အလေးချိန်ပေါင် ၂၇၀၀၀ သယ်ဆောင်နိုင်မည့်အမေရိကန်ရေတပ်၏ Heavy-Duty Helicopter

ပို့စ်တင်ချိန် - 5/22/2014 01:30:00 PM


ယခုတစ်ပတ်အတွင်း ကာကွယ်ရေးပစ္စည်းထုတ်လုပ်သူများအနေဖြင့် Stallion ဟုအမည်ပေးထားသော ကွဲပြားခြားနားသော ယာဉ်နှစ်မျိုးအား ထုတ်ဖော်ပြသခဲ့ပါသည်။ ပထမတစ်မျိုးမှာ King Stallion
ဟုအမည်ပေးထားသော ရဟတ်ယာဉ်အား လေယာဉ်ထုတ်လုပ်ရာ၌ နာမည်ကြီးသော Sikorsky မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၄င်းလေယာဉ်သည် အနာဂတ်တွင် အလေးချိန်အများအပြားကို သယ်ဆောင်နိုင် မည်ဖြစ်သလို တပ်ဖွဲ့များစွာ နှင့်ယာဉ်ပေါင်းများစွာကို စစ်ပွဲအတွင်းသို့ သယ်ယူပို့ဆောင်ပေးရန် စွမ်းဆောင် နိုင်မည်ဖြစ်ပေသည်။


ယခုရဟတ်ယာဉ်သည် Stallion Copter အား တတိယမြောက်ပြုပြင်ပြောင်းလဲထားခြင်း ဖြစ်ပြီး မူလအစက Sea Stallion ဟုခေါ်ကာ ဗီယက်နမ်တိုက်ပွဲတွင် တပ်ဖွဲ့များနှင့်ယာဉ်များကို သယ်ယူပို့ဆောင် ပေးခဲ့ပါသည်။ ထို့ကြောင့် အချိန်ကာလအားဖြင့် တွက်ကြည့်လျှင် Sea Stallion သည် သက်တမ်းကြာရှည်ခဲ့ သောကြောင့် ၂၀၁၂ ခုနှစ်တွင် အနားပေးခြင်းခံခဲ့ရပါသည်။ ထို့နောက် Super Stallion ဟုအမည်ပေးထား သော ရဟတ်ယာဉ်အားတီထွင်ထုတ်လုပ်ကာ ၁၉၈၁ ခုနှစ်တွင် စတင်အသုံးပြုခဲ့ကြပြီး ၄င်းကို အီရတ်စစ်ပွဲတွင် အသုံးပြုခဲ့ကြသလို ယနေ့အချိန်အထိလည်း ဆက်လက်အသုံးပြုလျက်ရှိကြောင်း သိရှိရပါသည်။

ဒုတိယ Stallion မှ Stallion II ဖြစ်ပြီး Jordan`s King Abdullah Design & Development Bureau မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ကာ သံချပ်ကာလူသယ်ယာဉ်အမျိုးအစား ဖြစ်ပါသည်။ ၄င်းယာဉ်သည် SUV နှင့် ဆင်တူသော်လည်း SUV ထက်၊ ကင်မရာပိုမိုပါဝင်ခြင်း၊ ပေါ့ပါးခြင်း၊ ကျည်ကာစနစ်ပိုမိုကောင်းမွန်ခြင်း အပြင် တပ်ဖွဲ့ဝင်များအတွက်လည်း နေရာလုံလောက်စွာ ပါရှိပါသည်။ ထို့အပြင် ၄င်းယာဉ်၏ အလေးချိန်သည် King Stallion သယ်ဆောင်ရန်အတွက် သင့်တော်သော အလေးချိန်ဖြစ်ပါသည်။

ပထမဦးဆုံး Stallion ယာဉ်အနေဖြင့် တပ်ဖွဲ့ဝင် သုံးဦးမှ ငါးဦးအထိသာ တင်ဆောင်နိုင်သော်လည်း ယခုယာဉ်သည် ရှစ်ဦးအထိ တင်ဆောင်နိုင်ပါသည်။ တပ်ဆင်ထားသော ကင်မရာစနစ်သည် သမားရိုးကျသာ မက အနီအောက်ရောင်ခြည်ဖြင့်ပါ ၃၆၀ ဒီဂရီကြည့်ရှုနိုင်ပါသည်။ ထိုကဲ့သို့ စနစ်များ ပေါင်းစပ်ပါဝင်ထားသော်လည်း Stallion II ၏ အလေးချိန်သည် မူလပထမ Stallion ကဲ့သို့ပင် ၁၆၅၀၀ ပေါင် အလေးချိန်သာရှိပါသည်။ ၄င်းအလေးချိန်သည် အီရတ်တွင် အမေရိကန်တပ်ဖွဲ့ဝင်များအသုံးပြုနေသည့် Humvees ထက်အလေးချိန်ပိုမိုသော်လည်း လက်ရှိအာဖဂန်တွင် ကင်းလှည့်ရာ၌ အသုံးပြုနေသည့် MRAPs ထက် ပိုမိုပေါ့ပါးပါကြောင်း သိရှိရပါသည်။

Ref:PC
WorldWide(BMSTU)
TechSpace Journal