ကမ္ဘာကို ပြောင်းလဲဖို့ မြန်မာအဆိုတော်တွေနဲ့ လက်တွဲမယ့် အမေရိကန်အဆိုတော် Jana Stanfield

ပို့စ်တင်ချိန် - 5/22/2014 08:41:00 PM



မြန်မာနိုင်ငံကို ပထမဆုံးရောက်လာတဲ့ နာမည်ကျော် အမေရိကန် အဆိုတော် Jana Stanfield တစ်ယောက် မြန်မာပြည်မှာ ကြင်နာမှုဆိုတာကို ရှာတွေ့ခဲ့ပါပြီ။ ကြင်နာမှုဆိုတာကို သင်ပေးလို့မရဘူးလို့ သူကဆိုပါတယ်။ သူဟာ သီချင်းဆိုတာအပြင် လူတွေကို စိတ်ခွန်အားပေးနိုင်ဖို့ အမြဲလိုလို တက်ကြွနေသူပါ။

သူကိုယ်တိုင်ရေးတဲ့သီချင်းတွေဟာ အမေရိကန်ပြည်ထောင်စုမှာ စီဒီချပ်ရေပေါင်း သန်းနဲ့ချီရောင်းရအောင် နာမည်ကြီးသူပါ။ အခုတော့ မြန်မာပြည်က ဂီတသမားတွေနဲ့ တွေ့ဆုံပြီး ကမ္ဘာက မြန်မာကိုသိသွားစေမယ့် သီချင်းတစ်ပုဒ်ကို အားလုံးဝိုင်းဆိုကြဖို့ စိတ်အားထက်သန်နေတယ်လို့ သူက ပြောပြပါတယ်။

လူတစ်ယောက်ကို ငါးတွေပေးတာထက် ငါးဖမ်းနည်းကို သင်ပေးတာဟာ ပိုကောင်းတယ်လို့ ယုံကြည်တဲ့ ဂျဲနက်အတွက် မြန်မာပြည်မှာ မိန်းကလေးတွေအတွက် ပညာရေးတန်ဖိုးထားတာကို တွေ့မြင်ရလို့ သိပ်ကို ဝမ်းသာစရာကောင်းတယ်လို့ ဆိုပါတယ်။ မြန်မာပြည်ကို သူတစ်ထပ်လာဦးမယ်လို့ ဆိုပါတယ်။

Kamayut Media