အခြေခံ ဥပဒေအရ ဖက်ဒရယ်ပြည်ထောင်စုစနစ်အပေါ် တိုင်းရင်း သား နိုင်ငံရေး ပါတီခေါင်းဆောင်များ အပြည့်အ၀ လက်ခံရန်ခက်ခဲဟုဆို

ပို့စ်တင်ချိန် - 12/31/2013 09:06:00 AM


=========================================
ရဲလင်းထက်
==========================================
ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ။ ။ ဖွဲ့စည်း ပုံအခြေခံဥပဒေအရ ဖက်ဒရယ် ပြည်ထောင်စု စနစ်အပေါ် တိုင်း ရင်းသား နိုင်ငံရေး ပါတီခေါင်း ဆောင်များက အပြည့်အဝလက် ခံရန်ခက်ခဲကြောင်းနှင့် တိုင်း ရင်းသားများ၏ အခွင့်အရေး အပြည့်အဝရရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထောက်ပြပြောဆိုလိုက်သည်။

မွန်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်းက''ဖွဲ့စည်းပုံအခြေ ခံဥပဒေအပေါ် မှာ ဖက်ဒရယ် လို့ဆိုနေသော်လဲ လက်ရှိမှာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်နှင့် ကိုက်ညီမှုမရှိသေးဘူး။ လိုအပ် ချက်တွေရှိနေသေးတယ်။ ဒီမို ကရေစီတိုက် ပွဲကာလတွေမှာ ကျွန်တော်တို့တစ်တွေဟာ တိုင်းရင်းသား စည်းလုံး ညီညွတ် ရေးကိုရအောင် တိုင်းရင်းသား လူမျိုးများရဲ့ တန်းတူရေးကိုပါ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ပုံစံအတိုင်း ဆက်လုပ်ဖို့လိုမယ်''ဟု ပြော ကြားသည်။

တိုင်းရင်းသားများကြား တွင် အနှစ် ၆၀ ပြည်တွင်းစစ် ကြောင့် ခံစားနေရ သည်များကို ကုစား၍ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် အ ကောင်အထည်ဖော်ဆောင် ရန်အတွက် ပင်လုံညီလာခံတွင် ထားရှိခဲ့ သည့် ကတိကဝတ်များ အားလုံးကို ပြည်ထောင်စုအ ဆင့် နိုင်ငံရေးတွေ့ ဆုံဆွေးနွေး ရေးတစ်ရပ်ဖြစ်သည့် ဒုတိယ ပင်လုံညီလာခံကိုကျင်းပကာ သဘောတူညီ မှုရရန်လိုလား ကြောင်း သိရသည်။

ရခိုင်အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးအေး သာအောင် က''ပင်လုံမူဆိုတာ တောင်တန်း၊ ပြည်မပေါင်းဖို့အ တွက် ပြည်နယ်၊ ပြည် မပေါင်း တဲ့အခါမှာ ပြည်နယ်တွေအား လုံး နိုင်ငံရေးအဆင့်အတန်း၊ အခွင့်အလမ်း တန်းတူရှိရမယ် ဆိုတဲ့ ပြည်ထောင်စုမူနဲ့ပေါင်း တယ်။ အဓိကကတော့ ကိုယ် ပိုင် ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိရမယ်။ ပင်လုံ အခြေခံသဘောတူညီချက်အ ရ ပြည်ထောင်စုကိုဖွဲ့စည်းချင် တယ်။ ပြည်နယ်တွေကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရချင်တယ်။ တိုင်း ရင်းသားတွေလို လားတဲ့ ဖက်ဒ ရယ်ပြည်ထောင်စုရဲ့ အနှစ်သာ ရကိုခံစားစေချင်တယ်''ဟု ဆို သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦး ခွန်ထွန်းဦးက''ကောင်း မွန်သော ဖွဲ့စည်းပုံအတွက် တိုင်းရင်းသား အကျိုးရှိစေမယ့် အရာတွေ ကို ပြင်ပေးရမယ်။ တန်းတူညီမျှရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိ ရမယ်။ အုပ်ချုပ်ရေးနဲ့ပတ်သက် လို့ လက်ရှိကတော့ ပြည်နယ် ဝန်ကြီးတွေရွေး ချယ်တာက ရုပ် ပြရွေးကောက်ပွဲလိုဖြစ်နေတယ်။ ကိုယ့်အစိုးရကိုရွေး ချယ်နိုင်ရ မယ်''ဟု ပြောသည်။

Yangon Media Group