အိမ်ထောင်ပြုပြီးသွား ရင် အနုပညာ အလုပ်ကို မလုပ်တော့ ဘူးလို့ ကန့်သတ်ထား တာမျိုး မရှိပါဘူး ဆိုတဲ့ သက်မွန်မြင့်

ပို့စ်တင်ချိန် - 11/19/2013 12:22:00 PM


ဒါရိုက်တာကိုဇော် (အရုဏ် ဦး) ရိုက်ကူးနေတဲ့ ‘ရင်ဖွင့်သံ’ ဇာတ်ကားကို သက်မွန်မြင့်က ဟိန်းဝေယံနဲ့အတူ ပါဝင်သရုပ် ဆောင်နေပါတယ်။

ဒီဇာတ်ကားထဲမှာ သက်မွန်မြင့် က မိသားစုအတွက် အနစ်နာခံရတဲ့သူအဖြစ် သရုပ်ဆောင် ထားပါတယ်။သက်မွန်မြင့်က “သက်မွန်အခု နောက် ပိုင်း ဇာတ်ကားတွေ ရိုက်တဲ့အခါမှာဇာတ်လမ်းလေး က လေးလေးနက် နက်လုပ်ရတဲ့ ဇာတ်ကားလေး တွေကိုရိုက်ရတာ ပိုပြီးသဘောကျလာတယ်။

ဟာသ ဆိုလည်း အဓိပ္ပာယ်ရှိတဲ့ ဟာသဇာတ်လေးတွေ ရိုက်ရတာသဘော ကျလာတယ်။ ဒါကတော့ အသက်အရွယ်ကြောင့်လို့တော့ ထင် တယ် ။ နောက်ပြီး ကိုယ်ရိုက်လာတဲ့ ဇာတ်တွေလည်းများလာပြီဆိုတော့ လေးလေး နက်နက် လုပ်ချင်တာလေး တွေလည်းရှိလာတယ်။ကိုယ့်ရဲ့ အသက် အရွယ် ကလည်း ဆယ်ကျော်သက် အရွယ် တွေ လို တအားကလေးဆန်တဲ့ ပုံစံမျိုးလည်း မရိုက်ချင်တော့ဘူး”

လို့ ပြောပါတယ်။ပရိသတ်အားပေး နေသရွှေ့ အနုပညာအလုပ်တွေကို ဆက်ပြီးလုပ် သွားမှာပါလို့ ပြောတဲ့ သက်မွန်မြင့်က “သက်မွန်ရဲ့ မင်္ဂလာ သတင်းကို စောင့်စားနေ တဲ့ ပရိသတ် တွေကိုလည်းသက်မွန်က သေချာ ရင် အသိပေးမှပါ။ ဒီလိုကိစ္စတွေက ကံကြမ္မာနဲ့လည်းဆိုင်ပါတယ်။

ကိုယ်ဖန်တီးလို့ရတာလည်း မဟုတ် ဘူးဆိုတော့ သေေ သချာချာစီစဉ်ပြီး ရင်တော့ အသိပေးမှာပါ။ သက်မွန်က အိမ် ထောင်ပြုပြီးသွားရင်လည်း အနု ပညာအလုပ်ကို လုပ်တော့ဘူးလို့ကန့်သတ် ထားတာမျိုးလည်း မရှိပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အနုပညာအလုပ်က ကိုယ်လုပ် ချင်တဲ့ အချိန်ထ လုပ်လို့ရတဲ့အလုပ်မျိုး လည်း မဟုတ်ဘူး။ ကိုယ်လုပ်ချင် တိုင်း လည်း လုပ်လို့မရဘူး။ ဒီ အလုပ်ပေါ် မှာ တအားလေးနက်တယ်။

တန်ဖိုးရှိတယ်ဆို တော့ တကယ်လို့ သက်မွန်ကို ဆက်ပြီး အားပေးနေမယ် ဆိုရင်လည်း အမြဲတမ်းပဲ အနုပညာအလုပ်ကို ဆက် လုပ်သွားဖို့ရှိပါ တယ်” လို့ ဆိုပါတယ်။

လွင်လွင်ထွန်း
ဓာတ်ပုံ-မင်းမင်းထွန်း
Popular Journal