ဝင်ခွင့်ရရှိပြီး တက္ကသိုလ် မှ အခြား တက္ကသိုလ်သို့ ပြောင်းရွှေ့ လျှောက်ထားလိုပါက အဆင့်မြင့် ပညာ ဦးစီးဌာနတွင် ပြောင်းရွှေ့ လျှောက်ထားနိုင်

ပို့စ်တင်ချိန် - 11/19/2013 12:21:00 PM


ဝင်ခွင့် ရရှိပြီး တက္ကသိုလ်မှ အခြား တက္ကသိုလ်သို့ ပြောင်းရွှေ့ လျှောက်ထား လိုပါက အဆင့်မြင့် ပညာ ဦးစီးဌာနတွင် ပြောင်းရွှေ့ လျှောက်ထားနိုင်သည် ဟု သတင်း ရရှိသည်။

ထိုသို့ ပြောင်းရွှေ့ရာတွင် ဝင်ခွင့်ရ တက္ကသိုလ်မှ နှုတ်ထွက်စာမူရင်း (သို့မဟုတ်) ထောက်ခံစာမူရင်း၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ထုတ်ပေးသည့် အမှတ်စာရင်း မူရင်းနှင့် မှတ်ပုံတင်တို့ကို အဆင့်မြင့် ပညာဦးစီးဌာနသို့ တင်ပြရမည် ဖြစ်သည်။ မည်သည့် တက္ကသိုလ်တွင် ဝင်ခွင့် ရရှိသည်ကို သက်ဆိုင်ရာ တက္ကသိုလ်များတွင် ကြေညာထား သည်ဟု သိရပြီး လက်ရှိ ထုတ်ပြန်ထားသည့် တက္ကသိုလ်များမှာ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ရေကြောင်းတက္ကသိုလ်နှင့် တိုင်းရင်းဆေး တက္ကသိုလ်တို့ ဖြစ်သည်ဟု သိရသည်။

တက္ကသိုလ် တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ခြင်းကို ရက်သတ်မှတ်ထားခြင်း မရှိဘဲ သက်ဆိုင်ရာ တက္ကသိုလ်မှ ပြောင်းရွှေ့ခြင်းကို လက်မခံတော့သည့် အခါမှ သာ ကျောင်းပြောင်းရွှေ့ခြင်းကို ရပ်ဆိုင်းမည်ဟု သိရသည်။
Internet Journal