အီရန်က ဒရုံးလေယာဉ် ဆောက်နိုင်ပြီ

ပို့စ်တင်ချိန် - 11/19/2013 10:10:00 AM


မိုင် ၁၂၀၀ ကျော် အထိ သွားနိုင်မယ့် မောင်းသူ မလိုတဲ့ ဒရုံး လေယာဉ် တစင်းကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီလို့ အီရန်နိုင်ငံ က ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

ဒီအကွာ အဝေးဟာ အီရန် ကနေ ဆိုရင် အစ္စရေး အပါ အဝင် အရှေ့ အလယ်ပိုင်း နေရာ အတော် များများကို ရောက်နိုင်ပါတယ်။

အီရန် ကာကွယ်ရေး ၀န်ကြီးက ဒီဒရုံးလေယာဉ်ဟာ ထောက်လှမ်းရေးနဲ့ မစ်ဇိုင်းဒုံး တိုက်ခိုက်မှုတွေကို ဆောင်ရွက်နိုင်ကြောင်း ပြောပါတယ်။

အီရန်နိုင်ငံဟာ သူတို့ရဲ့ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်း လုံလောက် ရေး အတွက် ကိုယ့်ဘာသာကိုယ့် ကြိုးပမ်း ဆောင်ရွက်နေတာဖြစ်ပြီး၊ အခုလို ကာကွယ်ရေး ပစ္စည်းတွေ ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး နည်းပညာ အရ တိုးတက်ဖြစ်ထွန်းတာတွေကို မကြာခဏ ဆိုသလို ကြေညာ ပြောဆိုလေ့ ရှိပါတယ်။

ဒီ ဒရုံးလေယာဉ်ဟာ ဘယ်လောက် အထိ ယုံကြည် စိတ်ချရနိုင်တယ် ဆိုတာ ကိုတော့ လွတ်လပ်တဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါ။
BBC Burmese