လှိုင်သာယာမြို့နယ်တွင် ခိုးမှုကျူးလွန်သူများအား ဖေါ်ထုတ်ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 11/19/2013 01:22:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၁၉

၁၅.၁၁.၂၀၁၃ရက်နေ့ ၀၅၀၀အချိန်တွင် မမြမြသန်း(ရောင်း/၀ယ်)(ဘ)ဦးသောင်းတင်၊အမှတ်(၁၉၅၇)၊ကျန်စစ်သားလမ်း၊ရွှေလင်ဗန်းကျေးရွာ၊
လှိုင်သာယာမြို့နယ်နေသူသည် အိမ်ရှေ့တံခါးပွင့်နေသည်ကိုတွေ့ရသဖြင့်
နေအိမ်အတွင်းစစ်ဆေးရာ ဈေးရောင်းရာတွင်အသုံးပြုသည့် သေတ္တာငယ်
အတွင်းထည့်ထားသော ငွေစက္ကူရောရာငွေကျပ် (၁၀၀၀၀) ပျောက်ဆုံး
နေသည်ကိုတွေ့ရ၍ ထပ်မံစစ်ဆေးစဉ် အိပ်ယာခေါင်းရင်းတွင်ထားသည့်
ရွှေထည်ပစ္စည်းနှင့်ငွေများထည့်ထားသောသေတ္တာမှာလည်းပျောက်ဆုံးနေ
သဖြင့် လိုက်လံရှာဖွေရာ နေအိမ်နှင့်မျက်နှာချင်းဆိုင်ရှိ နေအိမ်ခေါင်းရင်းမှ အဆိုပါပျောက်ဆုံးသေတ္တာအားပြန်လည်တွေ့ရှိရသဖြင့်စစ်ဆေးရာ
ငွေစက္ကူ (၃၈)သိန်းအနက် ငွေကျပ်(၂၉)သိန်းပျောက်ဆုံးနေသည့်အပြင် အလေးချိန် ၉ ပဲ ၁ရွေးရှိရွှေလက်ကောက်(၂)ကွင်း၊
အလေးချိန် ၄ ပဲ ၇ ရွေးရှိ လက်စွပ်(၁)ကွင်း၊ ရွှေတန်ဘိုးငွေကျပ်
(၁၀)သိန်းခန့်နှင့် စုစုပေါင်းတန်ဘိုး ငွေကျပ်(၃၉၁၀၀၀၀)မှာ
ပျောက်ဆုံးသွားခဲ့ သဖြင့် ခိုးယူသူအားစုံစမ်းအရေးယူပေးရန်
မမြမြသန်းမှ လှိုင်သာယာမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် (ပ)၁၃၃၂/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်လှစ်ပြီးတရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စုံစမ်းစစ်ဆေးဆောင်ရွက်နေစဉ် ၁၈.၁၁.၂၀၁၃ရက်နေ့တွင် လှိုင်သာယာမြို့နယ်နေသူ များဖြစ်သည့် ဝေလင်းထွန်း(ဘ)ဦးဇော်ဝင်းနှင့် အာကာထိုက်(ခ)ဘိုဘို (ဘ)ဦးခင်ထူး တို့ (၂)ဦးမှ ခိုးယူသွားကြောင်း စုံစမ်းသိရှိရသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၄င်းတို့ (၂)ဦးအား အခြားခိုးမှုများ ကျူးလွန်ထားခြင်းရှိ/မရှိ တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police