ပြည်ခိုင်ဖြိုးအမတ်သုံးဦး ကျောက်တံတားမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များနှင့် တွေ့ဆုံ

ပို့စ်တင်ချိန် - 5/22/2014 10:33:00 AM

ပြည်ခိုင်ဖြိုးအမတ်များ အစ္စလာမ်ဘာသာဝင်များနှင့်တွေ့ဆုံစဉ်(ဓာတ်ပုံ−ဇေနွေထွန်း)

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် သုံးဦးသည် ကျောက်တံတားမြို့နယ် ရပ်မိရပ်ဖ အစ္စလာမ်ဘာသာဝင်များနှင့် ဗိုလ်အောင်ကျော်လမ်းရှိ စီအက်စ်၊ အာရ်ကတ္တီဗလီ၌ ပထမဆုံးတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်တံတားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစိုးဝင်း၊ ကျောက်တံတား၊ ပန်းဘဲတန်း၊စမ်းချောင်း၊ ဗဟန်း၊ မရမ်းကုန်း၊ ဒဂုံ ခြောက်မြို့နယ် ၏ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးဝင်းနောင်၊ တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စား လှယ်၊ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် (၁) မှ ဦးမျိုးသိန်းတို့ သည် ကျောက်တံတားမြို့နယ်မှ ရပ်မိရပ်ဖအစ္စလာမ်ဘာသာဝင် များနှင့် မေ ၂၀ ရက် မွန်းလွဲပိုင်း က တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

‘‘အစ္စလာမ်ဘာသာဝင် တွေနဲ့ ပဲတွေ့တာ။ ဘာသာရေးနဲ့ ခွဲခြားပြီး လုပ်တာတော့ မဟုတ်ပါ ဘူး။ နေရာအခက်အခဲရှိလို့ ဒီမှာ အဆင်ပြေတယ်။ ဒီမှာ တွေ့ဆုံ ပေးပါဆိုလို့၊ ဘာသာရေး ကြောင့် ခွဲပြီးတွေ့တာမဟုတ်ပါ ဘူး’’ဟု ကျောက်တံတားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစိုးဝင်းကပြောသည်။

ဗိုလ်အောင်ကျော်ဗလီဟု လူသိများသည့် စီအက်စ်၊ အာရ် ကတ္တီဗလီတွင် ဂေါပကအဖွဲ့ဝင် ဟာဂျီဦးခင်မောင်လှအပါအ၀င် ရပ်မိရပ်ဖအစ္စလာမ်ဘာသာဝင် ၄၀ ခန့်တက်ရောက်ခဲ့ပြီး အချိန် တစ်နာရီခွဲကြာ တွေ့ဆုံဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

‘‘မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မတွေ့တာ ကြာပြီ။ လွှတ်တော်မှ တွေ့ရှိချက် တွေကို ဂေါပကအဖွဲ့နှင့် ရင်းနှီး နေလို့ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းတာပါ’’ဟု တက်ရောက် ခဲ့သူ ဦးမောင်မောင်နိုင်ကဆို သည်။

၂၀၁၀ပြည့်နှစ် ရွေးကောက် ပွဲတွင် ယခုကိုယ်စားလှယ်များအား မဲပေးခဲ့ပြီး ကိုယ်စားလှယ်က လွှတ်တော်အတွေ့အကြုံရှင်း လင်းသည့်ပွဲဖြစ်ပြီး တက်ရောက် သူနည်းပါးခြင်းမှာ လူရွေးချယ် ဖိတ်ကြား၍ဖြစ်ကာ မဲဆွယ်ခြင်း မဟုတ်ကြောင်း တက်ရောက်သူ အစ္စလာမ်ဘာသာဝင်များထံမှ သတင်းရရှိသည်။

လွှတ်တော်ကိုယ်စားလှယ် များက ၎င်းတို့၏ လွှတ်တော်တွင်း အတွေ့အကြုံများ၊ ကျောက်တံ တားမြို့နယ်အတွင်းနေထိုင်သော မဲ ဆန္ဒရှင်ပြည်သူများ၏ အခက် အခဲများ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ခြင်းဆိုင်ရာ အချက်များကို ဆွေးနွေးသွားခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်တံတားမြို့နယ် တွင် ဧည့်စာရင်းဖြင့် နေသူများ အပါအ၀င် လူဦးရေ သုံးသောင်း ကျော်ရှိသည်။

Author:
ဇေနွေထွန်း
7Day Daily