ဥပဒေ ယန္တရားများ အလုပ်မလုပ်လျှင် အရပ်ဘက် လူ့အဖွဲ့အစည်း များက ဖိအားပေး တိုက်တွန်းမှု များလုပ်ဆောင်သင့်ဟုဆို

ပို့စ်တင်ချိန် - 12/31/2013 09:06:00 AM


==========================================
စိုင်းဟန်
==========================================
ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ။ ။ ဥပဒေ ယန္တရားများ အလုပ်မလုပ်လျှင် အရပ် ဘက် လူ့အဖွဲ့အစည်း များက ဖိအားပေးတိုက်တွန်းမှု များ လုပ်ဆောင် သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြော သည်။

အဆိုပါကိစ္စနှင့်ပတ်သက် ပြီး ဒီဇင်ဘာ၂၈ရက်က ရန်ကုန် မြို့ မင်းဓမ္မလမ်း ရှိ မြန်မာကွန် ဗင်းရှင်းစင်တာ၌ ပြုလုပ် သည့် မြန်မာပြည် သူ့ဖိုရမ် တွင် ပြော ခြင်းဖြစ်သည်။

ဒေါက်တာညိုညိုသင်းက ''ဥပဒေတစ်ခုပြဋ္ဌာန်းလိုက်ပြီဆို ရင် အဲဒီဥပဒေ ကပြည် သူတွေ အတွက် အကျိုးမပြုဘူးဆိုရင် တရားရုံးတွေက ဆက်မ စစ် တော့ ဥပဒေကိုဆန်းစစ်ပြီး အဲဒီ ဥပဒေနဲ့ပတ်သက်တဲ့ သဘော ထားမှတ် ချက်ကို ဖွဲ့စည်းပုံအ ခြေခံဥပဒေ ခုံရုံးအဖွဲ့ကိုတင်ပြ ရမှာဖြစ်တယ်။ အဲဒီဥပဒေယန္တ ရားတွေ အလုပ်မလုပ်ဘူးဆိုရင် အရပ်ဘက် လူ့အဖွဲ့ အစည်းတွေ ဘက်က ထောက်ပြ နိုင်အောင် ဆောင်ကြဉ်းပြော ဆိုဖို့လိုအပ် ပါတယ်''ဟုပြောသည်။

ယင်းကဆက်လက်ပြီး ယင်းသို့ လုပ်ဆောင်ခြင်းဖြင့်တ ရားစီရင်ရေးဆိုင်ရာ အမြင့်ဆုံး ဖြစ်သည့် တရားလွှတ်တော် ချုပ်ရုံး၊ ဥပဒေပိုင်းဆိုင်ရာပညာ ရှင်များစုစည်းထားသည့်ရှေ့နေ ချုပ်ရုံးများနှင့် မြို့နယ်တရားရုံး များအားလုံး မှ ပြည်သူလူထုကို အကျိုးမပြုဘဲ ဖွဲ့စည်းပုံအခြေ ခံဥပဒေ အခန်း (၈)အား ဆန့် ကျင်သည့်ဥပဒေများ မပြင်ဆင် ပါက တိုက်တွန်းဖိအားပေးရန် အတွက် ဆက်လက်ပြောသည်။

ယင်းနှင့်ပတ်သက်ပြီးအ ခမ်းအနား တက်ရောက်လာ သည့် အရပ်ဘက်လူ့ အဖွဲ့အ စည်းမှ တာဝန်ရှိသူတစ်ဦးက ဥပဒေနှင့်ပတ်သက်ပြီး အလုပ် မလုပ်ပါ က အရပ်ဘက်လူ့အဖွဲ့ အစည်းများက တိုက်တွန်းခိုင်း ပြီး လွှတ်တော်ကိုယ်စားလှယ် များမှ ဥပဒေတင်သွင်းရာက အားနည်း ချက်များအား မည် ကဲ့သို့ ဆောင်ရွက်မည်နည်း မေးမြန်းသည်။

ဒေါ်ညိုညိုသင်းက''လွှတ် တော်ကို စောင့်ကြည့်ဖို့အတွက် သန်း ၆ဝသော ပြည် သူတွေရှိ ပါတယ်။ လွှတ်တော်တွင်းမှာ ဖြစ်ပွား ခဲ့ တဲ့ ဒေါက်တာ ဆိတ် ဖွားကိစ္စ၊ လွှတ်တော်ကိုယ်စား လှယ်တွေပိုင်ဆိုင် မှုကို ငြင်းဆို တဲ့ကိစ္စနဲ့ ခုံရုံးဖြုတ်ချတဲ့ကိစ္စ နဲ့ပတ်သက်ပြီးပြောဖို့ သန်း ၆ဝသော ပြည်သူတွေနဲ့ အရပ် ဘက်လူ့အဖွဲ့အစည်းတွေ က ပြောဖို့တာဝန်ရှိပါတယ်''ဟု ပြန်လည်ဖြေကြား ပြောဆို သည်။

Yangon Media Group