ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးဆန္ဒဖေါ်ထုတ်ခြင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လက်မှတ်ထိုးမည်။

ပို့စ်တင်ချိန် - 5/22/2014 10:03:00 PM


အဖွဲ့ချုပ်နှင့်၈၈မျိုးဆက်ပူးပေါင်းဆောင်ရွက်မှုဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၃၆ပြင်ဆင်ရေးလက်မှတ်ထိုးဆန္ဒဖေါ်ထုတ်ခြင်း
အား မေလ ၂၇ ရက်နေ့တွင် တပြည်လုံးအတိုင်းအတာဖြင့်စတင်ဆောင်ရွက်မည်ဖြစ်ပါသည်။

ယင်းမေလ ၂၇ ရက်နေ့ နံနက် ၈:၃၀နာရီတွင် နေပြည်တော်ကောင်စီ၊ ဥတ္တရသီရိမြို့နယ် အဖွဲ့ချုပ်ရုံးတွင် အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်း
စုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးဆန္ဒပြုမည်ဖြစ်ပါသည်။

ထို့နောက် ပြည်သူများမိမိဆန္ဒအလျောက် လက်မှတ်ရေးထိုးခြင်းအစီအစဉ်ဆောင်ရွက်ထားမှုများကိုစစ်ဆေးခြင်း၊ လက်မှတ်ထိုး
ဆန္ဒပြုမည့် ပြည်သူများ၊အဖွဲ့ဝင်များအား စကားပြောကြားခြင်းစသည်တို့ပြုလုပ်ပြီးနောက် ခန့်မှန်းအချိန် နံနက် ၉နာရီခန့်တွင် ပုဗ္ဗသီရိမြို့နယ်အဖွဲ့ချုပ်ရုံးသို့သွားရောက်ကာ အလားတူပင် စစ်ဆေးခြင်း၊စကားပြောကြားခြင်းများပြုလုပ်ပါမည်။

ထို့နောက် ဇေယျာသီရိမြို့နယ်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် အဖွဲ့ချုပ်ရုံးများတွင်လည်း လက်မှတ်ရေးထိုးခြင်းအစီအစဉ်
ဆောင်ရွက်ထားမှုများအား စစ်ဆေးခြင်း၊ ပြည်သူလူထုနှင့်စကားပြောကြားခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သတင်းရရှိပါသည်။

သတင်း-National League for Democracy.