မိတ္ထီလာ ဘကြီးဆန်ပွဲရုံက ရထပတပ်မှဆန်ကောင်းဆန်ညံ့လဲလှယ် သည့် သတင်းရေးသားသူအား ပုဒ်မ-၅ဝဝဖြင့် တရားစွဲဆိုသည့်အမှု မေ ၂၃ တွင် စီရင်ချက်ချမည်

ပို့စ်တင်ချိန် - 5/22/2014 03:49:00 PM


ရထပတပ်မှ ရိက္ခာဆန်များကို ဘကြီးဆန်ပွဲရုံမှ ဆန်ကောင်း ဆန်ညံ့နှင့်လဲလှယ်ယူသည့်သတင်းကို သတင်း ထောက်ဦးတင်လှိုင်က MESSENGER သတင်းစာတွင် သတင်းရေးသားခဲ့သည့် အတွက် ဘကြီးဆန်ပွဲရုံပိုင်ရှင် ဒေါ်မြမြက သတင်းရေးသားသူ ဦးတင်လှိုင်အား မိတ္ထီလာမြို့နယ် တွဲဖက်တရားသူကြီး ဦးဇော်ခါး၏ရုံးတွင်၂ဝ၁၃ခု၊
ဇူလိုင် လ၂၆ ရက်နေ့ က ပုဒ်မ-၅ဝဝ အသရေ ဖျက်မှုဖြင့် တရားစွဲဆိုခဲ့ရာ ရုံးတော်က ပြစ်မှုကြီး အမှတ် ၄ဝ၁၁/၂ဝ၁၃ ဖြင့် လက်ခံကြားနာစစ်ဆေးခဲ့သည်။

အမှုကို နှစ်ဖက်သက်သေများအားစစ်ဆေးပြီး မေလ ၁၅ ရက်က အပြီးသတ်လျှောက် လဲချက်တင်ခဲ့ရာ မြို့နယ်တရားရုံးက မေလ ၂၃ရက် နေ့တွင် စီရင်ချက်ချမည် ဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ် ကွက်ရှိ အမှတ်(၁) အခြေချထောက်ပံ့ခွင့် ပို့ဆောင်ရေးတပ်၏ မမှန်မကန်လုပ်ရပ် များကို တပ်မတော်အကြီးအ
ကဲများထံ စာရေးသားတိုင်ကြားခဲ့သဖြင့် ၂ဝ၁၃ ခု၊ ဇွန်လ ၂၃ ရက်နေ့က တပ်မတော် စစ် ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး သောင်းအေး ဦးဆောင်သည့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (စစ်ဦးစီးပထမတန်း) အပါအဝင် စာရင်းစစ် အဖွဲ့ဝင်များနှင့် ကြည်းရေလေ ဗိုလ်မှူး အဆင့် အရာရှိကြီး များပါဝင်သည့် အဖွဲ့ပေါင်းစုံက ရှောင် တခင်ဝင်ရောက် စစ်ဆေးခဲ့သည်။

ချမ်းသာ (မိတ္ထီလာ)
Popular Myanmar News Journal