မုန်ယိုဆင် တိုက်ခိုက်မှုကြောင့် ဆင်ဦးစီးသေဆုံး

ပို့စ်တင်ချိန် - 12/31/2013 10:05:00 AM


အင်းတော် ၊ ၃၁-၁၂-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် အင်းတော် မြို့နယ် တာဖလာရွာ အနီး သစ်ထုတ်လုပ်ရေး စခန်းတွင် ဆင်နင်း၍ လူတစ်ဦး သေဆုံး သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၈ ရက် နံနက် ၉ နာရီက အင်းတော် ရဲစခန်းမှ ရဲအုပ် သန်းထွန်းလှိုင် နှင့်အဖွဲ့သည် စခန်းတွင် တာဝန်မှူး တာဝန် ထမ်းဆောင် နေစဉ် တာဖလာရွာ အနီး သစ်ထုတ်လုပ်ရေး ဆင်စခန်းတွင် ဆင်နင်း၍ လူတစ်ဦး သေဆုံး နေကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက် စစ်ဆေးရာ ဆင်ပဲ့ချိတ်ကိုင် စိုးဝင်းသည် မုန်ယို နေသောဆင် က အစွယ်ဖြင့် ထိုးပြီး နင်းသတ် ခဲ့သဖြင့် နောက်ကျော ထိုးသွင်းဒဏ်ရာ တစ်
ချက် ၊ ဝဲဘက်လက်ဖျံ ကြေမွဒဏ်ရာ တစ်ချက် ၊ ခန္ဓာကိုယ် အနှံ့တွင် ညိုမည်း ဒဏ်ရာများဖြင့် မှောက်လျက် သေဆုံး နေသည်ကို စစ်ဆေး တွေ့ရှိရ၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ် ၊ မဟုတ် သိရှိနိုင်ရန် အမှုရေးဖွင့် ဆောင်ရွက် ထားကြောင်း သိရသည်။

သေဆုံးသူမှာ စိုးဝင်း (ဘ) ဦးကြာအောင် ဆင်ပဲ့ချိတ်ကိုင် နံ့သာကျေးရွာ အင်းတော်မြို့နယ် နေသူ ဖြစ်ကြောင်း နှင့် အမှုစစ် အင်းတော် ရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး မျိုးညွန့်သန်း က တရားလို နှင့် သက်သေများ စစ်ဆေးခြင်း ၊ အခင်းဖြစ် နေရာကို မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးခြင်း ၊ သေဆုံးသူ အလောင်းကို ဆေးစာဖြင့် ဆေးရုံသို့ ပို့ဆောင်ခြင်းများ ဆောင်ရွက် ထားပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ အင်းတော် ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၉/၂ဝ၁၃ အရ အရေးယူ ဆောင်ရွက် ထားကြောင်း သိရှိရသည်။
မြ၀တီ