုပ်သမားတွေရဲ့ မတော်တဆထိခိုက်မှုတွေ လျော့နည်းအောင် လုပ်ငန်းရှင်တွေအနေနဲ့ ကာကွယ်ပေးသင့်ပါတယ်’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အငြိမ်းစားရဲမှူးကြီးညွန့်လှိုင်ကပြောသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဖြစ်သမျှ မှုခင်းဖြစ်စဉ်များအနက် လုပ်ငန်းခွင်မတော်တဆမှုကြောင့်ဖြစ်သည့် လူသေဆုံး၊ ဒဏ်ရာရမှုမှာ အများဆုံးဖြစ်နေခြင်းကို ရည်ရွယ်၍ အငြိမ်းစားရဲမှူးကြီးက ပြောခြင်းဖြစ်ပါသည်။

ယခုနှစ်အတွင်း သိသာထင်ရှားသော လုပ်ငန်းခွင်မတော်တဆမှုအဖြစ် ဧပြီလက ရန်ကုန်တိုင်းဒေသကြီး အလုံမြို့တွင် ဖြိုလက်စအဆောက်အအုံပြိုကျသောကြောင့် ဆောက်လုပ်ရေးအလုပ်သမားသုံးဦး သေဆုံးခဲ့သည်။ ဥပဒေအရ လုပ်ငန်းရှင်တွင် တာဝန်အပြည့်အ၀ရှိသော်လည်း အဆိုပါအမှုမျိုးမှာ ကရုဏာကြေးဟု ခေါင်းစဉ်တပ်ထားသည့် လျော်ကြေးနှင့်ပင် အမှုပိတ်သိမ်းလေ့ရှိသောကြောင့် ဥပဒေအရ အားနည်းချက်များရှိကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ရှေ့နေဦးမြင့်ဦးကပြောသည်။

ထို့အပြင် သတ္တုတူးဖော်ခြင်းလုပ်ငန်းများစွာရှိနေသည့် ဖားကန့်၊ ရမည်းသင်းနှင့် သပိတ်ကျင်းမြို့နယ်ကဲ့သို့ ဒေသများတွင်လည်း လုပ်ငန်းခွင်မတော်တဆမှုကြောင့် အလုပ်သမားသေဆုံးမှု မကြာခဏဖြစ်ပွားနေပြီး လုပ်ငန်းရှင်များအား ထိရောက်သောအရေးယူမှုမျိုး မရှိခဲ့ကြောင်း ဦးမြင့်ဦးကပြောသည်။

‘‘ကျွန်တော်တို့က ကန်ထရိုက်ကတစ်ဆင့် နေ့စားဝင်လုပ်ရတာဆိုတော့ သူတို့ကိုယ်ပိုင်အလုပ်သမားတွေဝတ်တဲ့ ၀တ်စုံတွေမရပါဘူး။ တောင်းတော့ မင်းတို့အတွက်မပါဘူးလို့ အလုပ်သမားခေါင်းကပြောတယ်။ လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင်ထွက်လို့ပြောတော့လည်း ဒီလိုပဲလုပ်နေရတာပေါ့’’ဟု ဘုရင့်နောင်ပွဲရုံအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ အသက်(၁၈)နှစ်အရွယ် ဆောက်လုပ်ရေးအလုပ်သမား ဝေလွင်ကပြောသည်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားတစ်ယောက် သေဆုံး၊ ဒဏ်ရာရပါက ကျန်ရစ်သူမိသားစုကို လုပ်ငန်းရှင်ကပေးသည့် လျော်ကြေးငွေ သိန်းဆယ်ဂဏန်းခန့် ငွေကြေးပမာဏမှာ ကာယကံရှင်မိသားစုအတွက် အလွန်များသည့် ငွေကြေးအဖြစ် ထင်မှတ်နေခြင်းကလည်း အရေးယူမှုအပိုင်းအားနည်းရခြင်း၏ အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း ဦးမြင့်ဦးက သုံးသပ်သည်။

‘‘မိသားစုဝင်တွေက တစ်ခါမှမရဖူးတဲ့ ငွေကြေးကိုယူပြီး ပြန်သွားတယ်။ ကုန်လည်းကုန်ရော ဒုက္ခတွေရောက်ကုန်ကြတယ်။ ငွေရရေးအတွက် အမြန်ကျေအေးလိုက်တော့လည်း အရေးယူတဲ့အပိုင်း မထိရောက်တော့ဘူးပေါ့’’ဟု ဆိုပါသည်။

ဆောက်လုပ်ရေးလုပ်ငန်းများစွာရှိနေသည့် ရန်ကုန်မြို့တွင် လုပ်ငန်းခွင်တော်တော်များများ၌ Safety First ဟူသည့် ဗီနိုင်းများ ဟိတ်ဟန်ကြီးကြီး ထားရှိကြသော်လည်း အမှန်တကယ်တွင်မူ လိုက်နာမှုများနည်းကြောင်း စမ်းချောင်းမြို့နယ် ကျွန်တောလမ်းရှိ ကားပါကင်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ နေ့စားအလုပ်သမား ဦးလှစိုးက ပြောသည်။

‘‘ကုမ္ပဏီတွေက သူတို့ကိုယ်ပိုင်အလုပ်သမားတွေကိုပဲ လုပ်ငန်းသုံးဝတ်စုံပေးတာ။ ကျွန်တော်တို့လို ကန်ထရိုက်ကခေါ်လို့ လာလုပ်တဲ့သူတွေကို မပေးဘူး။ ဒီအတိုင်းပဲ လုပ်နေရတာပဲ။ တစ်ခါတစ်လေ အမြင့်တွေတက်ရင်တောင် ပုဆိုးကွင်းသိုင်းပြီး တက်ရတာ’’ဟု ဆိုသည်။

‘‘အလုပ်သမားအများစုက ဗဟုသုတနည်းသလို လုပ်ငန်းရှင်ကလည်း တာဝန်ယူမှုအားနည်းတယ်။ အလုပ်သမားကိုယ်တိုင်က အမြင့်တက်ရင် လိုအပ်တဲ့လုံခြုံရေးဝတ်စုံလိုချင်ရင်တောင် အလုပ်ပိုင်ရှင်က ထုတ်မပေးတာမျိုးရှိတယ်။ ဒီမှာလက်ရှိသုံးနေတဲ့ ၀တ်စုံတွေကလည်း အရည်အသွေးညံ့ပါတယ်။ လိုအပ်ချက်တွေကတော့ အများကြီးပါ’’ဟု Global Enchanting Eduction Center မှ အတိုင်ပင်ခံ ဦးဝေဖြိုးဦးကပြောသည်။

လုပ်ငန်းခွင်အန္တရာယ် အများဆုံးရင်ဆိုင်နေရသည့် လုပ်ငန်းများမှာ ဆောက်လုပ်ရေး၊ သင်္ဘောကျင်း၊ သတ္တုနှင့် ရေနံတူးဖော်သည့် လုပ်ငန်းများအပြင် အမျိုးသမီးအများစု အလုပ်လုပ်နေသည့် အထည်ချုပ်ကဲ့သို့ စက်ရုံများဖြစ်နေပြီး ကျွမ်းကျင်လုပ်သားရှားပါးခြင်းကလည်း မတော်တဆဖြစ်ပွားမှုများခြင်း၏ အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း Hertz ElectriGroup အမည်ဖြင့် ဆောက်လုပ်ရေးလုပ်သားများအား လျှပ်စစ်ဝိုင်ယာရိန်းတပ်ဆင်နည်း သင်တန်းပေးနေသည့် မန္တလေးမြို့မှ ကိုတင်မောင်လတ်ကပြောသည်။

‘‘အများစုက လုပ်ရင်းနဲ့တတ်လာတာ။ ဒါပေမဲ့ နည်းပညာက တိုးတက်လာတော့ တချို့အပိုင်းတွေမှာ လိုအပ်ချက်တွေရှိတယ်။ စာတွေ့မရှိကြတော့ ပညာရပ်ပိုင်းဆိုင်ရာ အခက်အခဲရှိကြတယ်။ ဆောက်လုပ်ရေးပိုင်းမှာဖြစ်ဖြစ် ၀ိုင်ယာရိန်းပိုင်းမှာဖြစ်ဖြစ် ကျွမ်းကျင်လုပ်သားတွေသုံးဖို့ လိုသလို အရည်အသွေးမီတဲ့ အကာအကွယ်ပစ္စည်းတွေ ထုတ်ပေးနိုင်ဖို့ လိုတယ်။ ဒီအလုပ်တွေက တစ်ချက်အမှားမခံဘူးလေ’’ဟု ကိုတင်မောင်လတ်ကပြောသည်။

‘‘အလုပ်ရှင်တွေကလည်း အလုပ်သမားတွေ လုပ်ငန်းခွင်ထဲ ထိခိုက်မှုဖြစ်လာရင် ကုမ္ပဏီနာမည်မပျက်ဖို့ပဲ ဦးစားပေးဖြေရှင်းကြတာ။ အရည်အသွေးညံ့ပြီး တကယ့်ကို အကာအကွယ်မပေးနိုင်တဲ့ ပစ္စည်းတွေဝယ်ပေးထားတာကိုက အဓိပ္ပာယ်မရှိပါဘူး။ အလုပ်ရှင်တွေဘက်က တော်တော်လေးစိတ်ဝင်စားမှုနည်းပါးတယ်။ ကျွန်တော်  အကြံပြုချင်တာကတော့ ကျွန်တော်တို့အပြင် အစိုးရကိုယ်စားလှယ်တာဝန်ရှိသူတွေက စည်းကမ်းချက်တွေ တင်းတင်းကျပ်ကျပ်ထုတ်ပြန်ပြီး သတိပေးဖို့လိုနေပါပြီ’’ဟု ဦးအောင်ကိုက အကြံပြုသည်။

လုပ်ငန်းခွင်မတော်တဆမှုဖြစ်ပြီး လူသေဆုံး/ဒဏ်ရာရမှုများအနက် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လူသေမှုအများဆုံးဖြစ်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

‘‘ဆိုက်မှာတော့ safety First တွေ ဘာတွေ လာပြောမနေနဲ့။ ဘာမှကို ပြင်ဆင်မှုမရှိတာ။ နေပူပူ၊ မိုးရွာရွာ တစ်ချိန်လုံး အင်အားအကုန်သုံးပြီး လုပ်ရတာ။ ဒီကြားထဲ အလုပ်သမားခေါင်းက နေ့စားခကို ဖြတ်ယူတာ ခံရသေးတာ။ ဒီနားမှာတော့ အလုပ်သမားရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ အားလုံးနီးပါးမသိကြပါဘူး။ ကိုယ်ဖြစ်ကိုယ်ခံပဲ’’ဟု ဆင်မလိုက်သင်္ဘောကျင်းတွင် အလုပ်လုပ်နေသည့် ကိုဖိုးဝကပြောသည်။

လုပ်ငန်းခွင်အတွင်း မတော်တဆမှုများကြောင့် ထိခိုက်သေဆုံးမှုလျော့ကျရေးအတွက် လုပ်ငန်းခွင်သုံးပစ္စည်းများ သုံးစွဲလုပ်ကိုင်စဉ် ထိခိုက်သေဆုံးမှုဖြစ်ပါက သက်ဆိုင်ရာကုမ္ပဏီနှင့် စစ်ဆေးကြီးကြပ်သူတို့ကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ၌ လုပ်ငန်းခွင်အတွင်း အသုံးပြုနေသည့် လုံခြုံရေးပစ္စည်းများမှာ အလုပ်သမားများအတွက် လုံခြုံရေးအာမခံမရှိဘဲ အသုံးပြုနေသဖြင့် မကြာမီထွက်ရှိမည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာနည်းဥပဒေတွင် လုံခြုံရေးပစ္စည်းများ စစ်ဆေးသည့် အဖွဲ့ဖွဲ့၍ အရေးယူနိုင်ရေး ဥပဒေရေးဆွဲသွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သတင်းရရှိသည်။

အလုပ်သမားများ၏ လုပ်ငန်းခွင်အန္တရာယ်ထိခိုက်မှုအတွက် အကာအကွယ်ပေးသောဥပဒေများ ထုတ်ပြန်ပေးမည်ကို မျှော်လင့်သော်လည်း အမှန်တကယ် အန္တရာယ်ကင်းရှင်းရေးမှာ လိုအပ်ချက်များစွာရှိနေကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ရှေ့နေဦးနေ၀င်းက ထောက်ပြပြောဆိုသည်။

‘‘အလုပ်ရှင်တွေကိုယ်တိုင် အလုပ်သမားတွေရဲ့လုံခြုံရေးအတွက် အာရုံစိုက်မှုအားနည်းတယ်။ အကျိုးအမြတ်ကိုပဲ ဦးစားပေးတာမျိုးဖြစ်နေတယ်။ အလုပ်သမားဆိုတာလည်း စီးပွားဖက်ချင်းပဲလေ။  အလုပ်သမားတစ်ယောက် ထိခိုက်သွားရင် နောက်က သူတို့မိသားစုပါ ဒုက္ခရောက်တာ။ ၀န်ကြီးဌာနအနေနဲ့ အရေးယူမှုအပိုင်းမှာ လက်တွေ့ပါဖို့တော့ လိုတယ်’’ဟု ပြောသည်။

‘‘လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေနဲ့ သက်ဆိုင်ရာဌာနတာဝန်ရှိသူတွေ လက်တွဲညီညီနဲ့ ၀ိုင်းဝန်းဖြေရှင်းရင်တော့ ရဲတပ်ဖွဲ့ရဲ့ မှုခင်းစာရင်းမှာလည်း မတော်တဆမှုကြောင့်  အပြစ်မဲ့သူတွေသေတဲ့နှုန်း လျော့သွားမယ်လို့ မျှော်လင့်ပါတယ်’’ဟု အငြိမ်းစားရဲမှူးကြီးညွန့်လှိုင်ကပြောပါသည်။

7Day News Journal

ပုသိမ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို ဒေသခံများ ဆန္ဒပြ


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် မေလ ၂၀ ရက်နေ့ နံနက် ၉ နာရီက လူကုန်ကူးမှု ကျူးလွန်သူများကို ထိရောက်စွာ အရေးယူရန်နှင့် လူကုန်းကူခံရသူများကို လူသားဆန်စွာ ဆက်ဆံရန်အတွက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို လူကုန်ကူး ခံခဲ့ရသူများနှင့် မိသားစုဝင်များက ဆန္ဒဖော်ထုတ်ကြကြောင်း ယင်းဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ဦးမြင့်နိုင်က ပြောကြားသည်။

“လူကုန်ကူးခံရမှုနဲ့ ပတ်သက်ပြီး ကျွန်တော်သိတဲ့ အမှု ၅ ခုကြောင့် လူ ၁၆၀ ကျော်လောက် နစ်နာနေရတယ်။ သူတို့ကို နှစ်သိမ့် ဆွေးနွေးမှုနဲ့ ဆက်ဆံသင့်တယ်။ ပြီးတော့ လူကုန်ကူး တားဆီးနှိမ်နင်းရေးအဖွဲ့က အမှုဖွင့်တဲ့ အပိုင်းမှာ အားနည်းနေတယ်။ သက်ဆိုင်ရာ ဌာနတွေကလည်း အရေးယူ ဆောင်ရွက်မှု မရှိဘူး” ဟု ၎င်းကပြောဆိုသည်။

တစ်ရွာတည်နေ ကျေးရွာအုပ်ချုပ်ရေးမှူး၏ လူကုန်ကူးခြင်း ခံခဲ့ရသည့်အပြင် အကြွေးဆပ်နိုင်ခြင်း မရှိသည်ကို အကြောင်းပြ၍ လယ်မြေများကို သိမ်းယူခဲ့ခြင်းကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သော်လည်း အရေးယူခြင်း မရှိသည့်အပြင် တိုင်ကြားသူကိုပါ တရားစွဲဆိုမှုနှင့် ကြုံနေရကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့် ဦးဇော်က ပြောကြားသည်။

ပုသိမ်မြို့နယ် လူကုန်ကူး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုအနေနှင့် ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ် မေလပထမပတ်အထိ လူကုန်ကူးမှု ၁၅ မှုကို အမှုဖွင့်၍ တရားရုံးသို့ တင်ပြပေးပို့နိုင်ခဲ့ကြောင်း၊ ဆန္ဒဖော်ထုတ်သူများ အနေဖြင့် လူကုန်ကူးခြင်းနှင့် လူမှောင်ခိုခြင်းတို့ကို ဥပဒေနှင့်အညီ ခွဲခြားနားလည်မှု အားနည်းခြင်းကြောင့် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်နိုင်ကြောင်း ယင်းမြို့နယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု ဒုတိယရဲမှူး ဦးသက်ဦးက မှတ်ချက်ပြုသည်။

ဆန္ဒထုတ်ဖော်သူများသည် ပုသိမ်မြို့ မြို့တော်ခန်းမှ စတင်၍ မဟာဗန္ဓုလလမ်း၊ စကားဝါလမ်းနှင့် ပုသိမ်မြို့နယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုရုံးရှေ့အထိ ချီတက် ဆန္ဒဖော်ထုတ်ကြပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၅)အရ ခွင့်ပြုမိန့်အမှတ် (၄/၂၀၁၄) ဖြင့် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

မေလအတွင်း ဖုန်းဆင်းမ်ကတ် လေးသိန်း ချပေးမည်


မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူသည် ၈ ဒသမ ၄၅ သန်းအထိ ရောက်ရှိနေပြီး
 မေလအတွင်း တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ် လေးသိန်း ထပ်မံချထားပေးမည်ဟု မြန်မာ့
ဆက်သွယ်ရေးက မေ ၂၁ ရက်တွင် ထုတ်ပြန်ကြေငြာခဲ့ရာ အသုံးပြု သူ ၈ ဒသမ ၈၅ သန်းအထိ ရောက်ရှိလာနိုင်မည်ဖြစ်သည်။

ယင်းသို့ မေလအတွက် ထပ်မံချထားပေးလိုက်သောကြောင့် မြန်မာနိုင်ငံရှိ အိမ်ထောင်စုပေါင်း ၈ ဒသမ ၇ သန်းအထိရှိရာ အိမ်ထောင်စုတစ်စုလျှင် မိုဘိုင်းဖုန်းတစ်လုံး အသုံးပြုနိုင်သည့်အနေအထားသို့ ရောက်ရှိလာနိုင်မည် ဖြစ်သည်။

ကိန်းဂဏန်းအားဖြင့် ယင်းသို့ ရှိနေသော်လည်း အိမ်တိုင်းဖုန်းတစ်လုံးကိုင်နိုင်သည့် အခြေအနေကို အမှန်တကယ်ရောက်ရှိခြင်း မရှိသေးဟု Mr.Htet Computer ဆိုင်၏ ဒါရိုက်တာ ကိုထက်လင်းစိုးက ပြောသည်။

ကိုထက်လင်းစိုးက“အရေအတွက်အရ အိမ်တစ်အိမ်မှာ ဖုန်းတစ်လုံးအသုံးပြုနိုင်ရမှာဖြစ်ပေမယ့် အမှန်တကယ် အိမ်တိုင်းဖုန်း အသုံးမပြုနိုင်သေးပါဘူး။ မြန်မာ့ဆက်သွယ်ရေးအနေနဲ့လည်း မဲနှိုက်ရောင်းချ ပေးတဲ့စနစ်နဲ့ ရောင်းချပေးတာမျိုး မဟုတ်ပဲ လိုအပ်သူတွေ အမှန်တကယ်ဝယ်ယူ အသုံးပြုနိုင်တဲ့ အနေအထားမျိုး ပြုလုပ်ပေးသင့်တယ်။ သူတို့အနေနဲ့လည်း ပြည်ပအော်ပရေတာတာ မရောင်းချခင်တည်းက ဆင်းမ်ကတ် အရေအတွက်ကို အများအပြားတောင်ချထားပေးသင့်တယ်”ဟု သုံးသပ်ပြောကြားသည်။
ယင်းအပြင်ပြင်ပဈေးကွက်တွင် မိုဘိုင်းဆင်းမ်ကတ်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် လူတစ်ဦးလျှင် ဖုန်းတစ်လုံးကိုင်နိုင်ရန် ခက်ခဲနေဆဲဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ကိုထက်လင်းစိုးက “ပြင်ပဈေးကွက်မှာ မိုဘိုင်းဆင်းကတ်ဈေးက လေးသောင်းကနေ တစ်သိန်းကျော်အထိ ဈေးတွေဖြစ်ပေါ်နေခြင်းကလည်း လူတိုင်းဖုန်းဝယ်မသုံးနိုင်တဲ့ အခြေအနေကို ဖြစ်ပေါ်စေပါတယ်”ဟု ပြော သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လစဉ်တယ်လီဖုန်းများချထားပေးရာတွင် ဖုန်းလိုင်းကျပ်တည်းသည့် နေရာဒေသအပေါ်မူတည်၍ တိုင်းနှင့်ပြည်နယ်အလိုက် တယ်လီဖုန်းများချထားပေးနေရကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အင်ဂျင်နီယာများက မဇ္ဈိမကို ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးငွေစိုးက“တန်ဖိုးနည်းဖုန်းတွေ ချထားပေးတဲ့အခါမှာ တယ်လီဖုန်း Traffic ( တယ်လီဖုန်း လိုင်းကျပ်ခြင်း) ကို ကြည့်ပြီး ချထားပေးနေရတယ်။ နောက်ပြီး MEC ဖုန်းဆင်းမ်ကတ်တွေနဲ့ MPT ကတ်နဲ့ကို မျှဝေချထားပေးရတာတွေရှိတယ်”ဟု ပြောသည်။

မေလအတွင်း တန်ဖိုးနည်းဖုန်းချထားပေးရာတွင် ရန်ကုန်တိုင်းဒေသအတွင်းရှိ ဆင်းမ်ကတ်ခွဲတမ်းတွင် GSM ပါဝင်ခြင်း မရှိဘဲ MEC CDMA ဖုန်းဆင်းကတ် ၂၅၀,၀၀၀ နှင့် ပင်စင်စားများအတွက် WCDMA ဆင်း ကတ် ၁၅,၀၀၀ အထိသာချထားပေးမည်ဟု ထုတ်ပြန်ထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းလိုင်းအင်အားတိုးချဲ့ခြင်း စီမံကိန်းအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မိုဘိုင်းလိုင်းအင်အား ငါးသန်းနှင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင်လည်း မိုဘိုင်းအင်အား ငါးသန်းတိုးချဲ့ရန် စီစဉ်ထားသည်။ ပြည်ပအော်ပရေတာများဖြစ်သော တယ်လီနော နှင့် အူရီးဒူးတို့ကလည်း လာမည့်လအနည်းငယ်အတွင်း မိုဘိုင်းဆင်းမ်ကတ်များ စတင်ချထားပေးနိုင်တော့မည် ဖြစ်သည်။

Mizzima Burmese

ယာဉ်နှင့် ယာဉ်မောင်းကို ထိန်းချုပ်ပေးနိုင်သောစနစ် အဝေးပြေး ယာဉ်များတွင် တပ်ဆင်မည်


အဝေးပြေး အမြန်လမ်းမကြီးများပေါ်တွင် အကြောင်းအမျိုးမျိုးကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ကာ လူအများအပြား သေဆုံးမှုများ ဖြစ်ပေါ်လျက် ရှိရာ အဝေးပြေး ယာဉ်လိုင်းအချို့သည် ဂြိုဟ်တုနှင့် ချိတ်ဆက်ကာ အဝေးပြေးယာဉ်နှင့် ယာဉ်မောင်းကို ထိန်းချုပ်၊ ညွှန်ကြားပေးနိုင်သော B-smart GPRS network system အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း JJ express အဝေးပြေးယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုလက်ရှိ ကားတွေမှာတော့ မိုင်နှုန်း စစ်ဆေးတဲ့ စက်တွေ တပ်ဆင်ထားပြီးတော့ အထူးကားတွေ ပေါ်မှာတော့ Skynet ရုပ်သံလိုင်း တပ်ဆင် အသုံးပြုထားပါတယ်။ ဒီ GRPS network တပ်ဆင် အသုံးပြုဖို့ကတော့ အထက်လူကြီးတွေကို တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ B-smart GPRS Network System သည် ဂြိုဟ်တုနှင့် ယင်းတပ်ဆင် အသုံးပြုထားသော အဝေးပြေးယာဉ်ကို တိုက်ရိုက်ချိတ်ဆက် အလုပ်လုပ်ဆောင်ခြင်း ဖြစ်ပြီး အဝေးပြေးယာဉ် တစ်စီးလုံးကို ထိန်းချုပ်နိုင်ကာ၊ ယာဉ်မောင်းနှင်သူ၏ မောင်းနှင်နေသည့် အနေအထား၊ အမြန်နှုန်း၊ ဘရိတ် အသုံးပြုပုံနှင့် အခြား အချက်အလက် များစွာကို ၅ စက္ကန့်လျှင် တစ်ကြိမ်မျှ စစ်ဆေးနိုင်ကြောင်း၊ ယင်းအပြင် လိုအပ်သည့် အရာများကိုလည်း ဖုန်းလိုင်းမလိုဘဲ B-smart စက်မှတစ်ဆင့် တိုက်ရိုက် ညွန်ကြားနိုင်ကြောင်း B-smart GPRS network system ကို စတင်တပ်ဆင် စမ်းသပ် အသုံးပြုနေသော အကယ်ဒမီယာဉ်လိုင်း လုပ်ငန်းရှင် ဦးတူးက ပြောကြားသည်။

“တပ်ဆင်ထားတဲ့ကား စပြီး စက်နှိုးလိုက်တဲ့ အချိန်က စပြီးတော့ ခရီးဆုံး ကားစက်ပိတ်လိုက်တဲ့ အချိန်အထိ ကားတစ်စီးလုံးရဲ့ Data အားလုံးကို စက္ကန့်ပိုင်းအတွင်း Google earth ကနေ အချက်အလက် အားလုံးကို သိရှိနိုင်တယ်။ လိုအပ်တဲ့ သတိပေးချက်၊ ညွန်ကြားချက်ကိုလည်း ဖုန်းလိုင်း ပြတ်တောက်တဲ့ နေရာဖြစ်ပါစေ မောင်းနှင်နေသူကို ဒီတပ်ဆင်ထားတဲ့ B-smart စက်ကနေ ဆက်သွယ်လို့ ရတယ်” ဟု ၎င်းက ထပ်မံ ပြောကြားသည်။

ယင်းနည်းပညာကို အခြားယာဉ်လိုင်းများ တပ်ဆင်အသုံးပြုသည်နှင့် မိမိတို့ ယာဉ်လိုင်းရှိ အဝေးပြေး ယာဉ်အားလုံးကိုလည်း တပ်ဆင် အသုံးပြုသွားရန် စီစဉ်လျက် ရှိကြောင်း၊ ယခု ပြေးဆွဲလျက် ရှိသော ယာဉ်များမှာ အထူးအဆင့်မြင့် ကားများဖြစ်ပြီး၊ ယာဉ်မောင်းများမှာလည်း ကျွမ်းကျင် ယာဉ်မောင်းများ ဖြစ်သောကြောင့် ခရီးသည်များကို လုံခြုံစိတ်ချမှု အကောင်းဆုံး ပေးနိုင်ကြောင်း အဝေးပြေးယာဉ်လိုင်းများ တည်ထောင်ထားသည့် GI group တာဝန်ခံ ဦးဇော်မင်းဌေးက ပြောကြားသည်။

“ဒီလိုစနစ်ကို ကားလိုင်းအားလုံး တပ်ဆင်အသုံးပြုဖို့ ကောင်းတယ်။ ဒီစနစ်က ဖုန်းလိုင်း မရရင်တောင်မှ သူတို့ System အရ ကားသမားကို သူတို့ စက်ကနေ အချက်ပေးတာတို့၊ ညွန်ကြားတာတို့ကို လုပ်ဆောင်ပေးလို့ ရတယ်။ ည ၁ နာရီ ကျော်တာနဲ့ ကားမောင်းတဲ့သူကို အချက်ပေး Alarm အသံပေးတာကိုလည်း ဒီကားစီးရင်း ကြားခဲ့ရတယ်” ဟု အကယ်ဒမီ ယာဉ်လိုင်းမှ GRPS network တပ်ဆင်ထားသော ကားတစ်စီးနှင့် မန္တလေးမှ ရန်ကုန်သို့ ခရီးသွားခဲ့သူ မန္တလေး ကွန်ပျူတာပညာရှင်အသင်း တွဲဖက်အတွင်းရေးမှူး ဦးနေဝင်းအောင်က ပြောဆိုသည်။

ယင်းအပြင် ယာဉ်မတော်ဆမှုများ မဖြစ်ပေါ်စေရန် ယာဉ်မောင်းများကို သင်တန်းပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ အဝေးပြေး ခရီးသည် ပို့ဆောင်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောကြားသည်။

လမ်းအရှည် ၃၆၆ မိုင်ခန့် ရှည်လျားသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်ဆမှုကြောင့် တစ်မိုင် တစ်ဦးနှုန်း သေဆုံးမှု ရှိနေသည့်အတွက် ယခုအခါ လမ်းချဲ့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

The Voice Weekly