ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် တပ်မတော် အခွင့်အရေး လျော့ချနေခြင်းမဟုတ်

ပို့စ်တင်ချိန် - 11/19/2013 01:01:00 PM

နေပြည်တော်ဇမ္ဗူသီရိမြို့နယ် လက်ပံခါးလှကျေးရွာတွင်ကျင်းပပြုလုပ် သော ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထားရယူပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မောင်ပိုင်

နေပြည်တော် ၊ နိုဝင်ဘာ ၁၈ ။         ။ တပ်မတော်၏အခွင့်အရေးများ ကိုလျှော့ချရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို ဆောင် ရွက်နေခြင်းမဟုတ်ကြောင်း အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ကပြောကြား သည်။ နိုဝင်ဘာ ၁၈ရက်က နေပြည်တော်ဇမ္ဗူသီရိမြို့နယ် လက်ပံခါးလှကျေးရွာတွင်ကျင်း ပပြုလုပ်သော ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထားရယူပွဲတွင် ဒေါ် အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြား ခဲ့ခြင်းဖြစ် သည်။

ပြင်ဆင်ရေး(သို့)အသစ်ပြန် လည်ရေးဆွဲရေး လူထုသဘော ထားရယူသည့်အခမ်းအနားတွင် လူထုအား ယင်းသို့ပြောကြား ခြင်းဖြစ်သည်။ ''ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ပြောရင် ရာဇဝတ်ဒဏ် သင့်မယ်ဆိုတဲ့ စိုးရိမ်ကြောင့်ကြ နေသူတွေ လဲရှိ တယ်။ ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ် သက်လို့ ကျွန်မတို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နဲ့ တပ်မတော် ကြားမှာစိတ်ဝမ်းကွဲအောင် တိုက် ပေးနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်။ အဲ့ ဒါတွေကို ကျွန်မတို့က ရှင်းရှင်း လင်းလင်းပြင် ရမယ်။ ကျွန်မတို့ က တပ်မတော်ရဲ့အခွင့်အရေးတွေ ကိုလျှော့ချဖို့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လုပ်နေတာ မဟုတ်ဘူး။ ကျွန်မတို့ရဲ့ တပ်မ တော်ကို ဒီမိုကရေစီစနစ်နဲ့ ကိုက် ညီတဲ့ တပ်မတော်ကောင်းတစ်ခု ဖြစ်ဖို့၊ မြင့်မြတ်တဲ့ တပ်မ တော် ကောင်းတစ်ခုဖြစ်ဖို့၊ ပြည်သူလူ ထုက လေးစားတဲ့တပ်မတော် ကောင်းတစ်ခုဖြစ်စေချင်လို့ ကျွန် မတို့ ဒီအခြေခံဥပဒေကိုပြင်ဆင် ဖို့ တိုက်တွန်းနေခြင်းသာဖြစ်တယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နေပြည်တော် ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ လူ ထုဆန္ဒ သဘောထားရယူပွဲ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲရေးအတွက် လူထုသဘောထားရယူခဲ့ပြီး နေ ပြည်တော်ကောင်စီနယ်မြေ ရှစ် မြို့နယ်အပြင် ဆက်စပ် မြို့နယ် များမှ လူထုများပါ လာရောက်ခဲ့ ပြီး လူဦးရေနှစ်သောင်းခန့် တက် ရောက်ခဲ့သည်။ ဆန္ဒသဘောထား ခံယူရာတွင် ပြင်ဆင်လိုသည့်လူ ထုသည် ၈၈ရာခိုင်နှုန်းရှိခဲ့ပြီး အ သစ် ပြန်လည်ရေးဆွဲရေးလူထု သည် ၁၂ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လူများစုရဲ့ဆန္ဒကိုလဲ လိုက်နာဖို့လိုသလို လူနည်းစုရဲ့ ဆန္ဒကိုလဲ လျစ်လျူမရှုသင့်ကြောင်း၊ လူနည်းစုကလဲ လူများစုရဲ့ဆန္ဒ သဘောကို ဝိုင်းဝန်းကူညီဖို့လို ကြောင်း ပြောကြား ခဲ့သည်။

အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ်သည် ၂၀၀၈- ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် အသစ်ပြန်လည်ရေးဆွဲရေးအ တွက်  လူထုဆန္ဒသဘောထားရယူ ပွဲကို နိုဝင်ဘာ၁ဝရက်က ရန်ကုန် တွင်ပြုလုပ်ခဲ့ပြီး ဒေသတချို့တွင် ဒီဇင်ဘာ၁၅ ရက် အထိ အဆိုပါ ဆန္ဒသဘောထားခံယူပွဲများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယင်းမှရရှိလာ သော ပြည်သူများ၏ဆန္ဒသဘော ထားများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူး ပေါင်းကော်မတီသို့ ပေးပို့သွား မည်ဟုသိရသည်။

မောင်ပိုင်
Yangon Media Group