ဝူခုံး တိယဇာတ်လမ်းတွဲကို မြန်မာပြည် အခြေခံပြီး ရိုက်ကူးလိုတယ်လို့ ပြော

ပို့စ်တင်ချိန် - 5/22/2014 08:27:00 PM


မြန်မာပရိသတ်အကြိုက်တွေ့တဲ့ တရုတ်ဇာတ်လမ်းတွဲ Journey to the west က ၀ူခုံးဇာတ်ဆောင် Liu Xiao Ling Tongဟာ ရန်ကုန်မြို့ကို ရောက်ရှိနေပြီး သူ့ရဲ့ တတိယဇာတ်လမ်းတွဲကို မြန်မာပြည် အခြေခံပြီး ရိုက်ကူးလိုတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မျောက်မင်း ၀ူခုံးဇာတ်ဆောင် Liu Xiao Ling Tongနဲ့ ၇န်ကုန်ပရိသတ် တွေ့ဆုံပွဲမှာ ကျောက်တန်းဘက်က မိဘမဲ့စာသင်ကျောင်းတကျောင်းကို အလှူငွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့လဲ ပြောပါတယ်။ ၀ူခုံးဇာတ်ဆောင် မြန်မာပြည်လာတဲ့အချိန်ဟာ သူ့ဇာတ်လမ်းတွဲ Journey to the west အနောက်ဘက်သို့ ခရီးသွားခြင်းကို စကိုင်းနက်ရုပ်သံလိုင်းက အတွဲလိုက် ထုတ်လွှင့်ပြသနေချိန်လဲ ဖြစ်တာမို့ ဇာတ်လမ်းတွဲကြော်ငြာသဘောမျိုး ရောက်လာတာလဲ ဖြစ်ပါတယ်။ သူ့ခရီးစဉ်အတွင်း မန္တလေး၊ နေပြည်တော်နဲ့ ပုဂံတို့ကို သွားရောက်မှာဖြစ်ပြီး မေလ ၂၆ရက်မှာ မြန်မာပြည်က ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

DVB TV News