တိုကျိုက မြေအောက်တွင်း စက်ဘီးထားခန်း

ပို့စ်တင်ချိန် - 11/19/2013 09:34:00 AM


ဂျပန်နိုင်ငံ တိုကျိုမြို့မှာ စက်ဘီးရပ်ဖို့ နေရာ အကန့် အသတ်ရှိ တာကြောင့် မြေအောက် စက်ဘီးရပ်တဲ့ နေရာတွေ ပြုလုပ်ထား ပါတယ်။

၁၁ မီတာလောက် အနက်ရှိတဲ့ မြေကြီး တွင်းဝရဲ့ မြေပေါ် သတ်မှတ် ထားတဲ့ နေရာမှာ စက်ဘီး ကို ထားလိုက်တာနဲ့ သူ့ အလိုအလျောက် စက်ကနေ စက်ဘီးကို သယ်ယူသွားပြီး မြောက်အောက်မှာ သိမ်းထား ပေးတာ ဖြစ်ပြီး၊ ကိုယ့်စက်ဘီးကို ပြန်လိုချင်ပါက၊ အဲဒီ အပေါက်ဝမှာပဲ ကိုယ် စက်ဘီး အပ်တုန်းက အိုင်ဒီ ကဒ်ကို ကပ်လိုက်တာနဲ့ စက်ဘီးဟာ မြေအောက် ကနေ ပြန်ထွက်လာမှာ ဖြစ်ပါတယ်။
BBC Burmese