ကမ္ဘာပထမဆုံးသော 4GB RAM ပါဝင်တဲ့ဖုန်းတွေကို Samsung ကထုတ်လုပ်မည်။

ပို့စ်တင်ချိန် - 12/31/2013 12:00:00 AM


Samsung ကုမ္ပဏီလာမည့် ၂၀၁၄ခုနှစ်မှာထွက်ရှိမဲ့ Samsung ရဲ့ဖုန်းတွေ မှာ 4GB RAM ကိုထည့်သွင်းထားမည်ဖြစ် ကြောင်းကြေညာခဲ့သည်။

ယင်း DDR4(4G RAM) အဆင့်ရှိတဲ့ဖုန်းတွေဟာ ယခုလက်ရှိထွက်နေတဲ့ DDR3(3GB RAM) ရှိတဲ့ဖုန်းတွေထက်လုပ်ဆောင်နိုင်စွမ်း ၁၀ရာခိုင်နှုန်း ပိုပြီးလုပ်ဆောင်နိုင်တဲ့အပြင်ကမ္ဘာပထမဆုံးသောစွမ်းဆောင်ရည် အမြင့်ဆုံးဖုန်းဖြစ်လာမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ 4GB RAM ဟာ 64-Bit Processor နဲ့ထုတ်လုပ်မဲ့ Samsung Galaxy S5 မှာပါဝင် လာဖွယ်ရှိပြီး ယခင်က 3GB RAM ပါဝင်တဲ့ Samsung Galaxy Note 3 နဲ့ Galaxy Note 10.1 (2014 Edition) ကိုထုတ်လုပ်ထား ပါတယ်။
TechSpace Journal